ရွာ အဝင် လမ်း ဆီ သို့ …

မောင်ဆန်းFebruary 17, 20131min49129

အလယ်တန်း စတက်တဲ့ နှစ်မှာ မိဘတွေ ပြောင်းရွှေ့ရတဲ့ ဧရာဝတီမြစ်ဘေးက ရွာလေးတစ်ရွာကို စရောက်သွားတယ် ဒုတိယမွေးရပ်မြေလို့ ပြောလို့ ရတဲ့ နေရာလေးမို့ ရွာလေးနဲ့ ပတ်သက်ပြီး အခုထိ မှတ်မိနေတုန်းပဲ……

ရွာလေးက ဧရာဝတီမြစ်ဘေးကမို့ အဓိက သွားလာရေးက သင်္ဘောနဲ့ ပဲ့ထောင်လို့ ခေါ်တဲ့ စက်လှေလေးတွေပဲ ပထမဆုံး စရောက်တဲ့ နေ့ကတဲက ရွာလေးကို သဘောကျသွားတယ် သင်္ဘောပေါ်က ဆင်းလိုက်တာနဲ့ တပြန့်တပြော နဲ့ ကမ်းနားပြင်ကြီးရယ် တဖြည်းဖြည်းမြင့်တက်သွားတဲ့ လမ်းကလေး ရယ် ခရီးသည်တွေ နားတဲ့ အဆောင်လေးရယ် အခုထိ စိတ်ထဲမှာ ပန်းချီဆွဲထားသလို မှတ်မိနေတုန်းပဲ သင်္ဘောဆိုက်ချိန်ဆို ခရီးသည်တွေ ဈေးသည်တွေနဲ့ ပျာပန်းခပ်မျှပေါ့ …သဘောင်္ကလဲ ရန်ကုန်- ဓနုဖြူ ရယ် ဖျာပုံ- ဟင်္သာတ သင်္ဘောရယ် နှစ်စီးပဲကပ်တယ် ဓနုဖြူကောင်က နေ့တိုင်းကပ်ပေမဲ့ ဖျာပုံကောင်ကတော့ ရက်ပတ်နဲ့ပဲ ပန်းတနော်-မအူပင် သွားတဲ့ မော်တော်တို့ ရန်ကုန်ကိုသွားတဲ့ မော်တော်တို့တော့ ရှိတာပေ့ါ ….ကမ်းနားကနေ ရွာထဲဝင်သွားရင် လမ်းဘေး ဘယ်ညာ တစ်ဖက်ဆီမှာ ဈေးဆိုင် အပ်ချုပ်ဆိုင် ထမင်းဆိုင် လူနေအိမ်လေးတွေနဲ့ အစီအရီပဲ ဒီနေရာလေးကို ဈေးကုန်းလို့လဲ ခေါ်ကြတယ် ရွာလေးရဲ့ အစည်ကားဆုံး နေရာလေးပေါ့ ….ရွာလေးဆီကို ဆယ်စုနှစ် သုံးခုနီးပါ ဝေးနေပြီး ပြန်ရောက်သွားတော့ လုံးဝ မမှတ်မိ်တော့ဘူး အရင်နေခဲ့တဲ့ နေရာအားလုံးက ကမ်းပြိုလို့ ကုန်သွားပြီ ကျောင်း ဆေးရုံ ဘုန်းကြီးကျောင်း ရွာ တစ်ခုလုံးက အတွင်းပိုင်းကို ရောက်နေပြီ အရင်က သာယာစည်ကားခဲ့တဲ့ နေရာလေးတွေက ဘယ်မှာ ပြန်ရှာရမှန်း မသိအောင် ပျောက်ဆုံးသွားပြီ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်…………..

ကျွန်တော်ရဲ့ ဒုတိယဘဝလို့ တောင်ပြောလို့ရတဲ့ ရွာလေး တစ်ရွာရှိသေးတယ် အဲဒါကတော့ ကျွန်တော်တို့ အားလုံးရဲ့ ဒီရွာလေးပေါ့ …ရွာသားတွေ ဆုံတဲ့ ပွဲတစ်ခုမှာ ဦးဖက်တီးနဲ့တွေ့တော့ မေးတာလေး တစ်ခုရှိတယ် မန်းလေးဂဇက်ကို ဘယ်လိုသိတာလဲ ဘယ်လိုရောက်လာတာလဲ တဲ့ သူကတော့ ဗွီအိုအေ ကအသံလွှင့်တာကနေ စကြားဖူးရင်း ရောက်လာတာတဲ့ ကျွန်တော်ကတော့

လင့်တစ်ခုကနေ လိုက်ဖတ်ရင်း ရွာထဲ ရောက်လာတာပဲ  အစကတော့ ဟိုဝင်ဖတ် ဒီဝင်ဖတ် အားရင် သတိရရင် ရောက်လာတတ်ပေမဲ့ ပုံမှန် မရှိဘူး သူများရေးတာတွေ ဖတ်ရင်း စိတ်ပါလာတာနဲ့ သန်းခေါင်စာရင်းလဲ လုပ် ကိုယ်တွေ့ ဟာသလေး တစ်ခုကို စရေးရင်းကနေ ဒီ ရွာသားဖြစ်လာတာပဲ ဘယ်ကတဲက ဝင်ဖတ်တယ် ဆိုတာ မမှတ်မိတော့ပေမဲ့  ပို့စ် စ တင်ဖြစ်တဲ့ နေ့ကတော့ မှတ်မှတ်ရရ ၁၆-၂- ၂၀၁၁ ပဲ  ပို့စ် ခေါင်းစဉ်က “ ဘာသွေးလဲ “ တဲ့ …..

ဘာသွေးလဲ

ညီလေးတစ်ယောက်  အိမ်ကိုရောက်လာတယ်…..

သူ မဂ်လာဆောင်တော့မှာမို ့ဖိတ်စာလာပေးတာတဲ့

သူ ့အသက်ကငယ်သေးတာနဲ ့  အချိန်ယူစေချင်‌လို ့

မင်းအသက် ငယ်သေးတာဘဲကွာ ပညာ၊စီးပွားရှာ

အေးအေးဆေးဆေးမှ အိမ်ထောင် ပြ ုပေါ့ဆိုတော့

ကျွန်တော်ကတော့ နေချင်သေးတာပေါ့

ဒါပေမဲ့ ကျွန်တော့မိန်းကလေးက Z သွေးမို ့လို ့ မြန်မြန်ယူရမှာတဲ့

ဘယ်လို  ငါသိတာက  A,B,AB,O သွေးလို ့ဘဲရှိပါတယ် မင်းကျမှ Z သွေးရယ်လို ့

ဟုတ်တယ်အကိုရေ ကျွန်တော်ယူမဲ့သူက သွေးဆုံးတော့မယ် (အသက်နဲနဲ ကြီးနေပြီ)

ဒါ‌ကြောင့်မြန်မြန်ယြူဖစ်တာတဲ့ဗျာ

ကျွန်တော့်မှာ အဲဒီပို့စ် တင်ပြီးကတဲက ဘယ်သူများ ဘာပြောမလဲ ဆိုပြီး စောင့်ကြည့်နေရတာ ကိုယ့်ရင်သွေးလေးကို တစိမ့်စိမ့် ကြည့်နေရသလိုပဲ အမှတ်တရအနေနဲ့ ရွာထဲမှာ ကျွန်တော့်ကို ပထမဆုံး ကွန်မန့်ပေးခဲ့တာ အဘနီ ကြီးပဲ ကွန်မန့်က စုစုပေါင်း ၉ ခု ရတယ် အဲဒီထဲက အခုထိ ရွာထဲ တွေ့နေသူတွေက မနော ချာတူး နဲ့ မမ တို့ ပဲ ကျန်တဲ့သူတွေကတော့ မတွေ့မိတော့ဘူး ….

ပထမဆုံး ပို့စ် မှာတင် ရွာသူားဟောင်းတွေရဲ့ နွေးထွေးစွာ ကြိုဆိုမှုကိုရလိုက်တာမို့ အားတက်ပြီး ရက်ခြားနဲ့ ပို့စ် တွေ ဆက်တိုက် တင်ဖြစ်တယ်  မြန်မာပြည်မှာ ချဲတွေ စပေါ်ခါစက မြင် ကြား သိ ထိ သမျှ အတိတ်ကောက် နေကြသလို ကျွန်တော်လဲ  ပတ်ဝန်းကျင်မှာ မြင်တွေ ့ နေတာတွေထဲ က ဘာများ ရွာထဲ တင်ရမလဲ လို့ စဉ်းစားမိ ရေးမိနေတော့တာပဲ ကွန်းမန့်တွေကတော့ ရတာလဲ ရှိ မရတာလဲ ရှိ အများဆုံး ရမှ ၂ဝ ထက် မကျော်ဘူး …….

အဲဒီတုန်းက ရွာ့ အပြင်အဆင်လေးက ရှေ့ဆုံး စာမျက်နှာမှာ ပို့စ် ခေါင်းစဉ်ပါတယ် ပို့စ် ထဲက စာကြောင်းလေး သုံးလေးကြောင်းပါတယ် ဖတ်တဲ့သူက စိတ်ဝင်စားမှ ဖတ်မှာမို့ ခေါင်းစဉ်တင် လူစိတ်ဝင်စားတာမျိုး မဟုတ်ပဲ စာကြောင်းလေးတွေကလဲ စိတ်ဝင်စားမှ ကိုယ့်ပို့စ် ကို ဖတ်မှာ ဆိုတော့ ဖတ်ရတဲ့ တစ်ကြောင်း နှစ်ကြောင်း စိတ်ဝင်စားစရာ မကောင်းလို့ကတော့ ပို့စ် ကို ဖွင့်ကို မဖတ်ဖြစ်တော့ဘူး ၊ အဲဒါကြောင့် ပို့စ် အရေအတွက်က ရှေ့စာမျက်နှာမှာ အခုလောက်တော့ များများ မရှိဘူးပေါ့ နောက် စိတ်လှုပ်ရှားဘို့ ကောင်းတာက ဖတ်တဲ့သူ အရေအတွက်ကိုပါ သိနိုင်တာမို့ ကွန်မန့် ရမှ မဟုတ်ဘူး ရွာလည်နေရင်း ကိုယ့်ပို့စ် ကို ပြန်ဝင်လို့ ဖတ်တဲ့သူ အရေအတွက်တိုးလာတာကိုက ပျော်စရာပဲ အခု တော့ အဲဒါလေး မရှိတော့ဘူး ၊ သူကြီး ဘာကြောင့် ဖြုတ်လိုက်တာမှန်း မသိပေမဲ့ အဲဒါလေး ပြန်ထားလို့ ရရင် ကောင်းမယ် ကွန်မန့်ဆိုတာကတော့ စိတ်ပါမှ စိတ်ဝင်စားတဲ့ ကျွမ်းကျင်တဲ့ အကြောင်းအရာဖြစ်မှ စိတ်လက်ပေါ့ပါးစွာနဲ့ နောက်ပြောင်ချင်မှ ရေးဖြစ်တာပဲ တစ်ခါတစ်လေ ကျ ဘာမှ ရေးချင်စိတ်မရှိလို့ ပို့စ် တွေသာ ဖတ်သွားတယ် ဘာကွန်မန့် မှ မရေးဖြစ်တာလဲ ရှိသေးတာပဲ ဖတ်ကောင့် လေး ရှိတော့ ငါ့ပို့စ်တော့ ဘယ်နှစ်ယောက်ဖတ်သွားပြီ ဆိုတာမျိုး သိနိုင်တာမို့ စာရေးသူအတွက် အားရှိစရာပေါ့ ၊ အခု ရွာထဲမှာ ကွန်မန့်တွေ ကို အစိမ်း တွေ အနီတွေ ပေးကြရင် နောက်ဆုံး ပိုတဲ့ တစ်ခုပဲ ပြတယ် အစိမ်း ၅ အနီ ၃ ဆို အဲဒီ ကွန်မန့်ဘေးမှာ အစိမ်း ၂ ခုပဲ ရှိတယ်၊ အရင်တုန်းကတော့ အစိမ်း ၅ ခုလဲ ပြ အနီ ၃ ခုလဲ ပြ ၊ အဲဒါလဲ အမှတ်ရစရာပဲ ……

အစားကောင်း စားရရင် အချစ်ဆုံး သူတွေကို သတိရတတ်သလို ထူးထူးဆန်းဆန်းလေးတွေ ဖတ်ရရင် ရွာထဲကို ပြောပြချင်စိတ်လေးတွေ ဖြစ်လာတာမို့ ကို်ယ်တိုင်ရေး တင်ဖြစ်သလို ဖော်ဝါ့ မေးက ရတာလေးတွေလဲ ကူး တင်ဖြစ်ခဲ့တယ် ၂၀၁၁ ခုနှစ်အတွင်း ၄ရ ပုဒ် တင်ဖြစ်တာမှာ ကူးတင်တာက ၁၁ ပုဒ် ပါတယ် အဲဒီတုန်းကတော့ ထူးဆန်းတယ် သိသင့်တယ် ထင်လို့ တင်တာတွေပေါ့ တချို့ဟာတွေက ကိုယ်တင်လိုက်မှ ရွာထဲ သိရတာမှန်ပေမဲ့ အတော်များများကတော့ ကိုယ်က အခုမှ သိရပေမဲ့ ရွာထဲမှာ သိပြီးသားဖြစ်နေတယ် ဆိုတာမျိုး ရွာသက်ကလေး ရလာတဲ့ အချိန်မှာ သတိထားမိလာတယ် အဲဒီနောက်ပိုင်းတော့ ကူးတင်တာမျိုး လုံးဝ မလုပ်တော့ပဲ ( အရမ်းထူးခြားတယ် သိသင့်တယ် ဆိုရင်တော့ တမျိုးပေါ့) ကိုယ်တိုင်ရေးတာမျိုး ပဲ တင်ဖြစ်တော့တယ် ရွာထဲ ဝင်ကာစ တချို့တစ်လေ အဲဒါမျိုး တွေ့ရရင် ကို်ယ်ချင်းစာစိတ်နဲ့ နားလည်ပါတယ် ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ တိုတို ရှည်ရှည် ကိုယ်တိုင်ရေးတာကတော့ အကောင်းဆုံးပဲ  ( ဟို ရက်ကတော့ ကိုရင်ရှုံး ကူးတင်တဲ့ သရဲမ ခြောက်တာမျိုး ကျတော့လဲ ဖတ်လို့ အလွန်ကောင်းပြီး တစ်ခါမှ မဖတ်ဖူးတာမို့ ကူးတင်တာက ကောင်းသွားပြန်ရော အဲဒီရက် အချိန်မရတာမို့ ဖတ်ရုံပဲ ဖတ်မိပြီး ကွန်မန့်တောင် မပေးဖြစ်လိုက်ရဘူး ဆောရီးပါ ကိုနိုင်ရေ )….

ကျွန်တော့် ပို့စ်တွေ စရေးတော့ white ဆိုတဲ့ အမည်နဲ့ ရေးတယ် အဲဒီတုန်းက ရွာထဲမှာ ဘယ်သူတွေ ဝင်ကြည့်နေတယ် ဘယ်အချိန်ကတဲက ဝင်နေတယ် ဆိုတာ ကြည့်လို့ရတဲ့ စာမျက်နှာ တစ်ခုရှိတယ် ဝင်ဝင်ကြည့်နေရင်း နဲ့ တစ်ရက်မှာ သတိထားမိတာက white ဆိုတဲ့ နာမည်နဲ့ လူက ရွာထဲ အရင်ရှိနေတယ် ဘာမှ တော့ ရေးထားတာ မတွေ့မိဘူး သူက ဘယ်ကတဲက ရွာသားဖြစ်မှန်း မသိပေမဲ့ ကိုယ့်ထက် စောမယ်ထင်တာမို့ သူကြီးကို ပြောပြ အမည်ပြန်ပြောင်းရသေးတယ် ငါးပုဒ်လောက်တင်ပြီးတော့မှ အခုနာမည်ဖြစ်သွားတာ ဂီဂီ တို့ကို အားကျလို့ အမည် ထပ် ပြောင်းဘို့တွေ စဉ်းစားမိပေမဲ့ အခုထိတော့ ပြောင်းတဲ့ ဘဝ မရောက်သေးဘူး ဖြစ်နေတယ်….သူကြီး ဆီ အကူအညီတောင်းရတာ နောက်တစ်ခု ရှိသေးတယ် ရွာထဲမှာ စာတွေ ဖတ်တာများလာတော့ လူတွေကို မမြင်ဘူးပေမဲ့  အမည်နဲ့ စာတွေကတော့ ရင်းနှီးနေတယ် အဲဒီတုန်းက အယ်ဒီတာဆီပေးစာမျိုး ပို့စ်တစ်ခု က အမြဲရှေ့မှာ ရှိတယ် အခု သူကြီး ထိတ်ကပ်ထားသလို နေမှာပေါ့ အဲဒီပို့စ် ထဲမှာ ကိုယ့် အခက်အခဲ ရှိတာ သူကြီးကို မေးချင်းတာ သိချင်တာ ရှိရင် ကွန်မန့်ပေးလို့ရတယ် ပုံမှန် ပို့စ်တွေ ကွန်မန့်၁၀/၁၅ လောက်ပဲ ရှိတဲ့ အချိန် အဲဒီ ပို့စ် က ကွန်မန့် ရာကျော်ပဲ အားလုံး အားရပါးရ ဝိုင်းရေးကြတာကိုး ၊ အဲဒီမှာ ရွာသူ တစ်ယောက်က သူမသိ တာ တစ်ခုကို ရွာတော်ရှင်ကို မေးတယ် ကျွန်တော်ကလဲ နောက်ပြောင်တာ ဝါသနာပါသမို့ နောက်ပြောင်ပြီး ကွန်မန့်တစ်ခု နဲ့ ဝင်ဖြေလိုက်တယ် အဲဒါက ရွာတော်ရှင်ကို စော်ကားသလို ဖြစ်သွားတယ် သူက ဘာမှ မပြောဘူး ကိုယ်ကလဲ  နောက်တယ် ဆိုပေမဲ့ မရေးသင့်တာမျိုး မို့ သူကြီးဆီ pm ပို့ အကျိုးအကြောင်းပြော ကျွန်တော့်ကွန်မန့်ကိုလဲ ပြန်ဖျက်ခိုင်းရတယ် ရွာတော်ရှင်ဆီလဲ pm ပို့ တောင်းပန်ဖြစ်တယ် ၊ ရွာတော်ရှင်ကလဲ နားလည်မှု ရှိ သူကြီးကလဲ ပြန်ဖျက်ပေးလို့ တော်သေးရဲ့ အဲဒီတုန်းက ရွာတော်ရှင်ဆိုတာ အသက်ကြီးကြီး ရုပ်တည်ကြီး နဲ့ အဒေါ်ကြီး တစ်ယောက်လို့ ထင်နေတာ အပြင်မှာ တွေ့ဖူးမှ ငယ်ငယ်ချောချောနဲ့ တရုတ်မင်းသမီး လေးနဲ့ တူတဲ့သူ ဆိုတာ သိရတော့တယ် ၊ တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ အဆက်အသွယ် မရှိသူချင်း ရွာထဲမှာ ကိ်စ္စရှိလို့ ဆက်သွယ်ချင်ရင် အဲဒီ personal message ပို့လို့ရတာလေးကလဲ အဲဒီတုန်းကတော့ အဆင်ပြေတာပဲ အခုတော့ ဦးကျောက်စကားနဲ့ ဆို အနိတ်စ သွားရှာပြီပေါ့ ………….

၂၀၁၁ မှာ ၄ရ ပုဒ် တင်ဖြစ်ပေမဲ့ အလုပ်တွေ များလာတာရော တပိုင်းတစ နဲ့ ဆက်မရေးဖြစ်တာတွေ ရောမို့ ၂၀၁၂ ကျတော့ ၆ ပုဒ်ပဲ တင်ဖြစ်တော့တယ် ၂၀၁၃ ကတော့ တပုဒ်ပဲ ရှိသေးတာမို့ ၂၀၁၁ ကို မမီတောင် ၂၀၁၂ ကို ကျော်အောင်တော့ ရေးဘို့ ကြိုးစားရမယ် ၊ အခုဆို ရွာထဲ တင်တာ ၅၄ ပုဒ် ရှိသွားပြီ ခေါင်းစဉ်လေးတွေ ပြန်ဖတ်လိုက်မိရင် အဲဒီတုန်းက ရေးဖြစ်တဲ့ ခံစားချက်လေးတွေကို ပြန်ဖမ်းမိတယ် အခုချိန်မှာတော့ ကြိုက်နေသေးတာလဲ ရှိ အားမရတာတွေလဲ အများကြီးပေါ့ ဟာသတွေ ဝါသနာပါလို့ ဟာသလေးတွေ ထေ့လုံးလေးတွေ ရေးဖြစ်သလို ခရီးတွေ သွားဖြစ်နေတာမို့ ခရီးသွားဆောင်းပါးလေးတွေလဲ ရေးဖြစ်တယ် ၊ ကျွန်တော့် ပို့စ် တွေထဲ မှတ်မှတ်ရရ ရှိတာတွေတော့ သူကြီး ရွာအဝင်မှာ ကပ်ထားပေးတာ နှစ်ပုဒ် ရှိတယ် ရုပ်ရှင်ရုံထဲမှအတွေးများ  နဲ့  မလိမ်ချင်လို့ပါ ဆိုတဲ့ နှစ်ပုဒ် ပထမ တစ်ပုဒ် က ရုပ်ရှင်သွားကြည့်ဖြစ်ရင် မြင်မိတွေးမိတာလေး ရေးထားတာ အဲဒီခံစားချက်မျိုးနဲ့ပဲ မနှစ်က ဘန်ကောက်မှာ  ရုပ်ရှင်တွေ သွားကြည့်ဖြစ်တယ် ပထမဦးဆုံးကြည့်ဖြစ်တာ က ဂျိမ်းစ်ဘွန်း ရဲ့ Sky Fall ၊ အဲဒီ တုန်းကလဲ သူတို့ဆီက ရုပ်ရှင်ရုံ အခြေအနေ လက်မှတ်ဝယ်တဲ့ စနစ် ခုံ အနေအထား ရုံ အရည်အသွေး လူတွေရဲ့ စည်းကမ်း လေးတွေ ရေးနေတာ တဝက်လောက် ရှိမှ ဆက်လဲ မရေးဖြစ် တင်လဲ မတင်ဖြစ်တော့ဘူး ကြာသွားတော့ ဈာန်လဲ ဝင်လို့ မရတော့ဘူး ၊ နောက် သူကြီး သဘောကျပါတယ် လို့ ထုတ်ပြောဘူးတာ ရပိုင်ခွင့်နှင့်တာဝန် ဆိုတဲ့ ပို့စ် လေး ၊ ကျန်တာတွေထဲ မှတ်မှတ်ရရ ရှိတာတော့ နော်ဝေဆီသို့ ဆိုတဲ့ နော်ဝေ ကို စ သွားတာကနေ ပြန်ရောက်သည်အထိ ရေးထားတဲ့ အပိုင်း ရ ပိုင်းပဲ၊ တကယ်ကို စိတ်ဝင်တစားနဲ့ တာဝန်တစ်ခုလိုရေးခဲ့ တာမို့ တစ်ပတ် အတွင်း အပိုင်း ရ ပိုင်း လုံး ရေးတင်ဖြစ်သွားတယ်  တကယ်က ၁ဝ ပိုင်းစာလောက်ရှိတာ တချို့ ရက်တွေ မနက် ၄ နာရီလောက်ထိ ရေးဖြစ်ခဲ့တာတောင် ပါသေး ( အခုချိန်ဆို အဲဒီလို ရေးနိုင်ဘို့ မလွယ်တော့ဘူး ) ၊ အဲဒီလို ရေးဖြစ်ခဲ့ လို့လဲ ရွာထဲမှာ ပြန်ပြောပြခွင့် ရခဲ့ သလို ကျွန်တော့်အတွက် လဲ ခရီးသွားမှတ်တမ်း တစ်ခု ရသွားတယ် ၊နောက် အမှတ်တရ ရှိနေတာက မင်းကြောင့် မဟုတ်ပါ ဆိုတဲ့ ဘဝကိုအဖျက်ဆီး ခံလိုက်ရတဲ့ မိန်းကလေးတွေ အတွက် ရေးထားတဲ့ ပို့စ် လေးပဲ အဲဒီ ပို့စ် ကွန်မန့် ဝင်ပေးခဲ့ တဲ့ မန်းလေးက ဆရာဝန် shadowless  ကတော့ နောက်ပိုင်း လုံးဝ မတွေ့မိတော့ဘူး ၊  အရမ်းအရမ်းကိုလွမ်းဆွတ် သတိရနေပါသည် ဆိုတဲ့ ပို့စ် ကိုတော့ အသုဘပို့တိုင်း လွမ်းသူ့ပန်းခွေတွေ တွေ့တိုင်း သတိရမိတယ် ၊  နော်ဝေ ကို သေချာအားထည့် ရေးခဲ့ပေမဲ့ နောက်ပိုင်း လူချင်းတွေ့လို့ အမေးခံရတာကျ ဘူတန်ကို သွားခဲ့တဲ့ နဂါးလေးတို့ပြည်သို့ ပို့စ် ဖြစ်နေတယ် ရေးတာကလဲ သုံးပိုင်းထဲ ပေါ့ပေါ့ပါးပါး ပဲ ရေးထားတာ ….

တချို့ ရွာထဲ ဝင်ကာစ သူတွေ ပြောကြတယ် သူတို့ ကို အသစ်တွေမို့ ဂရုမစိုက်ဘူး ခွဲခြားတယ် တဲ့ အဲဒါမျိုး ကျွန်တော်ရောက်ပြီးမှ နှစ်ခါလောက် ကြုံဘူးတယ် ဆူညံသွားဘူးတယ် တကယ်က ဒီ ရွာထဲမှာ ဒါမျိုး မရှိဘူး ( ပိုစ် ကောင်း မကောင်း ဆိုတာထက် ) ရေးသူ နဲ့ ဖတ်သူကြား နှလုံးသားနှစ်ခု ဆက်မိသွားရင် အဲဒီပို့စ် လူတွေ သဘောကျသွားတာပဲ ကျွန်တော်လဲ ရွာထဲ ပထမဆုံး တင်တဲ့ ပို့စ် က မှ ကွန်မန့် ၉ ခု ရပေမဲ့ အဲင်္ဒီနောက်ပိုင်း ကွန်မန့် လုံးဝ မရတဲ့ ပို့စ် တွေ ရှိသလို ၁/၂ ခု ပဲ ရတဲ့ ပို့စ် တွေလဲ အများကြီးပါ၊   ဒီ မှာကတော့ လူသစ် လူဟောင်း မခွဲပဲ နှလုံးသားချင်း ကူးလူးနိုင်ဘို့က အဓိကပဲ တချို့ ဆို အခုမှ စ တင် စ ဝင် ပေမဲ့ ကွန်မန့်တွေ အများကြီး ရ ၊ လူတွေက ဝိုင်း မေတ္တာထားကြတာ အများကြီးပဲ ဂျီးတော်ဆွိ ဆို ပထမ တစ်ပုဒ်နဲ့ တင် ဘယ်လောက်တောင် လူချစ်လိုက်ကြသလဲ ၊ ဒီရက်ထဲ ဂျာနယ်ထုတ်ဘို့ ရေးတဲ့ပို့စ် ဆို ထိတ်တောင် ကပ်နေသေး ၊ ပထမဆုံး ပို့စ် ကနေ စ ပြီး လူတိုင်းသတိထားမိတဲ့ မမှီ တစ်ယောက်လဲ ပျောက်နေတာ ကြာလှပြီ လူပျောက်တိုင်ရမဲ့သူတွေကတော့ အများကြီး ပဲ ဦးဖက်တီး ၊ ငှက်ကြီး၊ ကိုုငြိမ်းချမ်း ၊ noob ၊ အာဖျံကွီး ၊ eros …အများကြီး ရှိသေးတယ် သူတို့လဲ အခြေအနေ အကြောင်းအမျိုး မျိုး ကြောင့်သာ ရွာထဲ မဝင်နိုင်ကြတာ နေမှာပါ ရွာလေးကိုတော့ သတိရနေမှာ သေချာတယ်….

တကယ်တော့ ဒီ ပို့်စ် လေးကို မနှစ်က ရွာသက် တနှစ်ရှိတဲ့ အချိန် အမှတ်တရ အနေနဲ့ ရေးချင်ခဲ့တာ ရေးဘို့ အခြေအနေမပေးတာနဲ့ အခုမှ ၂ နှစ်ပြည့်အနေနဲ့ ရေးလိုက်ရတာ ၊ အရင်တုန်းက ပို့စ် အဟောင်းလေးတွေ ဖတ်မိ အရင်တုန်းက ရွာအကြောင်းလေးတွေ စဉ်းစားမိသွားတာလဲ မဖြစ်မနေရေးဘို့ တွန်းအားတစ်ခု ဖြစ်သွားတာပေါ့ ၊ ကျွန်တော့် ရဲ့ ဒုတိယမွေးရပ်မြေရွာလေးက အရင်ကလောက် စည်စည်ကားကား မရှိတော့ ၊ သာသာယာယာ မရှိတော့ပေမဲ့ ကျွန်တော့်ရဲ့ ဒုတိယဘဝ ဒီ ရွာလေး က တစ်နေ့ထက် တစ်နေ့ စည်စည်ကားကား သာသာယာယာ ရှိလာတာကတော့ ဝမ်းသာ ဂုဏ်ယူ စရာပါ ၊ ၉ တန်းတုန်းက သင်ရတဲ့ စမ်းချောင်းလေး ကဗျာထဲက လူတွေက လာလိုက်ကြ ထွက်သွားလိုက်ကြနဲ့ပဲ ဒါပေမဲ့ စမ်းချောင်းလေးကတော့ စီးမြဲ စီးလျှက်ပဲ ဆိုတာလို ကျွန်တော်တို့ ချစ်တဲ့ ရွာလေးလဲ ရွာသူားတွေ ရောက်လာလိုက် ကြ ထွက်သွားလိုက်ကြ ရှိနေပေမဲ့ အားလုံးအတွက် ရွာလေးကတော့ ရှိနေဆဲ ရှိနေမြဲ အားလုံး အတွက် အကျိုးပြုနေမြဲ သူနိုင်တဲ့ ဝန်တာ လေးတွေ ထမ်းနေဆဲပါပဲ…..

29 comments

  • ဦး ကျောက်ခဲ

    February 17, 2013 at 8:39 am

    ကိုရင်နို

    ကိုရင်အစဖော်မှ “For men may come and men may go but I go on forever” ဆိုတဲ့
    ကဗျာလေးကို အမှတ်ရမိတော့တယ်…
    ၂၀၀၈/၂၀၀၉ လောက်တည်းက ဖတ်လာသူမို့ ကိုရင့် လက်ဆကို သိပါတယ်…
    ရေးပါဗျာ… နှလုံးသားချင်း ဖလှယ်ရတာပေါ့…
    ကျွန်တော့မှာ planet.com.mm စွဲမိလို့ ဂေဇက်ရွာအဝင်နောက်ကျပေမယ့်
    အဖော်အပေါင်းရှားပါးတဲ့ ဒီဘဝမှာ ခုတော့ သွားလည်းဒီစိတ် စားလည်းဒီစိတ်
    ကွန်ပြူတာ၂လုံး၊ တစ်လုံးကဂဇက် တစ်လုံးကဖွဘုက် တပြိုင်ထဲဖွင့်လို့
    ရွာသူရွာသားများနဲ့ ရင်းရင်းနှီးနှီး စကားတွေပြော၊ အ စ တွေ သန်မိတာ
    ဘဝအမောတွေကိုပြေလို့…
    အရင်ကတော့ စာဖတ်သူ… အခုတော့စာရေးသူ…
    ကိုယ့်အကြောင်းနဲ့ကိုယ်မို့ မြန်မာစာ စာစီစာကုံးမရေးတာ နှစ်အစိတ်ကျော်ကို
    ရေးစေဖို့ ကွန်မန့်တွေရေး ခွန်အားများပေးတဲ့ ကိုရင်နိုနဲ့ရွာကြီးကို
    ကျေးဇူးပါဗျို့…

    • nozomi

      February 18, 2013 at 11:59 am

      ဦးကျောက် အရင်ဆုံး လာမန့်ပေးတာ ကျေးဇူးပါ
      စိတ်ဝင်စားရင်တော့ အဒေါ်အပျိုကြီး နဲ့ မိတ်ဆက်ပေးမယ် ကျန်တာ ဘာမှ တာဝန် မယူ

      အဲဒီ ကဗျာ လေးရဲ့ အဲဒီ စာကြောင်းလေးက အခုထိ မှတ်မိနေတယ် အဓိပ္ပာယ်လေးကလဲ စဉ်းစားစရာတွေ အပြည့်နဲ့ ကို

      ကျွန်တော်က ဦးကျောက်လို ရေးတတ်ချင်တာ၊ ဖတ်တဲ့သူက သူ ဖတ်နေတယ်လို့ မခံစားရဘူး ထောင့်မနေဘူး ဇာတ်လမ်းနဲ့ အတူ မျောပါသွားတာ ၊ ကျွန်တော်က ရသ မရေးတတ်ဘူး တစ်ခုခု ဆို သုတ ဆန်ဆန် အချက်အလက်တွေနဲ့ ဆိုတော့ ပျင်းစရာကြီးတွေ ဖြစ်နေတယ်

  • niki ta

    February 17, 2013 at 10:35 am

    [( ပိုစ် ကောင်း မကောင်း ဆိုတာထက် ) ရေးသူ နဲ့ ဖတ်သူကြား နှလုံးသားနှစ်ခု ဆက်မိသွားရင် အဲဒီပို့စ် လူတွေ သဘောကျသွားတာပဲ ]…အဲဒီစာသား ဖတ်မိရင်း.. တစ်ခုစဉ်းစားမိသွားတယ်…

    ၁။ စာဖတ်သူခံစားချက်နဲ့ ရေးတဲ့ပို့စ်.
    ၂။ စာရေးသူခံစားချက်နဲ့ ရေးတဲပို့စ်

    ဆိုပြီး… အခြေခံအားဖြင့်တော့ ၂ မျိုးရှိမယ် ထင်တာပဲ….ဒီထက်ကွဲထွက်နိုင်တဲ့ ပို့စ်အမျိုးအစားတွေလည်း အများကြီး ရှိမှာပါ.. (အဲဒါကတော့ တွေးဖို့ ဉာဏ်မမီတော့ဘူး… :))

    ကို nozomi ရော.. အပေါ်က အမျိုးအစား ၂ ခုထဲက ဘယ်တစ်ခုက လူတွေ ပိုသဘောကျမယ်လို့ ထင်လဲ…ယာယီမဟုတ်ဘဲ ရေရှည် သဘောဆိုရင်လေ….. 🙂

  • surmi

    February 17, 2013 at 2:49 pm

    ကိုနိုရေ ……
    အစ်ကိုပြောမှပြန်သတိယလာပါတယ်
    ကျနော်က အစ်ကို ့ထက်နောက်ကျပေမဲ ့ ရွာသိပ်မစည်ခင်ကပါပဲ ။
    ကျနော ့ပထမဆုံးပို ့စ် လည်း ကော်မန် ့ ခုနှစ်ခုလား ရပါတယ် ။
    ပထမဆုံးပေးသူက ကိုရင်မောင်ကြီးပါ ။
    မအိတုန် ၊ ရွှေအိ ၊ ဦးကြောင် ၊ ဆူး ၊ အဘနီ ၊ မီးမီးသော် (ခ) မောင်သန်းထွဋ်
    တို ့ ပါပဲ ။ ဒီလူဟောင်းတွေရဲ ့တွဲခေါ်မှုကြောင့်လည်း ခုထိရှိနေတာပါ
    ရွာထဲမှာ နေသားကျဖို ့ဆိုရင် ကျနော်တို့လို သာမန်လူအနေနဲ ့
    အနဲဆုံးတစ်နှစ်တော ့ စောင့်ရပါတယ် ။ပြီးမှအစ်ကိုပြောသလို
    နှလုံးသားခြင်း ဆက်မိသွားမှာပါ ။ စိတ်ရှည်သည်းခံနိုင်ဖ ို ့လည်း
    လိုမယ်ထင်ပါတယ် ။ကျနော်လည်း စာရေးနည်းသလို ကော်မန် ့လည်း
    အရေးနည်းပါတယ် ။အရင်လို ဝင်ဖတ်သူဦးရေ သိရရင်ကောင်းမှာနော ….
    အစ်ကို ရေးမှာကိုမျှော်နေမယ်ဗျို ့ ။

    • Foreign Resident

      February 18, 2013 at 12:05 pm

      ” မီးမီးသော် (ခ) မောင်သန်းထွဋ် ”

      ဟဲ ဟဲ ၊ ကို သန်းထွဋ်ဦး ဟာ ၊ မီးမီးသော် မှန်းသိတယ်ဆိုကတည်းက ၊
      ဒါ အမြဲဖတ်နေတဲ့ ၊ ရွာသူားဟောင်းကြီးပဲ ၊ သေချာတယ် ။

  • မောင်ပေ

    February 17, 2013 at 7:21 pm

    ဗိုလ်နို ရေ
    သာယာဆို
    သဂျီးခဗျာလဲ
    စီအိုင်အေ က စပွန်ဆာပေးတဲ့ဟာနဲ ့
    ဒီက ထောက်လှမ်းရေးက ပေးတဲ့ စပွန်ဆာတွေနဲ ့
    ခိုင်နေတာဆိုတော့ဗျာ
    ဟီဟိ

    • nozomi

      February 18, 2013 at 1:06 pm

      နီကီတာ ရေ
      ဘယ်တစ်ခုက လူတွေ ပိုသဘောကျမယ်လို့ ထင်လဲ…ဆိုတော့ ကိုရင့် ကို အရင် မေးကြည့်လိုက်ဦးမယ် ၊ နီကီတာ ဇတ်လမ်းတွဲတော့ သဘောကျတယ်

      ကိုဆာမိ လဲ များများရေးပါဗျာ
      တကယ့်လက်တွေ့ဘဝ တွေကို စာရေးခြင်းအတတ်ပညာနဲ့ ပေါင်းလိုက်တော့ မဖတ်ပဲ မနေနိုင်လောက်အောင် ကို ဆွဲဆောင်မှု ရှိလွန်းလှပါတယ် ၊ အားရင် အပြင်မှာလဲ ဆုံးကြသေးတာပေါ့ ခင်ဗျာ

      ဦးဖော ရေ ကိုသန်းထွဋ်ဦး ကြီးတောင် မတွေ့တာ ကြာပေါ့

      ကိုပေ ကလဲ အဲဒါကြောင့် သူကြီးက ခိုင် လို့ နာမည် မှည့်ထားတာပေါ့

  • padonmar

    February 17, 2013 at 10:55 pm

    ခုလိုရေးပြတော့ ကျမတို့ အရင်ကရွာလေးတောင်လွမ်းမိပါသေးတယ်။
    အဲဒီတုံးက ကွန်မန့်တွေတောင် သိပ်မပေးရဲခဲ့ဘူး။ကြောက်လို့၊စိတ်ထဲ မနေနိုင်လွန်းမှ ရေးဖြစ်တာ။
    Hits တွေကတော့ အဟက်ခံရပြီးနောက် server လုံခြုံရေးတွေကြောင့်များ မထည့်နိုင်တော့သလားမသိပါဘူး။
    ကိုနို့ကို White နာမည်ကနေ နာမည်တူတွေ့လို့ ပြောင်းပါတယ် ဆိုကတည်းက သတိထားမိပါတယ်။
    နော်ဝေကို သိလိုက်မိပေမယ့် ဘူတန်က စိတ်ထဲပိုစွဲမိတယ်။
    ကိုနိုနဲ့ ပိုတွဲမိတာက မှိုစိုက်မလားပဲ။
    ဒါ့ထက်ပိုတွဲမိတာက လှည်းတန်းက ကောင်မလေးပဲ၊:D

  • weiwei

    February 17, 2013 at 10:55 pm

    ရွာထဲဝင်မိပြီးကထဲက တဝဲလည်လည်ဖြစ်နေခဲ့တာ ၂ နှစ်တောင် ကျော်သွားပြီ …
    အရင်တုန်းက ကွန်မန့်တစ်ခုမှ မရခဲ့တဲ့ ပို့စ်တွေ ရှိခဲ့ဖူးတယ် … ကျွန်မ ရွာထဲစရောက်ခါစက ခရီးသွားပို့စ်တွေ တင်ဖြစ်တယ် … ၂ လ အတွင်း ပို့စ် ၁၀ဝ တင်ဖြစ်ခဲ့ပါတယ် … အခုတော့ တစ်လ ၂ ပုဒ်လောက်တောင် အနိုင်နိုင်ပါပဲ …
    ဦးနိုကိုတော့ မှတ်မှတ်ရရရှိပါတယ် … နော်ဝေးခရီးသွားပို့စ်စီးရီးကတော့ ဦးနိုရဲ့ masterpiece လို့တောင် သတ်မှတ်ရမယ် … အတွေး အရေး ဓါတ်ပုံအပြင် ဟာသရသတွေပါ ရေးတတ်တဲ့ ရွာသားကြီး ဦးနိုဇိုမိ …

    • nozomi

      February 18, 2013 at 2:06 pm

      အန်တီလေး ရေ
      ရွာအတွက် မှတ်တမ်းလေးတစ်ခုအနေနဲ့ ရေးချင်တာ
      ရှည်မှာ စိုးလို့ အခုထက် ပိုလေး သွားမှာ မို့ ထားခဲ့ရတာတွေ ရှိသေးတယ်
      အန်တီ လေး ကို အားကျ ပြီး ပို့စ် ကောင်းကောင်းလေးတွေ တင်ချင်တာ လူရွှင်တော်တွေ နောက်သလို က ပြ ချင်ပါသော်လည်း ကျန်းမာရေးက မကောင်း ဆိုတာလို မျိုး မို့ အတင်ကျဲနေရတယ်

      မဝေ ကြီး ရေ ကျွန်တော်လဲ မဝေ ကြီး ရဲ့ တရုတ်သွားပို့်စ် တွေရဲ့ ပရိတ်သတ်ပါပဲ
      အဲဒါမျိုးလေးတွေ အန်တီဝေခရီးသွားနေသည် ဆိုတာမျိုး လုပ်ပါဦး
      အရင်ကဆို မနက်၉ နာရီလောက် က စဖွင့် တစ်နေ့လုံး အသစ်တင်လိုက် လိုက်ဖတ် လိုက် မန့်လိုက် ပြန်ပြောလိုက် လုပ်နိုင်ပေမဲ့ အခု အချိန်ရော အခြေအနေရော မပေးတာမို့
      မနဲ ရွာထဲ ပြေးဝင် ပြေးထွက် လုပ်နေရတယ်

  • kyeemite

    February 18, 2013 at 10:42 am

    ကျနော်ကတော့ ရွာထဲကို ရွာသား“ကိုအညာတမာ”ဆိုသူမိတ်ဆက်
    ပေးလို့ရောက်ခဲ့တာပါ..တနှစ်ကျော်လောက်တော့ ဒီတိုင်းဖွင့်ဖတ်ရုံပဲ နေခဲ့တာ..
    မှတ်မှတ်ရရ ပို့စ်စတင်ဖြစ်တာတော့ ၂၀၁၂ဇန္နဝါရီ ကပါ…အများအားဖြင့်တော့
    ခံစားမှု့စာစုတွေပဲရေါ်ဖြစ်ပါတယ်..တစ်ခါတလေ ပို့မတင်ဖြစ်တာကြာသွားရင်
    ရွာသူားတွေ မေ့ကုန်မှာစိုးလို့ ဓါတ်ပုံလေးတွေတင်ဖြစ်ပါတယ်….
    ပြောရင်းနဲ့ ခုတောင် ပို့စ်မတင်ဖြစ်တာကြာပေါ့ကိုနိုကြီးရေ… :hee:

    • nozomi

      February 18, 2013 at 2:22 pm

      ဦးမိုက် ရေ လူပျောက် တစ်ယောက် လိုက်ရှာနေ တာ အခုမှ တွေ့တော့တယ်
      ကျွန်တော့ ပထမ ဆုံး ပို့စ် မှာ ဦးမိုက်က မန့်ထားတာပဲ –
      My blood group is “OB”. Because of old. တဲ့ အရေအတွက် ကြည့်ပြီး လက်ရှိ ရွာထဲ ရှိနေမှန်း သိတယ် ရှာလို့ မရဘူးဖြစ်နေတယ် အဲဒီတုန်းက မမို်က်သေးတော့ မြန်ပြည်သား ဖြစ်နေတာကိုး
      ရေးပါဦး ဦးမိုက်ရ အဖေ့အကြောင်းပြီးတော့ ယောက္ခမ အကြောင်းလေး တွေ

      ကိုဂီ ရေ အဲဒီ လူကြီး မဟုတ်တာတွေ လုပ်ထားပြီး မိန်းမ စိတ်မဆိုးအောင် အလုပ်တွေ နင်းကန် လုပ်နေလို့ ရွာထဲ မဝင်နိုင် ဖြစ်နေတာ နေမှာပေါ့…
      ခရီးသွားများပြီး အခု နှာစီး ( စေး – သူ သန်ရာ သူ စီး တာ နေမှာ ) ဖျားချင်ချင် ဖြစ်နေတယ်
      နောက်ရက်တော့ ဓါတ်ပုံတွေ တင်ရင်း ရွာထဲ ပြန်ဝင် ပါ့မယ်တဲ့ )

  • Ghi Ghi ThE KiD

    February 18, 2013 at 12:43 pm

    ဦးနို.
    ဘဘဘလက်ကို ပြန်ခေါ်လာပေးဗျာ

    ပုံ
    မိဂီ

  • koaung

    February 18, 2013 at 12:59 pm

    ဆရာနို ခေါ် မညိုမီရဲ့ စာတွေကဖတ်လို့ကောင်းသလို အတုယူစရာတွေပါဗျာ

    • Moe Z

      February 18, 2013 at 1:07 pm

      ဟီးးးးဟီးးးး ဟိုဘက်ကပို့စ်ကို အရင်ဖတ်လိုက်မိလို့တော်သေးတယ်
      တွေ့ရတာ ဝမ်းသာပါတယ် အန်တီညိုမီ စာများများရေးပါဦးနော် 😆
      အန်တီရေ အဲ ဦးနိုရေ ကွန်မန့်မပေးဖြစ်ပေမယ့် ဘူတန်တောလားဖတ်ပြီး ဝီကီမှာတောင်ဘူတန်အကြောင်းသွားရှာဖြစ်သေးတယ်ရှင့် ..

      • nozomi

        February 18, 2013 at 1:39 pm

        ကိုအောင် အားပေးတာ ကျေးဇူးပါ
        ကိုအောင့် ရဲ့ စာတွေ ပုံတွေ တောင် မတွေ့ရတာ ကြာပေါ့ ရေးပါဦး ဗျ

        ဒေါ်မိုးဇက် လုပ်တာနဲ့ နာမည်တွင်တော့ မှာပဲ 😀
        ၁၃ ရက်နေ့ ဒေါ်မိုးဇက် မွေးနေ့ ၁၄ ရက်နေ့က ET မွေးနေ့တို့အတွက်
        ဘာမှ မဆုတောင်း ပေးလိုက်ရဘူး ၊ လိုအပ်တာတွေ လိုချင်တာတွေ ပြည့်ပါစေ နော
        နောက်ကျ ဆုတောင်းရတာ ဆောရီးပါနော

        • Moe Z

          February 18, 2013 at 2:03 pm

          ကျေးဇူးတင်ပါတယ်ဦးနိုရေ
          ဦးနိုမှတ်ဉာဏ်အရမ်းကောင်းတာ သိပါ့ရှင်
          ဟိုဂြိုဟ်သားသင်္ဘောသီးကတော့ ရေမျောနေတုန်းပဲထင်တယ်
          တခါတလေတော့ ဂျီတော့မှာသရဲလာခြောက်တယ်..

  • kai

    February 18, 2013 at 3:11 pm

    အရင်ရက်တွေကို.. လွမ်းသလိုလိုတောင်ဖြစ်သွားတယ်..
    ဆိုတော့…
    ရွာထဲ..ရေးပါပြေးပါဦးလို့နော… :harr:

  • pooch

    February 18, 2013 at 3:52 pm

    ဘူတန်ပိုစ့်ကို အကြိုက်ဆုံးပါ ။ ကျမရောက်တော့ ကိုနိုဇိုမိဖြစ်နေပြီထင်တာပဲ ။
    စကားစပ်လို့ ပြောရရင် ဘူတန်ကလို ခပ်ဆင်ဆင်ကျောက်တုံးတွေနဲ့ ကျမတို့ အိမ်တလုံး ဆောက်နေတယ် နောက်များ အဆင်ပြေခဲ့ရင် အဲ့ဒီ ကျောက်တုံးတွေ အကြောင်း ကျမ ပြောဖို့ ကြိုးစားကြည့်ပါအုန်းမယ်။

    ကျမလည်း ရွာဝင်စတုန်းက ဖီလင်ကိုပဲ ပိုသဘောကျတယ် ပိုပျော်တယ် လွမ်းတောင်လွမ်းသေးရဲ့
    အခုအဲ့ဒီတုန်းက ခံစားချက်မျိုး မရှိတော့ဘူး စာရေးဖို့လည်း အာရုံမလာ မန့်ရင်လည်း ဝတ်ကျေတန်းကျေဖြစ်ဖြစ်နေလို့ 🙁

  • Mr. MarGa

    February 18, 2013 at 9:23 pm

    ဪ………..သူတို့တွေများ ရွာအဝင်ကို အမှတ်တရ ရှိလိုက်ကြတာ
    ဦးမာဃမှာတော့ ရွာသားသာ ဖြစ်နေတယ် ရွာနဲ့ အဆက်ပြတ်လိုက်ရင် အကြာကြီးပဲ
    တစ်ခါတစ်လေအရင်ကအကြောင်း ပြောကြရင် ဘာပြောရမှန်းတောင် မသိဘူး
    အခုမှသာ ပုံမှန်လေး ဝင်ဖြစ်နေတာဆိုတော့
    အဲဒီ ဘဝလေးကိုလဲ လွမ်းမိပါတယ်ဗျာ

    • nozomi

      February 20, 2013 at 12:18 pm

      သူကြီး ရေ ရွာထဲ ရေးနေ ပြေးနေ ဦးမှာပါ

      ဒေါ်ပု ကျောက်တုံးလေးတွေနဲ့ အိမ်ပြီးရင် ရွာသူားတွေကို ဖိတ်ဦးနော်

      သိကြားမင်း ဆိုတော့ ၊ ဂျီးတော်ဆွိရေ ဒီမှာ မင်း ပါတာ တစ်ယောက်တွေ့ပြန်ပြီ ဗျို့

      • ခိုင်ဇာ

        February 20, 2013 at 12:28 pm

        ဟယ်။ ကိုနို ကတော့လေ။
        ဒီမှာ သူ့ ပို့(စ) ကို အကောင်းမန့်မလို့ဟာကို။
        သကြားမင်းတော့ ကြောက်တယ်အေ့။ ဝလဇိန်လက်နက်ကြီးနဲ့ ထုလိုက်မှ ပြေးပေါက်မှားနေမယ်။
        :harr:

        မယ်ပု ဖြောင့်ချက် ဖတ်ပြီး ကြိုက်တုန်းကလို ခံစားချက်မျိုးပဲ ဒီ ပို့(စ) ကို ကြိုက်တယ်။
        ဒီလို ဆို ဆွိ တို့ ရောက်လာတဲ့အချိန်က ရွာစည်နေပြီပဲ ပြောရမှာပေါ့နော်။
        အမှန်တကယ် ဆို ကိုယ်ပေးရမဲ့ ဖြောင့်ချက်က မယ်ပု ဦးသွားတာ။ ဟိဟိ။
        ကိုယ့် ကို ဦးတည်တာကို မရှင်းပဲ ငြိမ်နေမိတာ ခုထိပဲ။
        :mrgreen: :mrgreen: :mrgreen:

  • aye.kk

    February 18, 2013 at 10:33 pm

    nozomi ရေ။
    ရွာလေးကမဝင်ရရင် စိတ်ထဲမှာမနေနိုင်လောက်အောင်ပါ။
    ရွာထဲမဝင်ဖြစ်ရင် ။ ရင်ထဲမှာနေရတာက ဟာတာတာနဲ ့။
    တစ်ခုခုလိုနေသလိုလိုပါဘဲ။ကိုယ်မရေးဖြစ်ရင်တောင်၊ရွာထဲကရေးထားတဲ့စာတွေကိုဖတ်ဖြစ်နေတာပါ။။

  • ရွာစားကျော် မင်းနန္ဓာ

    February 19, 2013 at 7:41 am

    အသစ်တွေမို့ ဂရုမစိုက်ဘူး ခွဲခြားတယ် တဲ့ အဲဒါမျိုး ….. ဒီ ရွာထဲမှာ ဒါမျိုး မရှိဘူး
    ( ပို့စ် ကောင်း မကောင်း ဆိုတာထက် ) ရေးသူ နဲ့ ဖတ်သူကြား နှလုံးသားနှစ်ခု ဆက်မိသွားရင် အဲဒီပို့စ် လူတွေ သဘောကျသွားတာပဲ ….

    ရွာသူား အသစ်လေးတွေအတွက် အားဆေးတစ်ခွက် ဖြစ်ပြီး နှလုံးသားချင်းဆက်မယ့် ပို့စ်ကောင်းလေးတွေ ရေးနိုင်ကြပါစေဗျာ..
    ကျနော်တို့ရဲ့ ဒုတိယမွေးရပ်မြေလိုဖြစ်နေတဲ့ ဂေဇက်ရွာလေးအပေါ် ထားတဲ့ သံယောဇဉ်တွေကို ဖောက်သယ်ချသွားတဲ့ ကိုနိုရေ အားပေးသွားပါတယ်..

  • ဆူး

    February 20, 2013 at 11:43 am

    PM ပို့ပြီး ရေးတဲ့ ကိစ္စ ဘာမှန်းတောင် မသိတော့ဘူး
    မေ့သွားပြီ။
    ဦးလေးက အမှတ်သိပ်ကြီးတာပဲ.. ဆူး တောင် မေ့နေပြီ ဘာမှန်း ကို မမှတ်မိတော့တာ.. 😀

    မှိုစိုက်တဲ့ ပိုစ်နဲ့ နော်ဝေး ပိုစ်တွေကို အကြိုက်ဆုံးပါပဲ။
    အရင်တုန်းက ပိုစ်တွေ တင်ပြီး စာတွေ ရေးရတာ တယောက်နဲ့ တယောက် နှလုံးသားချင်း ထိုးဖောက်မြင်ရသလို ခံစားရပြီး ပြောမနာ ဆိုမနာ ရင်းနှီးတဲ့ မိတ်ဆွေတွေလို ခံစားရခဲ့တာ အမှန်ပါ။

    ကိုနိုဇိုမိ အတိတ်ကိုတော့ လွမ်းမိပါတယ်။

  • etone

    February 20, 2013 at 3:11 pm

    အဟီးးးးးး ကိုအဖြောင်ယူလို့ ထော်ခဲ့ ဖူးတာ ……… ချိတ်မချိုးခဲ့လို ့တော်သေးဒယ် … ။
    လူမမြင်ဖူးခင်ကတော့ အသက်ရွယ်သိပ်မကွာဘူး အထင်နဲ့ စ ချင် နောက်ချင်စိတ်ပဲ သန်နေခဲ့တာ ။
    နောက်ပိုင်းမှ ပြန်လျော့လျော့ထားရတယ် ။ ဟီး :mrgreen:

    • nozomi

      February 20, 2013 at 8:05 pm

      အန်တီအေး ခင်ဗျာ ရွာကတော့ မရှိမဖြစ်ရွာ ပါပဲ

      ရွာစားကျော် ရော ရှင်မွေးလွန်းရော ရေးမဲ့ ပို့စ် တွေ ကို စောင့်အားပေးနေပါတယ်

      အန်တီဆူး ရေ ကျွန်တော်က စနောက်ထားသူမို့ အားနာနာ နဲ့ မှတ်မိနေတာပါ
      အတိတ်က လွမ်းစရာ ပျော်စရာ အပြည့်နဲ့ အခုလဲ ဒီလိုပါပဲ

      ဒေါ်အိဒုံ နဲ့ ကျွန်တော်က အသက် သိပ်မှ မကွာတာ ရွယ်တူလောက် ရှိမှာပေါ့ မဟုတ်ဘူးလား

  • MaMa

    February 20, 2013 at 9:43 pm

    ကိုနိုရေ-
    ရေးခဲ့တဲ့ ပိုစ့်တွေထဲမှာ ဘူတန်သွားတောလားနဲ့ မှိုစိုက်တဲ့အကြောင်းရေးတာ အမှတ်မိဆုံးပဲ။
    အဲဒီတုန်းက စာဖတ်ရင်းနဲ့ မှိုရတဲ့မျက်နှာလေးတွေတောင် မြင်ယောင်မိသေးတယ်။
    ခုခေတ်ကြီးထဲမှာ တစ်မျိုးတစ်ဘာသာထူးခြား (ခေတ်နောက်ကျတယ်ပဲ ပြောရမလား) အေးချမ်းတဲ့ ဘူတန်ကိုလည်း သတိရတယ်။
    နောက်တစ်ခါ ကျမ ဗုဒ္ဓဂါယာ သွားခါနီး လေယာဉ်ပျံ ပျက်တဲ့အကြောင်းရေးတာလည်း မှတ်မိနေသေးတယ်။
    ဒုတိယ မွေးရပ်မြေဖြစ်တဲ့ မြစ်ဝကျွန်းပေါ်မြို့ကိုလည်း စိတ်ဝင်စားတယ်။
    ပန်းတနော်-မအူပင် သွားတဲ့ မော်တော်တို့ ရန်ကုန်ကိုသွားတဲ့ မော်တော်တို့တော့ ရှိတာပေ့ါ ဆိုလို့ ကျမရဲ့ မွေးရပ်မြေနဲ့ သိပ်မကွာဘူး ဖြစ်ရမယ်။
    ခု ကားလမ်းတွေ ကောင်းနေတော့ မြစ်ဝကျွန်းပေါ်မြို့တိုင်း လမ်းပေါက်နေပြီ။
    တစ်ခေါက်လောက် ပြန်သွားကြည့်ပါလား။ :hee:

  • MaMa

    February 20, 2013 at 9:48 pm

    ခုရက်ထဲ ရွာထဲအဝင်ကျဲလို့ အန်တီညိုမီ ဖြစ်သွားတာ မသိလိုက်ဘူး။
    မာမီပုဂိုဏ်းဝင်လိုက်တာများလား ?????????? :kwi:

Leave a Reply