နေရောင်ကိုကြိုလင့်နေတဲ့ အဝါရောင်နေကြာပန်းလေးများ(သို့မဟုတ်)မအိအတွက် နေသုံးနေ




နေရောင်ကိုကြိုလင့်နေတဲ့ အဝါရောင်နေကြာပန်းလေးများ(သို့မဟုတ်)မအိအတွက် နေသုံးနေ
ကျနော်ကျောင်းသားဘဝက ကြည့်ရတဲ့ ရုပ်ရှင်ကားတစ်ကား ကိုအခုထိမှတ်မိလို့နေပါတယ်။
မင်းသမီးကတော့ ဆိုဖီယာလောရင့်ပါ။
စစ်အခြေခံဇာတ်လမ်းပေါ့။
ဇာတ်ကားနာမယ်က နေကြာပန်း ( sunflower)
ဒီကားကို မြန်မာပြန်ပြီး စုံနံသာမြိုင်ဆိုတဲ့နာမယ်နဲ့ရိုက်ဘူးပါတယ်။
ဇာတ်လမ်းကတော့ စစ်အတွင်းကပျောက်ဆုံးသွားတဲ့ယောက်ျားကိုရှာပုံတော်ဖွင့်တာပေါ့
ကျနော်မှတ်မိနေတာကတော့ အဲဒီကားထဲမှာပါတဲ့နေကြာပန်းခင်းကြီးကိုပါဘဲ။
ဒါပေမယ့် ကျနော်မွေးရပ်မြေမန်းလေးမှာနေကြာခင်းဆိုတာမရှိ။
ရှမ်းပြည်ဘက်ရောက်ပြန်တော့လဲ နေကြာခင်းတွေမြင်ပေမယ့် ဓါတ်ပုံရိုက်ဘို့အခွင့်မသာ။
တစ်ခါ မန်းလေးမြို့သစ်ထဲက လယ်ကွင်းတစ်ခုမှာ နေကြာပန်းခင်းကိုမြင်ပေမယ့် ဓါတ်ပုံရိုက်မယ်အလုပ်
သိပ်ရှုပ်တဲ့ခွေးတစ်အုပ်ကြောင့် လက်မဆော့ခဲ့ရ။
အဲဒီမှာရွာထဲက မအိက နေကြာပန်းခင်းကို တွေ့ရင်ဓါတ်ပုံရိုက်ဘို့ ပြောဘူးပါတယ်။
တစ်ရက်တော့ ကြာနီကန်ဘက်အသွား လမ်းဘေးမှာ နေကြာပန်းခင်းကြီးကိုမြင်ရပါတယ်။
အဲတော့ အပြေးအလွှားသွားပြီးလက်ဆော့လိုက်မှ စိတ်အဆာပြေသွားပါတယ်။
ရိုက်ထားတာအများကြီးဆိုတော့နောက်ရက်ဆက်ပြီး နေကြာပန်းတွေလာပါအုံးမယ်နော်။
ကိုပေါက်လမ်းသလားနေသည်
23-2-2013





17 comments
ကိုပေါက်(မန္တလေး)
February 23, 2013 at 9:18 am
နေကြာပန်းပုံတွေက အများကြီးရိုက်လာတော့ နောက်ရက်သေချာပေါက်ထပ်တင်ပါအုံးမယ်
Myo Thant
February 23, 2013 at 10:33 am
Green colour + Yellow Colour = very nice view
Mr. MarGa
February 23, 2013 at 12:00 pm
အင်းးးးးးးးးးးးးးး
အဲဒီလမ်းက ဦးမာဃ တစ်ပတ်ကို ငါးရက်လောက် သွားရ၊ ပြန်ရတဲ့လမ်း
မြင်သာမြင်တယ် အဲလောက် လှမယ်လို့ မထင်မိ
နောက်ရက်တွေမှ သေချာ ကြည့်ဦးမှ
ကိုပေါက်(မန္တလေး)
February 23, 2013 at 1:15 pm
ဦးမာဃကို
အထူးလာပြသူတွေကို ကြည့်နေလို့နေမှာပေါ့
မောင် ပေ
February 23, 2013 at 8:45 pm
စိတ်အဆာပြေ နေကြာပြ
လိပ်ရှာဖွေ ရေမှာလှ
ဂိတ်မှာနေ မြွေလာထ
ကိုပေါက်(မန္တလေး)
February 23, 2013 at 10:17 pm
ဟုတ်တယ် အဲဒီနေကြာပန်းတွေရိုက်တုံးက
မြေပါတ်ကြားအက်တွေကြား မြွေထွက်လာမလားဆို လန့်နေရတာကိုပေရေ
ဗုံဗုံ
February 24, 2013 at 10:13 am
ပန်းလေးတွေလှတာဟယ် အောက်က ကုလားပဲပင်တွေကလည်း သန်လိုက်တာ ဖေပေါက် တမီးအတွက်လည်း ငရဲပန်းရိုက်ပေးပါ ရိုက်ပေးပါ မြင်ဖူးချင်လို့
ကိုပေါက်(မန္တလေး)
February 24, 2013 at 1:05 pm
မိဗုံ ညည်းက ငါ့ကိုမြွေကိုက်ပြီးအသေခိုင်းပြီနဲ့တူတယ်။
သေမှ ငရဲပြည်သွားပြီး ငရဲပန်းရိုက်ရမှာလေ။
ဗုံဗုံ
February 24, 2013 at 1:29 pm
အယ် အဲ့လိုဟုတ်ပါဘူး ဖေပေါက်ကလည်း သိဘူးလေ လူ့ပြည်မှာများရှိနေလားလို့
ဘာလို့ဖေပေါက်ကြီးကို သေခိုင်းရမှာလဲ အဲ့လိုဆိုမုန့်ကျွေးမယ့်သူ ရှိမှာမဟုတ်တော့ဘူး 
မဟာရာဇာ အံစာတုံး
February 24, 2013 at 10:18 am
ရွှေရောင် သန်းနေတဲ့
နေကြာ ပန်း
ငါ နမ်းလိုက်ချင်ရဲ့ …….။
သူမ က
နေရောင်သာ မျှော်ကာကြည့်
ငါ့ကိုတော့ဖြင့် မသိ
သတိလည်း မထား
ရက်စက်အားတယ်လို့တော့
ငါ မသတ်မှတ်ထားပါဘူး …..။
သူ့ ဘာသာ ဘာဝ တရား
ငါ ခွင့်လွတ်ကာ ထားရမှာပေါ့ ….
ဘယ်တော့များမှ မဆို
ချစ်လျက် ငိုရမယ်ဆိုလည်း
ကျေနပ်ပါသေးရဲ့ ……..။
ဟီးးဟီးးး
နေကြာပန်းတွေ ကြည့်ပီ ကဂျာ စပ်ကြည့်လိုက်ဒါဘာ …
ကိုပေါက်(မန္တလေး)
February 24, 2013 at 1:08 pm
အဝါရောင်နေကြာပန်းလေးနဲ့တူတဲ့
မင်းကလေးရဲ့ပါးကို
ဖွဖွနုနုအကြင်နာလေး တွေပေးတော့
ဝိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပန်းရောင်နှင်းဆီလေးတွေ
တစ်ပွင့်ပြီးတစ်ပွင့်
ပွင့်လိုက်တာ
ချစ်စရာ…………….ဗျာ။
Ma Ei
February 25, 2013 at 11:42 am
ကိုပေါက်ရေ…
ဒီလိုဘဲ ပြောလိုက်မိတာလေးကို သတိတရရှိပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်…
လန်းလန်းလှလှ နဲ့ တစ်ပွင့်ထဲလန်း ကိုရော တစ်ခင်းလုံးကိုပါ ပို့ပေးပါနော်…
:528
ကိုပေါက်(မန္တလေး)
February 25, 2013 at 1:30 pm
မအိရေ
ဝါသနာတူမောင်နှမတွေဆိုတော့ စိတ်ကြည်နူးအောင်လို့ ပါ။
ကျနော်တို့ သာမန်လူတွေဆိုတာ တစ်နေ့တစ်နေ့ စိတ်ဇောနဲ့မောနေကြတာလေ။
အဲတော့ စိတ်ကြည်နူးစရာလေးတွေမြင်ရတော့ စိတ်ချမ်းသာသပေ့ါ။
ကျနော်ကလဲ လေထဲက ညီအကိုများ အမ ညီမများအတွက်စိတ်ချမ်းသာစေတဲ့ဓါတ်ပုံလေးတွေနဲ့
အပူလျော့ပေးတယ်လို့ခံယူပါ၏။
မအိနှစ်သက်သောပုံများ ပို့ပေးပါမည်။
သော်ဇင် (လွိုင်ကော်)
February 25, 2013 at 11:56 am
နေပူလိုက်တာ လေးပေါက်ရာ..။ နေကြာပန်းအလှကို ကြည့်ပြီး လေးပေါက်အတွက် စိတ်ပူမိတယ်။ ဘာလို့လဲဆိုတော့ အရပ်ရှစ်မျက်နှာအနှံ့ ခြေဆန့်တော့မယ့် လေးပေါက်လေလားလို့ပါ..။ ဒါပေမယ့် ဆက်ရန်လေးတွေကို မျှော်လင့်မိပါကြောင်း။
ကိုပေါက်(မန္တလေး)
February 25, 2013 at 2:44 pm
နေပူတဲ့အချိန်ရိုက်မှ နေကြာပန်းက လှတာဆိုတော့ အပူတော့ခံရမှာဘဲနော်
ခိုင်ဇာ
February 25, 2013 at 1:10 pm
လှလိုက်တာ။ သူတို့ကို ချစ်တဲ့အချက်က နေမင်းကြီးကို လိုက်မျက်နှာမူတယ် ဆိုတဲ့ဟာပဲ။
နေကြာစေ့ကိုလည်းကြိုက်တယ်။
လေးပေါက်။
ဘယ်မတုန်းတော့!
အနော် နဲ့ ဖတိုဂရာဖာ လေး နဲ့ ဇာတ်လမ်းဟာ။
ပုံပြင်ပြောတယ်။
:harr:
ကိုပေါက်(မန္တလေး)
February 25, 2013 at 2:45 pm
မယ်ခိုင်ဇာရေ ပုံပြောနေကျဆိုတော့ ပုံဘဲပြောတော့တာပေါ့အေ့ လာမှာပါ ရေးရင်း
ရေးရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး