Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Joomla, WordPress တို့ကို လေ့လာချင်သူတွေအတွက် first lesson

Myanmar Web DesignerFebruary 25, 20132min3499

What is XAMPP?

-Xampp ဆိုတာ ဘာလဲ?

xampp ဆိုတာကတော့ အခမဲ့ရတဲ့ open source software တစ်ခုဖြစ်ပါတယ်။ open source ဆိုတာကတော့ နားလည်တတ်ကျွမ်းမယ်ဆိုရင် အဲဒီ software ကို ပြန်ပြင်ရေးခွင့်ပေးထားတယ် လို့ အဓိပ္ပါယ်ရပါတယ်။
-Xampp ရဲ့ long form က ဘာလဲ?

XAMPP ဆိုတာ အတိုကောက် စာလုံး ဖြစ်ပါတယ်။ သူ့ရဲ့ အရှည်ကတော့-

X = Cross

A = Apache HTTP server

M = MySQL

P = PHP

P = Pearl

X = Cross ဆိုတာကတော့ cross platform ဖြစ်တယ်လို့ ဆိုလိုတာပါ။ cross platform ဖြစ်တယ်ဆိုတာကတော့ Microsoft က ထုတ်တဲ့ windows, Apple က ထုတ်တဲ့ Mac OS X နဲ့ အခြား Linux နဲ့ Solaris OS (operating system) တွေထဲက ဘယ် OS မှာမဆို တင်လို့ရတယ်လို့ ဆိုလိုတာပါ။

A = Apache HTTP server ဆိုတာကတော့ web hosting တွေမှာ သုံးတဲ့ server software ဖြစ်ပါတယ်။ အခု XAMPP ဆိုတာကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်စက်မှာ web server တစ်ခုလုပ်ဖို့အတွက် သုံးမှာဖြစ်ပါတယ်။ web server လုပ်မယ်ဆိုလို့ အင်တာနက်ပေါ်မှာ တစ်ကယ်သုံးတဲ့ server မျိုးဖြစ်မှာမဟုတ်ပါဘူး။ virtual web server (web server ကိုယ်ပွား) ပါ၊ တစ်ကယ်သုံးလို့မရပဲ ဘာလို့တင်မှာလဲလို့ မေးစရာရှိပါတယ်။ ဒီမေးခွန်းကို XAMPP ထဲက နောက်ဆုံး P နှစ်လုံးကို ရှင်းပြတဲ့အချိန်မှာ ဖြေပါမယ်။

M = MySQL ဆိုတာကတော့ database (db) language တစ်ခုဖြစ်ပါတယ်။ database က website တစ်ခုအတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါပဲ။ ဘယ်လိုအချိန်မျိုးမှာ db ကို သုံးလဲဆိုတော့၊ website တစ်ခုက အကြောင်းအရာတွေကို အလိုလျှောက် သိမ်းထားဖို့ လိုပြီဆိုရင် db သုံးပါတယ်။

နောက်ထပ် P နှစ်လုံးကတော့ တစ်ခုက PHP ဖြစ်ပြီးတော့ နောက်တစ်ခုက Pearl ဖြစ်ပါတယ်။ နှစ်ခုလုံးက programming language ဖြစ်ပါတယ်။ ဒီ programming language တွေက server (hosting) လိုအပ်ပါတယ်။ server မရှိရင် run လို့မရပါဘူး။ ဒါတွေ run ကြည့်ဖို့၊ လေ့လာဖို့ တစ်ကယ့် server ဝယ်မယ်ဆိုရင် ကုန်ကျစရိတ် များမယ်၊ အင်တာနက်ပေါ်ကနေ လုပ်ရမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ connection နဲ့ဆို နှလုံးရောဂါကုဖို့ ဆေးဖိုးပါထပ်ကုန်မယ် 😛 ။ အဲဒါကြောင့် ကိုယ့်ရဲ့ စက်ထဲမှာပဲ virtual server (server အတု) တင်ပြီးတော့ စမ်းသပ်မယ်ဆိုရင် အားလုံးအဆင်ပြေသွားတာပေါ့။ အနီးစပ်ဆုံး ဥပမာကို ပြရရင်တော့ Myanmar Web Designer က လက်ရှိ SEO Services ပေးနေတဲ့ Singapore SEO Service  website က joomla CMS(content management system) ကို အသုံးပြုပြီးတော့ ရေးထားတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး website မျိုးဆို အရင်ဆုံး ကိုယ့် ကွန်ပျူတာထဲမှာ အရင်ဆုံး အပြီးအစီးနီးပါးလောက် ပြင်ဆင်ပြီးမှ အွန်လိုင်းပေါ်တင်ကြတာမျိုး ဖြစ်ပါတယ်။ အဲဒီလိုမျိုး joomla တင်မကပဲ wordpress, drupal အစရှိတဲ့ အခြားသော PHP ကိုအသုံးပြုပြီးရေးရတဲ့ website တွေနဲ့ Pearl language ကို အသုံးပြုပြီး ရေးရတဲ့ website တွေအတွက်ဆို hosting လိုအပ်ပါတယ်။ သူတို့က hosting ပေါ်မှာပဲ run နိုင်တဲ့ language တွေမို့လို့ပါ။

XAMPP ကို ဘယ်က ရယူပြီး install လုပ်နိုင်မလဲ?

 

အမျိုးမျိုးသော OS တို့အတွက်

http://www.apachefriends.org/en/xampp.html

 

Windows OS အတွက်

http://www.apachefriends.org/en/xampp-windows.html (လိုအပ်သော installation package ကို ဒေါင်းလုဒ်လုပ်ရန်)

http://www.apachefriends.org/download.php?xampp-win32-1.8.1-VC9-installer.exe (ဘယ်ဟာ ဒေါင်းရမယ်ဆိုတာ ဇဝေဇဝါ ဖြစ်နေသူများအတွက် တိုက်ရိုက် ဒေါင်းလုဒ်လင့်ခ်)

နောက်သင်ခန်းစာမှာတော့ XAMPP ကို ဘယ်လို install လုပ်ရမယ်ဆိုတာ ရေးသားပါ့မယ်။

9 comments

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    February 25, 2013 at 5:45 pm

    အားကိုတကြီးနဲ့ ဝင်လာလိုက်တယ် …
    မြေပုံလေးပဲ ပေးထားခဲ့သကိုးးးးးးးးးးး
    ကျေးဇူးတင်ပါကြောင်း ကိုလူခါးရေ……
    ဆက်လတ်လေ့လာ လိုက်စားလိုက်ပါအုံးမည်……

  • လူခါး

    February 25, 2013 at 6:01 pm

    Link ပေးထားတယ်နော်၊ မြေပုံဆိုတာ အဲဒီလင့်ခ်ကို ပြောတာဆိုရင်တော့၊ နောက်ပိုင်း သင်ခန်းစာတွေ ဆက်တင်ဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။ ပထမဆုံး သင်ခန်းစာမို့လို့ နည်းနည်းပဲ ပါတာပါ။ 🙂

    သင်ခန်းစာ ဖတ်ရန် –> What is XAMPP?

  • kai

    February 26, 2013 at 6:43 am

    အိုင်တီ.. ဝက်ဘ်ဒီဗလုပ်ပါလုပ်ချင်သူတွေ . အဲဒါကိုသေသေချာချာလေ့လာပြီး.. ကိုယ်တိုင်..ကိုယ့်ဝင်းဒိုးထဲ.. အင်စတောလုပ်သင့်တယ်..

    တကယ်လက်တွေ့လောကမှာလည်း.. Web Development က.. Local နဲ့ အထပ်ထပ်စမ်းသပ်ပြီးမှ.. ဆာဗာကို အလုံးလိုက်ရွေ့တာပါပဲ..

  • Good™

    February 26, 2013 at 4:33 pm

    ဘာဘဲပြောပြော မြန်မာပြန် ဆိုတော့ ကူးထားလိုက်တယ်။
    Thanks a lot.

  • လူခါး

    February 26, 2013 at 4:42 pm

    အင်း … ကူးထားပါဗျာ၊ ကူးထားပါ၊ နောက်ဆိုရင် စက်ထဲမှာ ပြည့်လာတာပေါ့ … အဲကျရင်တော့ ပြန်မဖျက်နဲ့နော… 😛

  • kai

    February 26, 2013 at 5:42 pm

    ကျုပ်မှာ..ဟိုပြေးဖတ်လိုက်.. ဒီပြေးလာလိုက်ဖြစ်နေတယ်..
    တခါတည်း စာတွေ.. ဒီထဲကူးထားလိုက်လို့.. မရဘူးလား..
    .. အဲလိုဆို.. ဆွေးနွေးရ.. ကော်မန့်ရေးရပိုလွယ်မှာ…

    ကိုရင်လူခါးဝက်ဘ်ဆိုက်က.. တခြားအကြောင်းအရာ.. ပိုသိချင်သူတွေ.. ဆက်သွားကြပေါ့..

  • လူခါး

    February 26, 2013 at 9:37 pm

    အင်း .. တင်ချင်ပါတယ်ဗျာ၊ ဒါပေမယ့် ဒီမှာက တစ်ခုခုဆို post ကို edit လုပ်လို့မရလို့ပါ။ 🙂

    • kai

      February 27, 2013 at 1:46 am

      ပြင်လို့ရအောင်ရာထူးမြှင့်ပေးလိုက်ပါတယ်နော..။
      ပညာတွေစေတနာနဲ့ဖြန့်သူမို့.. ကျေးဇူးတင်လျှက်ပါ..။

      • လူခါး

        February 27, 2013 at 9:24 am

        ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ဆို အပြည့်တင်လို့ အဆင်ပြေသွားတာပေါ့၊ အခုလည်း ပြန်ပြင်လိုက်ပါပြီ။

Leave a Reply