Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ထမနဲထိုးကြရအောင် easy cook

weiweiFebruary 25, 20131min125824

ဒီကနေ့ တပို့တွဲလပြည့်နေ့မှာ ထမနဲနဲ့ဆွမ်းတော်ကပ်ရအောင်လို့ မနေ့က အဖိတ်နေ့မှာ ထမနဲထိုးဖြစ်ပါတယ် … မိသားစုအားလုံး ဝဝလင်လင်စားရအောင် ကိုယ်တိုင်ထိုးကြမယ်ဆိုပြီး စီစဉ်ကြပါတယ်။ ကောက်ညှင်းဆန်တစ်ပြည်ထိုးမယ်ဆိုပြီး ထိုးနည်းတွေလေ့လာကြည့်တယ် … လုပ်တတ်တဲ့သူတွေကိုလဲ မေးကြည့်ပါတယ်။ ခပ်ဆင်ဆင်တွေပေမယ့် မတူကြတာတွေ့ရတယ်။ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် လုပ်ချင်သလိုလုပ်မယ်စိတ်ကူးပြီး ကောက်ညှင်းဆန်ကို ၄ လုံးစီခွဲပြီး နည်းလမ်းတစ်မျိုးစီနဲ့ ၂ မျိုး စမ်းသပ်ကြည့်ပါတယ်။

ပထမနည်းလမ်း

ကောက်ညှင်းဆန် (၄) လုံးအတွက်
အုန်းသီးခပ်ရင့်ရင့်တစ်ခြမ်းစာကို ခြစ်ထားပါတယ်။
မြေပဲဆန် နို့ဆီဗူး တစ်ဗူးစာကို တစ်ဝက်ကို ခပ်ညက်ညက်ထောင်းပြီး တစ်ဝက်ကို လေးစိပ်ကွဲ ထောင်းပါတယ်။
နှမ်းအဖြူ + နှမ်းအနက် က နို့ဆီဗူး တစ်ဗူးစာပါ။
ဂျင်း ၁ဝ သားခန့်ကို အခွံနွှာပြီး အချောင်းသေးသေးလေးတွေဖြစ်အောင် လှီးရပါတယ်။
ဆား စတီးဇွန်းတစ်ဇွန်းစာ လိုပါတယ်။
ဆီကတော့ ၂၅ ကျပ်သားပါ။
ရေ ၂ လီတာ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ


ပြုလုပ်ပုံအဆင့်ဆင့်

ကောက်ညှင်းဆန် ၄ ဗူးကို တစ်ညရေစိမ်ထားရပါတယ်။ ထိုးခါနီး ၂ နာရီလောက်အလိုမှာ ဇကာတစ်ခုနဲ့ ရေစစ်ထားရပါတယ်။ ပါဝင်သောပစ္စည်းများ အားလုံးပြင်ဆင်ပြီးပြီဆိုရင် စထိုးလို့ရပါပြီ။ ဒယ်အိုးထဲမှာ ဆီ ၂၅ ကျပ်သားထည့်ပြီး ဆီကျက်အောင် ထားရပါတယ်။ ပြီးရင် အချောင်းလေးတွေခြစ်ထားတဲ့ အုန်းသီးတွေကို ထည့်ကြော်ပါမယ်။ နီညိုအောင်သန်းပြီး ခြောက်လာသည်အထိ ကြော်ရပါမယ်။

အုန်းသီးအရင်ကြော်ပါတယ်
အုန်းသီးအရင်ကြော်ပါတယ်

အုန်းသီးတွေကို ဆယ်ပြီး ဇကာတစ်ခုနဲ့ ဆီစစ်သွားအောင် စစ်ထားရပါတယ်။ ဒယ်အိုးထဲက ဆီပူထဲကို လှီးထားတဲ့ ဂျင်းတွေ ထည့်ပြီးကြော်ပါတယ်။

ဂျင်းကိုလဲ ကြွပ်လာသည်အထိ ကြော်ပါတယ်
ဂျင်းကိုလဲ ကြွပ်လာသည်အထိ ကြော်ပါတယ်

ဂျင်းနံ့သင်းပျံ့လာအောင် ကြော်ပြီးတဲ့အခါမှာ ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်ပြီး ကော့လာသည်အထိ ထပ်ကြော်ပါတယ်။

ကောက်ညှင်းတွေကို ဆီနဲ့ကြော်ပါတယ်
ကောက်ညှင်းတွေကို ဆီနဲ့ကြော်ပါတယ်

ကောက်ညှင်းဆန် ကော့လာတဲ့အခါ ရေ တစ်လီတာ ထည့်ပြီး ဆားတစ်ဇွန်းထည့်ကာ အဖုံးအုပ်ပြီး ကောက်ညှင်းပျော့လာသည်အထိ ၅ မိနစ်ကနေ ၁ဝ မိနစ်ခန့် မီးနဲ့ဒယ်အိုးပေါ်မူတည်ပြီး တည်ရပါမယ်။ ဆန်ပျော့သွားပြီဆိုရင်တော့ အဖုံးဖွင့်ပြီး ယောင်းမ ၂ ချောင်းနဲ့ စမွှေရပါတော့မယ်။ ရေနွေး တစ်လီတာကို အဆင်သင့်ပြင်ထားပြီး ရေနဲနဲလောင်းလိုက် မြေပဲဆန်ထည့်လိုက် နှမ်းထည့်လိုက် မွှေလိုက်နဲ့ ဆယ်မိနစ်လောက် လက်ညောင်းအောင် ထိုးရပါတယ်။

ယောင်းမ ၂ ချောင်းနဲ့ စမွှေပါပြီ
ယောင်းမ ၂ ချောင်းနဲ့ စမွှေပါပြီ

လက်တွေလဲညောင်းပြီး အတော်လေးစီးသွားချိန်မှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမနဲရပါပြီ ..

စားလို့ရပါပြီ
စားလို့ရပါပြီ

ဒုတိယနည်းလမ်း

တကယ်ထိုးမှာက ကောက်ညှင်းဆန် တစ်ပြည်ဆိုတော့ ၄ လုံး ကျန်နေပါသေးတယ်။ ကျန်တဲ့ ၄ လုံးကို အလွယ်ဆုံးနည်းနဲ့ ထပ်လုပ်ကြည့်ပါတယ်။ အဲဒီနည်းကတော့ ကောက်ညှင်းတွေကို ရေလဲမစိမ် ရေလဲမစစ်ပဲ ထမင်းပေါင်းအိုးနဲ့ ကျက်အောင်ချက်လိုက်ပါတယ်။ ဆီသတ်တာကို ပထမနည်းအတိုင်းသတ်ပြီး ဂျင်းကြော်ပြီးချိန်မှာ ကျက်ပြီးသားကောက်ညှင်းကိုထည့်ပါတယ်။ ကျန်တဲ့ပစ္စည်းတွေကို ထည့်ပြီး မွှေလိုက်ရုံပါပဲ … အားလဲသိပ်မကုန်သလို အချိန်လဲသိပ်မကုန်ပါဘူး… အရမ်းလွယ်လွယ်ကူကူနဲ့ ထမနဲဖြစ်သွားပါတယ်။

၂ ခု ယှဉ်ပြီး စားကြည့်ရင် ပထမနည်းနဲ့ သေချာထိုးထားတဲ့ ထမနဲက ပိုစားကောင်းပါတယ်။
ဒုတိယနည်းက ပိုလွယ်ပါတယ်။ ထမနဲနဲ့လဲ တူပါတယ်။ အဲဒါကြောင့် လွယ်လွယ်ကူကူများ ထမနဲစားချင်ရင် ဒုတိယနည်းနဲ့ ထိုးကြည့်ပါလို့ အကြံပေးချင်ပါတယ် …

24 comments

  • weiwei

    February 25, 2013 at 10:16 pm

    တပို့တွဲလ ထမနဲပွဲ …
    ဒီနေ့ တပို့တွဲလပြည့်နေ့မို့လို့ အမှတ်တရဖြစ်အောင် ပို့စ်တင်ချင်ကာမှ ကော်နက်ရှင်တော်တော်ဆိုးတာ ညမိုးချုပ်မှပဲ တင်လို့ရတော့တယ် …

  • ခိုင်ဇာ

    February 26, 2013 at 8:16 am

    ဒုတိယနည်းက စမ်းကြည့်ဖို့သေချာနေပြီ။ ကျေးဇူးတင်ပါတယ် မဝေ။
    :hee:

    ဖဘက ဒီနေ့ တွေ့ခဲ့ရတဲ့စာချိုးလေးရယ်။
    .
    .
    .
    ထမနဲ ထိုးနည်းကဗျာ
    .
    .
    ထမနဲ ထိုးရန်ဖို ့၊ စာချိုးလို ့မှာခဲ့မယ်။
    တစိတ်ဆန် သည်ကောက်ညှင်းရယ်နှင့် ၊
    တပိဿာ ဆီအမှန်သွင်းပါလို ့ ၊
    ချင်း(ဂျင်း)ကသုံးဆယ်။
    မြေပဲဖြူလှော်တခွက်မယ်နှင့် ၊
    အုန်းသီးဆန် အတူဖတ်ပါလို ့၊
    နှမ်းမပျက် ဤနည်းနှယ် ၊
    ရေစင်ကြယ် ပထည့်ရိုး ။
    လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ၊
    ရောနှောကာ လူအများတို ့ရယ် အားသစ်လို ့ထိုး…။

    • weiwei

      February 26, 2013 at 8:25 am

      အဲဒီကဗျာလေးကို အခြေခံပြီး နို့ဆီဗူး ၄ လုံးစာ တွက်ကြည့်ထားတာပါ … နဲနဲ လိုတိုး ပိုလျော့လုပ်ထားတာတော့ရှိတာပေါ့ …

      ရောင်းတန်းလုပ်တဲ့ ထမနဲတွေက ကောက်ညှင်းကိုချက်ပြီးမှ မွှေထားကြတာပါ … ကြာကြာမခံပေမယ့် စားရတာလဲအဆင်ပြေ လုပ်ရတာလဲ သက်သာပါတယ် …

  • ကြည်ဆောင်း

    February 26, 2013 at 9:16 am

    အစားအသောက်နည်းတွေကတော့ အခုချက်မစားလဲ နောင်ချက်စားမယ်ဆိုပြီး အမြဲကူးထားနေကျ..
    ဘယ်အချိန်ချက်စားဖြစ်မယ်သာမသိတာ…
    အခုလဲ Bookmarks လုပ်ထားလိုက်ပါပြီ..

  • ဦးကြောင်ကြီး

    February 26, 2013 at 9:37 am

    ထမနဲ ဆန့်ကျင်ဖက် ကက်ကင်းရိုက်ခြင်ရင် ကောက်ညှများဆိုပီး နာမည်ပြောင်း ထိုးပါ။
    ဂျီးဒေါ်ဝေ သိစေရန် – စာလုံးဗောင်း အမှန်မှာ ထမနှဲဖြစ်၏။ ဤဂါး ဂဇက်သပ်ပုမ်အဖွဲ့ အလိုတီး။

    • တိမ်မည်း

      February 26, 2013 at 9:48 am

      အူးကြောင်…..

      အခုထိ မရှင်းသေးတာတခုရှိတယ်…..
      သတ်ပုတ် အဖွဲ ့ဝင်ဂျီးဆိုတော့ မေးကြည့်အုံးမယ်….

      ဂဇက်လား ဂဇတ်လား ဂေးဇတ်လား ဗျာ…….

      မည်သို ့ခေါ်လျှင် အမှန်ဟု ယူဆရမည်နည်း……………………..

      လေ့လာထောက်ရှူ အမှားပြင်ဆင်ကြပါကုန်………

      အမှားပြင်ဆင်ခ – Comment မှာ ပလပ်ပေးမယ်လေ ငါးခါ…….

      • ဦးကြောင်ကြီး

        February 26, 2013 at 10:45 am

        စာလုံးပေါင်းအမှန် gazette ဖြစ်အိ.. မယုံမရှိလေနှင့်.. အီဂါး အင်္ဂုလိစာ ပေါင်မုန့်ခြောက် မစ်စပ်တာ ဥစ်ကိုင်း လအိုတီး…. :kwi:

  • ခင်ခ

    February 26, 2013 at 11:19 am

    မမဝေ ရေ ကျွန်တော်ကတော့ ထိုးပြီးသားဘဲဝယ်ပြီး ဘုရားကပ် ကိုယ်လဲစားလုပ်လိုက်တယ်ဗျ။
    ဘာဘဲဖြစ်ဖြစ် နည်းလေးတွေအတွက်တော့ကျေးဇူးပါ၊ ဒုတိယနည်းကတော့ လွယ်မယ်ထင်ပ။

  • ဆူး

    February 26, 2013 at 12:34 pm

    အိမ်မှာတော့ ထမင်းအိုးနဲ့ ကောက်ညှင်းရယ် ဂျင်းရယ် ချက်လိုက်တယ်.. ဒုတိယ နည်းပေါ့..
    အဲ့လို ချက်ပြီးမှ ထမနဲ ထိုးနေကျဆိုတော့.. တော်တော် သက်သာတယ်။ ဒါပေမဲ့ ထမင်းအိုးနဲ့ ချက်ထားတဲ့ ထမနဲ က ကြာကြာ အထားမခံဘူး။

  • mamanoyar

    February 26, 2013 at 3:17 pm

    ထမင်းနဲ လုပ်နည်းလေးသိပြီ
    နောက်နှစ်ကိုယ့်ဘာကိုယ်လုပ်စားမယ်
    ဒီနှစ်တော့ သူများကျွေးတာစားရတယ်

  • MaMa

    February 26, 2013 at 7:07 pm

    ထမနဲ ကြိုက်တယ်။
    အလွယ်နည်းနဲ့ ထိုးတာကျတော့လည်း သိပ်မကြိုက်ဘူး။
    အပင်ပန်းခံပြီးတော့လည်း မထိုးနိုင်ဘူး။
    အဲဒီတော့…..
    တပို့တွဲလပြည့်ကို စောင့်ပြီး ပို့ဆွမ်းပဲ စားလိုက်တော့တယ်။ :kwi:

  • kai

    February 27, 2013 at 4:03 am

    – တပို့တွဲလသည် မြန်မာမှု အရ ကုံရာသီ ခေါ်၍ ၎င်းလ၏ စန်းယှဉ် နက္ခတ်မှာ မာဃနက္ခတ် ဖြစ်သည်။ ယှဉ်သော တာရာမှာ ချိန်တာရာ ဖြစ်ပြီး ရာသီရုပ်မှာ အိုးထမ်း သမားရုပ် ဖြစ်သည်။ ရာသီပန်းကား ဆူးပန်း၊ ပေါက်ပန်း၊ လဲပန်းဖြစ်၏။ ရာသီ ပွဲတော်ကား မီးဖုန်း အလှူပွဲနှင့် ထမနဲပွဲ ဖြစ်လေသည်။

    -” နှာရည်ယိုရွှဲ တပို့တွဲ”
    – “တပို့တွဲ၊ နွဲ၍ရွာခြင်း၊ သံမိုးကြွင်း။” – မုံရွေးဆရာတော်
    – “တပို့တွဲ ပေါက်လဲရယ်တဲ့ နီဟုန်ဟုန် နှင်းမြူမှုန် ရှစ်စုံလွှမ်းတယ် လွမ်းပါဘိပုံ၊ ”
    – ”တပို့တွဲလ၊ ကုံသို့ကျ၊ မာဃ ထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ” ကင်းဝန်မင်းကြီး
    – “တပို့တွဲလ၊ ပေါက်လဲရယ် ငုံစီစီ၊ ဖူးတန်ကချီ၊ သည်ရာသီ၊ ဘာဟီကအိုအပေါင်း၊ ပျိုတို့မောင် ရွှေယောင်တွဲ ငယ်နှင့်၊ လွဲပေါ့သည် ဆောင်း”
    – ”မယ်ခွေ၏ တပို့တွဲလ အဲချင်းတွင် ချိုးဥမှ တိမ်စုံလေ၊ သတ္တဗီသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲ၌၊ ပေါက်လဲငုံကင်း (ထန်းရည်ငယ် နင်းကြသည်) နှင်းထုံထုံ ငယ်နှင့်လေ”
    – “ကုံရာသီ တပို့တွဲ၊ ပေါက်လည်းငုံကင်း၊ ဆီးနှင်းပေါက်ထန်၊ မြောက်ယံလေသွေး၊ အေးမြဆဲ”

    ထမနဲထိုးနည်း တေးထပ်

    “ကုံရာသီပွဲလမ်း၊ထမနဲဆွမ်းလှူ၊
    ကောက်ညှင်းဆန်ဖွေးဖြူ၊ လက်ရွေးယူ
    တစ်တင်း၊ နှမ်းဆီစစ်လေးပိဿာ၊ ဆား
    စွက်ပါတစ်ဆယ်ကျပ်သွင်း၊ ပါးလွှလွှချင်း
    စိတ်မြွှာတစ်ပိဿာစာရင်း၊ မြေပဲဆံလှော်
    သင်း၊ ပဲနော်လျင်းနှစ်ပြည်၊ ရေကြည်
    ကြည်စွက်အုံးတော့၊ လက်နှစ်လုုံးဆန်
    ပေါ်ခြုံ၊ လောင်းထည့်ပြန်တုံ၊ သစ်ကြား
    သီးအစာစုံလျှင် ရသာစုံထိပ်ဖူးကွဲ့လေး”

  • kai

    February 27, 2013 at 4:06 am

    ထမနဲ

    မြန် မာ့ ရိုး ရာ အ စာ း အ စာ နှ င့် အာ ဟာ ရ
    * * * * * * * * * * * * * * * * * * * * *
    • ထမနဲ
    (ဆန်းဆန်းဦး – မြန်မာ့အသံ)

    သောတရှင်များရှင်-
    အခုလအတွက် မြန်မာ့အစားအစာကဏ္ဍမှာတော့ တပို့တွဲလရဲ့ ရာသီစာသရေစာဖြစ်တဲ့“ထမနဲ”ပြုလုပ်ပုံများကို
    တင်ပြဖို့စီစဉ်ထားပါတယ်။
    “ကုံရာသီ တပို့တွဲ၊ ပေါက်လည်း
    ငုံကင်း၊ ဆီးနှင်းပေါက်ထန်၊ မြောက်ယံ
    လေသွေး၊ အေးမြဆဲ” ဆိုတဲ့ကဗျာလေးတစ်ပုဒ်ထဲကလို တပို့တွဲလဟာ ဆောင်းလည်းမစင်၊ နွေလည်း မဝင်သေးတဲ့ရာသီဖြစ်ပါတယ်။ အချမ်းဓာတ်၊ အအေးဓာတ်လေးကျန်နေသေးတဲ့ ဒီလမှာ ထမနဲထိုးပွဲတွေကျင်းပလေ့ရှိတာမို့ “တပို့တွဲထမနဲပါတီ”လို့ ဆိုစမှတ်ပြုကြပါတယ်။

    ထမနဲပွဲဆိုတာတကယ်တော့ကောက်သစ်စားပွဲဖြစ်ပါတယ်။ ပေါ်ဦးပေါ်ဖျားကောက်နှံစပါးများကို အစာအာဟာရတစ်ပါးအဖြစ် အမွန်တမြတ်ထမနဲထိုးပြီး ဘုရား၊ ရဟန်း၊ သံဃာတော်များကိုကပ်လှူပူဇော်ကြသလို ခင်မင်ရင်းနှီးတဲ့မိတ်ဆွေသင်္ဂဟများကိုဖိတ်ကြားပြီး ဒါနကုသိုလ်ပြုကြတဲ့ကောက်သစ်ပွဲလို့ဆိုနိုင်ပါတယ်။

    ထမနဲဟာ ကောက်ညှင်းကို အရင်းခံပြီး နှမ်းဆီ ဒါမှမဟုတ်မြေပဲဆီ၊ နှမ်းလှော်၊ မြေပဲဆံ၊ ချင်း၊ အုန်းသီး၊ သစ်ကြားသီးစတဲ့အရသာရှိတဲ့ အစာပလာများနဲ့စုပေါင်းပြီး ပြုလုပ်ထားတာမို့အရသာစုံလင်လှသလိုအာဟာရလည်း ကြွယ်ဝလှတာကိုတွေ့ရပါတယ်။
    ထမနဲထိုးတဲ့အခါ လိုအပ်တဲ့ပစ္စည်းအမျိုးအစားတွေကတော့—
    (၁) ကောက်ညှင်းဆန်ကောင်းကောင်း-၄ပြည်
    (၂) ဆီ -တစ်ပိဿာ
    (၃) နှမ်းလှော်- နို့ဆီဘူး(၆)ဘူး
    (၄) လှော်ပြီးသားမြေပဲဆံအခွံကျွတ် – နို့ဆီဘူး ၆ ဘူး
    (၅) ချင်း – ၃ဝ သား
    (၆) အုန်းသီး – ၂လုံး
    (၇) သစ်ကြားသီး – ၂၅ လုံး
    (၈) ဆား – ၁ဝ ကျပ်သား
    တို့ဖြစ်ပါတယ်။

    ထမနဲထိုးမယ်ဆိုရင်တော့ ထမနဲမထိုးခင်မှာ ကောက်ညှင်းဆန်ကို အမှိုက်သရိုက်ကင်းစင်အောင် ပြာတီးထားရသလို နှမ်းကိုလည်း ခဲ၊ သဲကင်းစင်အောင်ရွေးထုတ်ပြီး ကျက်အောင်လှော်ထားပါမယ်။ မြေပဲဆံကိုလည်း လှော်ပြီး အခွံကျွတ်အောင် ပွတ်တိုက်သန့်စင်ထားရပါမယ်။ ပြီးရင်တော့ အုန်းသီးကို ခွဲစိတ်၊အသားနွှာပြီး ခပ်ပါးပါးဖြစ်အောင် ဓားနဲ့
    လှီးလို့ပဲဖြစ်ဖြစ်၊ ရွေပေါ်နဲ့ထိုးလို့ပဲဖြစ်ဖြစ်ပြင်ဆင်ထားရပါမယ်။ အလားတူ လှော်ထားတဲ့သစ်ကြားသီးကို အလယ်မှခွဲပြီးပါးပါးလှီးထည့်ပါမယ်။ အခုလိုပြင်ဆင်ထားပြီးမှ ထမနဲထိုးကြပါတယ်။

    ထမနဲထိုးတော့မယ်ဆိုရင်တော့ပထမဆုံး မိုးဗြဲဒယ်အိုးကိုဆီထည့်ပြီး ဆီကျက်တဲ့အခါ ချင်းထည့်ရပါမယ်။ချင်းကအတော်လေးနွမ်းသွားရင် ရေစစ်ထားတဲ့ကောက်ညှင်းဆန်ကိုထည့်နိုင်ပါတယ်။ဒီအချိန်မှာ ဆားထည့်ပြီးမွှေပေးရပါမယ်။အတော်အတန်သမသွားတဲ့အခါ ရေအေးကို ကောက်ညှင်းဆန်ရဲ့အထက် လက်၄လုံးသာအောင်ထည့်ပေးရပါမယ်။ ရေခန်းလို့ကောက်ညှင်းဆန်အနပ်လိုသေးရင်တော့ အသင့်ကျိုထားတဲ့ရေနွေးထည့်ပြီး နပ်တဲ့အထိချက်ဖို့လိုပါတယ်။ ရေခန်းလို့ကောက်ညှင်းဆန်နပ်ပြီဆိုရင်တော့ဒယ်အိုးကိုမီးဖိုပေါ်ကချပြီး ယောက်မကြီး(၂)လက်နဲ့ကြိတ်ခြေပေးရပါမယ်။ ဒီနေရာမှာထမနဲထိုးခြင်းရဲ့အနှစ်သာရကိုတွေ့ရပါတယ်။

    ကောက်ညှင်းဟာ တော်ရုံနဲ့ကြေတာမျိုးမဟုတ်တဲ့အတွက် စေးပိုင်သွားတဲ့အထိကြေညက်သွားအောင်ထိုးတဲ့နေရာမှာ “တစ်ယောက် တစ်လက်၊ တစ်
    အား” ဆိုသလို ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနဲ့ အားတိုက်ခွန်တိုက် စုပေါင်းပါဝင်ပြီးမှ ပြီးမြောက်နိုင်ပါတယ်။
    ထမနဲထိုးတော့မယ်ဆိုရင်ကြိုတင်ပြင်ဆင်ရတဲ့လုပ်ငန်းတွေကများလှသလို ထမနဲထိုးရာမှာလည်း တစ်ဦးတစ်ယောက်တည်းနဲ့ ခရီးမရောက်ဘဲလူအများရဲ့ကာယစွမ်းအားနဲ့တက်ညီလက်ညီစုပေါင်းပါဝင်မှခရီးရောက်ပြီးမြောက်နိုင်တာမို့ စည်းလုံးညီညွတ်မှုစုပေါင်းလုပ်အားကိုတွေ့မြင်နိုင်ပါတယ်။

    ထမနဲထိုးတော့မယ်ဆိုရင် ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက်၊ဘာသာရေး၊လူမှုရေးအသင်းအဖွဲ့အလိုက်၊ မိသားစုအလိုက်စသဖြင့် စုစည်းပြီး စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်လေ့ရှိကြပါတယ်။ စုစည်းညီညာတဲ့သဘောသဘာဝကိုဆောင်တဲ့အပြင် စတုဒိသာ လေးမျက်နှာက မိတ်ဆွေသင်္ဂဟများကို ကျွေးမွေးပြုစုကြတာမို့ ချစ်စရာကောင်းလှတဲ့မြန်မာ့ရိုးရာဓလေ့တစ်ရပ်ဖြစ်ပါတယ်။ မြန်မာတို့ရဲ့သွေးစည်းမှုအားကို အစားအစာသရေစာမှာ ပြုလုပ်စားသုံးရာမှာတောင် တွေ့နိုင်တဲ့သာဓကကို ဒီထမနဲပွဲကသက်သေပြနေတာဖြစ်ပါတယ်။

    ကောက်ညှင်း၊ ဆီ၊ နှမ်းလှော်၊ မြေပဲဆံ၊ အုန်းသီး၊ သစ်ကြားသီးတို့ စုစည်းရာက ဖြစ်ပေါ်လာတဲ့ “ထမနဲ” မှာပါဝင်တဲ့အာဟာရဓာတ်များကတော့ အမယ်စုံပါဝင်လို့ အာဟာရလည်း စုံလင်လှတာတွေ့ရပါတယ်။

    ကောက်ညှင်းဆန်၊ ဆီ၊ နှမ်းနဲ့မြေပဲတို့ကနေ ကာဗိုဟိုက်ဒရိတ်ဓာတ်နဲ့ပရိုတင်းခေါ်အသားဓာတ်တို့ကိုရရှိနိုင်ပြီးထမနဲမှာပါဝင်တဲ့ အသားတစ်မျိုးဖြစ်တဲ့အုန်းသီးကနေ မီးစုန်းဓာတ်နဲ့ ပိုတက်ဆီယမ်တို့ကိုရရှိနိုင်ပါတယ်။

    ထမနဲထိုးတာနဲ့ပတ်သက်လို့ရှေးစာဆိုများက လင်္ကာဖွဲ့ပြီး မှတ်တမ်းတစ်ခုပြုစုခဲ့ပါတယ်။အဲဒီလင်္ကာလေးကတော့ –
    “ကုံရာသီပွဲလမ်း၊ထမနဲဆွမ်းလှူ၊
    ကောက်ညှင်းဆန်ဖွေးဖြူ၊ လက်ရွေးယူ
    တစ်တင်း၊ နှမ်းဆီစစ်လေးပိဿာ၊ ဆား
    စွက်ပါတစ်ဆယ်ကျပ်သွင်း၊ ပါးလွှလွှချင်း
    စိတ်မြွှာတစ်ပိဿာစာရင်း၊ မြေပဲဆံလှော်
    သင်း၊ ပဲနော်လျင်းနှစ်ပြည်၊ ရေကြည်
    ကြည်စွက်အုံးတော့၊ လက်နှစ်လုုံးဆန်
    ပေါ်ခြုံ၊ လောင်းထည့်ပြန်တုံ၊ သစ်ကြား
    သီးအစာစုံလျှင် ရသာစုံထိပ်ဖူးကွဲ့လေး” လို့တေးထပ်တစ်ခုရေးစပ်ပြုခဲ့ပါတယ်ဆိုတာတင်ပြရင်း အခုလ မြန်မာ့ရိုးရာ အစားအစာနဲ့အာဟာရကဏ္ဍအတွက် တပို့တွဲလရဲ့ရာသီစာဖြစ်တဲ့ “ထမနဲ” ထိုးပုံများနဲ့အာဟာရတန်ဖိုးများအကြောင်းကိုတင်ပြလိုက်ပါတယ်။ ချစ်စွာသောစာရှုသူများအေးချမ်းလှတဲ့ တပို့တွဲလမှာမိသားစုပျော်ပျော်ပါးပါး ထမနဲထိုးစားကြရင်း ချစ်ခင်ကြင်နာဆပွားနိုင်ကြပါစေလို့ မေတ္တာရည်လျက် . . .။

    • ဆန်းဆန်းဦး(မြန်မာ့အသံ)
    http://setanashin.blogspot.com/2013/02/blog-post_8.html

    • weiwei

      February 27, 2013 at 9:16 am

      သူကြီးရဲ့ ဖြည့်စွက်ချက်တွေအတွက် ကျေးဇူးတင်ပါတယ် …
      ထမနဲနဲ့ပတ်သက်ပြီး အချက်အလက်တစ်ခု မှတ်တမ်းကျန်ဖို့ ရည်ရွယ်ပြီး ကောက်ညှင်းဆန် တစ်ပြည်နဲ့ နေ့တစ်ဝက်စာ လုပ်အားရင်းပြီး ပို့စ်ဖြစ်အောင် လုပ်ခဲ့တာ …
      ငွေ ၃၀၀ဝ လောက်ပဲ ကုန်ပြီး လူတွေအများကြီး အဝစားရတဲ့အတွက် လုပ်ရကျိုးနပ်တဲ့ မုန့်တစ်မျိုးဖြစ်ပါတယ် …

      • ဆူး

        February 27, 2013 at 10:52 am

        ကောက်ညှင်း ၄ပြည် ကို ရွေးရင် ဆန်ကြမ်း ၄ဗူး အသာလေး ထွက်တယ်..

      • kai

        February 27, 2013 at 5:41 pm

        အဲဒီတပို့တွဲမှာ.. စားသင့်တဲ့.. ဖြစ်နိုင်ရင်..စားကိုစားရမယ့်.. ရာသီစာလို့.. ဖတ်ဖူးတယ်..
        ရှေးမြန်မာတွေ.. အမျှော်အမြင်နဲ့လုပ်ထားတဲ့.. ယဉ်ကျေးမှုဓလေ့ပေါ့..

        နောက်လူတွေလက်ဆင့်ကမ်းသင့်တာဖြစ်ကြောင်း..။

  • MaMa

    February 27, 2013 at 6:45 am

    တပို့တွဲလပြည့်နေ့တုန်းက လမ်းသွားရင်းနဲ့ တမနဲစတုဒိသာ ဝေနေတာကို တန်းစီပြီး ယူနေကြတာတွေ့လို့ စိတ်ဝင်စားပြီး စပ်စုကြည့်တာ….
    ထမနဲထုပ်ထဲမှာ ကံစမ်းမဲတွေ ထည့်ပေးထားတာ ပထမဆုက ၁သိန်းဆိုပဲ။ :hee:

    စတုဒိသာကို တန်းစီယူနေကြတာကို တွေ့ရတာ မြန်မာပြည်ထဲမှာ ပြုပြင်ပြောင်းလဲရေးကို လူထုက လုပ်ဆောင်လာကြပြီဆိုတာကို ပြသနေသလို….
    စတုဒိသာကို ကံစမ်းမဲထည့်ပေးတယ်ဆိုတာကလည်း စည်းလုံးညီညွတ်မှု ကြွယ်ဝမှုကို ပြသနေသလိုမို့….
    မြင်ရ ကြားရတာ ဝမ်းသာစရာကောင်းလှပါတယ်။ :hee:

  • ကျနော်ကတော့ သူများလာပေးတာ စားလိုက်တာဗျ။
    လာမပေးရင်တော့ ဒေါ်ရှိဆီပြေးရတာဘဲ။
    မန်းလေးမှာတော့ ဒေါ်ရှိက နာမယ်ကြီး
    အစိတ်သား ငါးကျပ်ဘဝက စ စားခဲ့တာ
    အခု အစိတ်သား ကျပ်တစ်ထောင့်ငါးရာ
    33-34ကြား 82လမ်း ကယ်လီဘုရားရှိခိုးကျောင်းရှေ့မှာဖွင့်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 27, 2013 at 12:31 pm

    ယောင်းမနဲ့ မွှေတာခြင်းအတူတူ အခေါ်အဝေါ်တွေဘာ့ကြောင့်ကွဲကြသလဲသိဘူး
    ထမနဲထိုးတယ်ဒဲ့
    ဆီထမင်းထိုးတယ်ဒဲ့
    အချို့အကြော်အလှော်တွေကိုလည်း ယောင်းမနဲ့မွှေပြီးကြော်ကြတာဘဲ
    ဒါနဲ့ မုန့်စိမ်းပေါင်းကိုဘယ်လိုပေါင်းရသလဲဗျာ
    ရွာပြန်ပြီး ဒေါ်ဖွားစိန် ကို စားခွက်လုမလို့

    • ရာမည

      February 27, 2013 at 1:16 pm

      ကတ်သီးကတ်သတ်မေးတဲ ့ကိုအောင်ပု
      မြန် မာ့ရိုးရာမုန့်ပေါင်းလုပ်နည်းရောသိချင်သေးလား ဗျ။
      ရေကျော်သီတင်းကျွတ်ပွဲမှာဆိုင်တွေအများကြီး ။
      နောင်တော ့စကားငှားသုံးရင် အောလဘုံပေါ ့

    • ရွှေတင်မောင်

      February 27, 2013 at 6:07 pm

      ထမနဲ တွေ၊ ဆီထမင်း တွေက …
      ကျစ်တယ် .. စီးတယ် …
      ဒါကြောင့် ယောင်းမ လေးနဲ့ ခပ်ဖွဖွလေး လုပ်လို့ မရဘူး …
      ထိုးရ နှက်ရ တယ် …
      ဒါကြောင့် ထိုးတယ် လို့ မြန်မာတွေက စကားလုံး ကြွယ်ကြွယ်ဝဝ နဲ့ သုံးကြတယ် …
      ရိုးရိုး အကြော်ကြော်တာက သွားပြီး အတင်း အားနဲ့ သွားထိုးလို့ မရဘူး …
      အသာလေး ဟိုဘက် ဒီဘက် လှန်ပေးရတာ …
      ဒါကြောင့် အကြော်လှန် တယ်လို့ စကားလုံး အသစ်နဲ့ အစားထိုးသင့်နေတယ် …
      ဒါ ကျုပ် အမြင်ပါပဲ …

      • မောင် ပေ

        February 27, 2013 at 8:03 pm

        ကိုပု ရဲ ့ အာပုံလုပ်နည်း ကို ဖတ်ရဖို ့စောင့်နေတာဗျာ
        အခုလောလောဆယ်တော့
        အဖွါးဝေ ရဲ ့ ထမနှဲ ထိုးနည်းကို ဖတ်ပြီးသွားပေါ့

  • နေဝန်းနီ

    February 27, 2013 at 8:49 pm

    ထမနှဲ ထိုးတတ်ဖို့မလိုပါဘူးဗျာ အိမ်ဘေးက ဘွားတော်က ထမနှဲ ထိုးပြီးရောင်းတယ်ဗျ…။ အလေးချိန်နဲ့ဝယ်စားလို့ရတယ် ညီတော်မောင်တစ်ယောက် လပြည့်နေ့က ဟိုကသယ်လာဒီကသယ်နဲ့ကျွေးလို့ စားပြီးမှမတည့်တာသတိရပြီး ဆေးသောက်လိုက်တာတောင် နောက်နေ့ ဝမ်းတွေချုပ်နေလို့ အီးးးးးးးးးးးးးးး မစားသာပါဘူး မထမနှဲရယ်…။

Leave a Reply