နင် နဲ့ သဘောမတူဘူး (ဇာတ်သိမ်း)
“~~ ဒီနေ့ .. သောကြာနေ့ … သူ့စီ ဖုန်းဆက်ရမယ့်နေ့ … မနက်ဖြန် စနေ နေ့ … ဒန် တန့် တန် … ဒန်တန့်တန် ~~~”
“~~~~~ မင်း နဲ့ ဒို့ နဲ့ ချစ်တာ .. တလောက လုံး သိချင် သိစမ်း .. ဒန် တန့်တန် … ဒန်တန့်တန် ~~~~~”
ဒီနေ့ ညနေပိုင်း ချစ်သူလေး နဲ့ ချိန်းတွေ့ ပါမယ် … ဖူဆန် ပွဲ ဆိုပြီး လစ်ထွက် လာမယ့် ချစ်သူ လေးရေ …. ကျုပ်ခုရောက်နေပြီ …. ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကြီးများတောင် စောနေတယ် နော့ .. ငွိငွိ ..
ချစ်သူ ရဲ့ လည်ဂုတ် ပေါ်က မွှေးညှင်းနုလေး တွေကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ နားရွက် ကလေး ကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ . . မူပိုင် “ကို” လို့ ခေါ် တဲ့ အသံ လေးကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ ခြေလှမ်းလိုက်တိုင်း ……. ကြွကြွ တက်လာတဲ့ ဖိနပ် လေးကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ လက်ကောက်ဝတ် လေးကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ လက်ဖဝါး နုနု လေးက ရတဲ့ ခံစားမှု ကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ သလုံးသား ဝင်းဖန့်ဖန့် ကို ကျွန်တော် ချစ်တယ် ….။
ချစ်သူ ရဲ့ ပေါင်တံ ပေါ်က မွှေးညှင်း ခပ်စိမ်းစိမ်း လေးတွေကို ကျွန်တော် ချစ်တယ် ….။
ချစ်သူရဲ့ . . . . . .
………………
………………
………………
အဲ့လို နဲ့ ပြုံးဖြီးဖြီး ဖြစ်နေတဲ့ ကျုပ် မျက်နှာ ကို ကျုပ် ပြန်ကြည့် မရ ဖြစ်ပြီး . . ကိုယ့် ကိုကိုယ် မကြည်ညို တော့ သလိုခံ စားရတဲ့ အချိန်မှာတော့
မြကျွန်းသာ ကန်ဘောင် ပေါ်က ဓာတ်တိုင်လေး ကို ကိုယ်တစောင်းလေး မှီ လို့ နေဝင်ရီ တရော လေးကို ဓာတ်ပုံ ရိုက်ဖို့ မေ့နေတဲ့ ကျုပ်
ကုန်ခါနီး စီးကရက် ကို “ထောက်” ကနဲ ပစ် ပလိုက် ရင်း …………………
“ဟဲ့ ~~~ သောက်ပလုပ်တုတ်”
ဘေးဘီ ဝဲယာ ကို မျက်ကလူးဆန်ပြာ .. ကျီးကန်းတောင်းမှောက် .. ပြာပြာသလဲ .. ကြည့်ပြီး အခြေအနေ ကောင်းတာ နဲ့ တပြိုင်နက် စီးကရက် တိုကို ပြေးကောက်လိုက် ပါတော့တယ် … တော်သေးတယ် ….. တော်သေးတယ် ….. ဘုရား မ လို့ ၊ Mandalay Gazette
ဖတ်တဲ့ ကလေး တစ်ယောက် ယောက် များ တွေ့သွားရင် အော်ဆဲခံရတော့ မလို့ … အဲ့ စီးကရက် တိုလေးကို ပစ် မနေ တော့ပဲ … ပုဏရိတ် ပင်ကြားထဲ
ညှပ်ပလိုက်တော့တယ် …. အမှိုက်ညှပ်တာ ဆိုတော့ အာပတ်တော့ လွတ်လောက်မှာပါလေ . . . .ဟိဟိ..။ နေပူ ရတဲ့ အထဲ ဂျင်းဘောင်းဘီ Skinny နဲ့
အင်္ကျီ လက်ရှည်၊ ရှူးဖိနပ် ကြီး နဲ့ ကျုပ် မှာ ပြေးရလွှားရ နဲ့ ချွေးလေးတွေ တောင် စို့သွားတယ် .. မဖြစ်ချေ ဘူး .. အလှပျက် လို့ ကို မဖြစ်ဘူး ..
တော်သေးတယ် လက်ကိုင်ပဝါ ပါပေလို့။ ကဲ ထွက် ဦးဟယ် … ထွက်ဦးဟယ် …။ ကျုပ်မှာ ဂနာမငြိမ် နိုင်ဘူး …. ဘောင်းဘီ အိတ်ထဲက ဖုန်းလေး ထုတ်ပြီး
အင်း ….. ချစ်သူ လေးရဲ့ အိမ်ကို လက်တီကျု၊လောင်တီကျု နဲ့ ကြည့်ဦးမှ … ဆြာအုပ် တစ်ခါပြောဖူးတယ် …။ အချိန်တွေသာ ကြာလာတယ် .. လူက အလုံးလည်လည် လေးကို ကြည့်ပြီး မူးလာတယ် .. တန်ပါပြီ .. တော်ပါပြီ …. နောက်ကို ဒီလူတွေ ပြောတာ ချင့်ယုံမှ .. ကျုပ်မောင်းတဲ့ ကားမှာ ပါတဲ့ မြေပုံ ပြတဲ့ ဟာလေးက လဲ Japan က လာတယ်သာဆိုတယ် သူ့ မြေပုံမှာက လမ်း ကျုပ်တို့တွေ့တာက လှိုင်မြစ်ကြီး .. အဲ့အတိုင်းသာမောင်း တစ်ခါတည်း ရေချိုးဆင်းမှာ ..
တွေးမိတာပြောပါတယ်။
ကဲ .. မဖြစ်တော့ဘူး .. စိတ်ငြိမ်လာအောင် …. ရှုထုတ် .. ရှုထုတ် လုပ်မှ …။ ရှူ ….. ထုတ်။ ရှူ ….. ထုတ်။ ဟာ .. ဒါလဲ မဖြစ်သေးဘူး . တော်ကြာ ဦးနှောက် ကိုသွားတဲ့ အောက်ဆီဂျင် ကို ကန့်သတ်ထားသလိုဖြစ်ပြီး လူက ကြောင်တောင်တောင် နဲ့ တွေးတာတွေ တကယ်ဖြစ်လာတယ် ထင်နေဦးမယ်
…. အဲဒီတော့ သီချင်း ဆိုမယ် ကွာ . . သီချင်းလေး ညည်း နေမယ် ….. မနေ့ညက ညစ်ညစ် နဲ့ ကေတီဗီ မှာ အသားကုန် အော်ဆိုခဲ့တဲ့ သီချင်း လေး . .
ဘာတဲ့ … “ဒို့နဂါးနီ ~~ သိဒ္ဒိတန်ခိုးနဲ့ ~~ ဆင်းရဲသားတို့ မညှိုးပြီ ~~~ အကျိုးထူး ပေးတော့မည် ~~~ ခောတ်သစ် ထူထောင်မယ် ~~~
အေးချမ်းသာယာမည် ~~~~ နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ် တက်စေမည် ~~~~~” အဲ့ဒီ့ သီချင်း လေးရဲ့ ဇစ်မြစ် ကိုဆက်တွေး လိုက်ပြန်တော့ . . . . လုံးဝ
မဆိုချင်တော့ပြန်ဘူး … ဆန်းကြယ်လှတဲ့ လူ့စိတ်များ တယ်ကြောက်စရာ !!!!! ဘာလို့ လဲဆိုတော့ အဲ့သီချင်းက လောင်းကစားဒိုင် ပရိုမိုးရှင်း သီချင်း ပါတဲ့
…။ အပြောကြီးကြီး နဲ့ ဆွဲဆောင်၊ သိမ်းသွင်း ပြီး စိတ်ယိုင်တဲ့ သူကတော့ လစ်ပြီ ပေါ့ …။ အဲ့လို ဟိုဟို ဒီဒီ တွေးရင်း လက်က နာရီ ကိုငုံ့ကြည့်လိုက်တော့ ..
ဟိုက် !!!!
ချစ်သူလေး ရောက်ရမယ့် အချိန်တောင် တော်တော် ကျော်နေပါပေါ့လား . . . . . ဖြစ်ဘူး .. ဖုန်းဆက် ဦးမှ …။
“~~~~~ နံမည် ဆန်းတဲ့ လက်ဖက်ရည်ဆိုင် . . . . အလွမ်း ကဖီး လို့ ပေးထားတယ် ….. ~~~~”
ကြားနေကျ သံစဉ်ပါပဲ .. ကျုပ်တို့ နှစ်ယောက် လုံး တူတူ ကြိုက်ခဲ့ကြတဲ့ သီချင်း .. Reverse song လေး အဖြစ်ထည့်ထားတာ …. ဒီတစ်ခါ မှာတော့ စိတ်ထဲ ထင့် ခနဲ ဖြစ်သွားတယ် …။
အဲ့ဒီ့ မှာ ပဲ …………………….
ဟဲ့အကောင် !!!!
” ဒိန်း !!! (ဆုတောင်းနေတဲ့ ဟိုလူကြီး အိမ်ပေါ်တော့ ဥက္ကာခဲ ကျပဟေ့ …..)
သွားပြီ .. သွားပြီ …။ ”
နင့်ကို ငါ့ သမီးနဲ့ အဆက်ဖြတ် ဖို့ ပြောထားတယ် မလား . . . .။
ငါ ဒီလောက် ပြောထားတာတောင် … နင် စိတ်မနာ တတ်ဘူးလား ..။
စိုးမိုး။ ။ ဟိုလေ အန်တီ . . . . အန်တီက ဘာကြာင့် သဘောမတူ သလဲ ဆိုတာမပြောတော့ . . . . . ကျွန်တော် လဲ ဘာပြင် ရမှန်း
မသိ ဖြစ်နေတယ် လေ အဲ့ဒါလေ ဟို ဟို ……
ဘာမှ ပြင်လို့ မရဘူး . . ကျန်ခဲ့တဲ့ နှစ် ၂ဝ ကျော် နင် မြန်မာ ပြည်မှာ လာမွေး ကတည်းက မှားလာတာ ပဲ . . . . . မြန်မာ ဆိုရင် မြန်မာ အကျင့် ပဲနေမှာ
ရေသာခိုမယ်၊ အချောင်ယူမယ်၊ ဟုတ်တယ် မလား . . .
စိုးမိုး။ ။ ဟုတ်ဟုတ် . . ဒါပေမယ့် . . အားလုံးတော့ မဟုတ်ပါဘူး အန်တီ ရယ် . .
ဘာ . . . . အားလုံး မဟုတ်ရမှာ လဲ . .အမေရိကား က မြန်မာ တွေ တောင် အဲ့လို အကျင့် ဆိုတော့ မြန်မာ နိုင်ငံ က လူတွေကတော့ ဆိုဖွယ်ရာမရှိပဲ . . . .နင့် စကားနင်ယုံ၊ ငါ့စကား ငါယုံပဲ . .ဟေ့ . .။
” မရတော့ . . . . . . ကျုပ်စိတ်တွေ လွတ်သွားပြီ . .ဟုတ်တယ် လေ .. နိုင်ငံ နဲ့ ချီပြီး လာပြောနေမယ့် ဟာ . . ”
စိုးမိုး။ ။ ဒီမှာ အန်တီ ကျုပ် က ကိုယ့်အားကိုယ်ကိုး ပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည် နေတဲ့ သူပါ . . . . အန်တီ ပြောခဲ့တာတွေကို ပြန်ရုပ်သိမ်း ပေးပါ . .
ဒီမှာ သူငယ် . . . နင် တို့လို စည်းကမ်းမရှိတဲ့ ကားသမား တွေကြောင့် လမ်းတွေ ပိတ် ပြီး အကုန် သွားရလာရ ခက်နေကုန်တာ ပေါ့ ဟဲ့ …။
စိုးမိုး။ ။ ဒီမှာ … အန်တီ အဲ့ဒါ ကျွန်တော် တို့ ကြောင့် ချည်းပဲ တော့ မဟုတ်ဘူး . . .
အေး . . ငါ သိတယ် . . နင့်ကြောင့်တင် မဟုတ်ဘူး . . နင့် အဖေ ကြောင့်လဲ ပါတယ် . . . . နင့် အဖေ လုပ်တဲ့ တရားပွဲ တွေကြောင့် . . လမ်းတွေ
ပိုပိတ် ကုန်တာ …. ဒီမှာ နားထောင် နင် တို့တွေ စည်းကမ်း မရှိလို့ Mandalay Gazette က လူတွေ စာနဲ့ ဆုံးမ နေကြရတာ . . အဲ့ဒီတော့ . . နင် ငါ့ကို လုံးဝလာမညာ နဲ့ . . ငါ တို့ အိမ်က ဧည့်ခန်း မှာထားတဲ့ TV ၂ လုံး တွေ့ခဲ့တယ် မလား . . အေး . . တစ်လုံးက laptop နဲ့ ဆက်ပြီး .. ငါ Mandalay Gazette ဖတ်ဖို့ ထားတာသိရဲ့လား . . . . အဲ့လောက်ဆို နင် သဘောပေါက် လိုက်တော့ . . ညှင်း .. ညှင်း .. ညှင်း …။
“တိန် !!! ဘုရား .. ဘုရား ….. လေသံကျကြီးက တစ်မျိုးကြီး . . ပါလား ?”
စိုးမိုး။ ။ အန်တီ ရယ် . . . မြန်မာ တွေ အကုန်လုံးက အဲ့လိုတွေ မဟုတ်ရပါဘူး …. ပိုစ့် ထဲက ယာဉ်မောင်းက မြန်မာ ဆိုတာ အန်တီ
ဘယ်လို သေချာ စေသလဲ . . ကဲပြော … မူဆလင် ကိုးကွယ် သူတို့ တခြား တိုင်းရင်းသား တို့လဲ ဖြစ်နိုင်တာ ပဲ ဟာ . . အန်တီကလဲ . .
ဒီမှာ နင် လေဘာဒယ် စနစ် ကို နားလည်တယ် မလား …. နားလည်တယ်ဆို အဲ့ စနစ် အတိုင်း ငါ မကြိုက်တာ မလုပ် နဲ့ . . ငါ တို့မိသားစု က အဲ့ ဒီ့
လေဘာဒယ် စနစ် အတိုင်း ကျင့်သုံးနေကြတာ ….
စိုးမိုး။ ။ အန် !!!! အန်တီ . . ဘာ စနစ် … ဟို ကျွန်တော် မသိလို့ . . . . . . .။
အဲ့ဒါ ပဲ . . . . . မြန်မာ တွေ ညံ့တယ် ပြောလဲ မကြိုက် . . . . လေဘာဒယ် စနစ် လေ . . ငါမကြိုက်တာ မလုပ်နဲ့ ဆိုတဲ့ စနစ် . .
စိုးမိုး။ ။ အာ … သိပြီ သိပြီ . . . . လစ်ဘရယ် ပါ . . အန်တီ ရယ် . . ဘယ်က လေဘာဒယ် ရမှာလဲ . . . . .
အို…………… ဘာ စနစ်ပဲ ဖြစ်ဖြစ် အဓိက က တော့ ငါ မကြိုက်တာ နင် မလုပ် ဖို့ . . . ငါ့ သမီး နဲ့ အဆက်ဖြတ် ဖို့ ပဲ . . .
နင် နော် .. . . . . ပြောလို့ မရ ရင် ငါ ရဲ တိုင်တော့မှာ . .
” ဒိန်း !!!! (အပေါ်က အတိုင်း ပဲ) ”
ဒီမှာ ငါတို့ မိသားစု ကို နယ်နယ်ရရ တော့ မထင် လိုက်လေနဲ့ . . . ငါတို့ဧည့်းခန်းက အန်းကုန်း ကြီးဘေးက အရုပ် က ဘာလဲ သိလား . . အေး . .အဲ့ဒါ သမီး တို့ အဖေ ငါ့ ယောက်ကျင်္ား ပဲ . . .
” အဲ . . . . သေချာပြီ . .သေချာ ပြီ . .ဒါပုံမှန်တော့ မဟုတ်တော့ဘူး . . ”
နံမည် ပါ သေချာ မှတ်သွား . . . . . . . . . . အဲ့ဒါ ကို မိုးသီး လို့ ခေါ်သဟဲ့ . . သူ့ ကျေးဇူး တွေ ငါ တို့ အပေါ် ရှိတယ် . . . ငါ တို့ နေ့တိုင်း ထိုင်ကန်တော့ နေကျ။
” တိန် . . . .”
ဗုံး . .ဘလုံး . .မေမေ . .. .လိုက် လိုက် . . ဂလောက် .. ဂလောက် . . . . အသံစုံ ကြားရပြီး . .
ကျုပ်လဲ ဖုန်းချ လိုက်တယ် . .
ဝူး ……………. ဘာတွေ ပြောမှန်းလဲ မသိ . . . . အသိစိတ် က အနာဂတ် မှာလား အတိတ် မှလား မသေချာတော့ . . .
လက်ရှိ ပစ္စုပန် ကိုပြန်ရောက်ဖို့ တော်တော် အားထုတ် ပြီး သကာလ . . .
ကျွန်တော့ ရဲ့ မနက်စာ လေး . . . လာပြီဗျ . .
ဟဲလို . . . . .
ကို ရေ . . ဒုက္ခ တော့ ရောက်ပြီ သိလား . . .
အန် ဘာတုန်း . .
ကျုပ် မလဲ . ကြီးဒေါ် အမေ ကြီး စွတ်ကောလို့ . . ဒီမှာ ဟတ်ကော့ကြီး . .
ဟုတ်တယ် မေမေရယ် လေ . . ခုတလော ညည တွေ မအိပ် ပဲ . . DVB တွေ စလောင်း Program တွေ ကြည့်ကြည့် နေတာ လေ . . အဲ့ဒါ . .
စိတ်ကစဉ့်ကလျား တွေ ဖြစ်နေတာ နဲ့တူတယ် . .အဲ့ဒါ ကို့ ကို သည်းက မနေ့ကတည်းက ပြောမလို့ . . . . . မေမေ့ ကို မျက်ခြေမပြတ် ကြည့်နေရလို့ . .
အဲ့ဒါ . . . အားနာ လိုက်တာ ကို ရယ် . . သည်း မေမေ့ စီ ခဏ သွားလိုက် ဦးမယ် နော်. . . . နောက် မှ ဖုန်း ပြန်ဆက် လိုက်မယ် . .
အန် . . ဒီနေ့ ကော …… တူ ………. တူ ……….. တူ ………… ဟဲလို . . ဟဲလို
သွားပြီ . . . . . . ခဲလေ သမှ ပဲရေပွ တော့ ဖြစ်ပြီ . . . .။
စိတ်နဲ့ကိုယ်နဲ့ ညစ်နေတဲ့ ကျွန်တော် မောင်စိုးမိုး တစ်ယောက် စိတ်ပြေလက်ပျောက် …. မန်းလေး ရောက်တုန်း . . ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး တွေ . . . .
တစ်ပုံ နှစ်ပုံ လောက် တင် ပါရစေ ဗျာ . . .
Mလုလင်
22 comments
Mလုလင်
February 26, 2013 at 4:31 am
ပထမ ပိုင်း ရဲ့ Link ပါ . . .။
http://myanmargazette.net/168302/travel/local-guides
သကြားလုုံးကြော်
February 26, 2013 at 6:39 am
သတိ .. မန်းလေးဂေဇက် ဖတ်လွန်းသူများ ဒီလိုု စိတ်ကစဥ့်ကလျားရောဂါရတတ်သည်။ ရှေ့ရေးကိုု ကြိုမြင်ကြစေသတည်း။
kai
February 26, 2013 at 6:48 am
အထွေထွေပြသနာတွေရဲ့.. တရားခံမြင်ကြလည်း..
ဝုန်းဒိုင်း.. ပြင်လို့မဖြစ်…
.. အိုင်ဒတတီပျောက်လို့တော့လည်း.. မဖြစ်…။
အနိစ္စနဲ့.. ဒုက္ခကြား.. ပါတ်ပြေးနေရပေါ့…။
ခိုင်ဇာ
February 26, 2013 at 9:18 am
သနားလိုက်တာအေ။
ဘယ်သူ့ သနားရမှန်းမသိအောင်ကို သနားမိတာကလား။
:harr:
:harr:
:harr:
Mလုလင်
February 27, 2013 at 12:34 pm
အဲ့ . . သနား တာက ဇာတ်လမ်း အစ ပါပဲ ဗျ . . :harr:
ကိုပေါက်(မန္တလေး)
February 26, 2013 at 9:59 am
လက်တွေ့နဲ့ စိတ်ကူး လွန်ဆွဲတဲ့အခါ
စိတ်တွေပြိုကျ ကစင့်ကလျားဖြစ်ကုန်သပေါ့
ခင်ခ
February 26, 2013 at 10:11 am
ပထမပိုင်းဖတ်တော့ ကောင်းမိကောင်းရဲ့နဲ့ ဖတ်ဖြတ်ပြီးပြုးမိတယ်၊
အဲ ဇာတ်သိမ်းလည်း ဖတ်လိုက်ရော ဘာပြောရမှန်းကို မသိတော့ဘူးဗျ။
ဖတ်မိတာဘဲမှားတာလား မဖတ်ဘဲနေခဲ့ရင်မှားမလား သိတော့ဘူးလေ…..။
mamanoyar
February 26, 2013 at 2:48 pm
လက်ပံပွင့်ချိန် လေတိုက်ကြွေလိုက်တဲ့အခါ ကစဉ့်ကလျား ဖြစ်ကုန်တာပေါ့ကွယ်
မောင် ပေ
February 26, 2013 at 7:59 pm
ညီလေးလုရေ
မောင်သာချို ဟောသွားတာကတော့
နဂါးနီ သီချင်း က
ဗိုလ်ချုပ်အောင်ဆန်း တို ့တည်ထောင်ခဲ့တဲ့ နဂါးနီစာအုပ်အသင်း က နေ စခဲ့တာလို ့ကြားတာပဲ
အဲဒါ အဲဒါ
Mလုလင်
February 27, 2013 at 12:36 pm
ဟုတ်လား .. ကိုပေ . . ကျွန်တော် လဲ ဘယ်တုန်းက ဖတ်မိ တဲ့ စာအုပ်ထဲ ကလဲ မသိတော့ပါဘူး ဗျာ . . အဲ့ဒါ မှတ်မိ သလောက် ပြန်ရေးတာ . . . . ကြည့်ရတာ .. ပါးစပ် ရာဇဝင် တွေ ဖတ်မိ တယ်နဲ့ တူရဲ့ . . . ကျေးကျေးပါဗျို ့ . . ..
MaMa
February 27, 2013 at 8:08 am
ငါတို့ရွာက အမတ်ကို အသရေဖျက်မှုနဲ့ မောင်လုလင်ကို တိုင်လို့ရတယ်။ :kwi:
ပုံလေး ၂ပုံကတော့ မိုက်မှ မိုက်ပဲ။
အပင်အောက်ခြေမှာ ကိုပေါက်ရဲ့ လက်ပံပွင့်တွေ တွေ့လိုက်တယ်။ :hee:
amatmin
February 27, 2013 at 9:45 am
စိတ်ညစ်စရာ ပို့စ်ထဲကနေ ချစ်စရာ စာသားလေးဒွေကိုပဲ
အလွတ်မှတ်လိုက်ဒယ် ဗျာ.. ဘာဒဲ့
အပေါ်ကလိုမျိုးလေး ဂယ်ချစ်ချင်တာ ဗျာ…
ဒါနဲ့ ချစ်တာမှာလည်း လေဘာဒယ်ချစ်နည်း.နဲ့
လမ်းဟောင်းကြီးချစ်နည်း ခွဲထားသေးလား ဟင်င် 🙂
ခိုင်ဇာ
February 27, 2013 at 9:49 am
လမ်းဟောင်းကြီးကသာ ထွက်လာခဲ့ပါ။
သင်ပေးပါ့မယ်ရှိုနေ။
ခက်တယ်။ ဒီ လူကြီးတော့။
:harr:
amatmin
February 27, 2013 at 9:59 am
အတ်..ဒါဘဲ..
ဂလို လူသိရှင်ကြား သင်ပေးပါရစေဆိုတဲ့..
အပြောမျိုးကို စောင့်နေတာရယ်..
နို့မို့ နှစ်ကိုယ်ကြားပြောပီး ချွေးသိပ်သွား ဘယ့်နှယ့်လုပ်မတုန်း.ရယ်
သင်ပေးရ မခက်စေရပါဘူးဒေါ်ဆွိ ရယ်.. တဂယ် ဘာ 🙂
ခိုင်ဇာ
February 27, 2013 at 10:04 am
တောက်!!!
ကျန်း။
ဘယ်သူက ဆရာ ကျ တုန်းရယ်။ ကိုမတ် တို့လုပ်ကွက်….!
ကျောသွားပြန်ဘီ တစ်ကွက်။
အိုစီ မ တို့ လဲသေဖို့ကောင်းနေဘီ။
:kwi:
amatmin
February 27, 2013 at 10:28 am
ဆိုတော့ကာ….အခုပို့စ်ခေါင်းစဉ်ကြီးကို
ပြောင်းပြန်လှန်ပီး ..
ကွန်မန့်ထဲမှာ ကျော်တို့ ၂ ယောက်
သဘောတူညီချက် ရသွားပီပေါ့ နော်.. 🙂
ခိုင်ဇာ
February 27, 2013 at 10:33 am
ပဂိုးဒါး။ ပဂိုးဒါး။
သတိ။ သတိ။
ဒါ နောက်တစ်ကွက်။
:harr:
ဆရာ တပည့် အဖြစ် သဘောတူညီပါတယ်။
ဆရာမလို့ခေါ်တော့။
:kwi:
နေဝန်းနီ
February 27, 2013 at 8:25 pm
ပထမတော့ ဟုတ်တော့မလိုလိုနဲ့ နောက်ပိုင်းကျမှအဖျားကရှူးသွားတယ် …။ ယောက္ခမလောင်းကရူးတာလား နင်က ရူးသွားတာလား ??????????????
padonmar
February 27, 2013 at 10:02 pm
အပေါ်က ပို့စ်ဖတ်ပြီး လုလင်တော့ ငါ့များ စောင်းရေးနေသလားမသိဘူးလို့ ပြုံးဖတ်ကြီးဖြစ်၊
အောက်က ဇာတ်လိုက်ကြီး မောင်မတ်နဲ့ မယ်ဆွိတို့ အပြန်အလှန် သဘောတူညီချက်တွေဖတ်တော့ တဟားဟားဖြစ်။
ဦးကြောင်ကြီး
February 28, 2013 at 10:23 am
သဘောမတူ
ငပေါလူ
ကလောရမြူ
စကောထူ
အရောတယူ
မနောအူ
ဝဖောဗပူ
လဗျောဆူ..
kyeemite
February 28, 2013 at 3:48 pm
မောင်လုင်ရယ်..ဓါ့ပုံတင်ချင် အေးအေးတင်တာဟုတ်ဖူး..နွေဦးကာလလည်းရောက်လာပြီ
ဟိုတယောက် တကယ်စိတ်ဖေါက်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်…. :hee:
marblecommet
March 1, 2013 at 1:11 am
စိုးရယ် သည်း ရယ် အန်တီရယ်……
……..
သပွတ်အူ ဇာတ်ခုံလေးမှာ
မြန်မာနို်င်ငံကြီးကို ထည့်ပလိုက်တာ
လှချက်…..
……..
ဒါ့ပုံဆြာတွေလည်း
လက်နက်ပုန်းတွေ ထုတ်ပြကုန်ပြီ
ဟို ငါး လီတာ တရားခံလည်း ကဗျာ ရေးကုန်ပြီ….
ကျော်တော့ ပြေးတော့မယ် ကိုလုရေ့…….
😛