အသံလိုက်သူများ
ပိန်းပိတ်မှောင်နေတဲ့ အမှောင်ထဲမှာ
ငါ…… ပြေးနေတယ်…။
ဟိုး……… ခပ်လှမ်းလှမ်းက အသံတစ်ခုဟာ
ငါ့ဦးတည်ချက်
ငါ့ရဲ့ပန်တိုင်
ပြေးသာပြေးနေရတယ်
အမှောင်ထဲမှာ
ပြေးလမ်းကိုမမြင်ရ
ဘေးကိုရှော်ရှော်ထွက်ပြေးနေမိ
အသံလာရာနဲ့ချိန်ကိုက်
ပြေးလမ်းကိုပြန်ပြန် ပြောင်းနေရတာပ…..။
ငါ့ဦးတည်ရာ
အသံလားရာကလည်း နီးလာလိုက် ဝေးသွားလိုက်
နိမ့်လာလိုက် မြင့်သွားလိုက်နဲ့
အားသွန်ခွန်စိုက်
တစ်စိုက်မတ်မတ်သာပြေးလာရတယ်
ခရီးဘယ်လောက်ရောက်လာပြီလဲဆိုတာက
အမှောင်ထဲမှာ မှန်းဆလို့မရ
အဲဒိလိုနဲ့ပဲ
အသံတွေနဲ့ပြေးတမ်းလိုက်တမ်း ကစားနေခဲ့ရတာ
နှစ်ပေါင်းလေးဆယ်တောင်ကျော်လာပါပကောလား …………..။
နေဝန်းနီ
3 comments
မောင် ပေ
March 3, 2013 at 7:38 pm
ဇွတ်ကို အသက်၄ဝကျော်တာ ကြေငြာနေတော့တာပါကလား
ပြီးခဲ့တဲ့ ပို ့စ်မှာတုန်းကလဲ ၄ဝကျော်ခဲ့ပြီးပြီ
ဘာပဲ ဖြစ်ဖြစ်
ဘိုနီ နဲ ့အတူ
ပြေးတမ်းလိုက်တမ်း ကစားသွားပါကြောင်း
အဲဒါ အဲဒါ
မဟာရာဇာ အံစာတုံး
March 3, 2013 at 9:19 pm
၄ဝ ကျော်မှ ဘွ စဒါဘဲ …
ခုမှ ကျော်ရုံလေး ဆိုဒေါ့ အေးဆေးပေါ့ဂျာ …
ဘာဒဲ့ … အိုကဗျာတောင် ချိဒေး ..
မာလာငွေ ကန်ရေအေးရယ်နဲ့
ငှက်တေးကို အာရုံဆင်လို့
မူတစ်သွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ် ဥနေ …. ဒဲ့ ….
နေဝန်းနီ
March 5, 2013 at 9:19 pm
လေးဆယ် ဆိုတာက ကာလ အရေအတွက်ပါ ကပေရေ….။
အံဇာရေ လေးဆယ်မှ ဘွ စတာတဲ့လား အင်း စတာပေါ့ပေါ့လေ…။ ဂလိုဆို လေးဆယ်မတိုင်က ဘာလဲဟင်….။ ပြန်မေးရမလိုဖြစ်နေပြီနော် …။ ဒီကဗျာလေးက ဘာတွေပြောင်းလဲနေပြီ ဘယ်လိုတွေပြောင်းမယ် ဆိုတာတွေ ပွက်လောညံနေတုန်း အဲဒိအသံတွေနဲ့ လိုက်တမ်းပြေးတမ်းကစားသလို ဖြစ်နေပြီး မပြောင်းလဲသေးတဲ့ ဘဝများစွာကို ရည်ရွယ်တာပါ…။ ပြောင်းလဲနေတယ်ဆိုတာ အသံပဲကြားရသေးတယ် အဲဒိအသံနောက်ကိုပဲလိုက်နေရတာမောပေါ့ ….။ အတွေးတွေက ကျန်နေသေးလို့ ဒီနေ့ “ထိတို့ခွင့်မရှိသူများ” ကိုထပ်တင်လိုက်ပါတယ် ….။