လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း
ကျွန်တော်ရဲ့ သူငယ်ချင်းမတစ်ယောက်ဟာ လန်ဒန်မှာ အကြာကြီးလာရောက်နေထိုင်ပြီး တောင်အာဖရိကနိုင်ငံသို့ပြန်ဖို့
အတွက် လန်ဒန်ဟိသရိုးလေဆိပ်ကို သွားရောက်ခဲ့ပါတယ်။
အဲ့ဒီမှာ လေယာဉ်စောင့်ရင်း ကော်ဖီတစ်ခွက်နဲ့ ကွက်ကီး(ဘီစကွတ်)တစ်ထုပ်ကို ဝယ်ယူစားသောက်ခဲ့တယ်။သူမဟာ စားသောက်ပွဲတစ်ခုမှာ ထိုင်ရင်းသတင်းစာကိုဖတ်တယ်။
ပြီးတော့ ကော်ဖီသောက်ကာ သူမရဲ့ကွပ်ကီးကိုစားတယ်။
ဒီအချိန်မှာ သူမသတိပြုမိတာက သူမရဲ့ခုံအစွန်းမှာ ထိုင်နေတဲ့သူက သူမရဲ့ကွပ်ကီးတစ်ချပ်ကိုယူစားလိုက်တာပါပဲ။
“ဘယ်နဲ့လူပါလိမ့်” လို့ သူမရဲ့စိတ်ထဲထောင်းခနဲ ဒေါသထွက်သွားတယ်။
ဒါပေမယ့် ဘာမှတော့ မပြောပါဘူး။
သူမဟာ ကွပ်ကီးတစ်ခုကို ယူစားလိုက်တယ်။ဒီအခါအဲ့ဒီလူကလည်း နောက်ကွပ်ကီးတစ်ခု ထပ်ယူစားလိုက်တယ်။ဟယ်….သူမတစ်ခုယူစားတိုင်း အဲ့ဒီလူလည်း တစ်ခုယူစားတယ်။
နောက်ဆုံးမှာ ကွပ်ကီးတစ်ခုသာကျန်တော့တယ်။
ဒီအခါအဲ့ဒီလူဟာ ကျန်တဲ့ကွပ်ကီးကို နှိုက်နှစ်ပိုင်းချိုးကာ သူမကို တစ်ခြမ်းပေးလိုက်ပြီး သူ့ဘာသာ တစ်ခြမ်းစားပြီး ထွက်သွားတယ်။
သူမဟာ စိတ်အကြီးအကျယ်ဆိုးပြီးမကျေမချမ်းနဲ့ ထိုင်နေမိတယ်။
အတော်ကြာမှ လေယာဉ်ထွက်ခွာတဲ့ အစီအစဉ်ကျေညာတော့ သူမဟာပိုက်ဆံအိတ်ကနေ လက်မှတ်ကို ထုတ်ဖို့ဇစ်ဖွင့်လိုက်တယ်။
“ဟင်”
သူမလန့်သွားတယ်။
သူမဝယ်ထားတဲ့ ကွပ်ကီးကို သူမပိုက်ဆံအိတ်ထဲ ထည့်ထားမိတာကိုး။
စောစောက စားနေတဲ့ ကွပ်ကီးဟာ ဟိုလူ့ဟာပါလား။
သူမ အင်မတန် အားနာသွားတယ်။
ဒီထက်ပိုပြီး ပြောချင်တာက စောစောက လူအပေါ် သူမရဲ့အမြင်ဟာ ချက်ချင်းပဲ ပြောင်းလဲ သွားခဲ့ပါတယ်။
ဆိုလိုတာက ကျွန်တော်တို့ရဲ့ ပါရဒိုင်းဟာ မပြည့်မစုံ ဖြစ်နေတက်တယ်။ မကြာခဏဆိုသလို မှားယွင်းသွားတာတွေရှ်ိတယ်။
သင့်အနေ့နဲ့ ပြ သနာဖြစ်လာတာတွေ အများစုဟာ ဒီလိုမှားယွင်းတဲ့အမြင်တွေကြောင့်ဆိုတာကို သတိရပါ။
(ဒေါက်တာခင်မောင်ညို ၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း မှ ကောက်နှုတ်ဖော်ပြပါသည်)

One comment
mi mi
July 23, 2010 at 9:08 am
လူတစ်ယောက်မှာအတ္တများရင်မကောင်းဘူး။
အမြင်တွေကအစကိုယ့်အတွက်ပဲကြည့်သလိုဖြစ်နေလိမ့်မယ်။
သူ့ဘက်ကိုယ့်ဘက်မျှကြည့်ရင်အကောင်းဆုးံပါပဲ။