အင်းလေးကန် နံနက်ခင်းအလှ












မတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းကို ခရီးထွက်ဖြစ်ခဲ့တယ်။ နေရာတစ်ခုချင်းစီကို ဓါတ်ပုံတွေနဲ့ပဲ ပြသွားပါ့မယ်။ ပထမဆုံးအနေနဲ့ မနက်အာရုံတက်ချိန် အင်းလေးကန် အလှနဲ့ စတင်မိတ်ဆက်လိုက်ချင်ပါတယ်။
မတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ရှမ်းပြည်တောင်ပိုင်းကို ခရီးထွက်ဖြစ်ခဲ့တယ်။ နေရာတစ်ခုချင်းစီကို ဓါတ်ပုံတွေနဲ့ပဲ ပြသွားပါ့မယ်။ ပထမဆုံးအနေနဲ့ မနက်အာရုံတက်ချိန် အင်းလေးကန် အလှနဲ့ စတင်မိတ်ဆက်လိုက်ချင်ပါတယ်။
16 comments
ခိုင်ဇာ
March 16, 2013 at 5:30 am
စောစောစီးစီး နိုးနေလို့ ဝင်ကြည့်လိုက်တာ။
မနက်စောစော အင်းလေးကန် အလှ မြင်လိုက်ရတာ စိတ်ထဲ အေးလိုက်တာ မဝေရေ။
စင်ရော်လေးတွေ ကလည်းချစ်စရာ။
ပုံလေးတွေ မျှတဲ့ အတွက် ကျေးဇူးပါ။
:hee:
MaMa
March 16, 2013 at 7:27 am
စင်ယော်လေးတွေကို ရိုက်ထားတဲ့ပုံလေးတွေ သဘောကျတယ်။
နံနက်ခင်းနေထွက်ချိန်လေးကိုလည်းကြိုက်တယ်။
ခရီးသွားရတာကိုလည်း နှစ်သက်တယ်။
အားကျတယ် ဝေဝေရေ။ :hee:
weiwei
March 16, 2013 at 8:23 am
ခရီးသွားရတာ စိတ်ချမ်းသာတယ် …
မနက်စောစော အင်းလေးကန်ထဲမှာ စက်လှေစီးရတဲ့အရသာက အေးချမ်းလတ်ဆတ်ပြီး စိတ်လွတ်လပ်မှုကို ခံစားရတယ် ..
ဓါတ်ပုံရိုက်ရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ် … ပျံနေတဲ့ဇင်ယော်တွေကို သွားနေတဲ့စက်လှေပေါ်ကနေ လှမ်းရိုက်ရတာ ဆိုတော့ …
မမရေ … ရှမ်းပဲပုတ်ကြော်နဲ့ ရှမ်းထမင်းချဉ် လုပ်ကျွေးချင်ပါတယ် … :hee:
padonmar
March 16, 2013 at 7:14 pm
ဒို့လည်းပါမယ်နော်၊ချန်မထားနဲ့။
ကိုပေါက်(မန္တလေး)
March 16, 2013 at 10:05 am
နံပါတ်5-6 -11 ကြိုက်ပါ၏
ကျနော်သွားတုန်းက စင်ယော်တစ်ကောင်မှ မတွေ့ခဲ့ရဘူးဗျာ ကံဆိုးလိုက်လေခြင်း
နောက်ကျနော်က အောင်ပန်းကနေလာတာဆိုတော့ မနက်8နာရီကျော်မှ ရောက်တော့
ဒီလို့နံနက်ခင်းလေးမကြုံခဲ့ဘူးဗျာ။
Mr. MarGa
March 16, 2013 at 10:09 am
စင်ရော်လေးတွေ ပျံကာဝဲချိန်
နေလုံးကြီးကလဲ တစ်ရွေ့ရွေ့နဲ့ တက်အလာ
ဘေးနားက ပတ်လည်ဝိုင်းနေတဲ့ တောင်တန်းကြီးတွေက မှိုင်းညို့ညို့
အဲဒီမြင်ကွင်းကတော့ ဘယ်အချိန် ကြည့်ကြည့် မရိုးသေးဘူးဗျာ။
ဦးကြောင်ကြီး
March 16, 2013 at 10:12 am
ဇင်ရော်ငှက်
စင်ပေါ်တက်
ကြင်ဖော်မှတ်
ခွင်ဆော်ဖက်..
lele
March 16, 2013 at 10:43 am
ပုုံ၁၁ကိုု ကြိုက်တယ်။ ပြီးတော့ ဦးဘလက်ရဲ့ ယောနသံဇင်ယော်အကြာင်းအတွေးထဲရောက်လာတယ်။
ခင်ခ
March 16, 2013 at 2:21 pm
ငယ်ငယ်တုန်းက ပန်းဆိုးတန်းဆိပ်ကမ်းကနေ သန်လျှင်ဘက်ကို သင်္ဘောစီးပြီး ကူးရတဲ့အခါ သင်္ဘောမောင်းရင် ဘေးကဇင်ယော်တွေလိုက်လာလို့ အစာကျွေးပြီး ပျော်ခဲ့ဖူးတာလေးကို
ပြန်သတိရမိသွားတယ် မဝေရေ။
ဗုံဗုံ
March 16, 2013 at 3:43 pm
ပုံလေးတွေ အားလုံးက ကြည်းနူးစရာလေးတွေ ကြည့်ရင်းနဲ့ ပျော်သွားတယ် ကျေးဇူးပါ အန်တီဝေရှင့်
kai
March 16, 2013 at 3:50 pm
တခါမှမရောက်ဖူးဘူး..
မြန်မာပြည်ပြန်ဖြစ်ရင်.. သွားလည်ရမယ့်နေရာလို့.. မှတ်ထားတယ်..
မင်းထင်ကိုကိုကြီးရဲ့.. “အင်းသီး” ဒေါ့ကျူမန့်ထရီကားကြည့်ပြီး.. လန့်နေတာ..
အခုလိုဆိုတော့လည်း.. သူမဟုတ်သလိုလို.. :harr:
မောင် ပေ
March 16, 2013 at 8:28 pm
သည်ပုံကိုကြည့်ပြီးတော့
သည်လိုလေး မန် ့မယ်
“““ ယဉ်တဲ့ စင်ရော် …. အိုဘာတဲ့…. ယဉ်တဲ့ စင် ရော် ဟော်ဟော် ”””
padonmar
March 16, 2013 at 8:30 pm
သဂျီးသွားလည်ရင် ဒို့တွေလည်း လိုက်မယ်ဟေ့။
ဟိုတယ်သမားတွေက ဒစ်စကောင့်ပေးမယ်တဲ့။
မဟာရာဇာ အံစာတုံး
March 17, 2013 at 10:20 am
ပုံလေးတွေ ကြည့်ရတာ စိတ်ချမ်းသာစရာပဲဗျို့ …
နောက်တစ်ခေါက်တောင်မှ ထပ်သွားချင်မိတယ် …
ဖြစ်နိုင်ရင် ….
အင်းလေးကန်ရဲ့ အစနဲ့ အဆုံးကို
လက်ပစ်ကူးပြီး မှတ်တမ်းတင်ပလိုက်ချင်တယ် …
တကယ် … တကယ် …
နေဝန်းနီ
March 17, 2013 at 9:39 pm
ဇင်ယော်လေးတွေတွေ့တော့ ရိုင်းတဲ့ဇင်ယော် သီချင်းညည်းမိပြန်ရော….။ ဘာမှမဆီမဆိုင် 5-1-2013 နေ့က ဓမ္မစေတီ ဆရာတော်ဆိုသွားတာလေး ပြန်ကြားယောင်မိပြန်ရော…။ အချိန်ကဆည်းဆာ မြစ်ဧရာပေါ်…။ ခုဟာ အင်းလေးကန်ပေါ် မှာပေါ့ …..။
အရီးခင်လတ်
March 17, 2013 at 11:31 pm
ဝေဝေ ရေ
လှလိုက်တဲ့ မနက်ခင်းလေး။
ရှမ်းထမင်းချဉ် လုပ်နည်းလေး မျှပါဦး။ 🙂