(၈၈)မျိုးဆက်ရဲ့စာပေအိုအေစစ်ကိုတွေ့ရသောနေပူခံနှလုံးသားများ။

silver heroMarch 16, 20131min1425

၂၀၁၃၊ဖေဖော်ဝါရီလ(၃)ရက်နေ့အရှိန်ပြင်းပြင်းပူနေတဲ့သူရိယနေမင်းအား

ကောင်းတဲ့အချိန်နေ့လည်(၂း၄၀)မှာဧရာဝတီတိုင်းဒေသကြီးရဲ့(၂၆)မြို့နယ်အတွင်းမှာရှိတဲ့အိမ်မဲမြို့လေးတွင်

ကြောက်ရွံ့ခြင်းမှကင်းဝေးရေးခေါင်းစဉ်နဲ့စာပေဟောပြောပွဲလေးတစ်ခုကျင်းပခဲ့တယ်။(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်စာရေးဆရာ

ကိုမင်းကိုနိုင်နဲ့ကိုဂျင်မီတို့လာရောက်ဟောပြောမှာဆိုတော့ပွဲမစခင်အချိန်(၁၂းဝ၀)နာရီလောက်တည်းကဟောပြောမယ့်စင်မြင့်အနီးအနားအရိပ်

ရမယ့်နေရာတွေမှာလူစည်ကားနေခဲ့တယ်။စာပေဟောပြောမယ့်စင်မြင့်ဆိုလို့ခမ်းနားထည်ဝါစွာဆောက်လုပ်ထားတဲ့စင်မြင့်လို့မထင်ပါနဲ့(၁၀)ပေ

ပတ်လည်လောက်အကျယ်ရှိတဲ့စင်မြင့်ကလေးဖြစ်အောင်အလှဆင်ဆောက်ထားခြင်းဖြစ်တယ်။အိမ်မဲမြို့ရွှေဘုံသာလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့

ဆုံရာလမ်းထောင့်ချိုးမှာတည်ရှိတဲ့ရွှေဘုံသာဘုရားတန်ဆောင်းတော်ကြီးအရှေ့မြေကွက်လပ်လေးမှာကျင်းပပြုလုပ်ရတဲ့ပွဲလေးပါ။

(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်လဲဖြစ်၊စာရေးဆရာလဲဖြစ်တဲ့ကိုမင်းကိုနိုင်နဲ့

ကိုဂျင်မီတို့ဟောပြောမယ့်ကြောက်ရွံ့ခြင်းမှကင်းဝေးရေးစာပေဟောပြောပွဲဆိုတော့အိမ်မဲမြို့နေပြည်သူရောကျေးလက်နေပြည်သူရောစိတ်ဝင်တစား

နဲ့နားထောင်ချင်ကြတယ်။နေအစွမ်းကုန်ပူနေပေမယ့်နားထောင်ချင်တဲ့သူ  ငွေတစ်ပြားမှမယူတဲ့ပွဲဆိုတော့ပွဲမစခင်တည်းကစင်မြင့်ပတ်လည်မှာခြေချင်း

ယှက်၊ပျားပန်းခတ်နေကြတယ်။ ဒီစာပေဟောပြောပွဲလေးကိုဖြစ်မြောက်အောင်အိမ်မဲမြို့ရှေ့နေများနဲ့NLDပါတီဝင်လူငယ်တွေစုစုပေါင်း(၁၅)ဦးကော်မတီဖွဲ့ပြီးစီစဉ်ခဲ့ကြတယ်

။နေ့

လည်(၁း၂၀)အချိန်မှာစာရေးဆရာမင်းကိုနိုင်နှင့်အဖွဲ့ပန်းတနော်၊ဝါးခယ်မလမ်းဆုံကိုရောက်နေပြီဆိုတဲ့အကြောင်းကို အစီအစဉ်ကြေငြာသူ  ရှေ့နေဦးဂုဏ်တန်က

စင်မြင့်ထက်ကနေ  မိုက်နဲ့ကြေငြာပေးခဲ့တယ်။

လက်ကမ်းစာဆောင်မှာစာပေဟောပြောပွဲကျင်းပချိန်(၂)နာရီလို့ရေးထားပေမယ့်  (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောပြောတာကိုနားထောင်ချင်သူ၊တွေ့ချင်သူတွေကနွေနေပူလဲ၊အရိပ်ကူပြီးစောင့်နေကြတယ်။စာရေးဆရာတွေလာ

ရင်ပန်းကုံးစွပ်ချင်သူ၊ပန်းစည်းပေးမဲ့သူတွေ၊အိုးစည်ဗုံမောင်းတွေ ကရင်ဒုံးယိမ်းအကတွေကလည်းကြိုဆိုကြဖို့အသင့်စောင့်နေကြတယ်။(၂း၂၀)မှာအိမ်မဲမြို့

အဝင်ကိုရောက်တဲ့ ကြေငြာသံကိုလည်း ကြားရော အရိပ်ခိုနေတဲ့ ပရိ်တ်သတ်တွေလမ်းမထက်မှာပြည့်သွားခဲ့တယ်။ကရင်ဒုံးယိမ်း အဖွဲ့ကဒုံးသံပေးပြီးအိုးစည်သံတွေတဝေဝေနဲ့ကြိုဆိုုလိုက်ကြတာအပူဒဏ်တွေမေ့လျော့နေကြလေရဲ့။ပရိတ်သတ်တွေကမိုဘိုင်းဖုန်းတွေနဲ့ဓါတ်ပုံရိုက်ယူကြ၊

စာရေးဆရာနှစ်ယောက်နဲ့ဓါတ်ပုံတွဲရိိုက်ချင်သူတွေကိုကင်မရာသမားကလည်းတဖျတ်ဖျတ်ရိုက်ပေးနေလိုက်ကြတာစာပေဟောပြောပွဲနဲ့တောင်မတူဘဲမိသား

စုပြန်လည်ဆုံဆည်းတဲ့ပွဲများလားတောင်ထင်မိတယ်။ကာယကံရှင်စာရေးဆရာနှစ်ဦးကလည်းရုပ်ရှင်မင်းသားတွေမဟုတ်တော့အနေရခက်နေတာပေါ့။(၂း၄၅)မှာ

စာရေးဆရာကိုဂျင်မီစတင်ဟောပြောပါတယ်။ခရမ်းလွန်ရောင်ခြည်ဓါတ်အပြည့်အဝခံယူနေတဲ့ပရိတ်သတ်(၅၀၀)ကျော်ဟာလက်ခုပ်သံတွေတဖြောင်းဖြောင်းနဲ့

အားပေးနေတာကြားရတယ်။နေပူဒဏ်ကိုအံတုပြီးငတ်မွတ်တောင်းတနေတဲ့စာပေအဟာရတစ်ခွပ်ကိုအားပါးတရစားသုံးနေကြသလိုအရာရာမေ့လျော့နေကြလေရဲ  ့။

“ အစိုးရနဲ ့ပြည်သူကြားမှာ ယုံကြည်မှု ့အားနည်းရင် ငြိမ်းချမ်းရေး ဆိုတာတည်ဆောက် ဖို့ခက်ပါတယ်။ အကောင်းဆုံး အတွက်ပြောင်းလဲရဲ တဲ ့သူတွေ

ဖြစ်ပါစေလို ့” ”       ပြောရင်း ကိုဂျင်မီ အလှည့် ပြီးစီးသွားခဲ့တယ်။     အားပေးမှု   ့ဩဘာသံ ညံပြီး  အနာနဲ့ ဆေး  တည့်နေကြတယ်။   ကိုဂျင်မီ ဟောပြောမှု အပြီးမှာကိုမင်းကိုနိူင်ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကိုဖတ်ကြားခဲ့တယ်။အဲ့ဒီနောက်မှာကိုမင်းကိုနိူင်ရဲ့စာပေဟောပြောမှုစတင်ခဲ့တယ်။        ““ဒီလိုကြိုဆိုတာ စာရေးဆရာ

တစ်ယောက်ကိုကြိုဆိုတာထက် ပိုပါတယ်။နှစ်ပေါင်း များစွာကွဲကွာနေတဲ့သားကြီးကိုပြန်တွေ့သလို၊မသေလို့ပြန်တွေ့ရတဲ့ညီကိုမောင်နှမ၊မိသားစုပြန်လည်ဆုံဆည်းသ

လိုကြိုဆိုတာ အင်မတန် နွေးထွေးပါတယ်။ ကျွန်တော်တို့တစ်ပြည်လုံး နေ ့ရောညပါ ဟောနေတာ ကားမောင်းတဲ့ အချိန် ကားပေါ်မှာကွေးကွေးလေးအိပ်ရတယ်။

တစ်ပြည်လုံး  လှည့်အိပ်လာတာ အိမ်မဲ-ကျောင်းကုန်းလမ်းကျမှဘဲ

ခံရတော့တာဘဲ။လမ်းကတော်တော်ကြမ်းတော့အိပ်လို့မရဘူး၊လူကိုမြှောက်မြှောက်ပြီးကန်ထုတ်သလိုဖြစ်နေတယ်။ဒီမြို့ဝင်အစမှာကျွန်တော်စဉ်းစားတယ်ဒီလမ်း

ဘယ်လိုလုပ်ရမလဲ။နောက်၂၀၁၅ထိစောင့်ရမယ့်သဘောရှိတယ်။  ၂၀၁၅နီးလာရင်တော့ကတ္တရာဗုံးတွေ၊ကျောက်တုံးတွေလာချလိမ့်မယ်။အဲတော့ခင်ဗျားတို့ကမယုံဘူး၊ပြည်သူတွေကိုတစ်သက်လုံးလဲလုပ်ပေးတာမဟုတ်ဘူး။ခုမှ

လာပြီးညာမယ်ထင်ပြီးသူတို့ကိုမပေးရင်၊ကတ္တရာဗုံးတွေပြန်သယ်သွားရင်သက်သက်အလုပ်ရှုပ်အုံးမယ်။လမ်းကောင်းစေချင်ရင်ဒီလိုလုပ်ကျွန်တော်တို့အိမ်မဲမှာဟောပြော

ပွဲလုပ်မယ် စာသွားတင်ရော၊ မြို ့နယ် ခမ်းမ မှာလုပ်မယ်ဆိုတော့ နောက်နေ့မှာခန်းမပြုပြင်ရန်ဆိုပြီးကော်မတီဖွဲ့လိုက်ရော ။အဲ့ဒီတော့ဒီလိုလုပ်မယ်အိမ်မဲလမ်းတစ်လျှောက်မာရသွန်ပြေးမယ်ဆိုပြီးကြေငြာလိုက်ရင်သူတို့လမ်းပြင်လိမ့်မယ်။မတတ်နိုင်ဘူးဗျာသူတို့ပြင်မယ့်နည်းလမ်းကကျွန်တော်တို့

တစ်ခုခုလုပ်မယ်ဆိုမှအဲဒါကိုပြင်မယ်လို့လုပ်မှာကို၊ဒါဘဲလုပ်ရတော့မှာဘဲ။  ပြည်သူတွေ ကြောက်တယ်လို့ထင်တာဘယ်ဟုတ်မလဲဗျကြောက်တာကသူတို့ဖြစ်နေတယ် ရယ်စရာကြီးဖြစ်နေတယ်။”””အဖွင့်စကားကိုအားမနာတမ်းရဲရင့်ပြတ်သားစွာပြည်သူနဲ့တစ်သားတည်းကျတဲ့စကားစလိုက်တော့လက်ခုပ်သံတွေတဖြောင်းဖြောင်းနဲ့ပွဲကအတော်

စည်ကားသွားတယ်။တကယ်တမ်းပြောရရင်သူ

ပြောတာနည်းသေးတယ်ဆိုရမယ်။အိမ်မဲကနေဒါးကမြို့၊ပုသိမ်မြို့ကိုထွတ်တဲ့ကားလမ်းရှိတယ်။ရန်ကုန်သွားမယ်ဆိုရင် အိမ်မဲ-ကျောင်းကုန်းလမ်း၊

အိမ်မဲ-ပန်းတနော်လမ်းရှိတယ်။အိမ်မဲကနေမြောင်းမြမြို့သွားတဲ့လမ်းရှိ

တယ်။

အဲ့ဒီလမ်းတွေတကယ်မကောာင်းသေးတာအခုအချိန်ထိဆိုတော့ခရီးသွားပြည်သူတွေသက်တောင့်သက်သာမရှိ၊သွားလာနေရတာအမှန်တရားတစ်ခုဖြစ်နေတယ်

။နွေရာသီဆိုရင်လမ်းဘေးကမြေကြီးတွေကိုလမ်းပေါ်တင်ပြီး

မြေညှိတယ်၊ကျောက်ခဲ၊သဲ၊မြေကြီးသုံးမျိုးရောပြီးလမ်းမှာရှိတဲ့ချိုင့်တွေကိုဖို့ထားတယ်၊နွေဘက်ခရီးသွားရင်ဖုန်တထောင်းထောင်းထပြီး၊လိုရာခရီးရောက်လို့

ကားပေါ်ကဆင်းရင်လူတစ်ကိုယ်လုံးစွတ်စွတ်ဖြူပြီး၊နှင်းလူသားရုပ်ပေါက်သွားတယ်၊နွေရာသီလွန်လို့မိုးရာသီလဲရောက်ရော၊ဖို့ထားတဲ့မြေကြီး

ကရေနဲ့ရောပြီးရွံ့ပြန်ဖြစ်တယ်။မိုးရာသီလွန်လို့ခြောက်သွေ့တဲ့ရာသီပြန်ရောက်တော့လမ်းအခြေအနေကနဂိုမူလအတိုင်းဖြစ်နေပြန်တယ်။မုန့်လုံးစက္ကူကပ်

သလိုဖြစ်နေတဲ့လမ်းအဖြစ်ဒေသခံတွေကမြေပဲယိုလမ်းလို့တင်စားခေါ်ကြတယ်။မိုးနည်းနည်းရွာတဲ့အချိန်ဆိုရင်လမ်းပြင်တဲ့ရာသီရောက်တော့တာဘဲ။ဒါမှလည်းချိုင့်

ခွက်တွေကိုကျောက်ခံပြီးရွှံ့အမာလိုဖြစ်နေတဲ့ရေစို

မြေကြီးနဲ့ရောကပ်လို့ရတာပေါ့။ဒီလိုအနေအထားရှိတဲ့လမ်းမို့စာရေးဆရာပြောတာလိုရင်သာလိုသွားမယ်ပိုတယ်လို့မရှိတော့လက်ခုပ်ဩဘာသံတ

ညံညံဖြစ်တော့တာပေါ့။ စာရေးဆရာ မင်းကိုနိူင် ကအမေရိကန် သမ္မတ (နစ်ဆင်)ရာထူးကနှုတ်ထွတ်သွားရတဲ့(ဝါးတားဂိတ်)အရေးတော်ပုံနဲ့လမ်းတွေမှာဝါးလုံးတားပြီးပိုက်ဆံတောင်းတာတွေကိုရယ်စရာအဖြစ်နဲ့နှိုင်းယှဉ်ပြီး

ဟာသပြောသွားခဲ့တယ်။ပြည်သူတွေ အခက်ခဲကြားမှာ မပြောရဲကြတာတွေ အတွက် စင်မြင့်ထက်ကနေ ပြောပြပေးတော့ ပရိတ်သတ် (၅၀၀) ကျော်ရဲ ့

လက်ခုပ်သံတွေ လက်ခေါက်မှုတ်သံ တွေ ဆူညံပြီးအရာရာ ကိုမေ့လျော့နေခဲ့ကြတယ်။

ကြောက်ရွံခြင်းမှ ကင်းဝေးရေး စာပေ ဟောပြောပွဲ ကို ညနေ (၅း၃၀)

အချိန်မှာကျင်းပ ပြီးစီးသွားခဲ့တယ်။ အိမ်မဲ မြို ့သူမြို ့သားတွေလိုအပ်နေတဲ့စာပေဗဟုသုတနဲ့နှလုံးသားအဟာရ အတွက်ဟောပြောသွားခဲ့တယ်။နေ့တနေ့ရဲ့နာရီပိုင်းအချိန်ခဏလေးမှာတွေ့ဆုံဟောပြောသွားကြပေမဲ့အိမ်မဲမြို့မှာသူပြောပြသွားတဲ့အကြောင်းအ

ရာတွေကိုတသသနဲ့ပြန်လည်ပြောဖြစ်ခဲ့ကြတယ်။ပူပြင်းတဲ့နေရောင်အောက်မှာပူလို့ပူရကောင်းမှန်းမသိရလောက်အောင်စာပေဟောပြောပွဲအနှစ်သာရ

DSCN0806 DSCN0846 DSCN0826ကို အိုအေစစ်လေး တစ်ခုပမာ နေပူခံနှလုံးသားများ တရှိုက်မက်မက် နှစ်သက်နေခဲ့ကြတယ်။

5 comments

  • ကထူးဆန်း

    March 16, 2013 at 12:36 pm

    ကို သူရဲကောင်းကြီး ခရမ်းလွန်ရောင်ချည်သင့် ပြီး သတိလက်လွတ် ဖြစ်သွားသလား .. :hee:

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    • silver hero

      March 18, 2013 at 1:34 pm

      ဆောရီးပါစည်းကမ်းထိန်းသိမ်းရေးဆရာကထူးဆန်းရေ။
      ဒီမှာမရေးတာကြာတော့မေ့သွားတယ်။တင်ချင်တာတွေများတော့
      သတိလွတ်သွားတယ်။မလိမ်မိုး၊မလိမ္မာလေးမို့ဒီတစ်ခါတော့
      ခွင့်လွှတ်စေချင်ပါတယ်။ခရမ်းလွန်သင့်တာဆံပင်တော့နည်းနည်း
      နီသွားရုံပါ၊နောက်ဆိုဖြူသွားမယ်ထင်တယ်။ဦးနှောက်တော့မချောင်လောက်ပါဘူး။

  • MaMa

    March 16, 2013 at 4:27 pm

    ကတ္တရာပုံးတွေဆိုလို့ သတိရမိတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကိုယ့်မြို့လေးမှာ လမ်းခင်းဖို့ ကတ္တရာပုံးတွေ ရောက်လာတယ်။
    ကတ္တရာပုံးတွေ ရောက်လာတော့ ခနော်ခနဲ့အုတ်နီခဲလမ်းလေး ကောင်းတော့မယ်လို့ မြို့ခံတွေက မျှော်လင့်ကြတာပေ့ါ။
    ရက် ကို လ စား၊ လ ကို နှစ် စားလို့…..
    အချိန်တွေကြာလာတာနဲ့အမျှ…..
    ကတ္တရာပုံးတွေ ပြိုလဲ ပေါက်ထွက်….
    တဖြေးဖြေးနဲ့ ဘယ်ရောက်လို့ ရောက်မှန်းမသိ…
    မြို့ကတော့ ခုထိ ကတ္တရာလမ်း မဖြစ်လိုက်ပါကြောင်းးးးးးးးးးးး

    • နေဝန်းနီ

      March 17, 2013 at 9:35 pm

      မမရယ် အဲဒါ ဗိုက်ကလေး ကတ္တရာစေးတွေ ယိုထိုးစားပစ်တာဖြစ်မှာပေါ့ မူးမူးနဲ့….။ ဒီလိုပါပဲ…။ ရန်ကုန်မှာတောင် အဲဒိလိုဆိုရင် ကျွန်တော်တို့နယ်တွေ ဘယ်ပြောကောင်းမလဲ ပြောမကောင်းလို့မပြောတော့ပါဘူး …။
      ဆရာထက်ဝေးလည်း အိမ်မဲသားပဲ ဗျ ..။ဘယ်ပျောက်နေလဲမသိဘူး

  • Foreign Resident

    March 18, 2013 at 3:27 pm

    ဟုတ်ပါ့ ။
    ဒီတစ်ခါ အိမ်မဲ ကိစ္စ ဆရာထက် မပါပါလား ။

Leave a Reply