ရောင်စုံပန်းကလေးများ



















ပန်းမျိုးစုံ ပန်းရောင်စုံ မြင်မြင်သမျှ လျှောက်ရိုက်ခဲ့တယ်။ အတူခရီးသွားတဲ့သူတွေက ကျွန်မကို အထူးအဆန်းတစ်ယောက်လို ကြည့်ကြတယ်။ ဘုရားသေချာမဖူးပဲနဲ့ လမ်းဘေးက ပန်းကလေးတွေကို ဓါတ်ပုံရိုက်နေလို့ …
ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပန်းကလေးတွေကို မြင်ရရင် စိတ်ချမ်းသာတယ် ..
12 comments
KZ
March 19, 2013 at 5:31 am
စောစောစီးစီး ဒီ ပန်းလေးတွေ မြင်ရတာ စိတ်ချမ်းလိုုက်တာ။
:hee:
ကြည်ဆောင်း
March 19, 2013 at 10:06 am
ပန်းလေးတွေမြင်တော့ ပန်းချစ်သူ သီချင်းလေးတောင် သတိရမိသွားတယ်..
ပန်းရောင်စုံ ပန်းပုံစံ အစုံတွေ့ရတာ စိတ်ကြည်နူးစရာ စိတ်အေးချမ်းစရာ ကောင်းလိုက်တာ..
Ma Ei
March 19, 2013 at 12:42 pm
အန်တီအိလဲ လှပတဲ့ ပန်းကလေးတွေကို မြင်ရရင် စိတ်ချမ်းသာတယ် …
အပျင်းလေးလျော့ သွားရင် ခရီးစဉ်အကြောင်းလေးရေးပါဦးနော်…
weiwei
March 19, 2013 at 1:01 pm
တောင်ကြီးရောက်တော့ စိန်ပန်းပြာတွေ လမ်းတိုင်းမှာ တွေ့ရတယ် … အရမ်းလှတယ် မြင်နေကျမဟုတ်တော့ ဆန်းနေတာပေါ့ …
နောက်တစ်မျိုးက စွယ်တော်ပန်းအဖြူရောင်တွေ .. အလယ်ကဝတ်ဆံပန်းရောင်လေးတွေနဲ့ … တစ်ပင်လုံးပွင့်နေကြတာ အရမ်းလှတယ် ..
kiss me ပန်းတွေကို ဘုရားတွေ ဘုန်းကြီးကျောင်းတွေမှာ အများကြီးတွေ့ရတယ် …
ပုံ (၄) နဲ့ (၅) က ပန်းကလေးတွေက လမ်းဘေးမှာ ချုံတွေထဲမှာ ဒီအတိုင်းပွင့်နေတဲ့ အရိုင်းပန်းလေးတွေ … တစ်ခိုင်ထဲမှာတောင် အရောင်စုံဖြစ်နေပုံက ထူးခြားနေတယ် ..
ခရီးစဉ်အကြောင်းအသေးစိတ်ကိုတော့ သွေးအေးလာတာနဲ့အမျှ ပိုပျင်းလာလို့ ရေးဖြစ်မယ် မထင်တော့ဘူး …
kyeemite
March 19, 2013 at 3:02 pm
ပုံ-၁ က နှင်းဆီပန်းလေးလှတယ်
ပုံ-၂ ကပန်းက မမြင်ဖူးဘူး…ပလပ်စတိတ်ပန်းနဲ့တောင်တူသေးတော့..
ပုံ-၅ က လမ်းဘေးမှာ ချုံတွေထဲမှာ ဒီအတိုင်းပွင့်နေတဲ့ အရိုင်းပန်းလေးတွေ … တစ်ခိုင်ထဲမှာတောင် အရောင်စုံဖြစ်နေပုံက ထူးခြားနေတယ် ..(ဟုတ်သဗျာ..ကျုပ်လဲ အဲဒါပြောမလို့ဗျ)
ပုံ-၉ ကနှင်းဆီလည်းလှ..လိပ်ပြာလေးနဲ့ပနံရပါရဲ့… :hee:
ကိုပေါက်(မန္တလေး)
March 19, 2013 at 3:26 pm
မဝေရေ
စိန်ပန်းပြာပွင့်ချိန် တောင်ကြီးမရောက်ဘူးသေးဘူး။
ကျနော်ရောက်တုန်းက တည်းခိုခန်း ဈေး နာရီစင်ကနေ စွယ်တော်ဘုရားအထိ မနက်လမ်းလျောက်သွားရင်း
တွေ့သမျပန်းပွင့်အကုန်ရိုက်တာ.
မဒမ်ပေါက်က ရှက်လို့တဲ့ ကျနော်နဲ့ဆိုလမ်းလျောက်မလိုက်ဘူး။
ဒါပေမယ့် ကိုယ်ရို်က်ထားတဲ့ပုံလေးတွေမြင်ရင် စိတ်ထဲမှာ ကြည်နူူးတာအမှန်ဘဲနော်။
မောင် ပေ
March 19, 2013 at 8:21 pm
ပန်းကလေးများ
အလန်းငေးသွား
ဖမ်းပေးတစ်ကား
ရမ်းမေးမနား
စမ်းတွေးဇယား
အတွေးလေး
March 19, 2013 at 10:02 pm
ကျတော်က ယောက်ျားလေးပေမယ့်ပန်းလေးတွေကိုတော့သဘောကျသား ဗျ အခုမြင်ရတဲ့ပန်းလေးတွေက တော်တော်လှတယ်နော် ဘယ်မှာသွားရိုက်လာတာလဲ ။
padonmar
March 19, 2013 at 11:51 pm
၂-၃ မမြင်ဖူးဘူး။
၄-၅ ကတော့ စိန်နားပန်လို့ ခေါ်တာ ထင်တယ်။
weiwei
March 20, 2013 at 8:11 am
နံပါတ် (၂) အနီရောင်ပန်းလေးတွေက ကျွန်မတို့ရုံးမှာရှိတယ် .. မြင်မြင်ချင်းတုန်းက တော်တော်ထူးဆန်းတယ်လို့ ထင်မိလို့ ဓါတ်ပုံရိုက်ထားသေးတယ် .. နွယ်ပင်လိုအပင်မျိုး ခြံစည်းရိုးမှာ ကပ်ပေါက်နေပြီး အပွင့်လေးတွေက အဝေးကကြည့်ရင် ငရုတ်သီးအနီလေးတွေလိုပဲ …
ဦးကြောင်ကြီး
March 20, 2013 at 9:50 am
ပန်းရောင်စုံ
နမ်းမှောင်အုံ
ကမ်းဘောင်တုန်
ချမ်းစောင်ခြုံ
တန်းထောင်ခုန်
ရှမ်းမောင်ဖြုံ
စွမ်းအောင်ဂုဏ်
ငန်းကြောင်ယုန်..။
မဟာရာဇာ အံစာတုံး
March 20, 2013 at 10:11 am
ပန်းပွင့်လေးတွေ အစုံပါပဲလားဗျ …
နံမယ်စုံ၊ ရောင်စုံ …
ကြည့်ရင်းနဲ့ ကြည်နူးမှုတွေကလည်း အစုံစုံ …
မိုက်တယ်ဗျာ …