Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်ခွင်ပြောင်းတဲ့ နှင်း

Ma MaMarch 22, 20131min75543

ဒီဇင်ဘာမွေးမို့လား မသိဘူး နှင်း ကို သံယောဇဉ်ရှိတယ်။ ခရေဇီဖြစ်တယ်။
နှင်းကျရင် ဘာလို့မှန်း မသိပဲ ပျော်တယ်။
ခုတော့ နှင်း ရေ နှင်းးးး ရေ ဆိုတဲ့ သီချင်းကို သတိရမိတယ်။
မတ်လ ၂၂ ရက်ဆိုတဲ့ ဒီနေ့မနက် ၅နာရီမှာ ခါတိုင်းလို အလုပ်သွားတော့ မြင်ကွင်းက မကြည်မလင်ဖြစ်နေတာကို သတိထားမိတယ်။
ဒါပေမယ့် မတ်လရောက်နေပြီဆိုတော့ နှင်းကျတယ်လို့ မထင်မိဘူး။
စည်ပင်ဝန်ထမ်းတွေ မနက်အစောကြီး လမ်းဘေးမှာ တံမြက်စည်းလှည်းနေတာတွေ့လို့ အမှိုက်အမှုန်တွေ လွင့်နေတာလို့ပဲ ထင်မိတယ်။
ဒါပေမယ့် လမ်းတလျှောက်လုံးမှုန်မှိုင်းနေတာဖြစ်ပြီး အေးစိမ့်စိမ့်အရသာကိုလည်း ခံစားမိလာရတော့မှ
နှင်းကျတယ်လို့ သိမိတော့တယ်။

1363929505176

ဒီအချိန် ဒီရာသီမှာ နှင်းကျတာ ထူးဆန်းနေလို့ သက်သေပြဖို့ ဓာတ်ပုံရိုက်တော့မှပဲ နှင်းကို ပေါ်လွင်အောင် ဘယ်လိုရိုက်ရမယ်မှန်းမသိတော့ အော်တိုကင်မရာကို ခလုတ်နှိပ်လိုက်တဲ့ပုံတွေနဲ့ပဲ ယုံချင်ယုံ မယုံချင်နေ သက်သေပြလိုက်ပါတယ်။

1363929569241 1363929583184 1363929658580 1363929665228

 

မနက် ၆နာရီခွဲမှာလည်း မပီဝိုးတဝါး
မနက် ၆နာရီခွဲမှာလည်း မပီဝိုးတဝါး

43 comments

  • KZ

    March 22, 2013 at 8:32 am

    မမရေ။
    ကျနော်လည်း အအေးသာကြောက်တာ။
    နှင်းကိုတော့ ချစ်တယ်။
    ကိုရီးကားတွေ ရူးတုန်းက ပိုချစ်တယ်။ :mrgreen:
    အညာမှာ နေရတော့ နှင်းဆိုတာထက် မြူတွေကိုပဲ အတွေ့များခဲ့တာ။

    ကျနော် မိုးကုတ် မှာ မနက်စောစောမှ နှင်းကို မြင်ဘူးတယ်။ ဒါပေမဲ့ ခဏပါပဲ။
    အေး ပုံများတော့ ရေကန်က ရေ အပေါ်ယံလေးတွေက ရေခဲချပ်လေးတွေကိုဖြစ်လို့။
    :hee:
    နှင်းတောင်က နှင်းဖြူဖြူမျိုးတော့ ဘယ်အချိန်မှ မြင်ရတော့မလည်းမသိ။ :mrgreen:
    သူများဓာတ်ပုံလေးတွေမြင်ပြီး အားကျရုံပဲတတ်နိုင်သေးတယ်ရယ်။ :mrgreen:

    • MaMa

      March 22, 2013 at 9:28 am

      မယ်ဆွိ ရေ-
      နှင်းကျရင် ပျော်တယ်။
      နှင်းကျတဲ့ မနက်ခင်းအေးအေးလေးကို သဘောကျတယ်။
      နှင်းတောင်က နှင်းဖြူဖြူလေးကို မြင်ဖူးချင်တယ်။
      ဒါပေမယ့် သဂျီးတို့ဆီကလို လူဒုက္ခဖြစ်လောက်အောင်ကျတဲ့ နှင်းခဲကြီးတွေကိုတော့ မတွေ့ခင်ကတည်းက ကြောက်နေမိတယ်။ :harr:

  • ဟုတ်တယ်ဗျ …
    ဒီနေ့ မနက်ခင်း နှင်းကျတယ် …
    နေလို့ အရမ်းမိုက်တာပဲ …
    ဒီလို မနက်ခင်းတွေဆို လွှတ်သဘောကျတယ် …
    အမယ် … ဘေးချော်ပြီးတောင် စဉ်းစားလိုက်မိသေးတယ် …
    ဒီနှင်းကြားမှာ တောင်မလေးနဲ့များ လျှောက်သွားလိုက်ရရင် … ဟီး .. :mrgreen:

    • MaMa

      March 22, 2013 at 9:38 am

      စိတ်ကူးယဉ် အိပ်ယာထဲမှာ ဖိတ်စာလည်းပါ …. :harr:

      • အဲ့လိုဘဲဂျ .. ဟီးးး :mrgreen:
        စိတ်ကူးနဲ့ပဲ ရဒါ …
        ဂယ် လက်တွေ့ကျ စွံကို မစွံဒါ ….
        တောက်စ် ….
        ဒါ ရွာထဲက ဟိုလူဂျီးတွေနဲ့ ပေါင်းမိလို့ ဓါတ်ကူးတွားဒါ နေမှာ …
        :harr:

  • ရွှေတိုက်စိုး

    March 22, 2013 at 9:05 am

    အော် ရင်ခွင်ပြောင်းတဲ့နှင်း ရင်ခွင်ပြောင်းတဲ့နှင်း…
    ခေါင်းစဉ်းလေး လှလို. ဝင်ဖတ်တာ ပို.စ်တင်သူ ကို မကြည့်မိဘူး…. ပြန်ကြည့်လိုက်တော့.. အန်တီမမ ဖစ်နေဒါဂိုးးးးးးးးးးး ဟဲဟဲဟဲ
    အဲလောက်လှတဲ့နာမယ် ကို ရိုးရိုးတော့ ပေးနိုင်ဟန်မတူဘူး…. နှင်းဇာတ်လမ်းတွေများ ရှိနေလားမသိ…
    သင့်ခ် သင့်ခ် သင့်ခ် …….. ခိခိခိ

    • MaMa

      March 22, 2013 at 3:06 pm

      အချိန်အခါမဟုတ်ပဲ နှင်းကျနေတာကို ရေးဖို့ စဉ်းစားလိုက်တော့ ခေါင်းစဉ်က အလိုက်သင့်ပေါ်လာတယ်။
      (တခါတလေ ပိုစ့်ရေးပြီးတာတောင် ခေါင်းစဉ်ရှာမရ ဖြစ်တတ်သေးတာ။)
      ခေါင်းစဉ်ကို စိတ်ဝင်စားလို့ ဝင်ဖတ်တယ်ဆိုတော့ …
      ငါ ကွ လို့ မြောက်ကြွကြွ ဖြစ်သွားပါကြောင်းးးးးးးးး :harr:

  • weiwei

    March 22, 2013 at 9:18 am

    ဒီမနက် အေးနေတော့ အလာဂျီ ဖြစ်နေပြန်ရော .. နှာရည်ယိုရွဲပြီး ခေါင်းကိုက်နေပါကြောင်း … :byae:

    • MaMa

      March 22, 2013 at 3:09 pm

      မနေ့ကပြောတာ အလာဂျီး ကြားသွားပြီထင်တယ်။ :buu:
      နှာရည်ယိုရွဲပြီး ခေါင်းကိုက်နေတယ်ဆိုရင် ပုဆိန်တံဆိပ်လေဆေးဆီကို ရှု့ကြည့် လိမ်းကြည့်ပါလား။

  • ကထူးဆန်း

    March 22, 2013 at 9:40 am

    မနေ့ ကတည်းက စဖြစ်ပါကြောင်း ။ မောင်သက်ဆင်ရှင်နာဝပ် လေယာဉ် မထွက်နိုင်လို့ နောက်ကျသွားကြောင်းဖတ်လို်က်ရပြီး ဒီနေ့လည်း ၈ နာရီကျော်သည် ထိ ရန်ကုန်မြစ်ကြီးမှုန်မှိုင်းနေပါကြောင်း ။
    ဆယ်အိမ်ခေါင်းရေ ဆက်စစ်ပါဗျို့ … :hee:

    • MaMa

      March 22, 2013 at 4:15 pm

      မနက်တိုင်း စောစောသွားနေကျ။
      မနေ့ကတော့ မမြင်မိဘူး။
      ဒီနေ့မှတွေ့မိလို့။

      ကထူးဆန်းရေ-
      ဒီမိုကရေစီခေတ်ကြီးနော်။
      စီဂျေလည်း မကြောက်ဘူး။
      ဆယ်အိမ်ခေါင်းလည်း မကြောက်ဘူး။ :kwi:
      တရားမဲ့ စစ်ဆေးနေပါတယ်လို့ မီဒီယာကနေ အော်ပစ်လိုက်မယ်။ :harr:

  • ကျနော်ငယ်ငယ်မြစ်ငယ်မြို့မှာနေတုံးက ဆောင်းနံနက်ဆိုနှင်းတွေဝေနေတာ။
    မြက်ခင်းလေးတွေမှာနှင်းတွေစိုလို့။
    လမ်းလျောက်ရတာသိပ်အရသာရှိ။
    အခုတော့ နှင်းပျောက်တာကြာပါကကော မမရေ

    • MaMa

      March 22, 2013 at 4:21 pm

      အရင်က ကြားဖူးတာ နှင်းပျောက်တဲ့ နွေ။
      ခုတော့ နှင်းပျောက်တဲ့ ဆောင်း ဖြစ်နေသလားလို့။ :buu:

  • ကို ငြိမ်းမောင်

    March 22, 2013 at 10:11 am

    ဒီရက်ပိုင်း နည်းနည်းပြန်အေးနေလို့ ဖြစ်မှာနော်။
    ကျွန်တော် တောင်ကြီးဘက်ကို အလုပ်နဲ့ရောက်တုန်းက
    ဆောင်းကာလကြီးမှာ နှင်းကျတာကြုံဘူးပေမယ့် နှင်းနဲ့အတူ လေအေးတွေတိုက်တော့
    တုန်နေအောင်ချမ်းပေမယ့် စိတ်ထဲပျော်မိတယ်လေ။

    • MaMa

      March 22, 2013 at 4:37 pm

      ဟုတ်ပါ့။
      ကမာ္ဘကြီး ပူနွေးလာတာမို့ ဆောင်းတွင်းမှာတောင် ချမ်းစိမ့်စိမ့် အရသာကို မခံစားရတာ ကြာပေ့ါ။ :hee:

  • ဦးကြောင်ကြီး

    March 22, 2013 at 10:14 am

    ရွာထဲမှာ အန်တီမမထက် နှင်းကြိုက်သူ ရှိသဗျား.. အသေရရ အရှင်ရရတဲ့။ ခလေးမအတွက် ရင်လေးတယ်…။

    • KZ

      March 22, 2013 at 10:18 am

      ဆောင်းရယ်“`
      နှင်းရယ်၊ ““`
      ကိုယ့်ချစ်သူရယ်“““
      တူတူပါပဲ“““
      အသည်းမှာ “နှင်း” လို့ တင်စားကမ္ဗျည်းချယ်~~~~~~

      :528:
      :kwi:

      • MaMa

        March 22, 2013 at 4:43 pm

        ခို်င်ဇာရေ-
        ခုတော့ ယုန်ထောင် ကြောင်မိ သိလိုက်မိပြီ။
        :chit:

        • KZ

          March 22, 2013 at 4:51 pm

          အဲ။
          ချစ်မမ။
          အနော် ဘာမှမသိပဲ သီချင်း ဆိုမိတာပါ ခင်ဗျာ။ :mrgreen:
          မိထားတဲ့ ကြောင်ကိုပဲ ဆာတေးလုပ်ပလိုက်ပါ။ ခွိခွိခွိ
          :kwi:

    • MaMa

      March 22, 2013 at 4:41 pm

      မောင်ရင်ကြောင်…
      ရင်လေးတာ ကိုယ်တိုင်အတွက်လား။
      ကလေးမအတွက်လား။ :kwi:
      ဘာပဲပြောပြော သဲလွန်စတစ်ခုတော့ ရလိုက်သလိုပဲ။ :harr:

  • Ma Ei

    March 22, 2013 at 12:02 pm

    မနေ့ကနဲ့ ဒီနေ့မနက် နှင်းတွေကျနေတယ်…
    မနက်က အာရုဏ်ဆွမ်းလောင်းပြီး နှင်းမှုန်တွေထဲမှာ
    လမ်းဟိုဖက်ဒီဖက် ခဏလျှောက်လိုက်သေးတယ်…
    တစ်ကယ့်နှင်းဖတ်တွေကျတဲ့နေရာကို ခဏလောက်လည်ချင်စိတ်ဖြစ်မိတယ်…
    :hee:

    • MaMa

      March 22, 2013 at 8:44 pm

      မအိရေ-
      နှင်းချစ်သူတွေ များတယ်နော်။
      သဂျီးနေတဲ့ နှင်းကျတဲ့အရပ်ကို စရိတ်ငြိမ်းခရီး ကံစမ်းမဲလုပ်ပြီး ရွာသူားတွေကို မဲနှိုက်ခိုင်းဖို့ ဆန္ဒထုတ်ဖော်ကြရင် ကောင်းမလား။
      ခုလောလောဆယ်တော့ ခါတော်မီပျက်လုံးအနေနဲ့ အချင်းချင်း နောက်ပြောင်နေကြတာ….
      မိတ္ထီလာကို အခမဲ့စရိတ်ငြိမ်းခရီး ပို့ပေးမယ် ဆိုပဲ။ :eee:

  • Mr. MarGa

    March 22, 2013 at 1:08 pm

    ရှားရှားပါးပါး ပါလားနော်
    ရာသီဥတု ပဲ ဖောက်ပြန်တာလား
    ကံကောင်းတယ်ပဲ ပြောရမလား
    မန်းမှာတော့ နှင်းပျောက်တာ ကြာပေါ့ဗျာ

    • MaMa

      March 22, 2013 at 8:46 pm

      နှင်းပျောက်တာ ကံမကောင်းဘူး။
      တချို့ဆို နှင်းကိုမတွေ့ရရင် ယောင်ချာချာ ကိုယ်တစ်ယောက်တည်း သီချင်း ဆိုနေလိမ့်မယ်။
      သကြားမင်းကြီး ကူပေးလိုက်အုံး။ :kwi:

  • ရာမည

    March 22, 2013 at 1:32 pm

    နှင်းခါးလို ့ပဲတင်စားရမလားမသိဘူး
    သေခြာတာကတော့ အအေးပတ်ပြီးအလာဂျီ ဖြစ်နိုင်တယ်
    ညဘက်မှာပူပြီး မနက်ဘက်မှာရုတ်တရက်ချမ်းတာ

    • Moe Z

      March 22, 2013 at 3:29 pm

      ဟုတ်ပတော် .. သများမျက်နှာမှာခုဖြစ်နေပြီလေ စီထွင်းန်တော့သောက်ထားတာပဲ 🙁

      • MaMa

        March 22, 2013 at 8:55 pm

        ဆရာမလေး မိုးစက်ရေ-
        ကျန်းမာအောင်ကြိုးစားနော်။
        သတ်ပုံဂိုဏ်းသားတွေ ရွာထဲမှာ အလစ်ပေးလို့ မဖြစ်ဘူး။ :kwi:

    • MaMa

      March 22, 2013 at 8:49 pm

      နှင်းခါးဆိုတာ ဘာကိုပြောတာလဲ မသိဘူး။
      ကောက်ပဲသီးနှံစိုက်တဲ့လူတွေပြောသံကြားဖူးတာတော့…
      နှင်းကျလို့ မြေအစိုဓာတ်ရပြီး သီးနှံအောင်မြင်ဖြစ်ထွန်းတယ်တဲ့။
      တချို့ကတော့လည်း နှင်းခါးရိုက်လို့ ပန်းပွင့်တွေ ကြွေကုန်ပြီး သီးနှံပျက်စီးသတဲ့လေ။ :buu:

  • kyeemite

    March 22, 2013 at 1:38 pm

    နှင်း…နှင်း…နှင်း
    အော်…လွမ်းစရာလေးပါလားနော်.. :528:

    • MaMa

      March 22, 2013 at 8:57 pm

      ဒို့ဘရာသာမိုက်လည်း နှင်းပုံပြင်ရှိခဲ့တယ် ထင်ပ့ါ။ :harr:

  • kai

    March 22, 2013 at 3:35 pm

    “နာမည်ပြောင်းဘို့ မလိုတဲ့နှင်း………………….(သူကြီးသို့ အိတ်မပါပေးစာ)”
    – ကိုပေါက်(မန္တလေး)
    http://myanmargazette.net/84829/
    =
    Sweet December
    – MaMa
    http://myanmargazette.net/84273/
    =======

    kai says:

    ဆောင်းရဲ့ရင်သွေး.. ဒီဇင်ဘာဖွားတွေ… စာလုံးအသစ်တွေ တီထွင်ဖို့တောင်းဆိုချင်တယ်..။
    မြန်မာစာလုံးအသစ်ထွင်တာ.. ပရီနဲ့ပိုစ်ဝါး ကာလမှာပဲများပြီး နောက်ပိုင်း တော်တော်နည်းနေတာ သတိထားမိလို့ပါ..။

    ဆိုတော့..
    နှင်း…
    snow ကို.. နှင်းလို့လည်းမခေါ်…နှင်းခဲလို့လဲ မခေါ်ပဲ.. ပိုလှပြီး အနုပညာဆန်တဲ့.. မြန်မာစာလုံးအသစ်လေး ထွင်ရေးပေးကြပါလား…။
    တတ်နိုင်ရင် ..တလုံးထဲနဲ့ သိသာစေတာ ဖြစ်စေချင်ပါတယ်..။
    မြန်မာစကား..” နှင်းတွေကျနေတယ်”ဆိုတာ.. မြူနှင်းတွေကျနေတာဖြစ်ပြီး.. နယူးယောက်ကလိုSnow တွေ ဘုတ်ဘုတ်နဲ့..ကျနေတာကို ခေါ်တာမဟုတ်တာတော့ သိကြမှာပါနော..။
    မြန်မာပြည်က..(မြောက်စွန်းဖျားကလွဲလို့)Snowမကျတော့.. အဲဒီစကားလုံး မတီထွင်တာထင်တယ်..။

    တကယ်တော့… ရေခဲခြစ်..ရေခဲသုတ်ထဲက.. ရေခဲတုံးကို.. ခြစ်လိုက်ရင်.. ထွက်လာတဲ့ရေခဲခြစ်မှုန်ဟာ..Snow နဲ့တော်တော်တူပါတယ်..။

    အောက်မှာ.. အင်္ဂလိပ်လို.. စာလုံးတွေရေးပေးထားတယ်..။
    တလက်စထဲ..ဘာသာပြန်ပြီး မြန်မာစာလုံးလှလှလေး(တိုတိုလေး)တွေ..ထွင် ရေးကြည့်ပါလား…။

    ကိုပေါက်လို.. သီချင်းစာသားတွေမှတ်မိသူတွေ…. ရှေးကဗျာ အဖတ်များသူတွေ.. သက္ကဋ၊ ပါဠိ၊ ကျွမ်းသူတွေလည်း ကူပေးစေချင်ပါတယ်နော..။

    မြန်မာစကားမှာ..
    “တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ ”
    ဆိုတာမျိုးရှိတယ်..။
    “စိန္ဒိမာ = ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ညစ်မျိုးကင်းမဲ့ စိမ်းလဲ့လျှံခြယ် ရောင်ခြည်ကယ်၍ ရှုဖွယ်မခန်း သော်တာစန်းသည်။” ဆိုတာမျိုးရှိတယ်..။
    ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး ကို.. အကားအဆီးဖြစ်စေတဲ့..ညစ်မျိုးတွေလို့ သတ်မှတ်ပုံရပါတယ်..။

    =
    snow: နှင်း a precipitation in the form of ice crystals, mainly of intricately branched, hexagonal form and often agglomerated into snowflakes, formed directly from the freezing of the water vapor in the air.

    rain: မိုး water that is condensed from the aqueous vapor in the atmosphere and falls to earth in drops more than 1/50 in. (0.5 mm) in diameter.

    fog: မြူ a cloud-like mass or layer of minute water droplets or ice crystals near the surface of the earth, appreciably reducing visibility.

    mist: မြူတိမ်? a cloud-like aggregation of minute globules of water suspended in the atmosphere at or near the earth’s surface, reducing visibility to a lesser degree than fog.

    smog: မြူခိုး? smoke or other atmospheric pollutants combined with fog in an unhealthy or irritating mixture.

    hail: မိုးသီး showery precipitation in the form of irregular pellets or balls of ice more than 1/5 in. (5 mm) in diameter, falling from a cumulonimbus cloud.

    sleet: နှင်းခါးမိုး? precipitation in the form of ice pellets created by the freezing of rain as it falls.
    Source(s):
    dictionary.com

    Drizzle (also called mizzle) မိုးငွေ့ : is light precipitation consisting of liquid water drops smaller than those of rain, and generally smaller than 0.5 mm (0.02 in.) in diameter. Drizzle is normally produced by low stratiform clouds and stratocumulus clouds. Precipitation rates due to drizzle are on the order of a millimeter per day or less at the ground. Owing to the small size of drizzle drops, under many circumstances drizzle largely evaporates before reaching the surface, and so may be undetected by observers on the ground. The METAR code for drizzle is DZ.

    • MaMa

      March 22, 2013 at 9:02 pm

      သဂျီးရေ-
      ကျေးဇူးးးးးးးးး
      ပိုစ့်အဟောင်းတွေ ပြန်ဖတ်ဖြစ်လို့။ :hee:
      Snow တွေ ဘုတ်ဘုတ်နဲ့..ကျနေတာကို အနုပညာဆန်ဆန် နာမည်လှလှလေး စဉ်းစားလိုက်တာ….
      ဘုတ်ဘုတ်နဲ့ ကျတာဆိုတော့ နှင်းဖတ် လို့ :harr:

      • kai

        March 23, 2013 at 5:59 am

        နှင်းဖတ်ဆို.. အရက်သောက်ရင်.. ထွက်တဲ့အဖတ်နဲ့.. ရောပြီးညစ်သွားမှာမို့.. စနိုး(Snow)ကို.. နှင်းပွင့်အဖြစ် အဆိုတင်သွင်းထားဖူးပါတယ်.. လို့..။
        အမတော်သဘောတူပါသလား..
        ရွာသူားများသဘောတူပါသလား..
        ကမ္ဘာသူသားများသဘောတူပါသလား..

        အကြောင်းမပြန်တဲ့အတွက်.. ဆိတ်ဆိတ်နေဝန်ခံသဘောအရ.. သဘောတူတယ်သတ်မှတ်..အတည်ပြုလို်က်ပါတယ်..။
        စနိုးကို.. နှင့်ပွင့်ခေါ်စေသတည်း..။

        ငါကွ.. :hee:

        • MaMa

          March 23, 2013 at 7:40 am

          Snow ကို နှင်းပွင့်လို့ အဆိုတင်သွင်းထားတာကို …
          သိလည်း သိပါတယ်။
          ထောက်လည်း ထောက်ခံပါတယ်။ :hee:

          ဒါပေမယ့် သဂျီးက အနုပညာဆန်ဆန်လည်း ပြောသေးတယ်….
          ဘုတ်ဘုတ်ဆိုပြီး မြည်သံစွဲကြီးကလည်း ပါသေးတော့……..
          စိတ်ကူးထဲမှာ ပေါ်လာတာက နှင်းဖတ် ဖြစ်သွားတယ်။ :harr:

  • padonmar

    March 22, 2013 at 8:29 pm

    ဟေဟေ့ မြူထောင် နှင်းမိ ပါကွာ။
    ဒို့လည်းသိလိုက်သလိုလို…

  • padonmar

    March 22, 2013 at 8:31 pm

    ဒီနာမည်ကြီးက နိမိတ်မကောင်းဘူးပြောနေပါ့မယ်ကွာ။
    အခါလွန်တဲ့နှင်း လို့ ပေးလိုက်ပါ။

    • MaMa

      March 22, 2013 at 9:09 pm

      သက်ဆိုင်သူတွေကို…..
      အောင်အတိတ် အောင်နမိတ်နဲ့ နှင်းးးးးးး တွေ ဝေပါစေလို့ ဆုတောင်းပေးလိုက်မယ်။ :hee:

  • ခင်ညွန့်ရည်ကတော့ ဟိုးဝေးဝေးကနှင်းလို့ ဆိုသွားတာဘဲ။
    နှင်းကိုပြန်လွှတ်လိုက်ပါ နှင်းကိုပြန်လွှတ်လိုက်ပါတဲ့ ဘယ်သူ့အတွက်လဲတော့မသိဘူးဗျ

    • MaMa

      March 23, 2013 at 7:28 am

      နှင်းဆမ်းသော ပန်း လန်းဆန်းတယ် လိုု့ ကြားဖူးတာပဲ :hee:

  • nature

    March 22, 2013 at 10:45 pm

    ဒီနေ့ 22 March 2013 မှာထူးထူးခြားခြားနှင်းကျရခြင်းကတော့ google ဥက္ကဌကြီးမြန်မာပြည်ရောက်လာခြင်းအထိမ်းအမှတ် နှင်းတွေက ကြိုဆိုခြင်းလို့ပဲ ထင်မှတ်မိပါတယ်။

    • MaMa

      March 23, 2013 at 7:30 am

      အဲလို ဆက်စပ်တွေးကြည့်တော့လည်း အဟုတ်သားးးးးးးးးး
      မင်္ဂလာပါ နှင်း လို့ နှုတ်ဆက်ရမယ်။ :hee:

  • ရဲစည်

    March 23, 2013 at 1:45 am

    အမငီး … အနော်တို့ ဆီတော့ နှင်းကျရင် အဆင်မပြေဘူးရယ် ..။
    သွားရလာရတာ ဒွတ်ခရောက်လို့ ….
    ခုရက်ပိုင်း နှင်းတော့ မကျဘူး မိုးတွေက တအုံးအုံး
    ဟူး … အဆင်မပြေဘူး .. 🙁
    နွေရာသီလေးဘဲ ကြိုက်၏

    • MaMa

      March 23, 2013 at 7:58 am

      ဆောင်းနဲ့ နှင်းကို ကြိုက်တာ အဲလို ဒုက္ခပေးတဲ့ ဆီးနှင်းရွဲရွဲ မိုးသည်းသည်းကိုတော့ မကြုံဖူးလို့ ဖြစ်မယ်။
      ဒါပေမယ့် မောင်ရဲစိလည်း နေပူ မီးပျက် အခံခက်တဲ့ ဒီကနွေတွေကို ခံစားကြည့်ပါအုံးနော်။ :eee:

Leave a Reply