ညနေ……………………









“ညနေ”
အရှေ့ဖက်က ထွက်လာတဲ့နေမင်းကြီး အနောက်ဖက်ကို ရောက်ရှိသွားချိန်ကိုတော့ ညနေ လို့ခေါ်ကြပါတယ်။
မြေကမ ္ဘာကနေပြန်လည်ထွက်ခွာခါနီးမှာ လှပသောရောင်စဉ်များကို အစွမ်းကုန်အပ်နှင်း
သွားခဲ့ပြန်ပါတယ်။
ဒါကြောင့်လဲ အလင်းရုပ်သိမ်းခါနီးအချိန် ညနေခင်းများကတော့ လှပစွာကုန်ဆုံးတာများပါတယ်။
အခုနောက်ပိုင်းမှာတော့ အရင်က သတိမမူမိခဲ့သောညနေခင်းလေးများကို သတိတရခံစားမိနေတတ်ပါတယ်။
အလုပ်ပိတ်ရက်တစ်ညနေခင်းမှာတော့ မိတ်ဆွေတစ်ယောက်က တောင်သမန်အင်းကနေလှမ်းဖုန်းဆက်ပါတယ်။
“ကိုပေါက် ဓါတ်ပုံရိုက်ရအောင်လာခဲ့ပါလား”
အဲလို့လှမ်းခေါ်လိုက်တော့ ကျနော်အရမ်းကိုစိတ်ဆိုးသွားပါတယ်။
ဒါနဲ့ဘဲ “ခင်ဗျားတို့ဘယ်မှာလဲ အခုလာခဲ့မယ် “ဆိုပြီးထွက်လာခဲ့ပါတယ်။
သူတို့က တောင်သမန်အင်းအရှေ့ဖက်ခြမ်းမှာရောက်နေပါသတဲ့။
တောင်သမန်းအင်းကို လာတဲ့သူ အတော်တော်များများကတောင်သမန်အင်းရဲ့
အနောက်ဘက်ခြမ်းကိုဘဲရောက်ဘူးတာများပါတယ်။
ရတနာပုံတက္ကသိုလ်ရှိတဲ့အရှေ့ဘက်ခြမ်းကိုတော့ အရောက်အပေါက်နည်းပါတယ်။
သူတို့ဆီကိုလိုက်သွားရင်း ရတနာပုံတက္ကသိုလ်ဘက်အဝင်လမ်းအရောက်မှာ
ညနေခင်းနေရောင်ကြောင့် ပုစွန်ဆီရောင်တောက်နေတဲ့ တောင်သမန်ရေပြင်ကိုလှပစွာတွေ့ရပါတော့တယ်။
အင်းအစပ်မှာတော့ လှေကလဲနဲ့ဘဲကျောင်းသားကိုမြင်ရပြန်ပါတယ်။
ဒါနဲ့ဘဲသူတို့ ရှိတဲ့ အကြော်တဲကို ရောက်သွားပါတယ်။
သူတို့နဲ့အကြော်စားရင်းလေပေါနေရင်းမှာဘဲ နေမင်းက ဝင်တော့မယ်နော်လို့အချက်ပေးလိုက်တဲ့အတိုင်း
ပန်းနုရောင်ဘက်ကို တဖြည်းဖြည်းကူးပြောင်းလာနေပါတယ်။
အင်းပြင်ရဲ့အလည်ခေါင်လောက်မှာရှိတဲ့ သစ်ပင်တန်းမှာတော့ မြူငွေ့တွေဝေ့ဝေ့။
တောင်သမန်ရင်ခွင်ထဲက ဦးပိန်တံတားကလဲ အိန္ဒြေကြီးမှာစွာနဲ့သွယ်တန်းလျက်။
တံတားပေါ်လမ်းလျောက်နေဆဲမှာဘဲ နေမင်းကြီးက အနောက်ဘက်ကောင်းကင်ကို တစ်စထက်တစ်စ ငုံ့လျိုးကွယ်ပျောက်။
တစ်ညနေခင်းမှာတော့ ဧရာဝတီမြစ်ကမ်းဘက်ကိုရောက်သွားပါတယ်။
အစကတော့ တာရိုးကနေအောက်ဘက်ကိုဆင်းမြစ်ကမ်းနားထိသွားပြီး ညနေခင်းလေးကိုဖမ်းမလို့ပါဘဲ။
ဒါပေမယ့် ပေါ်တော်မူဘုရားနားမရောက်ခင်လေးမှာဘဲ နေလုံးက မြူတွေကြားထဲမှာ
ပျောက်မလိုလိုဖြစ်နေပါတယ်။
ဒါနဲ့ဘဲဘုရားအောက်ခြေနားကို ဆင်းလိုက်ရပါတယ်။
မြစ်ကမ်းစပ်မှာတော့ လှေကလေးများရပ်နား။
နေမင်းကလည်း တစ်စထက်တစ်စ ပျောက်ကွယ်လုနီးနီး။
ကမ်းစပ်က သောင်ပြင်မှာ မြက်ပင်တွေကိုစည်းနှောင်နေတဲ့ကလေးမလေးကိုမော်ဒယ်အဖြစ်
သတ်မှတ်လို့ ဓါတ်ပုံရိုက်.။
သိပ်မကြာခင် နေဝင်တော့ ကျနော်လဲ ပြန်လာခဲ့ပါတယ်။
လှပသောညနေခင်းလေးများကို ခံစားကြည့်လိုက်ကြပါအုံးဗျို့.။
ကိုပေါ်က်လက်ဆောင်မြန်မာပြည်မှအလှတရားများ
24-3-2013



20 comments
Myo Thant
March 29, 2013 at 9:49 am
7 – 8 – 9 – 10 ကြိုက်တယ်ဆရာရေ့
ကျွန်တော်တို့မှာလည်း ကိုယ်မရောက်တဲ့နေရာ ကိုယ်မရိုက်တတ်တာတွေနဲ့ဆိုတော့
သူများပုံတွေကိုပဲ အားကျနေရတယ်ဗျာ
Ma Ei
March 29, 2013 at 11:39 am
ကိုပေါက် ရဲ့ ညနေ ကိုတွေ့လိုက်တဲ့အခါ…
ကျမလဲ အရမ်းကိုစိတ်ဆိုးသွားခဲ့ပါတယ်…
:hee:
ကိုပေါက်(မန္တလေး)
March 29, 2013 at 12:20 pm
“ညနေခင်းများစွာ”
ညနေခင်းများစွာ
ငါ့ဖြတ်သန်းခဲ့ရ
ညနေခင်းများစွာ
ငါ့ကိုချန်ထားခဲ့ကြ
ညနေခင်းများစွာ
ငါက ချန်ထားခဲံ့ရမယ်နေ့ရက်
လက်ချိုးတွက်ရင်း
ညနေခင်းများစွာအား
ငါကုန်လွန်စေပါမည်။
ကိုပေါက်(မန္တလေး)
KZ
March 29, 2013 at 2:33 pm
ညနေစောင်းရင်ဖြင့် …
ဘာဂလိုလို၊ !!
ဘာဂလိုလို !!!
သောက်နေကျဆိုင်သို့ (အဲလေ)..
သွားနေကျဆိုင်သို့ ….
ဂိုးစို့ကွယ်၊ …
ဂိုးစို့ကွယ်။…
:harr:
ကိုပေါက်(မန္တလေး)
March 29, 2013 at 9:34 pm
စောင်းညနေဆိုမှဖြင့်
ပြောင်းကြစေနေရာရွှေ့ပါပေါ့
ပျော်စရာ ဘော်ဒါတွေစုံပါတဲ့
စတေရှင်းမှာ
လေးခွက်ကို တစ်ခွက်ဆောင်းပါလို့
တစ်မောင်းပြေ့အောင် နှက်လိုက်ကြစို့
အေ့…………….အေ့…………….ဂေ့။
MaMa
March 29, 2013 at 5:23 pm
အာရုဏ်မို့ လှတယ်ထင်တာ။
ညနေကျတော့လည်း လှတာပဲ။ :hee:
ကိုပေါက်(မန္တလေး)
March 29, 2013 at 9:36 pm
မမရေ
သက်မဲ့လောကကြီးကတော့ အများအားဖြင့်သာယာပါသည်ပါဘဲ။
ကျနော်တို့ သက်ရှိတွေကြောင့်သာ…………………
မောင် ပေ
March 29, 2013 at 7:25 pm
နေဝင်ချိန်လေး
ရွှေရင်ပိန်သေး
ငြိမ်စဉ်တင်ကွေး
စိမ်ချင်ဂွင်မေး
ကိုပေါက်(မန္တလေး)
March 29, 2013 at 9:46 pm
စိမ်ချင်ရင် ရေထဲသွား
ြိငိမ်ချင်ရင် ကြိုးနဲ့ချီ
ပိန်ချင်ရင် အချဉ်စား
နေဝင်ချိန် ဆိုတာကတော့ အလှတရား
ဗုံဗုံ
March 30, 2013 at 11:20 am
နေညိုချိန် တိမ်တောက်တဲ့အခါ

ရွာလမ်းဘေးမှာ
စာဥတို့ သူငယ်ချင်းမတွေ
ရေခပ်ဆင်းလို့လာ
(သတိရလိုက်တာဟယ် စာဥကိုမဟုတ်ဘူး )
ကိုပေါက်(မန္တလေး)
March 30, 2013 at 12:44 pm
ညည်းက စာဥဘယ်သတိရမလဲ။
စာဥဆိုတာ ငှက်သိုက်တက်နိုက်ပြိး ပြုတ်စားတဲ့ဟာလေ
မဟာရာဇာ အံစာတုံး
March 30, 2013 at 8:00 pm
လွမ်းတတ်တယ် ….
နှလုံးသားက နုနယ်တယ် …
ကဗျာတွေကလည်း ဒီလို အကြောင်းတွေကြောင့် ထွက်ကျလာတတ်ပြန်တယ် …
ဒီလို အချိန်မှာ ဒီလို နေညိုချိန်တွေ မြင်ရပြန်တော့
ရင်ထဲမှာ တစ်စုံတစ်ရာကို လွမ်းလွမ်းဆွတ်ဆွတ် ဖြစ်မိပြန်ပေါ့ ….
ဘာကို လွမ်းတာလဲတော့ မသိဘူး …
လွမ်းတဲ့ ဝေဒနာကတော့ အသေအချာကို ပေါ်ထွက်လာတာပဲ ….
မြူခိုးဝေဝေ ဆိုတဲ့ ပုံလေးကို အရမ်းကြိုက်တယ်ဗျာ …
ဒီပုံက အလွမ်းဆုံးကို တွန်းပို့နိုင်ဆုံးပဲ ….
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:44 pm
တောင်သမန်ညနေခင်း မန်းလေးတောင်နံနက်ခင်း
မြူခိုးလေးများ ဝေနေရင် အင်မတန်မှလွမ်းစရာကောင်းပါတယ်
ဘိုအံလေးရေ
နေဝန်းနီ
March 31, 2013 at 11:50 am
ကိုပေါက်မော်ဒယ်က သဘာဝကျတယ်ဗျု့ိ အဲဒိပုံနှစ်ပုံ တော်တော်သဘောကျလို့ အနားကလူတွေတောင်လက်တို့ပြီးပြလိုက်မိသေး
ကိုပေါက်(မန္တလေး)
March 31, 2013 at 1:49 pm
ကိုနေရေ
ကျနော်က နံပါတ် 10ပုံက အနေအထားကိုပိုကြိုက်တယ်။
သူ့ကိုအဝေးကလှမ်းပြီးရိုက်တာဆိုတော့ သူမသိလိုက်တော့
ပဲမကြွေးလိုက်ရဘူး။
အဲသဟာလေးက ပိုသဘာဝကျတာရယ်။
Mလုလင်
March 31, 2013 at 4:38 pm
နံပါတ် ရ အတွက် ဘရာဗို ပါဗျာ ဦးပေါက် . .
ကိုပေါက်(မန္တလေး)
March 31, 2013 at 5:05 pm
လုလင်ရေ ဒီပုံလေးက အိမ်ကြိုအိမ်ကြားထဲက တောင်းပန်ပြီးဝင်ရိုက်လာတာ.
အစက စိတ်တိုင်းမကျ.
ကွန်ပြူတာထဲ တည့်လိုက်မှာ လှမှန်းသိတာ
weiwei
April 2, 2013 at 12:14 pm
တောင်သမန်ညနေကို ကိုယ်တိုင်လာရိုက်အုန်းမယ် …
ဓါတ်ပုံထဲမှာတော့ အရမ်းလှနေတယ် .. အပြင်မှာတော့ ပူနေမှာပဲနော် ..
ကိုပေါက်(မန္တလေး)
April 2, 2013 at 1:18 pm
မဝေရေ မန်းလေးရောက်ရင် တောင်သမန်အင်းဝင် ဓါတ်ပုံရိုက်ပြီးမှ မေမြိုတက်ပြီး ညအိပ်
အကောင်းဆုံးပါဘဲ။
ဒါမှမဟုတ် လည်ပါတ်ပြီး မှ တောင်သမန်အင်းညနေခင်းဝင်ဓါတ်ပုံရိုက် အဲဒီကမှရန်ကုန်ကို အမြန်လမ်းကနေ
ပြန်ထွက်သွားလိုက်ရင်လဲ ရတယ်။
uncle gyi
April 2, 2013 at 10:42 pm
လွမ်းစရာ့ညနေ
လွမ်းအောင်ဖန်တယ်
ဘာကိုလွမ်းရမယ်မသိ
ကိုပေါက်မော်ဒယ်ကိုမြင်
အဟိ