Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“သံပုရာသီး တစ်လုံးရှိရင်ဖြင့်´´

ခင္ခApril 3, 20131min73421

“သံပုရာသီး တစ်လုံးရှိရင်ဖြင့်´´

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။

*နှုတ်ခမ်းကွဲခြင်း*
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက် နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။ပြီးရင်တော့ မျက်နှာ နဲ့ လက် ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေ တဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှ အပ အတွက်အကောင်းဆုံးပေး စွမ်းစေနိုင် တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက် ကင်းစေ တဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်းစေပါတယ်။ သံပုရာရည် နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင် လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂ဝ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေ မယ့် အရေပြားကို သန့်စင် သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်း နဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတော က်ပြောင် လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ် မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေး တစ်ဝက် တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်း ပါ တယ်။

*ခြေထောက်*
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင် ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့ အရည် ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေး ကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့လာပါ လိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာ အောင်လုပ် ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့် နဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာ ကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေး ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုး က ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာ တိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူး ထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျန်းမာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ်တင်ပြ လိုက်ပါ၏။
(မူရင်း – နှင်းဆီဖူးလေးများ)

 

ဖတ်ဖူးခဲ့တဲ့ တိုလီမိုလီစာပေစုထဲက သံပရာသီး တစ်လုံးရှိရင်ဖြင့် အလွယ်တကူလုပ်လို့ရနိုင်တဲ့ နည်းလေး တွေမို့ မျှဝေမှု့တစ်ခုပါ။

 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

21 comments

  • ကီလိုဇူးလူးဝီစကီ

    April 3, 2013 at 4:47 pm

    မိန်းခလေးဘဲဖြစ်ဖြစ် ယောကျင်္ားလေးဘဲဖြစ်ဖြစ်… အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ… ဒါ့ကြောင့်
    ဗိုက်ခေါက်ထူဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့ ရ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကိုမျှဝေလိုက်ပါတယ်…

    ဆေးနည်းက အလွန်လယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်… အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို
    ရောစပ်ပြီးအသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့… သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို
    တစ်ခါလိမ်းရုံ…ရောစပ်ပြီး လိမ်းပေးရမှာပါ…

    ဖေါ်စပ်နည်း

    သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး… အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ… အကြမ်းပုဂံလုံးထဲသို့
    အုံးဆီသုံးလေးစက်လောက် ထည့်ပေးပါ… ထို့နောက် …. ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ်
    မျိုးမျိုးကိုတစ်ခါလိမ်းစာ အနေတော်ထည့်ပြီး… မွှေပေးပါ…

    အသုံးပြုနည်း

    ညအိပ်ယာဝင်ခါနီးတိုင်း…… ဆေးကို ရင်ခေါင်းမှ ဝမ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင်
    ပွတ်လိမ်းပေးပါ… ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်… တစ်ပါတ်အတွင်း သိသာစွာ…
    ဗိုက်ချပ်လာသည်ကို…လက်တွေ့… တွေ့မြင် ခံစားရမှာပါ…(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့
    လိမ်းနေပြီး… ကျေးဇူးတင်ကြောင်း.ထောက်ခံချက်ပေးလာသောကြောင့်… သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)
    မှတ်ချက်- ညစာကို ပုံမှန် ထက်.လျှော့စားပေးရင်ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်…တစ်ပါတ်အတွင်း
    သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်၊

    Credit to စိတ်ကူးပျော်ရာ
    ~~~~~~~~~~~

    ဒါလေးကလဲ သံပုရာသီးနောက်တစ်နည်းသုံးမို့။
    လာပေးလိုက်တယ် ကိုခ…
    :mrgreen:

    • ရွာသူ jujuma .

      April 4, 2013 at 3:56 pm

      ဟုတ်ပါတယ် ကိုယ်တိုင်သုံးဖူးလို့ ဒီနည်းလေးကို သဘောကျနေတာ ..
      ဒါပေမယ့် တစ်ပတ်လောက်လိမ်းပြီး ရပ်ထားလိုက်တော့ ပြန်ပြီး အဆီတတ်ပြန်ရောဗျ …
      အဲတော့ နေ့တိုင်းလိမ်းပေးရမလိုဖြစ်နေတယ်… အစားအသောက်ကလည်းမလျှော့နိုင်လေတော့ …
      အော် အနိစ္စ … :hee:

      • etone

        April 9, 2013 at 11:23 am

        ခါးလှည့်ကွင်းနဲ့ ကစားကြည့်ပါ .. တကယ့်ကို ကျတယ် … ။
        အစပိုင်းတော့ .. လှည့်လျှင် လည်မှာ မဟုတ်သေးဘူး .. အကျင့်မရှိသေးတာကိုး ။
        တဖြည်းဖြည်း လေ့ကျင့်ရင်း … တော်တော် အဆင်ပြေလာတာ တွေ့ ရပါလိမ့်မယ် .. ဇွဲ ရှိဖို့တော့ လိုပါတယ် ။ တချို့ကလည်း တရက် နှစ်ရက်လောက်နဲ့ လုပ်တတ်တယ် … တချို့ကလည်း လနဲ့ချီတာတောင် မလုပ်တတ်ဘူး … ။ ကိုယ့်အားထုတ်မှုပေါ် မူတည်ပြီး …. အချိန်ကြာတတ်ပါတယ် ။

        • မယ်ဘုတ်

          April 9, 2013 at 12:18 pm

          ရှဲရှဲ ပါ ညီမရေ …
          ညီမပြောတဲ့နည်းကိုပဲ ခုလေ့ကျင့်နေပါတယ် …
          နှစ်ပတ် သုံးပတ်ပဲ ရသေးတယ်.. :kwi:

  • ခင်ခ

    April 3, 2013 at 5:01 pm

    လာရောက်မျှဝေမှု့အတွက် ဝမ်းသာပါတယ် ကီလိုဇူးလူးဝီစကီရေ။
    ကနဦး မန့်ခြင်းအတွက်လည်း ကျေးဇူးနော်။

    • ကီလိုဇူးလူးဝီစကီ

      April 3, 2013 at 5:05 pm

      မှတ်မိဘူးလား ကိုခ။
      :harr:
      ဟီးဟီး။
      ကော်မန့်က ထပ်သွားတယ်။ ပြင်လို့ရလား။
      :mrgreen:

  • ခင်ခ

    April 3, 2013 at 5:20 pm

    ဝီစကီ ဆိုတော့ မူးလောက်ပြီး ထပ်ရှာတာပေါ့နော်။
    သတိထားမိတဲ့ချိန်က ရုံးဆင်းမလို့ log out လုပ်နေပြီမို့ ပြန်ပြီး တစ်ခါ ရွာထဲ ပြန်ဝင်ရလို့ ခဏကြာသွားတယ် sorry ပါနော် ကီလိုဇူးလူးဝီစကီ ရယ်။

  • မောင် ပေ

    April 3, 2013 at 7:26 pm

    လေးခရေ
    အပေါ်ဆုံးက ၂ပိုဒ်ကို သေချာမှတ်သွားပြီဗျို ့
    ကွမ်းသမား ဆိုတော့က အသုံးဝင်မှာပဲ

  • nature

    April 3, 2013 at 7:45 pm

    အသဲမကောင်းလို့ အယ်လဖာဖီတိုပရိုတိန်း တက်နေသူများ ပျားရည်နှင့်သံပုရာရည်ရောသောက်ပါ။ ကိုယ်တွေ့ အယ်လဖာဖီတိုပရိုတိန်း ၁၂ မှ ပုံမှန်ပြန်ဖြစ်လာဘူးသည်။

  • nay khin

    April 4, 2013 at 9:18 am

    ဒို့ က အသားအရေ ခြောက်ပြီး အမဲခြောက်ဖုတ် မျောက်ရုပ်ဖြစ်နေလို့ ကူးသွားပြီးဗျို့
    မှတ်သားစရာလေးတွေ တင်ပေးထားလို့ ကျေးဇူးအထူးတင်ပါတယ်

  • ရာမည

    April 4, 2013 at 2:31 pm

    တော်တော်အသုံးဝင်ပါတယ်ဗျာ
    ကူးထားပါတယ် ။
    နောက်လည်း စောင့်ဖတ်ပါမယ်

  • ဗုံ ဗုံ

    April 4, 2013 at 3:55 pm

    သံပုရာသီးအစွမ်း အံမခန်းပါတကားး 🙄
    သံပုရာသီးဆို ဒီက ငရုတ်သီးနဲ့ သုတ်စားရတာလောက်ဘဲ သိတာ :mrgreen:

  • Novy

    April 4, 2013 at 4:30 pm

    ကိုခရေ..
    ဖတ်ရှုမှတ်သားသွားပါတယ်
    ပြီးမှလက်တွေလုပ်ကြည့်မယ်

  • Myo Thant

    April 5, 2013 at 2:04 pm

    ကျေးဇူးပါဗျာ

  • အလင်းဆက်

    April 5, 2013 at 6:54 pm

    ကျေးဇူးပါပဲ လေးလေးခရေ..။
    သံပရာသီး ရဲ ့ကောင်းကျိုးလေးတွေ..သိရတော့.. ဗဟုသုတလည်း ရ..
    အသုံးလည်း.ဝင်ပါတယ် ။
    ကျေးကျေး ။

  • မိုက်တယ် .. မိုက်တယ် …
    ချယ်ဘဲဟ …
    သံပရာသီး အကျိုးဆက်က အားဂျီးဘဲနော့ …
    ကျုပ်ကတော့ သွားအတွက် ပိုသုံးမိမလားပဲ ..
    ဘာပုလို့ဒုန်းဆိုဒေါ့
    ကွမ်းသမား မို့လေ ..
    စကားမစပ် ကွမ်းချိုးတွေ ဘာနဲ့ဆို ပိုပြောင်ဒုန်းဂျ …

    • ခင်ခ

      April 6, 2013 at 9:33 am

      ကွမ်းချိုးတွေ ပြောင်ချင်တယ်ပေါ့ ဟုတ်လား။
      တိုင်းရင်းဆေးညွှန်းက ဖီးကြမ်းဌက်ပျောသီး အခွံအတွင်းသားနဲ့ တိုက်ရင်ပြောင်နိုင်တယ်ဆိုပေမယ့်
      ကွမ်းချိုးအရမ်းများရင် သိပ်တော့မထိရောက်ဖူးမို့
      အကောင်းဆုံးနည်းလေး အကြံပေးလိုက်မယ် သွားကုသမှု့ ဆရာဝန်ဆီသွားပြီး
      ကွမ်းချိုးတွေ စက်နဲ့ ခြစ်ပစ်လိုက်ပေါ့ ပြီးရင်ကွမ်းမစားနဲ့တော့ ပြောင်မှပြောင်ဘဲဗျာ။

      • ရှဲရှဲ …
        အရင်ဆုံး တိုင်းရင်းဆေးနည်းနဲ့ စမ်းကျိအုံးမယ်ဂျာ ..
        အိုက်ဒါနဲ့ မရဒေါ့မှ ..
        သွားဆရာဝန် ဆီ ပြေးရမှာဘဲ …

  • ဦးကြောင်ကြီး

    April 9, 2013 at 9:58 am

    ခင်ခ
    ရွှင်ပြ
    ကြင်စ
    ဆင်မ
    တင်လှ
    ဂွင်ဗျ
    မြင်ရ
    ဟင်ဖွ..။

  • သူကလေး

    April 9, 2013 at 11:37 am

    ခုမှပဲ သံပုရာသီးအသုံးဝင်တာတွေသိတော့တယ်
    ကျေးဇူးပါရှင်
    အိမ်ရောက်မှ ကောင်းကောင်းအသုံးချလိုက်မယ် 😀

Leave a Reply