ချစ်လှစွာသော…………………
ချစ်လှစွာသော
ကျနော်ငယ်စဉ် ကလေးဘဝကတည်းက တရုပ်စံကားပင်ရဲ့ ဖွဲ့တည်ပုံရော
စကားပွင့်လေးတွေရဲ့အနံ့ရော အပွင်ဖြူဝါဝါလေးတွေပါနှစ်သက်ပါတယ်။
ကျနော်ဆယ်တန်းအောင်ပြီးတော့တက်ခဲ့တဲ့ သင်တန်းကျောင်းတစ်ခုလုံးကလဲ
စကားပင်တွေအပြည့် ။
မွှေးမြနေတဲ့ စကားပန်းရနံ့များက သတိရစရာ။
“စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်
အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။
မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ
တိတ်တိတ်ကလေးရင်တွေခုန်……………….”
ဘာညာကွိကွ ကဗျာတွေရေးခဲ့ကြတာပေါ့။
အဲဒီတုန်းက မောင်ပန်းမွှေးကဗျာခေတ်ကိုးဗျ။
စစ်ကိုင်းတောင်ရဲ့ သင်္ကေတမှာလဲ တရုပ်စံကားပင်က မပါမဖြစ်။
စစ်ကိုင်းတောင်ပေါ်က ဆွမ်းဦးပုညရှင်ရောက်တဲ့တစ်ရက်
စံကားပန်းတွေပွင့်နေတာမြင်တော့ စိတ်က အတိတ်တွေဆီပြန်ရောက်သွား။
အဲတော့ငယ်စဉ်ကတည်းက ချစ်လှစွာသောစကားပွင့်လေးများကို
အခုကြီးလာတော့လဲ ဒီတရုပ်စကားကိုနှစ်သက်ဆဲပါဘဲ။
ကိုပေါက်လမ်းသလားနေသည်
4-4-2014
15 comments
မဟာရာဇာ အံစာတုံး
April 6, 2013 at 9:42 am
အဟမ်းး
ဒါတွေကို မြင်တော့ ..
အတိတ်ကို ပြန်တွေးမိ ..
ဟိုဒင်းလေးကိုလည်း ပြန်လည် လွမ်းဆွတ်မိပေါ့ …
အားပေးတွားဘာဒယ်ဂျားး
MaMa
April 6, 2013 at 10:52 am
အပြိုင်အဆိုင်ကို ကြိုက်တယ်။
ပန်းလေးတွေ ပွင့်နေလိုက်တာ အပြိုင်အဆိုင်ပဲ ဝေနေတာမို့။ :hee:
ဗုံ ဗုံ
April 6, 2013 at 10:53 am
“စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်
အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။
မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ
တိတ်တိတ်ကလေးရင်တွေခုန်……………
တောက်စ် ဟိုလူဂျီး ဒွေများ ဖေပေါက် ခြေဖျားမမီဘူးကွာ ညံ့လိုက်ကြတာ …
ဗုံ ဗုံ
April 6, 2013 at 10:54 am
“စကားပွင့်လေး တစ်ပွင့် နှစ်ပွင့်
အိ်ပ်နေအချစ်ကလေးမျက်လုံးပွင့်။
မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ
တိတ်တိတ်ကလေးရင်တွေခုန်……………
တောက်စ် ဟိုလူဂျီး ဒွေများ ဖေပေါက် ခြေဖျားမမီဘူးကွာ ညံ့လိုက်ကြတာ …
ကီလိုဇူးလူးဝီစကီ
April 6, 2013 at 12:56 pm
အဲဂလာပဲ။
ဒီလူဂျီး ဒွေ ညံ့ချက်ကတော့။
ဟီး။
လေးပေါက် တရုတ်စကားပွင့်တွေကြည့်ပြီး မွှေးရနံ့ရလာသလိုလို…..
အသုပ်စားချင်သလိုလိုဖြစ်လာပြီရယ်။
ကိုပေါက်(မန္တလေး)
April 6, 2013 at 1:05 pm
“ကီဝီကီ” လေးရယ်
ငါ့ရဲ့မြုပ်ကွက်ကို ဖော်နိုင်တာ ညည်းဘဲရှိတယ်။
အတည်ပြောရရင်တော့ စကားပွင့်သုပ် စားချင်နေတယ်အေ့။
မောင် ပေ
April 7, 2013 at 1:30 pm
အဲဒီ စကားပွင့်ကို ပြုတ်ပြီး
မြေပဲလှော်ထောင်း ပဲမှုန် ့ဆား ပုစွန်ခြောက်ထောင်း ၊ ပဲဆီ လေးနဲ ့ရောသမမွှေပြီး
ထန်းရည်ကနေချက်ထားတဲ့ ထွေးညို ဖိုချရေလေး နဲ ့
ဆွဲလိုက်ရလို ့ကတော့
ရှလွတ်….
အရိပ်စစ်
April 6, 2013 at 6:29 pm
စံပယ်ဖြူလေးတွေ လိုပဲ စကားပွင့်လေးတွေကလည်း
ရင်ကိုအေးစေတာပဲနော်
TNA
April 6, 2013 at 6:47 pm
အဲပန်းလေးတွေ သုတ်စားချင်တယ်လေးပေါက်ရေ။ လှနေတော့လဲမစားရက်ပြန်ဘူး။
Mr. MarGa
April 6, 2013 at 8:04 pm
အဲ့ ပန်းတွေပေါ့
ဟိုတစ်ခါ ငါန်းဇွန်ဘက်သွားတုန်းက တွေ့တာ
လုံးဝ ကောက်ချင်စရာ ခူးချင်စရာဗျာ………………………..
ကိုပေါက်(မန္တလေး)
April 6, 2013 at 10:41 pm
ဒီပန်းများကောက်ချင်ရင် ကန်တော်ကြီးဘေးလာခဲ့ ပေါမှပေါ
Mလုလင်
April 6, 2013 at 10:52 pm
အဲ့ ပန်းကို . . . တစ်ခါ မှ မစားဘူး သေးဘူး . . မန်းလေး ရောက်ရင် သုပ် ကျွေးပါ . . . ပြောမယ့်သာပြောရ . . မန်းလေး နဲ့ တော့ ဝေးဝေးကပဲ လွမ်းနေပါဦးမယ် . . .။
ကိုပေါက်(မန္တလေး)
April 6, 2013 at 11:17 pm
ကျွေးအုံးမယ် ကွယ့်
နေဝန်းနီ
April 7, 2013 at 9:30 pm
ကျနော့် အိမ်က စကားပွင့်က အနီဗျ….။ ခုထိပွင့်မတုန်းသေးဘူး တစ်နှစ်လုံးပွင့်နေတာ အခြောက်တွေကောက်ထားတယ် ရောင်းစားမလို့ ……..။ :hee:
ကိုပေါက်(မန္တလေး)
April 7, 2013 at 9:43 pm
ကိုနေ အနီပင်လဲ ရှိတယ် ရိုက်ထားသေးတယ် အနီပင်ကရှား၏