စာရေးဆရာထက်ဝေးသို့ကျေးဇူးတင်စကား(ပေးစာ)
စာပေလုပ်သားစာရေးဆရာတွေပြည်သူကြားမှာကောင်းကျိုးတွေနဲ့မတရားခံနေရ
တဲ့ပြည်သူဘက်ရပ်တည်တဲ့အကြောင်းကြားရတော့ဝမ်းသာပီတိဖြစ်ရသဗျ။
ဒီလိုကောင်းကျိုးဆောင်ရွက်တဲ့စာရေးဆရာတွေကိုကျေးဇူူးတင်စကားပြောချင်လှသမို့
ဒီဆိုဒ်လေးကနေကာယကံရှင်ကိုယ်စားကျေးဇူးစကားပြောပြီဗျို့။ကျုပ်ကဧရာဝတီတိုင်ူဒေသကြီးအိမ်မဲမြို့မှာ
ဘဲကြီးပြင်းရသူတစ်ယောက်ဆိုတော့စာပေဗဟုသုတအားနည်းသလိုစာရေးဆရာအများကြီးနဲ့ခင်မင်ခွင့်မရတဲ့
အတွက်ကျန်တဲ့စာရေးဆရာတွေရဲ့ပြည်သူဘက်ပါဝင်တဲ့အကြောင်သိပ်မသိလှပါဘူူးဒါေပေမယ့်ကျုပ်တို့မြို့အိမ်မဲက
စာရေးဆရာသတင်းစာဆရာကဗျာဆရာထက်ဝေး(သို့)ဦးဇော်မင်းထက်ကတော့ကျုပ်တို့မြို့အတွက်သိပ်အားကိုးရသဗျာ ။
ကျုပ်တို့အိမ်မဲမြို့ချောင်းဝရပ်ကွက်မှာနေတဲ့မွတ်ဆလင်ဘာသာညီအကိုနှစ်ဦးဖြစ်တဲ့ ဝါဟစ် နဲ့ မဲတူ တို့ရဲ့
လယ်တွေကိုစက်မှုလယ်ယာကသိမ်းယူထားခဲ့သတဲ့အဲဒီ့မှာကျုပ်တို့အားကိုးရတဲ့စာနယ်ဇင်းသမားသတင်း
စာဆရာထက်ဝေး(ခ)ဇော်မင်းထက်ကဘာသာတူလဲဖြစ်အိမ်မဲမြို့နေပြည်သူလဲဖြစ်တဲ့အတွက်ဝင်ရောက်
ကူညီတိုင်စာရေးပေးလိုက်တော့မတရားလယ်သိမ်းချင်တဲ့သူတွေကားခနဲဖြစ်တော့တာဘဲဗျို့…..။
ဘာကြောင့်ကျေးဇူူးတင်ထိုက်လဲဆိုတာပြောရအုံးမဗျ။တိုင်စာရေးပေးတဲ့စာရေးဆရာထက်ဝေးရဲ့စွန့်စားခန်းတိုင်
စာရေးရပုံကအိမ်မဲဆိုတဲ့နယ်မြို့ကျဉ်းလေးမှာစာစီစာရိုက်ဆိုင်က၃ဆိုင်လောက်ရှိတော့ဒီမြို့မှာဘဲစာရိုက်ရင်ကိစ္စပွ
သွားမလေ။ဒီတော့ပုသိမ်မြို့မှာသွားပြီးစာစီစာရိုက်လုပ်ရသပေါ့။တိုင်ကြားစာမှာကဥပဒေအချက်အလက်တွေပါတယ်
ဆိုတော့စာရေးဆရာကဒီလိုပြောခဲ့ရသတဲ့” ဟေ့ စာရိုက်တဲ့ကလေးမ တို့အိမ်မဲမြို့ကရှေ့နေကြီးဦးငွေကြည်ကို
သိတယ်မဟုတ်လားဒီတိုင်စာကရှေ့နေကြီးရေးပေးထားတာစာမှာ
ပါတဲ့ဥပဒေအချက်တွေစာသားတွေမမှားစေနဲ့တော်ကြာရှေ့နေကြီးစိတ်ဆိုးနေမယ်။သူစိတ်ဆိုးရင်လွယ်
တာမဟုတ်ဘူးနော်”ဒီလိုစွန့်စားခန်းဖွင့်ပြီးပြည်သူဘက်ကရပ်တည်ပေးခဲ့တာအားကိုးစရာမဟုတ်ပေလော…..။
လယ်ယာသိမ်းယူထားတဲ့ဌာနဆိုင်ရာကိုလယ်မြေပြန်ရဖို့ညှိနှိုင်းမယ်ဆိုသိန်းချီကုန်ကျမယ့်ငွေကြေးအစားတိုင်စာ
တစ်စောင်ငွေငါးသောင်းသာယူတဲ့သတင်းစာဆရာထက်ဝေးကြောင့်ဝါဟစ်တို့မဲတူတို့ညီအကိုတွေသက်သာရာရ
သွားတဲ့အပြင်သိမ်းထားတဲ့လယ်တွေလဲအခြေအနေပြန်ကောင်းသတဲ့။ဒါကြောင့်ကျုပ်မှာမနေနိုင်မထိုင်နိုင်ကိုယ့်
အကြောင်းအရာမဟုတ်သော်ငြားကျေးဇူးစကားဆိုချင်လာသဖြင့်နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့အတိုင်းကျေးဇူးတင်
ရပါတယ်မောင်ရင်လေးထက်ဝေးရယ်လို့ပြောလိုက်ရပါသဗျား….။
2 comments
johnnydeer
April 17, 2013 at 2:52 pm
ဟုတ်သေးဘူးထင်တယ်…ဒုက္ခရောက်တဲ့သူ ကူညီတာ ချီးကျုးစကားရေးတာကောင်းပါတယ်…ဒါပေမယ့် ဘာကြောင့် မွတ်စလင်ဘာသာဆိုတာတို့….ဘာသာတူကို ကူညီတာတို့ ဆိုတဲ့ စကားလုံးတွေက ပါလာတာလဲ…ပြီးတော့ တိုင်စာရေးပေးတဲ့ အတွက် ငါးသောင်းယူတယ် ဆိုတာကလဲ ဘာမှ အဓိပါယ်မရှိဘူး လို့ ထင်တယ်…တိုင်စာကို ပုသိမ်သွားပြီး စာစီတာကလဲ ဘာမှ စွန့်စားခန်းမပါဘူးထင်ပါတယ်…ဒီခေတ်ကာလမှာ လက်ပ်တော့တစ်လုံးရှိ ကိုယ့်ဘာသာကိုတောင် စီလို့ရတယ်…
ဗျို့…အယ်ဒီတာ…ကျုပ်ကျက်လိဦး…ဒီလိုစာတွေကို…ဖတ်ရတာ စိတ်ပိန်တယ်…
ဦးကြောင်ကြီး
April 18, 2013 at 10:10 am
အာဏာပိုင်များကို သတင်းပေးတဲ့စာပါ။ အင်ဖော်မာကြေး တဝက်ခွဲပေးဖို့ အယ်ဒီတာကိုယ်စား ပြောချင်တယ်..။