ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့အစိုးရသစ်လက်ထက်မှာအာဏာရပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့အရေးပါပုံကိုတွေ့မြင်နိုင်သလို။နိုင်ငံတာဝန် ထမ်းဆောင်တဲ့အခန်းကဏ္ဍတွေမှာပါတီဝင်တွေနဲ့ပါတီတာဝန်ရှိသူတွေဟာအထူးတာဝန် တစ်ရပ်အနေနဲ့ပြည်သူအပေါ်စေတနာထားတာဝန်ထမ်းဆောင်ကြတာလည်းတွေ့မြင်ရပါတယ်။ ၂၀၁ဝမှာပြည်ခိုင်ဖြိုးအသင်းကနေပါတီအသွင်ပြောင်းလဲဖွဲ့စည်းခဲ့ ပြီးပါတီတွင်းကအလားအလာရှိတဲ့လူငယ်တွေကိုရွေးချယ်ပြီး၁ဝနိုင်ငံလေ့လာရေးခရီးတွေနိုင်ငံတော် အစီအစဉ်နဲ့စေလွှတ်ခဲ့ပါတယ်။ နိုင်ငံတကာအတွေ့အကြုံယူပြီးကိုယ့်နိုင်ငံကိုယ့်ဒေသမှာဖွ့ြံဖိုးရေးလုပ် ကိုင်နိုင်အောင်ဒေသအသီးသီူလူငယ်တွေအပေါ်မြေတောင်မြှောက်ပေးနေရာတွေပေးခဲ့ကြပါ တယ်။ ကိုယ်နိုင်ငံကိုယ့်လူမျိုးကိုယ့်ဒေသ ကိုယ့်မြို့ကိုယ့်ရွာမှာနိုင်ငံတော်နဲ့အတူပူးပေါင်းလုပ်ဆောင်စေချင်တဲ့နိုင်ငံတော်အကြီးအကဲများရဲ့စေတနာ လို့တွေးထင်မိပါတယ်။သို့သော်အချို့သောစေလွှတ်ခံရသူလူငယ်တွေမှာ၁ဝနိုင်ငံပြန်ဆိုတဲ့ဂုဏ်ကိုနားထင် အထိရောက်အောင်တင်လူကြီးတွေမြေတောင်မြောက်ပေးမှုကိုအရာမထင်အောင်အောက်ခြေလွတ်ပရမ်းပ တာအနေအထိုင်နဲ့မိမိဒေသမြို့ရွာအတွက်အသုံးမဝင်အံဝင်ဂွင်ကျမဖြစ်ဘဲအမှိုက်ရှုပ်အမှိုက်ထုပ်သဖွယ်ဖြစ်နေ ကျင့်ကြံနေတဲ့လူငယ်တွေကိုကျနော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာတွေ့မြင်နေရပါတယ်။ပြည်ခိုင်ဖြိုးပါတီရဲ့လမ်း စဉ်နဲ့မူဝါဒရည်ရွယ်ချက်တွေနောက်မှာချန်ပြီးအရက်သေစာမူးအောင်သောက်ပါတီနံမည်တပ်ပြီးဆဲရေးတိုင်း ထွာမြို့အာဏာပိုင်ဌာနအကြီးအကဲမှန်သမျှနဲ့ဒေသနေပြည်သူတွေကိုအပုပ်ချရေးသား၁ဝနိုင်ငံပြန်လူရမ်းကား အဖြစ်ကိုရောက်နေတဲ့လူငယ်တွေကျနော်တို့မြို့မှာအထင်အရှားတွေ့မြင်ရပါတယ်။ဧရာဝတီတိုင်းဒေသကြီးရဲ့၂၆မြို့နယ် မှာပါဝင်တဲ့ကျနော်တို့ရဲ့အိမ်မဲမြို့လေးဟာကျေးရွာ၉ရအုပ်စုမြို့ရပ်ကွက်၅ခုနဲ့တည်ဆောက်ထားပါတယ်။အိမ်မဲမြို့လေး ဟာအေးချမ်းသာယာပြီးဒေသဖွံ့ဖြိုးရေးလုပ်ဆောင်တိုင်းမှာမြို့နေပြည်သူတွေညီညွတ်ပြီးအားကြိုးမာန်တက်ပူးပေါင်းပါ ဝင်လုပ်ကိုင်တတ်တဲ့မြို့လေးအဖြစ်အိမ်မဲရောက်လာကြတဲ့ဝန်ထမ်းအရာရှိတွေရဲ့ချီးကျူးထောပနာပြုမှုကိုခံရတဲ့မြို့လေး ပါ။ပြည်ခိုင်ဖြိုးအသင်းကနေပါတီပြောင်း၁ဝနိုင်ငံလေ့လာရေးခရီးစဉ်ထဲမှာအိမ်မဲမြို့ကတပ်မတော်အငြိမ်းစားဗိုလ်ကြီးတင့် လွင်ရဲ့သားဇွဲမာန်လွင်ဆိုတဲ့လူငယ်တစ်ဦးပါသွားခဲ့ပါတယ်။၁ဝနိုင်ငံခရီးစဉ်ပြန်ရောက်တဲ့လူငယ်တွေကိုအဆင့်ဆင့် သင်တန်းတွေပေးတာဝန်တွေထမ်းဆောင်စေခဲ့တာအိမ်မဲမြို့ကဇွဲမာန်လွင်ဆိုတဲ့လူတစ်ယောက်ဟာအိမ်မဲမြို့ပြည်ခိုင်ဖြိုး ပါတီမှာECအလုပ်အမှုဆောင်သတင်းတာဝန်ခံအဖြစ်မြေတောင်မြောက်ပေးခြင်းခံခဲ့ရပါတယ်။နိုင်ငံတိုးတက်ံပြောင်းလဲ လာတဲ့အခြေအနေမှာမီဒီယာလွတ်လပ်ခွင့်နဲ့နည်းပညာတိုးတက်လာမှုအပေါ်အင်တာနက်အသုံးပြုမှုတွေတွင်ကျယ်လာခဲ့ ပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့မြေတောင်မြောက်ပေးမှုနဲ့ပါတီသတင်းတာဝန်ထမ်းဆောင်နေတဲ့ဇွဲမာန်လွင်ဟာသတင်းမီ ဒီယာကိုအခြေပြုခုတုံးလုပ်ပြီးနိုင်ငံတော်စေတနာနဲ့အိမ်မဲမြို့ကောင်းကျိုးများစတင်ပြုလုပ်ခဲ့ပါတယ်။အင်တာနက်ဖေ့ဘုတ်မှာ အိမ်မဲသား။ကိုဇွဲမာန်။media watch။Shwe  kayin။အစိမ်းရောင်ကွန်မြူနစ်၊စနေမင်းသားစတဲ့နံမည်တွေနဲ့အိမ်မဲမြို့ကမဲဆန္ဒနယ်အမှတ်၁တ စ ည  ပါတီကိုယ်စားလှယ်မန်းညိမ်းရွှေ။မဲဆန္ဒနယ်အမှတ်၂ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဦးမြသန်း။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရာဇာဝင်း။ မြို့နယ်မြေစာရင်းဦးစီးမှူးဦးခင်မောင်ဝင်း။ ဒုမြေစာရင်းဦးစီးမှူးဦးဇော်ဇော်ဦး။မထသဥက္ကဌဦးမြင့်သိန်း။အိမ်မဲပြည်ခိုင်ဖြိုးရုံးတာဝန်ခံဦးကြည်လှိုင်။ကြက်ခြေနီအကြီးအကဲ ဦးတင်ဦး။စည်ပင်သာယာအဖွဲ့၏လမ်းခင်း ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်နှင့်စည်ပင်အဖွဲ့အပေါ်၌၎င်း။သတင်းစာဆရာအသင်းတိုင်းအလုပ်အမှုဆောင်ဦးဦးဇော်မင်းထက်(ခ)စာရေးဆရာထက်ဝေး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ။ အိမ်မဲမြို့ envoyဂျာနယ်။မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက်ဦးသူရစိုး။စသည့်တို့အပြင် အိမ်မဲမြို့နေပြည်သူများ၏နံမည်များတပ်၍ရေးသားခြင်း။ဓါတ်ပုံများခိုးယူတင်ခြင်း သတင်းအသွင်မဆောင်ဘဲ။နားအကြားမိမိအတွေးအထင်များဖြင့်ဂုဏ်သိက္ခာကျဆင်းအောင်အပုပ်ချရေးသားစော်ကားခြင်းများပြုလုပ်ပြီးကျေးဇူးပြု လုပ်ဆောင်လျှက်ရှိပါတယ်။သတင်းပညာရပ်မပါသောရေးသားမှု။သတင်းသမားနှလုံးသားမရှိဘဲမိမိအတွေး။မိမိအထင်။လေ့လာမှုမရှိအကြားတစ်ခု တည်းဖြင့်ကိုယ်ပိုင်သုံးသပ်ချက်များနှင့်အကြည်အညိုပျက်လောက်အောင်ရက်ရက်ရောရောရေးသားပြီးကျနော်တို့မြို့ကိုကောင်းကျိုးပြုတာဗြောင်း ဆန်နေလေရဲ့။နိုင်ငံတော်စေတနာနဲ့အကုန်အကျခံမြေတောင်မြောက်ပေးတဲ့စေတနာကိုသိရှိနားလည်ပြီးနိုင်ငံတော်ကိုအကျိုးပြုနေတယ်လို့ထင်မြင် မိပါတယ်။၎င်း၏ဂုဏ်သိက္ခာမဲ့ရေးသားတိုက်ခိုက်မှုများကြောင့်အိမ်မဲစာပေသမားများသာမက၊ပြည်ခိုင်ဖြိုးပါတီဝင်များ၊တ.စ.ညပါတီဝင်များ၊ Nldပါတီဝင်များ၊ယခုအသစ်ဖွဲ့စည်းထားသောတောင်သူလယ်သမားပါတီဝင်များအပါအဝင်၊အိမ်မဲမြို့၌တာဝန်ထမ်းဆောင်နေသောပြည်သူ့ဝန် ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများအကြောင်းများကိုပါကျင့်ဝတ်မဲ့သောအရေးအသားများ၊သူတစ်ဦးတစ်ယောက်အပေါ်ဂုဏ်သိက္ခာညှိုးနွမ်းစေသော အရေးအသားများဖြင့်ရေးသာတိုက်ခိုက်လျှက်ရှိပါသည်။နိုင်ငံတော်အာဏာရပါတီမှအမှုဆောင်ECသတင်းတာဝန်ခံတစ်ယောက်အနေဖြင့်ယခုကဲ့သို့ဂုဏ် သိက္ခာမရှိပြုမူဆောင်ရွက်နေခြင်းများအပေါ်၊ပါတီအကြီးအကဲများအားတိုင်ကြားခြင်းများပြုလုပ်ထားသော်လည်းပြည်ခိုင်ဖြိုးပါတီအနေဖြင့်မည်သို့မျှအရေး […]


မန်းဂေဇက်ကို….အလွမ်းနေခက်လို့….လှမ်းလေခဲ့ပြန်ပေါ့။ဝါသနာတူစာပေဝါသနာရှင်.အများစုနေသမို့ ရင်တွင်းအပူကိုမျှဝေပေးလိုက်ချင်ငဲ့……အများရင်မှာခံစားရသည်က….ခလေးငယ်ရှူးရှူးပေါက်တာကို ပင်လယ်ပြင်ကြီးမှောက်ချသလိုမတင်စားချင်တာပ……..အချဉ်များရင်အချိုနဲ့အုပ်သော်ပြေကောင်းပြေ နိုင်ပေမယ့်….ယင်မနားရင်အရသာမစစ်သမို့…..အိမ်မဲမဂ္ဂဇင်းပင်ထွက်လာချေပြီ…မဂ္ဂဇင်းပင်ထွက်လာ သော်ငြား…မြို့တည်သမိုင်းဝင်ဘုရားရှင်ပင်ချမ်းသာသမိုင်းကိုရေးသားပူဇော်သူကပူဇော်…..မိစ္ဆာအယူ ရယ်ကတီထွင်စီစဉ်တာက.ဘုရားပုံတော်မပါ…မွမ်းမံသူသာသနာပြုတကောဆရာတော်ဘုရားပုံတော်ကိုလ …ပုံငယ်ငယ်ဖြင့်ထည့်သွင်းကာပူဇော်….ထိုအချင်းကြောင့်ကုန်သည်၊သူဌေး၊သူကြွယ်များကမကြည်ဖြူ ဇော်ဂျီလို…သူယောင်မယ်ကိုတမ်းတတ်သူတဏှာရူးရယ်က…..ဘာမထူးတဲ့..စာရူးများကိုတင်ခေါ်…… ချိုချို..ချဉ်ချဉ်ဟိုယခင်အတိတ်ဟောင်းမှာလ….လယ်ပေါ်စုရွာလုံးကျွတ်အိမ်မက်..မက်လေပြီ။မက်သည့် အတိုင်းရှာဖွေကာ….ချုံနွယ်မှာရှုပ်ထွေးနေပါလို့…..ပူဇော်ထူးကိုခံထိုက်သောဘုရားရှင်ပင်…….တရားအရှင် ပေးသောအိမ်မက်ကိုအစွဲပြုပါလို့….ကျေးရွာလူထုခေါ်လိုက်ပါတဲ့အိမ်မက်မြို့တော်….ရာဇဝင်လာ…ဇရာထွင် ကာပြောင်းပေပေါ့….ခေတ်ကာလအခေါ်.အိ်မ်မဲမြို့တော်။ထိုထိုအစဉ်လာ…မြင်ပါသော်ဂရုမစိုက်တယ်…ထုရိုက် ပါသော်လည်း…သူစရိုက်ရယ်က…မင်းဆိုးရာဇာကိုမြှောက်ပင့်စားသူ…..ထို့အတူ….တူသောအကျိုးကိုပေး လိမ့်မပေါ့…တို့ဘုရားက….အခြားနှင့်မတူ……ဆုမတောင်းပါ….အခုခေါင်းရှောင်တာကကုန်ကျစရိတ် (၄၅)သိန်းရယ်ကြောင့်…စုစောင်းကာ…ရသူဝမ်းစိုစေဖို့….တစ်ချက်စောင်းကြည့်ပါက…..ရွှေစကား… ဟာဘာလဲလူတိုင်းသိသမို့…..အမငှီး……သွားပါပေါ့..နှစ်(၃၀)ကြာတဲ့အိမ်မဲမဂ္ဂဇင်း.ရယ်…..။  


ခရိုနီသတင်းသမား  ၊  ထိုကုလားသည် ဖားခြင်းအမှု          ၊တွင်တွင်ပြု၍ လူထုမုန်းအောင်လုပ်နေသည်။ လူထုသတင်း     ၊ ကွင်းမဆင်းဘဲ အသစ်ရောက်လာ ၊ မြို့အုပ် “ဆရာ” ကို ခေါင်းနှင့်ပွတ်၍မလွတ်သတင်းရှာတော့သတည်း။ ထိုမှတဖန် အကြံအဖန်သမား  ၊သံဂွင်းကုလားသည် မြို့နယ်မဂ္ဂဇင်း     ၊ သူဆောင်ကြဉ်း၍ ငွေဖန်တီးယူ       ၊မျက်နှာကောင်းယူသည် အလုပ်အကိုင်မရှိသူပေကိုး…………..။ ကိစ္စများမြောင်   ၊ကုလားတို့ဘောင်ဝယ် အကြံအဖန်မှန်သမျှ  ၊ငါကုလားကွဟု ဟစ်ကြွေးသံချီ     ၊  သတင်းစာဆရာအမည်……………………… ……………။ ဇော် ဂျီလို…သူယောင်မယ်ကိုတမ်းတတတ်သူ…..။ မင်း ဆိုးရာဇာကိုမြှောက်ပင့်စားတတ်သူ…………..။ ထက် ကောင်းကင်တွင် ကျီးကန်းများပျံဝဲသည်ကိုနှစ်သက်တတ်သူ………..။ ဪ…………..ပြောမဆုံးပေါင်…..တောသုံးထောင်လို့တင်စားရမလိုဘဲ….။ စကော……သုံးထောင်လောက်တောင်ဇောက်မနက်သူလိုပ……………။ သူသူငါငါလူအထင်ကြီးအောင်……….နိုင်ငံပိုင်သတင်းစာမှာရေးတာ…ငါ..ကုလားကွလို့…..။ ကြွေးကြော်ရေးသားသော်ငြား…….ပြည်သူ့အတွက်မပါ… ငါ့ ..ကုလားအတွက်သာ…ဖားကြောင်း….ယားကြောင်းဦးထိပ်ထားတတ်သူမို့……။ သတင်းစာဆရာအသင်းက…ဆရာ..တို့ရေ……….သေချာစီစစ်ကာထားကြပါတော့လားဟား…..လား…ဟား…..လား……။


နိုင်ငံဝန်ထမ်တွေတာဝန်ကျရာမြို့နယ်တွေကနေပြောင်းရွှေ့ကြတဲ့အခါမှာနှုတ်ဆက်ပွဲလုပ်ကြတယ်။ဒေ သခံတွေဘဝတူဌာနဆိုင်ရာဝန်ထမ်းတွေကနှုတ်ဆက်ပွဲကိုတက်ရောက်ပြီးလက်ဆောင်ပစ္စည်းတွေပေးကြ အမှတ်တရပစ္စည်းပေးကြနဲ့နှုတ်ဆက်တတ်ကြတယ်ဒါပေမယ်နှုတ်ဆက်ပွဲဖိတ်ကြားတဲ့စာကိုကြည့်ရင်တော့ အာဏာရှင်ဆန်တဲ့ဖိတ်ကြားမှုတွေကိုတွေ့ရတယ်။ဥပမာအနေနဲ့(၂၂)ရက်ဧပြီလ၂၀၁၃ခုနှစ်မှာကျင်းပ မယ့်အိ်မ်မဲမြို့အုပ်ချုပ်ရေးမှူးရာဇာဝင်းရဲ့နှုတ်ဆက်ပွဲဖိတ်ကြားစာလေးကိုဓါတ်ပုံရိုက်ပြီးတင်ပေးထားပါ တယ်။အခမ်းအနားအစီအစဉ်ကိုဖိတ် ကြားစာတွင်ပါသည့်အချိန်အတိုင်းပြုလုပ်မှာဖြစ်သောကြောင့်မပျက်မကွက်တက်ရောက်ပါရန်ဆိုတဲ့ အရေးအသားကဒီမိုကရေစီခေတ်မှာစဉ်းစားစရာပါ။ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့နှုတ်ဆက်ပွဲကသက် သက်ပြုလုပ်သွားပါတယ်။အဲဒီ့နေရာမှာလည်းကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးရာဇာ ဝင်းတပည့်ထွေ/အုပ်ရုံးကလူတွေမှာလိုက်တဲ့စကားကမင်းတို့တွေနှုတ်ဆက်ပွဲကိုလာရင်လက်ဆောင် ထုပ်ကြီးတွေအကြီးကြီးလုပ်မလာကြနဲ့စာအိတ်နဲ့ပဲလာကြတဲ့။စကားပုံရိုင်ရိုင်နဲ့ပြောရရင်မျောက်ပြပြီး အဆံတောင်းနေသလိုပါလားကွယ်ရို့။ဒီနှုတ်ဆက်ပွဲကိုမလာရင်ဘာဖြစ်မလဲမင်းတို့ငါနဲ့လွတ်အောင်နေကြ ဆိုပြီးကြိမ်းဝါးတဲ့စကားတွေ၊စိမ်းကားတဲ့အကြည့်တွေကြည့်တာခံကြရတော့မချစ်သော်လည်းအောင့်ကာနမ်းကြ ရသပေါ့ဗျာ။နိုင်ငံတော်ကတော့ပြောနေတာဒီမိုကရေစီစကား၊ဒီမိုကရေစီလမ်းစဉ်၊အောက်ခြေဝန်ထမ်းတွေကျင့် သုံးနေတာကအာဏာရှင်စနစ်ဒီတော့ယုံကြည့်မှုနဲ့လက်တွဲကြပါစို့ဆိုရင်နိုင်ငံတော်အကြီးအကဲတွေရဲ့မူဝါဒတွေ၊ ချမှတ်တဲ့လမ်းစဉ်တွေဘယ်လောက်ကောင်းကောင်းပြည်သူရဲ့ယုံကြည်မှုကအောက်ခြေဝန်ထမ်းတွေရဲ့မပြောင်း တဲ့မူကြောင့်ယုံကြည်ရခက်တာပေါ့ဗျာ…။ နှုတ်ဆက်ပွဲအကြောင်းလေးပြီးတော့လုံခြုံရေးအကြောင်းပြောပြရမယ်။မိထ္တီလာပဋိ ပက္ခမှာအိ်မ်မဲမြို့ကငွေကြေးချမ်းသာတဲ့ဦးရာဇက်မိသားစု၊ဦးဟာရှင်(ခ)ဦးမြင့်လွင်မိသားစုအစရှိတဲ့ငွေကြေးချမ်း သာတဲ့သူတွေဟာတစ်နေ့မှာအိမ်မဲမြို့ကိုမီးလာရှို့မယ်ကြားတော့မိသားစုလိုက်ကိုယ်ပိုင်ကားတွေနဲ့ထွက် သွားခဲ့ကြတယ်။အဲဒီသတင်းတွေကြောင့်အိမ်မဲမြို့မှာဟိုမြို့ကဖုန်းဆက်မေး၊ဒီမြို့ကဖုန်းဆက်မေးနဲ့ကောလဟာလ ကြောင့်မတည်မငြိမ်ဖြစ်သွားခဲ့ရတယ်။အဲဒီအချိန်မှာမြို့နယ်အုပ်ချုပ်ရေးမှူးကထွက်ပြေးကြတဲ့မိသားစုတွေကိုဖုန်း ဆက်ပြန်ခေါ်ခဲ့တယ်။သူတို့အတွက်လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပေးမယ်ဆိုပြီးအာမခံခဲ့တယ်။သူအာမခံ တာကြောင့်ရှောင်ပြေးတဲ့မိသားစုတွေအကုန်အိမ်မဲမြေကိုပြန်ရောက်လာကြတယ်။လုံခြုံရေးအဖြစ်ညဘက်တွေ မှာမြို့အာဏာပိုင်အဖွဲ့အစည်းရယ်၊လက်နက်ကိုင်အဖွဲ့အစည်း၊ဗလီဆရာဘာသာရေးခေါင်းဆောင်တွေ၊အလင်းစေ တမန်ဓမ္မဒါနလူငယ်တွေကိုပေါင်းစုံစေပြီးညတိုင်ဆိုင်ကယ်အစီး(၂၀)နဲ့လုံခြုံရေးကင်းလှည့်ခဲ့တယ်။မတည်ငြိမ် ကာစမှာတော့ကြောက်စိတ်ဝင်နေတဲ့အိမ်မဲမြို့နေပြည်သူတွေကကျေးဇူးတင်ကြတာပေါ့။နောင်ရက်ပေါင်းကြာ လာတဲ့အခါမှာမေ့မေ့ပျောက်ပျောက်ဖြစ်ပြီးကြောက်စိတ်ပြယ်စပြုနေတဲ့ပြည်သူတွေသူတို့လှည့်လာတဲ့ဆိုင် ကယ်သံတွေကြားရင်ကြောက်စိတ်ပြန်ဝင်လာကြတယ်။ဆိုင်ကယ်တဝေါဝေါနဲ့လုပ်နေတာလုံခြုံရေးကြောင့်လို့ထင်ခဲ့ ကြတယ်။အခုအချိန်ဇာတ်ပေါင်းခန်းရောက်မှသဘောပေါက်တော့တာဗျို့မြို့နယ်အုပ်ချုပ်ရေးမှူးရာဇာဝင်းနဲ့ သူ့အောက်ကဒုဦးစီးမှူးသီဟစိုးနှစ်ဦးစလုံးရဲ့ဇနီးမယားတွေကိုယ်ပေါ်မှာရွှေဖြူတစ်ဆင်စာကိုမွတ်ဆလင်တွေ ကဆင်ပေးလိုက်ကြတာပေါ့။ကဲဒီတော့၉၆၉သီချင်းကိုပြောင်းဆိုရရင်တစ်ခြားဘာသာကောင်းစားရေးကိုဦးရာဇာ ကဆောင်ရွက်သည်လို့ပြောင်းရတော့မလိုပေါ့ဗျာ…။ အိမ်မဲမြို့အတွက်လုံခြုံရေးပေးတယ်ထင်တာခုတော့မွတ်ဆလင်လုံခြုံရေးကိုတာ ဝန်ယူနေသလိုဖြစ်ရပေါ့ဗျာ……။အိမ်မဲမြို့စရောက်တဲ့ဝန်ထမ်းအရာရှိတွေပြောတတ်ကြတဲ့စကားရှိတယ်။ ခင်ဗျားတို့အိမ်မဲမြို့ဆိုတာကျုပ်တို့ဝန်ထမ်းတွေအတွက်ကအ…မဗျ။(အ…..မ)ဆိုတာသိလားအောင်မြေ ကိုပြောတာဗျ။ကဲဒီလိုသတ်မှတ်ရအောင်ကျုပ်တို့မြို့ကအကြီးကြီးလားဗျာဆိုတော့မဟုတ်ပါဘူး။နယ်မြို့ ကလေးတစ်မြို့ပါ။လာသမျှမြို့အုပ်ချုပ်သူတွေပညာပြကြတော့စီးပွားရေးသမားကကြောက်ပြီးပေးရကမ်း ရတော့တာပေါ့ဗျာ….။အရင်ဦးသိန်ဝင်းဆိုတဲ့အုပ်ချုပ်ရေးမှူးကပိုဆိုးတယ်လုပ်ငန်းရှင်လဲဆဲဆို၊ရုံးကဝန် ထမ်းတွေလဲဆဲဆိုနဲ့ကျုပ်တို့မြို့လေးဝန်ထမ်းကောင်းနဲ့တစ်ခါမှကိုမထိတွေ့ရတာအမှန်ပဲ။လာသမျှမြို့ အုပ်ချုပ်သူတွေငတ်ပြတ်ပြီးပါးစပ်ဟ၊လျှာထွက်ပြီးမြို့ကိုရောက်လာကြတာများသဗျာ…..။ဒီလိုပြောပြတော့ မကောင်းမြင်ပြီးအပုပ်ချတယ်လို့ဆိုရင်လဲခံမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ခံနေရတာကျုပ်တို့ပဲ သိတယ်။ဒီဘက်ခေတ်ကျမှအင်တာနက်တွေပေါ်လာလို့ကျုပ်တို့ရင်ဖွင့်ခွင့်ရတာ။အရပ်ပုပုလူပုစိတ်တို မယားအလှအတွက်ငွေကိုသဲကြီးမဲကြီးရှာတဲ့မြို့အုပ်ချုပ်သူဦးသိန်ဝင်းခေတ်ကသာဒီနည်းပညာထွန်းကား တဲ့အချိန်နဲ့တိုးရင်ကျုပ်တို့အိမ်မဲသားတွေရေးလို့တောင်ဆုံးမှာမဟုတ်ဖူး။အင်တာနက်ဆိုင်တွေနေ့ချင်း ညချင်းစီးပွားဖြစ်နိုင်တယ်။ကျုပ်မယုံနိုင်တဲ့ကိစ္စတစ်ခုရှိတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကကိစ္စရပ် တစ်ခု၊ဒါမှမဟုတ်ဂွင်တစ်ခုမှာသူ့ဆောင်ရွက်ချက်ပြောင်မြောက်ရင်သိန်းရာချီရသတဲ့။ ကျုပ်တို့နယ်မြို့လေးကငွေအဲသလောက်ထွက်သလားမယုံနိုင်ဘူး…..။ကျုပ်တို့ မြို့ကပြောင်းသွားတဲ့အရာရှိတစ်ယောက်နဲ့ပြန်ဆုံတဲ့အချိန်မှာအဲဒီ့အရာရှိကရင်ဖွင့်ပြောပြမှသိရတာ..။ အိမ်မဲမြို့အဝင်ကမြေကွက်တစ်ခုကိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလိုချင်လို့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာဝင်းကဆောင်ရွက်ပေးတာ။လုပ်ငန်းရှင်ကသိန်(၃၀၀)တောင်ပေးလိုက်သတဲ့..။နားရှိလို့ သာကြားရတာယုံတောင်မယုံချင်ပါဘူး….။အရာရှိတစ်ယောက်ကပြန်ပြောပြတာဆိုတော့ဖြစ်နိုင် ပါတယ်။သူတို့ချင်းကပိုသိကြတယ်လေ။မြွေမြွေချင်းခြေမြင်ကြတဲ့သဘောပေါ့။ဒီလိုသာဆက်သွားကြမယ် ဆိုရင်၂၀၁၅ရောက်တာတောင်နိုင်ငံပြောင်းလဲဖို့ဒီမိုကရေစီစနစထွန်းကားဖို့ဆိုတာမလွယ်ပါဘူးဗျာ.. ။ဒီလိုရေးတင်တော့အပုပ်ချသမားလို့ထင်ရင်လွန်တာရှိဝန်တာမိပါဗျာ့…။ကျုပ်တို့ကလဲကိုယ့်ဝမ်းကိုယ် […]


ပြောင်းလဲနေတဲ့ဒီမိုကရေစီခေတ်နဲ့မြန်မာနိုင်ငံမှာရပ်ကွက်အုပ်ချုပ်ရေးမှသည်နိုင်ငံတော်သမ္မတ အထိအစိုးရအဖွဲ့မှာပါဝင်ကြတယ်။ဒါပေမယ့်မြို့နယ်အဆင့် ခရိုင်အဆင့်အုပ်ချုပ်ရေးမှူးတွေကိုတော့ပြည်သူ့ ဆန္ဒနဲ့ရွေးချယ်ခွင့်မရဘဲဝန်ထမ်းရွေးချယ်ရေးအဖွဲ့က ဘဲရွေးချယ်ခဲ့ကြတယ်။မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးတွေမှာတော့ပြည်သူကရွေးချယ်ခွင့်မရလို့လားပြည် သူရွေးချယ်တင်မြောက်ခြင်းမခံရလို့ပြည်သူအပေါ်မေတ္တာမထားတာလားဆိုတာအငြင်းပွားစရာအ ကြောင်းအရာတွေပြည့်နေခဲ့တယ်။မြို့နယ်အုပ်ချုပ်တဲ့သူမင်းအစိုးရအပေါ်ပြည်သူကဘာကြောင့်မလိုမုန်းထား အငြင်းပွားစရာတွေဖြစ်ရသလဲဆိုတာစဉ်းစားစရာပါ။ဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူးအကြောင်း သက်သေတည်ပြရရင် ဧရာဝတီတိုင်းဒေသကြီးအိမ်မဲမြို့ကိုရာဇာဝင်းဆိုတဲ့သူကအုပ်ချုပ်ကြီးမှူးခဲ့လေသည်။ထိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ၂၀၁၃တန်ခူးကာလသင်္ကြန်မကျမီကလေးတွင်အိမ်မဲမြို့၌မနေစေရလေးမျက်နှာမြို့သို့ပြောင်းရမည်ဟုအမိန့်ကြော်ငြာ ထွက်လာသောအခါအိမ်မဲမြို့ပြည်သူတွေအတွက်ကောင်းသတင်းတွေဝေလေပြီ။ကိုယ့်မြို့အုပ်ချုပ်သူပြောင်းရတာ ဘာကြောင့်ကောင်းသတင်းလို့တင်စားကြသလဲစဉ်းစားရပေအံ့။လေးမျက်နှာမြို့ဆိုးအံ့ အိမ်မဲမြို့ကောင်းအံ့ဟုအိမ်မဲ သင်္ကြန်စာဖြင့်ကြိုတင်ဟောကိန်းထုတ်ကြပြီ။အကောင်းအဆိုးဒွန်တွဲမှု များကြားမှာပြည်သူမနှစ်မြို့မှုများကိုအနည်းငယ်တင်ပြရပေအံ့။ အိမ်မဲမြို့တွင်ရာဇာဝင်းမြို့ကိုအုပ်ချုပ်မင်းမူခဲ့စဉ်၎င်းမင်းမူရာရုံးနှင့်ရဲစခန်းဝင်းတံခါးပိတ်လျှက်ဖိနှိပ်ခဲ့သော်လည်း၎င်းပိုင် သိန်းရာကျော်တန်ကားအမျိုးမျိုးကတော့ဝင်/ထွက်မှုအတွက်တံခါးအမြဲဖွင့်ပေးရ၏ပြည်သူ့အတွက်တံခါးပိတ် ရာဇာအတွက်တံခါးဖွင့်စနစ်ကိုကျင့်သုံးခဲ့၏၎င်းရုံးမျက်နှာချင်းဆိုင်တွင်မြို့နယ်တရားရုံးရှိ၏လွတ်လပ်စွာတရားစီရင်ရေးကို ထိခိုက်စေခဲ့သူဖြစ်သည်ဟုပြည်သူများကဝေဖန်ခဲ့ကြ၏တရားရုံးတရားစီရင်ရာသို့၎င်းလာစေချင်သူကိုလွတ်လပ်စွာ ဝင်ခွင့်ရပြီးမလာစေချင်သူကိုတရားရုံးရှေ့မှနှင်ထုတ်စေခဲ့၏ပွင့် လင်းမြင်သာမှုကိုမျက်ကွယ်ပြုပြီးအများပြည်သူရှေ့တရားစီရင်မှုမဖြစ်စေဘဲ  ရာဇာအကြိုက်တရားစီရင်ရေးကိုစီစဉ်ခဲ့သူဖြစ်၏ အိမ်မဲမြို့ပြည်သူ့ဆေးရုံမှာထိခိုက်ဒဏ်ရာရသူလူနာရှင်အားမြို့နယ်ဆရာဝန်မကြီးကဝတ္တရားနှောင့်ယှက်မှုနှင့်တရားစွဲဆိုရာ မှာမြို့နယ်အုပ်ချုပ်ရေးမှူးရာဇာကသက်သေအဖြစ်အမှုအစစ်ခံပြီးလူနာရှင်ကိုတရားခံဖြစ်စေခဲ့လေသည်။အိမ်မဲမြို့တရားရုံးပြစ်မှုကြီး အမှတ်၂၅၇/၁၁တရားလိုဦးမြအုန်းနှင့်လှဌေးပါ၃ ဦးပြစ်မှုပုဒ်မ၄၄ရအမှုတွင်မြို့နယ်တရားရုံးကိုစာရေးညွှန်ကြား၍တရားခံဘက်မှလိုက်ပါဆောင်ရွက်ခဲ့သောရာဇာဖြစ်၏မြို့အုပ်ချုပ် သူရာဇာသည်၎င်းအာဏာဖြင့်မြေစာရင်းရုံးအပေါ်လွှမ်းမိုး၍ကျေးရွာတစ်ရွာတွင်လယ်ယာမြေတစ်ခုကိုဦးစိုးသိန်းဆိုသူကိုလုပ် ကိုင်စေခဲ့၏၎င်းတိုု့စေခိုင်မှုအရလယ်ယာလုပ်ကိုင်ခဲ့သူမှာဒေါ်တင်အောင်မှတရားစွဲသဖြင့်တရားခံဖြစ်ရရှာ၏တရားစွဲခံရ သူဦးစိုးသိန်းကတရားရုံးသက်သေအဖြစ်မြို့နယ်အုပ်ချုပ်သူရာဇာဝင်းကိုတင်ပြရာတရားရုံးမှရုံးစာဖြင့်မြို့နယ်အုပ်ချုပ်သူ ရာဇာကိုသွားရောက်ခေါ်ယူရာ  လာခေါ်သူကိုရိုင်းပျစွာနှင်ထုတ်ခဲ့ပြီးထိုအမှုကိုကိုင်တွယ်သူတရားသူကြီး တရားခံရှေ့နေ နှင့်တရားခံတို့ကိုရာဇာကရုံးခန်းခေါ်၍ရိုင်းပျစွာကြိမ်းမောင်းပြီးသက်သေစာရင်းပယ်ခိုင်းလေသည်။ထို အမှုမှာမြို့နယ်တရားရုံးပြစ်မှုကြီးအမှတ်၁၂၇/၁၂တရားလိုဒေါ်တင်အောင်နှင့်တရားခံဦးစိုးသိန်းပုဒ်မ၄၄ရအမှုဖြစ်သည်။ ထိုကိစ္စကိုနေပြည်တော်ရှိနိုင်ငံတော်သမ္မတအထိတိုင်ကြားထားကြလေ၏ ပြည်သူ့ဆေးရုံ၌လူနာရှင်တရားခံဖြစ်သောအမှုမှာမြို့နယ်တရားရုံးပြစ်မှုကြီးအမှတ်၁၃၂/၁၂တရားလိုဒေါက်တာခင်မာ လာနှင့်တရားခံငွေကြည်ပုဒ်မ၃၅၃အမှုဖြစ်လေသည်။မြို့နယ်အုပ်ချုပ်ရေးမှူးရာဇာဝင်းသက်သေလိုက်သောအမှုဖြစ်ရာ အမှုစွဲချက်တင်မည့်နေ့၌ရာဇာရုံးခန်းသို့တရားသူကြီးတရားလိုတို့ကိုအချိန်များစွာအစည်းအဝေးပြုလုပ်စေပြီးတရားသူကြီးကိုစွဲချက် တင်စေခဲ့သည်။ထိုမျှနှင့်မပြီးအထက်ရုံးကိုအယူခံလျှင်တရားခံငွေကြည်နစ်နာအောင်အစီအရင်ခံစာရေးသားတင်သွင်းစေသော ရာဇာလည်းဖြစ်၏ပြည်သူတစ်ဦးအပေါ်အဘယ်အရေးကြောင့်မေတ္တာမသက်သလဲတွေးစရာဖြစ်၏တရားခံငွေကြည်မှာ အိမ်မဲမြို့စာပေဟောပြောပွဲတစ်ခုတွင်ရာဇာကထိုင်ခုံတစ်လုံးငွေ၅၀၀ဝဖြင့်ရောင်းစီးပွားရှာရာစာပေဟောပြောပွဲလာ စာရေးဆရာမျကိုအများပြည်သူပရိတ်သတ်များအလယ်တွင်ထိုင်ခုံတစ်လုံး၅၀၀ဝအ ကြောင်းထောက်ပြမေးမြန်းခဲ့သဖြင့်ရာဇာငြိုးဆရာငွေဟုအိမ်မဲမြေ၌ထင်ရှားလေသည်။ ခေတ်အဆက်ဆက်မရှိတော့တဲ့မထသယာဉ်လိုင်းချောဆွဲတဲ့ကိစ္စကိုလည်းခေါင်းစဉ်ပြောင်းပြီးချော ကြေးဆိုပြီးလစဉ်တိုင်းအိမ်မဲမြို့မထသယာဉ်လိုင်းကားဂိတ်တွေက၅၄၀၀ဝကျပ်ကိုချောကြေးခေါင်းစဉ်နဲ့တောင်း တာအမြဲပေးနေရသတဲ့။ဆက်ကြေးတောင်းကောင်းအောင်ယာဉ်ပိုင်ကားပိုင်မရှိတဲ့မြင့်သိန်းဆိုသူကိုမထသ ဥက္ကဌခန့်ပြီးဆရာမွေးတပည့်မွေးနဲ့မထသယာဉ်ပိုင်ရှင်တွေအပေါ်အနိုင်ကျင့်ဗိုလ် ကျနေလေရဲ့။၎င်းပြောင်းရွှေ့မယ့်လေးမျက်နှာမြို့မှပြည်သူများသတိထားလော။အိမ်မဲမြို့မှပြည်သူများလည်းရာဇာ မပြောင်းခင်သတိထားရန်နှိုးဆော်ရပေဦးမည်။အကြောင်းမူကားအိမ်မဲဧရာစီးပွားရေးလုပ်ငန်းရှင်များကအုပ်ချုပ်ရေးမှူးရုံး အတွက်လှူထားတဲ့လေအေးပေးစက်ကိုပြောင်းသတင်းရရချင်းရန်ကုန်အိမ်သို့ပြောင်းရွှေ့ခြင်းပြုလေပြီ။လေးမျက်နှာ မပြောင်းမှီစပ်ကြားအိမ်မဲသားတို့ဘာများခံရပေဦးမလဲတွေး  သတိ    သတိ  ဖြစ်ရချေ၏ပြည်သူ့မေတ္တာစေတနာမ […]


စာပေလုပ်သားစာရေးဆရာတွေပြည်သူကြားမှာကောင်းကျိုးတွေနဲ့မတရားခံနေရ တဲ့ပြည်သူဘက်ရပ်တည်တဲ့အကြောင်းကြားရတော့ဝမ်းသာပီတိဖြစ်ရသဗျ။ ဒီလိုကောင်းကျိုးဆောင်ရွက်တဲ့စာရေးဆရာတွေကိုကျေးဇူူးတင်စကားပြောချင်လှသမို့ ဒီဆိုဒ်လေးကနေကာယကံရှင်ကိုယ်စားကျေးဇူးစကားပြောပြီဗျို့။ကျုပ်ကဧရာဝတီတိုင်ူဒေသကြီးအိမ်မဲမြို့မှာ ဘဲကြီးပြင်းရသူတစ်ယောက်ဆိုတော့စာပေဗဟုသုတအားနည်းသလိုစာရေးဆရာအများကြီးနဲ့ခင်မင်ခွင့်မရတဲ့ အတွက်ကျန်တဲ့စာရေးဆရာတွေရဲ့ပြည်သူဘက်ပါဝင်တဲ့အကြောင်သိပ်မသိလှပါဘူူးဒါေပေမယ့်ကျုပ်တို့မြို့အိမ်မဲက စာရေးဆရာသတင်းစာဆရာကဗျာဆရာထက်ဝေး(သို့)ဦးဇော်မင်းထက်ကတော့ကျုပ်တို့မြို့အတွက်သိပ်အားကိုးရသဗျာ   ။ ကျုပ်တို့အိမ်မဲမြို့ချောင်းဝရပ်ကွက်မှာနေတဲ့မွတ်ဆလင်ဘာသာညီအကိုနှစ်ဦးဖြစ်တဲ့ ဝါဟစ်  နဲ့  မဲတူ  တို့ရဲ့ လယ်တွေကိုစက်မှုလယ်ယာကသိမ်းယူထားခဲ့သတဲ့အဲဒီ့မှာကျုပ်တို့အားကိုးရတဲ့စာနယ်ဇင်းသမားသတင်း စာဆရာထက်ဝေး(ခ)ဇော်မင်းထက်ကဘာသာတူလဲဖြစ်အိမ်မဲမြို့နေပြည်သူလဲဖြစ်တဲ့အတွက်ဝင်ရောက် ကူညီတိုင်စာရေးပေးလိုက်တော့မတရားလယ်သိမ်းချင်တဲ့သူတွေကားခနဲဖြစ်တော့တာဘဲဗျို့…..။ ဘာကြောင့်ကျေးဇူူးတင်ထိုက်လဲဆိုတာပြောရအုံးမဗျ။တိုင်စာရေးပေးတဲ့စာရေးဆရာထက်ဝေးရဲ့စွန့်စားခန်းတိုင် စာရေးရပုံကအိမ်မဲဆိုတဲ့နယ်မြို့ကျဉ်းလေးမှာစာစီစာရိုက်ဆိုင်က၃ဆိုင်လောက်ရှိတော့ဒီမြို့မှာဘဲစာရိုက်ရင်ကိစ္စပွ သွားမလေ။ဒီတော့ပုသိမ်မြို့မှာသွားပြီးစာစီစာရိုက်လုပ်ရသပေါ့။တိုင်ကြားစာမှာကဥပဒေအချက်အလက်တွေပါတယ် ဆိုတော့စာရေးဆရာကဒီလိုပြောခဲ့ရသတဲ့” ဟေ့  စာရိုက်တဲ့ကလေးမ  တို့အိမ်မဲမြို့ကရှေ့နေကြီးဦးငွေကြည်ကို သိတယ်မဟုတ်လားဒီတိုင်စာကရှေ့နေကြီးရေးပေးထားတာစာမှာ ပါတဲ့ဥပဒေအချက်တွေစာသားတွေမမှားစေနဲ့တော်ကြာရှေ့နေကြီးစိတ်ဆိုးနေမယ်။သူစိတ်ဆိုးရင်လွယ် တာမဟုတ်ဘူးနော်”ဒီလိုစွန့်စားခန်းဖွင့်ပြီးပြည်သူဘက်ကရပ်တည်ပေးခဲ့တာအားကိုးစရာမဟုတ်ပေလော…..။ လယ်ယာသိမ်းယူထားတဲ့ဌာနဆိုင်ရာကိုလယ်မြေပြန်ရဖို့ညှိနှိုင်းမယ်ဆိုသိန်းချီကုန်ကျမယ့်ငွေကြေးအစားတိုင်စာ တစ်စောင်ငွေငါးသောင်းသာယူတဲ့သတင်းစာဆရာထက်ဝေးကြောင့်ဝါဟစ်တို့မဲတူတို့ညီအကိုတွေသက်သာရာရ သွားတဲ့အပြင်သိမ်းထားတဲ့လယ်တွေလဲအခြေအနေပြန်ကောင်းသတဲ့။ဒါကြောင့်ကျုပ်မှာမနေနိုင်မထိုင်နိုင်ကိုယ့် အကြောင်းအရာမဟုတ်သော်ငြားကျေးဇူးစကားဆိုချင်လာသဖြင့်နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့အတိုင်းကျေးဇူးတင် ရပါတယ်မောင်ရင်လေးထက်ဝေးရယ်လို့ပြောလိုက်ရပါသဗျား….။