ဒီမိုကရေစီခေတ်ဝန်ထမ်းနှုတ်ဆက်ပွဲ၊လုံခြုံရေးနှင့်ရွှေဖြူတစ်ဆင်စာ
နိုင်ငံဝန်ထမ်တွေတာဝန်ကျရာမြို့နယ်တွေကနေပြောင်းရွှေ့ကြတဲ့အခါမှာနှုတ်ဆက်ပွဲလုပ်ကြတယ်။ဒေ
သခံတွေဘဝတူဌာနဆိုင်ရာဝန်ထမ်းတွေကနှုတ်ဆက်ပွဲကိုတက်ရောက်ပြီးလက်ဆောင်ပစ္စည်းတွေပေးကြ
အမှတ်တရပစ္စည်းပေးကြနဲ့နှုတ်ဆက်တတ်ကြတယ်ဒါပေမယ်နှုတ်ဆက်ပွဲဖိတ်ကြားတဲ့စာကိုကြည့်ရင်တော့
အာဏာရှင်ဆန်တဲ့ဖိတ်ကြားမှုတွေကိုတွေ့ရတယ်။ဥပမာအနေနဲ့(၂၂)ရက်ဧပြီလ၂၀၁၃ခုနှစ်မှာကျင်းပ
မယ့်အိ်မ်မဲမြို့အုပ်ချုပ်ရေးမှူးရာဇာဝင်းရဲ့နှုတ်ဆက်ပွဲဖိတ်ကြားစာလေးကိုဓါတ်ပုံရိုက်ပြီးတင်ပေးထားပါ
တယ်။အခမ်းအနားအစီအစဉ်ကိုဖိတ်
ကြားစာတွင်ပါသည့်အချိန်အတိုင်းပြုလုပ်မှာဖြစ်သောကြောင့်မပျက်မကွက်တက်ရောက်ပါရန်ဆိုတဲ့
အရေးအသားကဒီမိုကရေစီခေတ်မှာစဉ်းစားစရာပါ။ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့နှုတ်ဆက်ပွဲကသက်
သက်ပြုလုပ်သွားပါတယ်။အဲဒီ့နေရာမှာလည်းကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုမြို့နယ်အုပ်ချုပ်ရေးမှူးရာဇာ
ဝင်းတပည့်ထွေ/အုပ်ရုံးကလူတွေမှာလိုက်တဲ့စကားကမင်းတို့တွေနှုတ်ဆက်ပွဲကိုလာရင်လက်ဆောင်
ထုပ်ကြီးတွေအကြီးကြီးလုပ်မလာကြနဲ့စာအိတ်နဲ့ပဲလာကြတဲ့။စကားပုံရိုင်ရိုင်နဲ့ပြောရရင်မျောက်ပြပြီး
အဆံတောင်းနေသလိုပါလားကွယ်ရို့။ဒီနှုတ်ဆက်ပွဲကိုမလာရင်ဘာဖြစ်မလဲမင်းတို့ငါနဲ့လွတ်အောင်နေကြ
ဆိုပြီးကြိမ်းဝါးတဲ့စကားတွေ၊စိမ်းကားတဲ့အကြည့်တွေကြည့်တာခံကြရတော့မချစ်သော်လည်းအောင့်ကာနမ်းကြ
ရသပေါ့ဗျာ။နိုင်ငံတော်ကတော့ပြောနေတာဒီမိုကရေစီစကား၊ဒီမိုကရေစီလမ်းစဉ်၊အောက်ခြေဝန်ထမ်းတွေကျင့်
သုံးနေတာကအာဏာရှင်စနစ်ဒီတော့ယုံကြည့်မှုနဲ့လက်တွဲကြပါစို့ဆိုရင်နိုင်ငံတော်အကြီးအကဲတွေရဲ့မူဝါဒတွေ၊
ချမှတ်တဲ့လမ်းစဉ်တွေဘယ်လောက်ကောင်းကောင်းပြည်သူရဲ့ယုံကြည်မှုကအောက်ခြေဝန်ထမ်းတွေရဲ့မပြောင်း
တဲ့မူကြောင့်ယုံကြည်ရခက်တာပေါ့ဗျာ…။
နှုတ်ဆက်ပွဲအကြောင်းလေးပြီးတော့လုံခြုံရေးအကြောင်းပြောပြရမယ်။မိထ္တီလာပဋိ
ပက္ခမှာအိ်မ်မဲမြို့ကငွေကြေးချမ်းသာတဲ့ဦးရာဇက်မိသားစု၊ဦးဟာရှင်(ခ)ဦးမြင့်လွင်မိသားစုအစရှိတဲ့ငွေကြေးချမ်း
သာတဲ့သူတွေဟာတစ်နေ့မှာအိမ်မဲမြို့ကိုမီးလာရှို့မယ်ကြားတော့မိသားစုလိုက်ကိုယ်ပိုင်ကားတွေနဲ့ထွက်
သွားခဲ့ကြတယ်။အဲဒီသတင်းတွေကြောင့်အိမ်မဲမြို့မှာဟိုမြို့ကဖုန်းဆက်မေး၊ဒီမြို့ကဖုန်းဆက်မေးနဲ့ကောလဟာလ
ကြောင့်မတည်မငြိမ်ဖြစ်သွားခဲ့ရတယ်။အဲဒီအချိန်မှာမြို့နယ်အုပ်ချုပ်ရေးမှူးကထွက်ပြေးကြတဲ့မိသားစုတွေကိုဖုန်း
ဆက်ပြန်ခေါ်ခဲ့တယ်။သူတို့အတွက်လုံခြုံရေးကိုအပြည့်အဝတာဝန်ယူပေးမယ်ဆိုပြီးအာမခံခဲ့တယ်။သူအာမခံ
တာကြောင့်ရှောင်ပြေးတဲ့မိသားစုတွေအကုန်အိမ်မဲမြေကိုပြန်ရောက်လာကြတယ်။လုံခြုံရေးအဖြစ်ညဘက်တွေ
မှာမြို့အာဏာပိုင်အဖွဲ့အစည်းရယ်၊လက်နက်ကိုင်အဖွဲ့အစည်း၊ဗလီဆရာဘာသာရေးခေါင်းဆောင်တွေ၊အလင်းစေ
တမန်ဓမ္မဒါနလူငယ်တွေကိုပေါင်းစုံစေပြီးညတိုင်ဆိုင်ကယ်အစီး(၂၀)နဲ့လုံခြုံရေးကင်းလှည့်ခဲ့တယ်။မတည်ငြိမ်
ကာစမှာတော့ကြောက်စိတ်ဝင်နေတဲ့အိမ်မဲမြို့နေပြည်သူတွေကကျေးဇူးတင်ကြတာပေါ့။နောင်ရက်ပေါင်းကြာ
လာတဲ့အခါမှာမေ့မေ့ပျောက်ပျောက်ဖြစ်ပြီးကြောက်စိတ်ပြယ်စပြုနေတဲ့ပြည်သူတွေသူတို့လှည့်လာတဲ့ဆိုင်
ကယ်သံတွေကြားရင်ကြောက်စိတ်ပြန်ဝင်လာကြတယ်။ဆိုင်ကယ်တဝေါဝေါနဲ့လုပ်နေတာလုံခြုံရေးကြောင့်လို့ထင်ခဲ့
ကြတယ်။အခုအချိန်ဇာတ်ပေါင်းခန်းရောက်မှသဘောပေါက်တော့တာဗျို့မြို့နယ်အုပ်ချုပ်ရေးမှူးရာဇာဝင်းနဲ့
သူ့အောက်ကဒုဦးစီးမှူးသီဟစိုးနှစ်ဦးစလုံးရဲ့ဇနီးမယားတွေကိုယ်ပေါ်မှာရွှေဖြူတစ်ဆင်စာကိုမွတ်ဆလင်တွေ
ကဆင်ပေးလိုက်ကြတာပေါ့။ကဲဒီတော့၉၆၉သီချင်းကိုပြောင်းဆိုရရင်တစ်ခြားဘာသာကောင်းစားရေးကိုဦးရာဇာ
ကဆောင်ရွက်သည်လို့ပြောင်းရတော့မလိုပေါ့ဗျာ…။
အိမ်မဲမြို့အတွက်လုံခြုံရေးပေးတယ်ထင်တာခုတော့မွတ်ဆလင်လုံခြုံရေးကိုတာ
ဝန်ယူနေသလိုဖြစ်ရပေါ့ဗျာ……။အိမ်မဲမြို့စရောက်တဲ့ဝန်ထမ်းအရာရှိတွေပြောတတ်ကြတဲ့စကားရှိတယ်။
ခင်ဗျားတို့အိမ်မဲမြို့ဆိုတာကျုပ်တို့ဝန်ထမ်းတွေအတွက်ကအ…မဗျ။(အ…..မ)ဆိုတာသိလားအောင်မြေ
ကိုပြောတာဗျ။ကဲဒီလိုသတ်မှတ်ရအောင်ကျုပ်တို့မြို့ကအကြီးကြီးလားဗျာဆိုတော့မဟုတ်ပါဘူး။နယ်မြို့
ကလေးတစ်မြို့ပါ။လာသမျှမြို့အုပ်ချုပ်သူတွေပညာပြကြတော့စီးပွားရေးသမားကကြောက်ပြီးပေးရကမ်း
ရတော့တာပေါ့ဗျာ….။အရင်ဦးသိန်ဝင်းဆိုတဲ့အုပ်ချုပ်ရေးမှူးကပိုဆိုးတယ်လုပ်ငန်းရှင်လဲဆဲဆို၊ရုံးကဝန်
ထမ်းတွေလဲဆဲဆိုနဲ့ကျုပ်တို့မြို့လေးဝန်ထမ်းကောင်းနဲ့တစ်ခါမှကိုမထိတွေ့ရတာအမှန်ပဲ။လာသမျှမြို့
အုပ်ချုပ်သူတွေငတ်ပြတ်ပြီးပါးစပ်ဟ၊လျှာထွက်ပြီးမြို့ကိုရောက်လာကြတာများသဗျာ…..။ဒီလိုပြောပြတော့
မကောင်းမြင်ပြီးအပုပ်ချတယ်လို့ဆိုရင်လဲခံမယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ခံနေရတာကျုပ်တို့ပဲ
သိတယ်။ဒီဘက်ခေတ်ကျမှအင်တာနက်တွေပေါ်လာလို့ကျုပ်တို့ရင်ဖွင့်ခွင့်ရတာ။အရပ်ပုပုလူပုစိတ်တို
မယားအလှအတွက်ငွေကိုသဲကြီးမဲကြီးရှာတဲ့မြို့အုပ်ချုပ်သူဦးသိန်ဝင်းခေတ်ကသာဒီနည်းပညာထွန်းကား
တဲ့အချိန်နဲ့တိုးရင်ကျုပ်တို့အိမ်မဲသားတွေရေးလို့တောင်ဆုံးမှာမဟုတ်ဖူး။အင်တာနက်ဆိုင်တွေနေ့ချင်း
ညချင်းစီးပွားဖြစ်နိုင်တယ်။ကျုပ်မယုံနိုင်တဲ့ကိစ္စတစ်ခုရှိတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကကိစ္စရပ်
တစ်ခု၊ဒါမှမဟုတ်ဂွင်တစ်ခုမှာသူ့ဆောင်ရွက်ချက်ပြောင်မြောက်ရင်သိန်းရာချီရသတဲ့။
ကျုပ်တို့နယ်မြို့လေးကငွေအဲသလောက်ထွက်သလားမယုံနိုင်ဘူး…..။ကျုပ်တို့
မြို့ကပြောင်းသွားတဲ့အရာရှိတစ်ယောက်နဲ့ပြန်ဆုံတဲ့အချိန်မှာအဲဒီ့အရာရှိကရင်ဖွင့်ပြောပြမှသိရတာ..။
အိမ်မဲမြို့အဝင်ကမြေကွက်တစ်ခုကိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလိုချင်လို့မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးရာဇာဝင်းကဆောင်ရွက်ပေးတာ။လုပ်ငန်းရှင်ကသိန်(၃၀၀)တောင်ပေးလိုက်သတဲ့..။နားရှိလို့
သာကြားရတာယုံတောင်မယုံချင်ပါဘူး….။အရာရှိတစ်ယောက်ကပြန်ပြောပြတာဆိုတော့ဖြစ်နိုင်
ပါတယ်။သူတို့ချင်းကပိုသိကြတယ်လေ။မြွေမြွေချင်းခြေမြင်ကြတဲ့သဘောပေါ့။ဒီလိုသာဆက်သွားကြမယ်
ဆိုရင်၂၀၁၅ရောက်တာတောင်နိုင်ငံပြောင်းလဲဖို့ဒီမိုကရေစီစနစထွန်းကားဖို့ဆိုတာမလွယ်ပါဘူးဗျာ..
။ဒီလိုရေးတင်တော့အပုပ်ချသမားလို့ထင်ရင်လွန်တာရှိဝန်တာမိပါဗျာ့…။ကျုပ်တို့ကလဲကိုယ့်ဝမ်းကိုယ်
သာသိဆိုသလိုဖြစ်နေတောခံစားရသမျှဖွင့်ချတဲ့အနေနဲ့နှုတ်ဆက်ပွဲ၊လုံခြုံရေးနှင့်ရွှေဖြူတစ်ဆင်စာဆို
တဲ့ခေါင်းစဉ်လေးနဲ့ရေးလိုက်ရပါသဗျား……………………..။