“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”
“မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့”
17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ
မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။
မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။
ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။
ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။
ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။
ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
17-4-2013
14 comments
koyinmaung
April 17, 2013 at 3:26 pm
မင်္ဂလာ နှစ်သစ်မှာ မဟာမြတ်မုနိ ဘုရားဖူးမျော်သွားပါတယ်
ကိုပေါက်ရေ ကျေးဇူးပါ….
ကိုပေါက် နှင့် တကွ ရွာသူရွာသားအားလုံး
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ………..
ကိုပေါက်(မန္တလေး)
April 17, 2013 at 9:55 pm
ကိုရင်မောင်ပေးတဲ့ ဆုနဲ့ပြည့်ကြပါစေလို့ ထပ်ဆင့်ဆုတောင်းပါတယ်
မဟာရာဇာ အံစာတုံး
April 17, 2013 at 3:28 pm
မင်ဂါ နှစ်သစ်ပါ ဖေပေါက်ဂျီးရေ့ …
အထက်ဆုံးက ပုံလေး မိုက်တယ်ဗျို့ …
မြန်မာတွေရဲ့ ချစ်စရာ အထာလေးက
ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရားကို မမေ့တာပဲ …
အခု ပုံတွေထဲက လူတွေ ကြည့်ရတာလည်း
ဘာပြောပြော ကြည်နူးစရာပဲ ….
ကိုပေါက်(မန္တလေး)
April 17, 2013 at 9:57 pm
ဘိုအံရေ
မန်းလေးမှ တိမ်မမြင်ရတာကြာပေါ့။
ဒီနေ့မနက်မှ တိမ်တွေမြင်ရတာနဲ့ မနက်လမ်းလျောက်ထွက်ရင်းပြည်ကြီးမွန်ကိုရိုက်ထားတာပါ။
lady mobile
April 17, 2013 at 5:55 pm
နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူဖို့ ဘုရားပုံတွေတင်ပေးတဲ့ အန်ကယ်ပေါက်
အသက်ရှည်ရှည် နေရပါစေလို့ လေဒီက ဆုတောင်းပေးပါတယ်။
ကိုပေါက်(မန္တလေး)
April 17, 2013 at 9:59 pm
ကျနော်က ခါတိုင်းဆိုရင် နှစ်ဆန်းတစ်ရက်လိုနေ့မျိုး လူစည်ကားတဲ့ဘုရားကို မသွားဖြစ်ဘူး။
ဒီနေ့ မိတ်ဆွေတစ်ယောက် ဘုရားကြီးမှာ အချိုရည် စတုဒီသာလုပ်ချင်တယ်ပြောလို့ကူညီရင်းရောက်ဖြစ်သွားတာပါ၊
မောင် ပေ
April 17, 2013 at 8:28 pm
သင်္ကြန်အတက်နေ ့ည ၈နာခွဲလောက် ၊ အောင်တော်မူ ဘုရားထဲမှာ တစ်ကိုယ်တော် ဘုရားဖူးဖြစ်ခဲ့ပါတယ် ။
လူသိပ်မများဘူး ။ စိတ်အေးချမ်းသာစွာနဲ ့ရှင်းရှင်းလင်းလင်း ကြည်ညိုဖူးမြှော်ခဲ့ရတယ် ။
နှစ်ဆန်းတစ်ရက်နေ ့ကတော့ ၊ ဘုရားစုံနဲ ့ပန်းခြံစုံ အပန်းဖြေနေရာစုံ လူပြည့်သိပ်နေတာမို ့၊ သွားရလာရတာ မလွယ်ဘူးဗျို ့
ကိုပေါက်(မန္တလေး)
April 17, 2013 at 10:00 pm
ကိုပေ တရားစခန်းဝင်ဖြစ်လားမေးနေသူရှိတယ်နော်
mobile
April 17, 2013 at 10:33 pm
ဝင်ရောက်ဖူးမျှော်ကူးယူသွားပါ၏ဗျာ………………..
မင်္ဂလာရှိသော ၁၃၇၅ ခုနှစ်ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျ…….
uncle gyi
April 17, 2013 at 10:36 pm
ဘုရားကြီးတော့အခါကြီးနေ့ကြီးဆိုတတ်နို်င်သမျှမသွားတော့ဖူးကိုပေါက်ရေ
ဘုရားရောက်လို့ဆိုင်ကယ်အပ်ချိန်ကတည်းကစိတ်မကြည်တာ
လူတိုးတာကလည်းပုံထဲမြင်တဲ့အတိုင်း
စိတ်အေးအေးနဲ့ကိုုဘုရားကိုမပူဇော်ရဖူး
ဒါကြောင့်ကြားဥပုဒ်ကလေးတွေပဲသွားတာများတော့တယ်
ကိုပေါက်(မန္တလေး)
April 17, 2013 at 10:48 pm
ဟုတ်တယ် အန်ကယ်ဂျီးရေ ဒီနေ့ကတော့ အလှူတစ်ခုကို ကူရင်းရောက်ဖြစ်တာပါ။
ကျနော်လည်းအခါကြီးရက်ကြီးဆိုရင် နာမယ်ကြီး တန်ခိုးကြီးဘုရားများကိုရောက်ခဲ့ပါတယ်။
ဦးကြောင်ကြီး
April 18, 2013 at 10:37 am
နှစ်ဆန်းတရက်နေ့
အသစ်လှမ်းဖမ်းပွေ့
အစ်ဗရမ်းကြမ်းစွေ့
ခြစ်တမ်းမန်းဓလေ့..
Mr. MarGa
April 18, 2013 at 4:03 pm
လေးပေါက်ရေ
တစ်ရက်လောက် မျက်နှာသစ်တော်ရေကပ်တာ ရိုက်ပြပါဦး
အပျင်းကြီးသူ ငပျင်း က အဲဒီအချိန် ဘယ်လိုမှ ထ မရလို့ဗျ :kwi:
ကိုပေါက်(မန္တလေး)
April 18, 2013 at 10:02 pm
အဲဒါက မနက် လေးနာရီမထိုးခင်သွားမှ မှီမှာဗျ