Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

The Iron Lady အမှတ်တရ

မြစပဲရိုးApril 17, 20131min45018

The Iron Lady တဲ့။
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ကို တင်စားခေါ်တာပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅နှစ် နီးပါး ၁၉၇၉ခုနှစ် ထဲက နေ ၁၉၉ဝ ထိ ဝန်ကြီးချုပ် နေရာမှာ ၃ကြိမ်ဆက်တိုက် အရွေးခံခဲ့ရတဲ့ စံပြဒိတ်ဒိတ်ကြဲ မိန်းမတစ်ယောက်ပေါ့။

သူဆုံးပြီးနောက်တစ်နေ့ သတင်းစာတစ်ချို့ရဲ့ မျက်နှာဖုံးမှာ သူ့ပုံအပြည့်တင်ထားတာ။
မယုံမရှိနဲ့။
ဘတ်စကားဂိတ်မှာ လူတစ်ယောက်ဒေါသတကြီးနဲ့ အဲဒီမျက်နှာဖုံး ကို စုတ်ဖြဲနေ တာတွေ့ခဲ့တယ်။။
သူ သေဆုံးတဲ့သတင်းနောက်မှာ လူတစ်ချို့ ရဲ့ “ဒီရက်ကိုစောင့်နေခဲ့ရတာ” ဆိုပြီး ပျော်ပွဲရွှင်ပွဲ တွေတောင် လုပ်ခဲ့ကြတာ၊
“The Wizard of Oz” ရုပ်ရှင်ထဲက “Ding Dong! The Witch Is Dead” ဆိုတဲ့ သီချင်းက အရောင်းရဆုံး ဒုတိယ နေရာမှာ လိုက်သွားတာ၊
အဲဒါတွေကို အံ့ဩနေမိခဲ့တယ်။

သူ့ လက်ထက် နိုင်ငံရေး မူဝါဒ တွေနောက်မှာ ဘဝပျက်ခဲ့သူတွေ ရှိခဲ့တယ်တဲ့။
သူ အာဏာရချိန်မှာ စက်ရုံတွေ၊ မိုင်းတွင်းတွေ ပိတ်ခဲ့ရတာတွေရှိတယ်။
အဲဒီက လူတွေ အလုပ်လက်မဲ့ဖြစ်ကုန် တယ်။
ကွန်ဆားဗေးတစ်ပါတီ ရဲ့ ထုံးစံအတိုင်း အရင်းရှင်စနစ် ကို ထောက်ပံ့ပြီး ဆင်းရဲသားတွေ အကျိုး မကြည့်ဘူး လို့ စွပ်စွဲသူလဲအများသားပေါ့။
အရင်အစိုးရက ထောက်ပံ့နေတဲ့ ဝင်ငွေနဲသူတွေအတွက် ထောက်ပံ့ကြေးတွေကို ဖြတ်ခဲ့တယ်။
သူ့ခေတ်မှာ ကျောင်းက ကလေးတွေကို အလကားတိုက်တဲ့ နို့ တွေ အတွက် ဘတ်ဂျက်ဖြတ် လိုက်လို့ “Margaret Thatcher, Milk Snatcher” လို့တောင် ဒေါသနဲ့ ခေါ်ခဲ့ကြတယ်။
Sale Tax နဲ့ ဝင်ငွေခွန်တွေ မြှင့်ခဲ့တယ်။
ဖော့ကလန်ကျွန်းစစ်ပွဲ နဲ့ အိုင်ယာလန်မြောက်ပိုင်း အရေးတွေ မှာ မကျေနပ်သူတွေများခဲ့တယ်။
သူ့လက်ထက်မှာ ဆန္ဒပြသူတစ်ချို့ ပြင်းပြင်းထန်ထန်နှိမ်နှင်းခံခဲ့ရတယ်။
တစ်ခြားအချက်တွေလဲ အများကြီးရှိမှာပါ။
သူ့ရဲ့ နောက်ဆုံး တတိယ သက်တမ်းမှာတော့ လူကြိုက်နည်းလွန်းလာတာမို့  ပါတီတွင်းမှာဘဲ ခေါင်းဆောင်ပြောင်းခဲ့ပါတယ်။

ကျွန်မ သိတာလဲ အကြမ်းဖျင်းပါဘဲ။

လူအများမကြိုက်ဘဲ ဘာလို့ နေရာရနေတာလဲလို့ မေးခွန်းမေးလို့ ရပါတယ်။
ဒီမိုကရေစီအစစ်အမှန်နိုင်ငံ မှာ နေရာအတွက် အာဏာ ပါဝါ အောက်လမ်းနည်း သုံးပြီး ယူထားလို့မရပါဘူး။
အများစုပေးတဲ့ မဲဆန္ဒအတိုင်း အမှန်အကန်နေရာရတာပါ။
၄၉မဲ/ ၅၁မဲ ဖြစ်ချင်ဖြစ်ဖြစ်မယ်။
ဒါပေမဲ့ ၂မဲသာတဲ့သူက နိုင်တာပါဘဲ။

အဲဒီအချိန်တွေကို ကျွန်မ အသေအချာ မသိခဲ့ပေမဲ့ သူမ ဟာ သူ့တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ပေးခဲ့တာလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးလုပ်တာပေါ်မှာ သူ့ရဲ့ ကိုယ်ကျိုးစီးပွါး ကြီးပွါးချမ်းသာရေး အတွက် ဘာမှမလုပ်ခဲ့တာ အဓိကအချက်ပါဘဲ။
ဒီအချက်နဲ့တင် သူမဟာ သူ့ယုံကြည်ချက် အတိုင်း  ရိုးသားစွာ တိုင်းပြည်ကို အလုပ်အကျွေး ပြုခဲ့ သူလို့ အကြွင်းမဲ့ယုံကြည် လို့ရပါတယ်။

အခုချိန် သူ့ရဲ့ အသုဘအခမ်းအနားကို ကျင်းပနေပါတယ်။
တစ်ချိန်က နိုင်ငံ့ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ၈ရ နှစ် အရွယ် အဘွားအိုကြီးရဲ့ နောက်ဆုံးအချိန် မှာတောင် အညှိုးအတေး များစွာနဲ့ ပျော်ပွဲဆင်နေသူတွေ၊ ဆန္ဒပြနေသူတွေရှိနေပါတယ်။
လက်ရှိ အာဏာရပါတီ က သူမရဲ့ ပါတီမို့ ဒီလိုအခမ်းအနားလုပ်ပြီး ပိုက်ဆံဖြုန်းတယ် လို့ ဝေဖန်သူတွေလဲ အပြည့်ပေါ့။
ဒါပေမဲ့လဲ သူ့ဟာ တိုင်းပြည်အတွက် တကယ်ဘဲ ကောင်းကျိုးရအောင် လုပ်ပေးခဲ့သူ ဆိုပြီး သူ့ဂုဏ်ကို ဖော်ပေးသူတွေလဲ မရှားပါဘူး။

တစ်တိုင်းတစ်ပြည်လုံး ကတော့ဖြင့် ဝမ်းသာအားရ ဖြစ်နေတာတော့ မဟုတ်ပါဘူး။

ဘာမဆိုင် ညာမဆိုင် မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကွယ်လွန်ချိန် တိုင်းသူပြည်သားတိုင်း ငိုကြွေးရမယ် လို့အမိန့်ထုတ်ထားတဲ့ သတင်းကို သွားသတိရမိတယ်။
အဲဒီမှာသာ လွတ်လွတ်လပ်လပ် ပြောခွင့်ရရင် တစ်တိုင်းတစ်ပြည်လုံး ပျော်လွန်းလို့ ထ က နေကြမလားဘဲ။
အာဏာရှင်နိုင်ငံမှာ ခေါင်းဆောင်ဖြစ်ရတာနဲ့ ဒီမိုကရေစီနိုင်ငံမှာ ခေါင်းဆောင်ဖြစ်ရတာ သေလို့ ပြည်သူလူထု အသိအမှတ်ပြုရပုံတောင် မတူတာလေးပေါ့။

ဘာသာတရားလို့ခေါ်ခေါ်၊ လူသားချင်းစာနာစိတ်လို့ ပြောပြော လူ့လောကကြီးကနေထွက်ခွါ သွားရတဲ့ လူတစ်ယောက်အတွက် ကိုတော့ ဝမ်းမနည်းရင်တောင် ကောင်းလိုက်တာ၊ ပျော်လိုက်တာလို့ မပြောသင့်ပါဘူးလေ။
ဒါပေမဲ့လဲ ကိုယ်က အများကောင်းကျိုး ဘာမှမလုပ်ခဲ့ဘဲနဲ့တော့ ကိုယ့်မိသားစုကလွဲလို့ တစ်ခြားဘယ်သူမှ ကိုယ့်ကို တမ်းတမ်းတတ မကျန်ရစ်ပါဘူး။

ကိုယ်မရှိတော့ချိန် တိုင်းပြည်အဝှန်း ခြိမ့်ခြိမ့်သဲ ပွဲ တွေ မဆင်နွဲ စေချင်ရင်ဖြင့်၊
ကိုယ့်ကို ဆုံးရှုံးမှုအတွက် သတိရ တမ်းတ ဝမ်းနည်းတာတွေကို ပြည်သူတွေဆီက ရချင်ရင်ဖြင့်
တိုင်းပြည်အတွက် ကိုယ်လုပ်ပေးနိုင်ချိန်လေးမှာ တကဲ့စေတနာ လေး နဲ့ အများကောင်းကျိုး လုပ်ပေးနေသင့်ပါတယ်။
ဒါမှ မေတ္တာရောင်ပြန်ရမှာ မဟုတ်လား။

တကယ်တော့ ဘဝ ဟာ တိုတိုလေးပါ။
လူတိုင်း တစ်နေ့တော့ အားလုံးကို ထားပြီး မသိမမြင်နိုင်တဲ့ အရပ် ကို ဘဝခြားပြီး ပြောင်းကြရမှာပါ။
မတရားသဖြင့် နည်းနဲ့ အာဏာသုံးပြီး ကိုယ့်အိတ်ထဲ ဖောင်းနေအောင်ထည့် ရတာက ကိုယ်သေရင် အမှတ်တရ ဘာမှ မကျန်ပါဘူး။
ရှက်စရာဘဲ ကျန်မှာပါ။
အများအတွက် စေတနာထည့် လုပ်ပေးခဲ့ရင်တော့ လူအားလုံးဆီ က မဟုတ်တောင် အများစုရဲ့ မေတ္တာကို ရမှာ လို့The Iron Lady Memory အမှတ်တရ အတွေးကို မျှလိုက်ပါတယ်။

အာဏာရှိ လုပ်ပိုင်ခွင့်ရှိသူတိုင်း စေတနာမှန်၊ အသိမှန်ဖြင့် ကိုယ့်သမိုင်းကြောင်းကို လှအောင် အချိန်မှီ ပြင်ပြီး ရေးနိုင်ကြပါစေ။

The Iron Lady

Image From : BBC News

18 comments

  • mobile

    April 17, 2013 at 5:33 pm

    အရီးခင်လတ် ရေဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျ…….
    ဖတ်ရင်းဖတ်ရင်းနဲ့ဗျာ… ကျုပ်တို့ဘကြီးများ နတ်ရွာစံပြီး ဆရာဒေဝဒတ်တို့နဲ့
    တွေ့နေလားလို့တွေးမိတယ်…………………………………..
    ဟက်ပီးနယူးရီးယားပါ အရီးခင်လတ်………………………………………..

    • အရီးခင်လတ်

      April 17, 2013 at 5:46 pm

      Same to You ပါ။ 🙂
      မှတ်ချက်လေးအတွက်ကျေးဇူးပါ မိုဘိုင်းရေ။

  • သံမဏိ အမျိုးသမီးကြီးလို့ …
    သူများတွေ ပြောတာ၊ ဂျာနယ်တွေထဲ ပါတာနဲ့ပဲ ..
    ဒီလိုပဲ မှတ်ထားလိုက်တာ …
    ခုတော့ အရီးကျေးဇူးနဲ့ အတော်လေးတော့ သိသွားပြီဗျ ..
    ရှဲရှဲ အရီး …

    ခုထဲမှာ နည်းနည်းလေး ဖတ်လိုက်ရတာနဲ့တင်
    ဒီအမျိုးသမီးကြီးဟာ ဗူးဆို ဖရုံမသီးဘူး ဆိုတဲ့ စိတ်ဓါတ်မျိုးများလေလား လို့တောင်မှ
    တွေးလိုက်မိပါသေးတယ် အရီးရေ …

    မင်ဂါ မြန်မာနှစ်သစ်ပါ အရီးရေ …

  • S@i S@i Fin K@i

    April 17, 2013 at 5:57 pm

    အဲ့အာလဖွားယီးမလားး
    လူတယောက်ဟာ အသက်အစိတ်မှာ ကားတစီးမပိုင်ယင်
    အလကားလူလို့ပြောခဲ့တာ

    ခိခိ ခုတော့ ဂီ ကားတစီးပိုင်တော့မယ် အရီးရေ
    ဖွတ်တီးကတ်ဆီက ရမှာ

    :harr:

  • lady mobile

    April 17, 2013 at 6:09 pm

    အရီးခင်လတ်ရေ
    မှတ်သားဖွယ်ကောင်းတဲ့အတွေးလေးပါပဲ။
    နှစ်သစ်မှာပျော်ရွှင်ပါစေလို ့လေဒီ ဆုတောင်းပေးတယ်နော်။

  • မောင် ပေ

    April 17, 2013 at 8:38 pm

    ဒီနေရာမှာ
    သူရို ့ဆီက ဟာသလေးတစ်ခုကို သတိရမိတယ် အရီးရေ
    သူရို ့နာရေးချတဲ့အချိန်မှာ
    သေတဲ့သူအကြောင်း အကောင်းမပြောချင်နေ
    ဒါပေမယ့် ဆိုးတဲ့ဟာမပြောခင် တစ်မိနစ်လောက် ငြိမ်ငြိမ်လေးနေလိုက်ကြရအောင် တဲ့

  • uncle gyi

    April 17, 2013 at 10:15 pm

    ဒါပဲလေအရီးရဲ့လူ့အကြိုက်ဆိုတာအကုန်အကြိုက်မတူဖူးလေ
    အရေးကြီးတာကလုပ်သွားတဲ့သူကသူ့စိတ်သူလုံဖို့အရေးအကြီးဆုံး
    အများကောင်းကျိုးဆိုပြီးလုပ်တာငါကောင်းကျုိုးမဖြစ်နေဖို့အရေးအကြီးဆုံး
    အများကောင်းကျိုးဆိုပြီးလုပ်လိုက်တဲ့အလုပ်တခုကိုလည်း
    မကြိုက်နိုင်တဲ့သူတွေလည်းရှိနေမှာပဲ
    အချိန်ကစကားပြောသွားပါလိမ့်မယ်

  • TNA

    April 17, 2013 at 11:48 pm

    မင်္ဂလာပါအရီးရေ။ ဒီလိုသတင်းမျိုးကြားရတာ စိတ်မကောင်းစရာပါပဲ။ သွားလေသူကလဲ နိုင်ငံ့အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်လို့ယုံကြည်ပါတယ်။ ဒါပေမဲ့လဲ လူအမျုးိမျိုးစိတ်အထွေထွေမို့ ကျွန်မ တို့ အမေစုကိုတောင် လူတိုင်းထောက်ခံတာမှမဟုတ်တာနော်။ ဒါဟာလဲ သဘာဝတရား ပဲလို့ ထင်ပါ တယ်။ ဒီမှာ လက်ရှိရေးနေတဲ့ကာတွန်းလိုပေါ့။ အခုခေတ်က ဘာလာလာနှစ်စုပဲရှိတယ်တဲ့။ အဲဒါဘာ လဲဆိုတော့ ဘာလာလာထောက်ခံတဲ့အဖွဲ့နဲ့ ဘာလာလာကန့်ကွက်တဲ့အဖွဲ့တဲ့။ တကယ့်ကိုပဲ ထိမိတဲ့ ကာတွန်းလေးပါ။ ဒါကလဲနိုင်ငံတိုင်းမှာ အတူတူပဲဖြစ်မှာပါထင်တယ်နော်။ ကန့်ကွက်မယ် ဆိုတဲ့ သူတွေ က နေရာတိုင်းမှာပါရှိနိုင်ပါတယ်။ ဒါပေမဲ့ကျွန်မတို့ကတော့ Iron Lady ရဲ့လုပ်ဆောင် ချက်ကို ကိုယ်တိုင် မကြုံ ဖူးတော့ ထောက်ခံရမလား စိတ်နာရမလားမသိပေမဲ့ The Lady အမေစုကိုတော့ ဘာလာ လာထောက်ခံ တာမဟုတ်ပဲ ရင်ထဲကကို ကြည်ညို လို့ထောက်ခံတာပါ။

  • ကိုမိုက်ကယ်ဂျော်နီအောင်ပု

    April 18, 2013 at 1:05 am

    ပြောခြင်တာပြောလေ ဘွားဒေါ်ရဲ့ :mrgreen:
    အိုဘါးမားတောင် ဝမ်းနည်းပါတယ် ဘါညာသါရကါလုပ်သေးတယ်
    ဘုရင်မကြီးက နိုင်ငံတော် မသာပို့ပွဲအအဖြစ်တောင် သတ်မှတ်တယ်မဟုတ်လါး

  • kai

    April 18, 2013 at 3:42 am

    အဲဒီအောက်က အော်စကာဆုရတဲ့ကားလေးကြည့်ပြီး.. ပြောရင်အရသာရှိမယ်..
    မာဂရက်သက်ချာအဖြစ်သရုပ်ဆောင်တဲ့သူက.. သရုပ်ဆောင် အော်စကာရတာပါ..
    Meryl Streep လေ..။ သရုပ်ဆောင်ပညာ အင်မတန်တော်သူပါပဲ..

    အဲဒီကားကြည့်ပြီး.. ဗိုလ်ချုပ်အောင်ဆန်းကားရိုက်ရင်.. ဗိုလ်ချုပ်နဲ့ရုပ်တူဖို့မလို.. သရုပ်ဆောင်မှာပရိုဖြစ်ရမယ်လို့တောင်.. ဆိုင်ရာသူတွေကို ထပ်ခါပြောဖြစ်ခဲ့ဖူးတယ်….
    အတ္ထုပ္ပတ္တိရိုက်တာမှာ.. အရေးအကြီးဆုံးဖြစ်တဲ့.. သူ့သမိုင်းကမ္ဘာသူားတွေပိုသိသွားတာပေါ့..။
    =


    The Iron Lady (2011) – IMDb
    http://www.imdb.com/title/tt1007029/
    Rating: 6.3/10 – 44456 votes
    Elderly and a virtual prisoner in her own home due to her concerned staff and daughter Carol, Margaret Thatcher, Britain’s first woman prime minister,…

    • ရွှေ ကြည်

      April 30, 2013 at 7:44 pm

      အဲ ဒီတခါတော့သူကြီးနဲ့ သဘောထားတူသဗျ ဗိုလ်ချုပ်ဇာတ်ကားရိုက်ဖို့လူရွေးတော့ လူပုံစံတူဖို့ထက် ဗိုလ်ချုပ်ရဲ့ စိတ်ဓါတ်နဲ့ စရိုက်တွေကို ကောင်းကောင်းသရုပ်ဖေါ်ပေးနိုင်မယ့် သူကိုပဲဖြစ်စေချင်တာဗျ

  • nozomi

    April 18, 2013 at 8:19 am

    ဒေါ်သက်ချာကြီးကတော့ ခေတ်က တောင်းဆိုလို့
    ပေါ်လာတဲ့ ခေါင်းဆောင်လို့ ပြောရမယ် ထင်တယ်

    သူငယ်ချင်းတစ်ယောက်ပြောဘူးတယ် ဟိုဘဘကြီးများ မရှိတော့ရင် အိမ်ရှေ့ အရက်ပုလင်းထောင်ပြီး တညလုံး သောက်ရင်း ပျော်လိုက်မယ်တဲ့
    သူ့ ဆန္ဒကတော့ အခုထိ မပြည့်ဝသေးဘူး
    (အိမ်ရှေ့ မသောက်ဖြစ်သေးပေမဲ့ အိမ်ထဲ နေ့တိုင်းတော့ သောက်နေတာပါပဲ)

  • S@i S@i Fin K@i

    April 18, 2013 at 8:56 am

    စကားမစပ်ဗျာ … The Lady ကို ဂျင်းသုတ်ကျွေးတဲ့ ဟို လယ်သူမတွေကို
    မနေ့ညက NHK မှာ ဂျပန်စာတမ်းထိုးနဲ့ ပြန်တွေ့တယ်….
    ရယ်ရတယ်နော..အတန်းပညာတောင် မပြည့်လောက်ပုံရတဲ့
    တောသူမ၂ယောက်လောက်က ပြောသွားတာ ..ဘာတဲ့

    သူက အမျိုးသားခေါင်းဆောင် မဟုတ်တော့ဘူး နိုင်ငံရေးသမား ဖြစ်သွားပြီ .. သူပြောင်းလဲသွားပြီ
    အရင်လိုမဟုတ်တော့ဘူး

    တဲ့ … သတင်းဌာနကတော့ မျှမျှတတ တင်ပြပေးပါတယ်…
    အရင်က ရာနှုန်းပြည့် ထောက်ခံခဲ့ကောင်း ခဲ့ပေမယ့် အခုတော့ ဂလို ဂလောက်လေးဒွေ
    ရှိပါတယ်ဆိုပြီး ..

    အဟွတ်..
    တော်ပါပေတယ် ဆြာ့ ဆြာတို့ရယ်… လေးစားပါရဲ့..ခညားတို့က ဂျူဒိုပညာရှင်ဒွေဘာ…
    (ပူးသတ်တာ သိပ်ကျွမ်းတာရယ်… )

    နိုင်ငံတကာကတော့ လေဒီ ကားပြတင်းပေါက်ဘောင်ပေါ်မေးတင်ထားတဲ့ပုံကို
    ကျနော်တို့ မမြင်ဖူးတဲ့ angle က ရိုက်ထားတဲ့ Video ကိုကြည့်လို့ပေါ့…

    ကတောက်ခ်…
    ဒို့ တိုင်းပြည်ကြီး လယ်သူမအဆင့်တောင် ဂလောက် ပေါ်လက်တစ်ကယ်လ်ဆိုင်းယန့်စ်
    အောက်သက် ကြေရက်နဲ့ …… ဖြစ်ရလေ..

    ပိုစ့်ကို ပြန်ကောက်ရရင်
    ဒေါ်သက်ချာကြီးပဲ အေးပါတယ်ဗျာ….
    လုပ်ချင်တာတွေ တဝကြီးလုပ် ပြောချင်တာတွေ တဝကြီးပြော
    သောက်ချင်တာတွေ တဝကြီးသောက်ပြီး ဆဲချင်သူတွေ တဝကြီး ဆဲတာကို
    အနိုင်ပိုင်းပြီး ထွက်ချင်ရာကို ထွက်သွားတာ..

    ဒို့ကြီးမေမှာသာ …..
    :byae:

  • KZ

    April 18, 2013 at 9:16 am

    သူနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ ဖြစ်တာကတော့ …..
    ဂျက်ကက်နဲ့ စကာဒ် တွေ ကို ဝမ်းဆက် ရောင်စုံဝတ်သွားတာပါပဲ။
    စမတ်ဖြစ်သောလေဒီပုံမို့ ကြိုက်လိုက်ပြီး ရောဂါတက်ဖူးသေးရဲ့။
    :mrgreen:

  • ဦးကြောင်ကြီး

    April 18, 2013 at 9:48 am

    အရီးခင်လတ်
    သမီးရှင်မှတ်
    ပုတီးဆင်လျက်
    ခရီးကြင်ဖက်…။

    ၁၉၈၂ခုနှစ် ဖောက်ကလန်ကျွန်းစစ်ပွဲကာလ တိုင်းမ်စ်မဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံမှာ (အာဂျင်တီးနား စစ်သားတွေထင်တယ်) ကတုတ်ကျင်းထဲကနေ စက်သနတ် ပစ်နေပုံ အမှတ်ရမိပါတယ်။ အာဂျင်တီးနား အလံတင် သင်္ဘောကြီး (လေယဉ်တင်သင်္ဘောထင်တယ်)၊ စစ်သင်္ဘောများ၊ စစ်လေယဉ်များစွာ အမြှုပ်ခံရတယ် စစ်သားတွေ ထောင်ချီသေတယ်။ ဗြိတိန်ဘက်က ရာချီသေပြီး ဖရီးဂိတ်စစ်သင်္ဘောတစင်း အမြှုပ်ခံရလို့ အရှက်တကွဲ ဖြစ်ခဲ့တယ်။ သူ့ရာဇဝင် ပြိုင်ဖက် ပြင်သစ်နိုင်ငံလုပ် ဆူပါအီးတင်းဒတ် တိုက်လေယဉ်ပျံကနေ ဒုံးကျည်နဲ့ စော်ထည့်လိုက်လို့…။ အင်တာနက်မှာ ရှာကြည့်တော့ ဗြိတိန်က မတိုက်ချင်ဘူး၊ သူနဲ့ မိုင်ထောင်ချီကွာလို့ ထောက်ပံ့ရေလမ်းကြောင်း ဝေးလွန်းတယ်၊ ကျွန်းက အာဂျင်တီးနား လက်တကမ်းမှာ…။ ရန်သူကြားဖြတ် အတိုက်မခံရဘဲ အဲဒီကို ရောက်ဖို့ ဗြိတိသျှ တိုက်လေယဉ်၊ စစ်သင်္ဘောတွေ လမ်းကြောင်းရှည်လျားစွာ ကွေ့ကောက် ဖြတ်သန်းသွားရတယ်။ အမေရိကန်က မဟာမိတ်တွေဖြစ်လို့ ဘယ်ဖက်မှ မလိုက်ဘဲ ကြားနေတယ် ဆိုတာပဲ။ (ကျုပ်တော့ သိပ်မထင်… ဗြိတိန်ကို ထောက်လှမ်းရေး သတင်းလောက်တော့ ပေးမည်ထင်တာပဲ။) မာဂရက်သက်ချာက ကျွန်းတန်ဖိုးထက် နေမဝင်အင်ပါယာဟောင်း တိုင်းပြည်ဂုဏ်သိက္ခာအတွက် တိုက်လိုက်တာပါ။ အဲဒီစစ်ပွဲ အာဂျင်တီးနားလည်း ရှုံးရော အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေ ပြုတ်ကျသွားတယ် မှတ်မိတယ်။ သင်ခန်းစာ ယူစရာပါ။ ရွေးကောက် တင်မြောက်တဲ့ အစိုးရဆို အဲလို ကျွန်းကို ဗြိတိသျှလက်က သိမ်းချင်မှ သိမ်းမယ်။ စစ်ခေါင်းဆောင်တွေ နိုင်ငံရေးအကြပ်အတည်း အာရုံလွှဲဖို့ အမျိုးသားရေးကျားကွက် အရွှေ့လွန်ကုန်တာ စစ်အင်အားပြုန်းတီး၊ ဘဏ္ဍာငွေကုန်ဆုံး၊ တိုင်းပြည်လည်း စစ်ရှုံးရတယ်။

  • MaMa

    April 18, 2013 at 6:30 pm

    The Iron Lady ကြီးခေတ်ကို မှီလိုက်တယ်လို့ ပြောရမယ်။
    အဲဒီခေတ်က မဂ္ဂဇင်းမျက်နှာဖုံးတစ်ခုမှာ မာဂရက်သက်ချာပုံမှာ ဆံပင်ကို စက်ရုံနဲ့ မီးခိုးခေါင်းတိုင်ပုံလို လုပ်ပြီး သရော်ထားတာလေး သတိရမိသေးတယ်။

    လူတွေအားလုံးဟာ တစိတ်ထဲ တသဘောထဲ မဖြစ်နိုင်တာမို့ ကြိုက်သူလည်း ရှိ၊ မကြိုက်သူလည်းရှိတာ သဘာဝပါ။
    သူလုပ်ခဲ့တာတွေ မှန်တာလည်း ရှိမယ်။
    မှားတာလည်း ပါမယ်။
    ဒါပေမယ့် တိုင်းပြည်အတွက် လုပ်ခဲ့တယ်။
    ကိုယ်ကျိုးမရှာခဲ့ဘူး။
    ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆိုရင်ပဲ အတော်ကျေနပ်စရာကောင်းနေပါပြီ။

    ကိုယ့်သဘောနဲ့ကိုယ်ဆိုရင်တော့ ကမာ္ဘ့နိုင်ငံကြီးတစ်ခုရဲ့ ဝန်ကြီးချုပ်ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ယောက်အနေနဲ့ အထင်ကြီးတယ်။ လေးစားတယ်။ :hee:

  • အရီးခင်လတ်

    April 19, 2013 at 7:52 pm

    ပါဝင်မှတ်ချက်ပေးသူများ ရော၊
    ဝင်ရောက်ဖတ်ရှုကြသူများရော၊
    အချိန်ကုန်ခံ လက်ညောင်းခံ အရောင်ချယ်ပေးသူများ ကို ရော
    အားလုံးကို ကျေးဇူးတင်ပါတယ်။ 😆

    ဒီ Post မှာ အန်ကယ်ကြီး ရဲ့ မှတ်ချက် ကို BC ပေးပါတယ်။
    {{ အရေးကြီးတာကလုပ်သွားတဲ့သူကသူ့စိတ်သူလုံဖို့အရေးအကြီးဆုံး
    အများကောင်းကျိုးဆိုပြီးလုပ်တာငါကောင်းကျုိုးမဖြစ်နေဖို့အရေးအကြီးဆုံး }}

    အလွန်မှန်ပါတယ်။
    တကယ်မှာတော့ ကိုယ့်အကျိုး အတွက် လုပ်ရင်း လဲ အများကောင်းကျိုးပါအောင် လုပ်လို့ ရပါတယ်။
    ကိုယ့်ဖို့မပါဘဲ သူများတွေအတွက်ချည်း လုပ်နေတာလဲ သိပ်ပြီးဟန်မကျပါဘူး။
    ဒါပေမဲ့ အင်မတန် အသိဉာဏ်ကင်းမဲ့လွန်း တဲ့ သူတွေ ကတော့ သူများအကျိုး မပြောနဲ့
    ကိုယ့်အတွက်အကျိုး ကိုတောင် ပညာရှိနည်းနဲ့ မလုပ်တတ်တော့ အာဏာ ပါဝါ အားကိုးပြီး လုပ်နေရတာမို့
    ဒီ အာဏာပါဝါကို ဘယ်လိုမှ လက်မလွတ်ရဲ ဘဲ အတင်းကို မရမက ဖက်တွယ် နေကြရတာ မြင်နိုင်ပါတယ်။

    • ရွှေ ကြည်

      April 30, 2013 at 7:47 pm

      အရီးရေ အရီးရဲ့ ဘီစီကိုထောက်ခံပါကြောင်း အရီးရဲ့ပို့စ်ကိုဖတ်ပြီးတွေးမိတာက ရွှေကြည်လည်း ဟိုတယောက်သေရင် အရီးပို့စ်ထဲကလိုပဲ သတင်းထဲနာရေးပါလာရင်ဆွဲဖြဲမိမလားပဲ

Leave a Reply