မကျေပွဲ သရေပွဲ




“မကျေပွဲ သရေပွဲ”
မနှစ်က 18-4-2012မှာ မေမြို့ကိုအရောက်သွားပြီး စိန်ပန်းပြာပင်တွေကို လိုက်ရိုက်ပါတယ်။
မြို့အနှံ့လောက်ကိုသွားပြီးရိုက်ခဲ့ပါတယ်။
ဒါပေမယ့် သိပ်စိတ်တိုင်းမကျ။
တစ်နှစ်မြောက်တဲ့ 18-4-2013 မှာလဲ တိုက်ဆိုင်စွာမေမြို့ကိုသွားဖြစ်ပါတယ်။
စိန်ပန်းပြာတွေကိုတွေ့တော့ မနှစ်ကနဲ့မတူအောင် မကျေပွဲနွဲခဲ့ပါတယ်။
ဒီတစ်ခေါက်ကတော့ နေ့ချင်းပြန်ဆိုတော့ သိပ်အများကြီးမသွားနိုင်ပါဘူး။
မဟာအံ့ထူးကံသာ ရင်ပြင်ပေါ်က အပင်ရယ်၊
အင်ဂျင်နီယာတက္ကသိုလ်နားကအပင်ရယ်၊
ယူနိုက်တက်ထမင်းဆိုင်နားကအပင်ရယ်ဘဲရိုက်ဖြစ်ပါတယ်။
ညနေပိုင်းရောက်တော့စိန်ပန်းပြာတွေက နေထိတော့နွှမ်းနေသလိုလို။
ကျနော့်အမြင် စိန်ပန်းပြာက အနီလောက် မလှသလို၊
နောက်သူ့အနံ့စူးစူးကလဲ ကြာလာတော့ ခေါင်းနောက်လာသလိုလိုပါဘဲ။
ဒီနှစ်လဲ မကျေပွဲလို့သာ သတ်မှတ်ပြီးရိုက်ပေမယ့် မနှစ်ကအတိုင်းထူးမခြားနားဆိုတော့
သရေပွဲ လို့ဘဲ သတ်မှတ်လိုက်ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
19-4-2013





18 comments
kyeemite
April 23, 2013 at 11:01 am
စိန်ပန်း အနီရယ်..စိန်ပန်းအဝါရယ်တော့ ရန်ကုန်မှာတွေ့ရပါတယ်..
ဒီအချိန်ပွင့်ချိန်ဆိုတော့ ကျနော်အလုပ်သွားတဲ့ အင်းစိန်လမ်းမ၊ ကြို့ကုန်းနားတဝိုက်မှာ
ပင်လုံးကျွတ်ပွင့်နေလိုက်တာဗျာ…..စိန်ပန်းပြာကတော့
အအေးကြိုက်ပုံရတယ်..တောင်ပေါ်ဒေသတွေမှာပဲရှိတယ်ထင်ရဲ့…
အားပေးသွားပါတယ်ဆြာပေါက်ရေ…
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:28 pm
ကိုမိုက်ရေ မနှစ် မေလ ရန်ကုန်ရောက်ချိန် တာမွေဘက်အသွား ပင်လုံးကျွတ်ရဲအောင်ပွင့်နေတဲ့
စိန်ပန်းနီကိုမြင်ရတာ ကားပေါ်ကဆိုတော့ ရိုက်လို့မရခဲ့ဘူးဗျာ။
ကိုမိုက်ရေ ရိုက်ထားစမ်းပါဗျို့
လှလွန်လွန်းလို့။
ရွာစားကျော် မင်းနန္ဓာ
April 23, 2013 at 11:19 am
သင်္ကြန်မတိုင်မီက ရုံးအပြန်လမ်းမှာ စိန်ပန်းပြာတွေပွင့်နေတာတွေ့လို့ ဓာတ်ပုံရိုက်ထားသေးတယ်..
စိန်ပန်းပြာကို ပထမဆုံးမြင်ဖူးတာကြောင့်လား.. ကြည့်ရတာ ရင်ထဲမှာအေးတယ်.. တမျိုးလေး..
အပွင့်ရောင်က အရွက်တွေရဲ့ အစိမ်းရောင်နဲ့ သိပ်မကွဲလို့ ဓာတ်ပုံထဲမှာတော့ အနီလောက်မလှဘူးဗျ..
ဒါပေမယ့် စိန်ပန်းပြာကို ခံစားရတာ ပို ကဗျာဆန်တယ်လို့ ထင်ရဲ့ဗျာ..
ကိုပေါက်(မန္တလေး)
April 23, 2013 at 12:29 pm
စိန်ပန်းပြာကတော့ တောင်ကြီး ပြင်ဦးလွင်ဘက်လိုရှမ်းပြည်ဘက်မှာဘဲရှိမယ်ထင်ပါတယ်။
အနီတော့ နေရာအနှံ့မှာ တွေ့ရ။
အပြာက ကဗျာဆန်ပေမယ့် အနံ့စူးယှယှ။
Ma Ei
April 23, 2013 at 1:07 pm
ကျမတို့တွေက စိန်ပန်းပြာတွေ၊ချယ်ရီတွေကို ငေးမောသဘောကျ
သူတို့တွေက ပိတောက်ဝါ၊ငုဝါ ၊ပျဉ်းမပန်းပြာပြာတွေ လှလို့တဲ့ တသသမေး
ရနေတာတွေထက် မရသေးတာကို မက်မောတတ်တဲ့ သဘာဝတရား
ပန်းကလေးတွေထက် ဆန်းကြယ်လှတဲ့ စိတ်ပါနော်…
ကိုပေါက်(မန္တလေး)
April 23, 2013 at 4:51 pm
ဒီလိုပါဘဲ မယ်အိရေ
အတောမသတ်နိုင်သော လောဘလေးတွေလို့ပြောရင ်ရနိုင်တာပေါ့နော်။
မဟာရာဇာ အံစာတုံး
April 23, 2013 at 1:49 pm
ဖေပေါက်ဂျီး
နေပူဂျီးလည်း လျှောက်သွား မနေနဲ့အုံး …
အတက်လည်း ကြီးဘီ
သတိလေး ဘာလေး ထားအုံးဂျ …
တော်ကြာ …
ကျုပ်ကို မိန်းမ ချာပေးမယ့်လူ မချိဘဲ နေအုံးမယ် ..
ကိုပေါက်(မန္တလေး)
April 23, 2013 at 4:58 pm
နေကောင်းလို့သွားတာပေါ့ကွဲ့။
မဟာရာဇာ အံစာတုံး
April 23, 2013 at 8:07 pm
နေကောင်းလို့ သွားတာ ဟုတ်တယ်ဗျ ..
တော်ကြာနေ နေပူကြီးဆို
လူကြီးတွေအတွက် သိပ်မကောင်းမှာစိုးလို့မို့
ဖေပေါက်ဂျီး ကို ကြိုပေါထားရဒါ …
မနက်ခင်း နေလောက် ညနေခင်း နေလောက်က သိပ်ပြီး ကိစန မချိဘူး ..
ဟိုလို နေ့ခင်းဂျီး ဘာဂျီးဒေါ့ သိပ်မတွားနဲ့ဂျာ …
အိုက်ဒါ ဂျစ်လို့ ပေါဒါ …
ကိုပေါက်(မန္တလေး)
April 23, 2013 at 9:49 pm
အလကား စတာပါ ဘိုအံရယ်၊
နေ့လည်ဆိုအပြင်မထွက်ပါဘူး။
ဓါတ်ပုံရိုက်ရင် ညနေခင်းမှာဘဲရိုက်ပါတယ်။
စိတ်ချ မင်းကို နေရာချထား မပြီးမခြင်း မကြွေသေးဘူးနော်၊
sorrow weaver
April 23, 2013 at 3:25 pm
လေးပေါက်ရေ….ပြင်ဦးလွင်ဆိုရင်တော့ တရုတ်ဘုံကျောင်းနားမှာရယ်…ကန်တော်ကြီးသွားတဲ့လမ်းမှာရယ်…အထက (1) ဝင်းထဲမှာရယ်…အင်မတန်မှ လှပတဲ့ စိန်ပန်းရောင်စုံပင်များရှိပါကြောင်း
ကိုပေါက်(မန္တလေး)
April 23, 2013 at 5:30 pm
ဘုံကျောင်းနားရယ် ကန်တော်ကြီးသွားတဲ့လမ်းရယ်ကတော့ မနှစ်က အကုန်လိုက်ရိုက်ခဲ့ပါတယ်။
အထက တစ်ထဲကတော့ မရိုက်ဘူးသေးဘူး။
ကျေးကျေးပါ နောင်တစ်နှစ်စောင့်ပြီးသွားရိုက်ပါမည်။
weiwei
April 23, 2013 at 3:49 pm
စိန်ပန်းပြာတွေက တောင်ကြီးမှာ ပိုလှတယ် ..
မေမြို့မှာ သိပ်မလှဘူး ..
ကိုပေါက်(မန္တလေး)
April 23, 2013 at 5:48 pm
တောင်ကြီးက ပိုလှတာ အမှန်ပါဘဲ။
MaMa
April 23, 2013 at 4:13 pm
ရန်ကုန်မှာ စိန်ပန်းပြာ သိပ်မတွေ့မိဘူး။
စိန်ပန်းနီတွေ လှသလို၊ စိန်ပန်းပြာလည်း လှတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက အပြင်ထွက်ရင်းနဲ့ ကင်မရာတစ်လုံးဆွဲပြီး တွေ့တွေ့သမျှ စမ်းရိုက်ကြည့်တာ။
ပုံကောင်းတော့ တစ်ပုံမှ မရခဲ့ပါဘူး။ :eee:
ကိုပေါက်(မန္တလေး)
April 23, 2013 at 5:49 pm
မမရေ
ကျနော်ပန်းတွေလိုက်ရင်း သိလာတာတစ်ချက် က ပိတောက်တို့စိန်ပန်းတို့ ငုတို့လို့ပန်းတွေက
မနက်စောစောရိုက်လေ လှလေပါဘဲ။
uncle gyi
April 23, 2013 at 10:30 pm
ကိုပေါက်ရိုက်တဲ့စိန်ပန်း
ကျုပ်တို့ကျောင်းတော်ကစိန်ပန်းနီလောက်မမြိုင်တာအမှန်
အခုတော့ရှိမရှိမသိ
ငယ်တုန်းကတော့စိန်ပန်းဝတ်ဆံလေးတွေကိုချိတ်ပြီးဆွဲကြတာ
ဝတ်ဆံပြုတ်သွားသူအရှုံး
ပျော်စရာကြီးအခုတော့အဲလိုကစားသူလေးတွေမတွေ့မိတော့
ဂိမ်းဆိုင်မှာချည်းပဲတွေ့နေ
ကိုပေါက်(မန္တလေး)
April 23, 2013 at 11:06 pm
အန်ကယ်ဂျီးရေ ကျနော်တို့ငယ်ငယ်က အခုအော်တိုဖုန်း အဆောက်အဦးကြီး အရှေ့ဘက်ခြမ်း
လမ်း80 26ဘီလမ်းနဲ့ 25လမ်းကြား ကြေးနန်းဝင်းထဲမှာ စိန်ပန်းပင်တွေချည်းဘဲ ပင်လုံးကျွတ်ပွင့်တာလှမှလှဗျာ။
အခုတော့ မရှိတော့ဘူး၊