ရုက္ခဗေဒဥယျာဉ်ထဲမှ ပန်းကလေးများ (၁)














မေမြို့ ကန်တော်ကြီးထဲမှာ ပန်းကလေးတွေ အများကြီးပဲ … အရောင်စုံ အမျိုးအစားစုံ လတ်လတ်ဆတ်ဆတ်နဲ့ အစွမ်းကုန် ပွင့်လန်းနေကြပါတယ်။ ပန်းကလေးတွေကို အားပါးတရ ဓါတ်ပုံရိုက်ခဲ့တာ လှတာလေးတွေ များလွန်းလို့ အပိုင်းခွဲပြီး တင်ရပါတော့မယ်။

11 comments
weiwei
April 20, 2013 at 1:08 pm
ရိုးရိုးကင်မရာ ပီစိညှောက်တောက် Canon PowerShot A3400IS ဖြင့် macro နဲ့ ဒီအတိုင်း အော်တို ရိုက်ထားပါတယ်။
ကိုပေါက်(မန္တလေး)
April 20, 2013 at 1:19 pm
မဝေနဲ့ကျနော် ပုံတွေတူတာများတယ်
ဒါပေမယ့်မဝေပုံတွေက ပိုသေသပ်တယ် ကျနော်ရိုက်ထားတာထက်စာရင်။
လောလောဆယ် မတင်သေးဘူး ပန်းပုံတွေ နောက်မှဘဲတင်တော့မယ်။
S@i S@i Fin K@i
April 20, 2013 at 2:16 pm
ပုံပို့လိုက်ပါသည်
နည်းနည်းတို့ပီး
တော်သေးဘီ
ခင်တဲ့
ဂီ
:harr:
weiwei
April 20, 2013 at 2:27 pm
ပုံတွေရပါတယ် .. နဲနဲလေး တို့လိုက်တာနဲ့ လှသွားတယ် ..
ကျေးဇူးတင်ပါတယ် …
ဓါတ်ပုံပညာကို အများကြီးလေ့လာချင်ပါသေးတယ် … လောလောဆယ်အခြေအနေကတော့ ဒီအတိုင်း မြင်တဲ့အတိုင်း အော်တိုရိုက်ပြီး ဆိုဒ်နဲနဲချုံ့ပြီး တင်တဲ့အဆင့်ပဲ ရှိသေးတယ်…
weiwei
April 20, 2013 at 3:09 pm
မည်သို့ မည်ပုံ တို့ထားတယ်ဆိုတာလေး ရှင်းပြပေးပါလား …
အရီးခင်လတ်
April 20, 2013 at 3:10 pm
လှလိုက်တာ ဝေဝေ ရေ။
ပုံ(၄) နဲ့ ပုံ(၈) ကို စိတ်ကြိုက်ရွေးလိုက်တယ်။
MaMa
April 20, 2013 at 3:15 pm
လှလိုက်တဲ့ ပန်းကလေးတွေ။ ဒေလီယာတွေ ထင်ပါရဲ့။
အောက်ဆုံးက တို့ထားတဲ့ ပုံကလေး အကြိုက်ဆုံးပဲ။
ဝေဝေ ဒီတခေါက်ခရီးသွားတာ ပန်းပုံတွေ ရတာနဲ့တင် အတော်တန်နေပြီ။ :hee:
ဓာတ်ပုံတွေကြည့်ပြီး အားကျလွန်ပြီး မနာလိုတောင် ဖြစ်လာပြီ။ :harr:
မဟာရာဇာ အံစာတုံး
April 20, 2013 at 4:21 pm
လှလိုက်တာဗျာ …
တကယ် .. တကယ် ..
ရက်ရက်စက်စက် ကို လှရက်ကြပါပေတယ် …
အင်းးး ရိုက်တဲ့လူကလည်း
လှလို့မို့ ပုံတွေကလည်း လှတာ နေမှာပါပဲလေ ..
TNA
April 21, 2013 at 10:46 pm
တော်တော်လေးလှပါတယ် မဝေရေ။ အေးမြလတ်ဆတ်သွားတာပဲပုံလေးတွေကြည့်ရတာ။ မောင်ဂီတို့ ထားတာလေးလဲတော်တော်လှတယ်နော်။ ကျွန်မတို့ဆို ပန်းပုံရိုက်လိုက်ရင် အုံလိုက်ပဲရိုက်တာ။ ဒီလို တပွင့်ချင်းတခါမှမရိုက်ဖူးဘူး။
Ma Ei
April 22, 2013 at 9:31 am
ပန်းရောင်စုံမှာ ပျားပိတုန်းလေးတွေ
ရေစက်ရေပေါက်လေးတွေနဲ့ လှလိုက်တာနော်…
S@i S@i Fin K@i
April 23, 2013 at 2:45 pm
Sharpness တင်ပါသည်။ Lighting ကို ပြန်ချိန်ပါသည်။ Exposure curve ကို S-Curve
ဖြစ်အောင် နည်းနည်း(နည်းနည်း) ပြင်ပါသည်။ ဖရိမ်ခတ်ပါသည်…။
:kwi: