Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောက်ရွှီးဆို သောက်ခွီးဆဲ.. Fcuk

ဘာရေးရရင် ကောင်းမည်း စဉ်းစားနေတာ ဆင်မမဲရှင်ရေးတဲ့ ပီသူတွေဆင်းစားဖို့ ပို့စ်ဖတ်ပြီးသကာလ နောက်မှ အေးအေးဆေးဆေး တင်မယ်ချိုထားတဲ့ စာတင်လိုက်သဗျာ.. ခါတော်မှီပို့စ်လေးပါ။ ငါနဲ့မတူ လအူ တွေးခေါ်ပြီး သူ့ထက်ထူးအောင် တင်ပါတယ်..။ လဗျွတ်ပဲ.. မင်းမဆဲခင် ငါအရင်ဆဲတယ်… ယီးဖြစ်လား..

ဒီမိုကရေစီနိုင်ငံ အင်္ဂါရပ်မှာ အစိုးရနဲ့ ဆန့်ကျင်ဖက်လုပ်တဲ့ အတိုက်အခံ ရှိရတယ်၊ အဲဒါကိုမှ နာမဝိသေသန ထပ်ပြုလိုက်ရင် အတိုက်အခံဂေါင်းပေါ့ဗျာ.. အဲဒီကြတော့ ဘာကိုဂေါင်းခေါ်သလဲ သောက်စကား များရပြီ။ ရှင်းနေတဲ့ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ စည်းကမ်းရှိသော ဒီမိုကရေစီ၊ ပြည်သူ့ဒီမိုကရေစီ စသဖြင့် ကင်ပွန်းတပ်တာ ဥပမာပဲ။ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး စသဖြင့် မရှုပ်ရှုပ်အောင် လုပ်သလိုပေါ့ဗျာ။

ရိုးရိုးပဲ ပြောရအောင်၊ အာဏာရှင်ခေတ်မှာ သက်စွန့်ဆံဖျား ကိုယ်ကျိုးစွန်တဲ့ နိုင်ငံရေးဆိုတာ ဒီမိုကရေစီရရင် ပရော်ဖက်ရှင်နယ် သက်မွေးဝမ်းကျောင်း ဖြစ်သွားပီ။ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင် လူလည်ပတ်ကားတွေ ကျင်လည်ကြက်စားရာ ဖြစ်တယ်၊ မြွေမြွေချင်းခြေမြင်မှ ပြီးတော့ အဆိပ်ရှိသူ အခြင်းခြင်း ထိန်းကျောင်းပေးမှ အလုပ်ဖြစ်တဲ့ ဥပဒေစည်းမျဉ်း၊ ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ကောင်းတယ်။ မြွေကြီးတကောင်ထဲ ဗိုလ်လုပ်လို့ ဆင်းရဲတွင်းနက်ရတဲ့ သမိုင်းသက်သေ မဟုတ်လား။ တနည်းအားဖြင့် အချင်းချင်း မတည့်အောင် (ယဉ်ကျေးစကားလုံး ပြောင်းသုံးရင် အပြန်အလှန် ထိန်းကျောင်းမှု) ဖြစ်အောင် စီမံထားပေးတယ်။

အဲဒီမှာ စကား စရှုပ်တော့တာပဲ။ အာဏာရှင်၊ ကူမြူနစ်နိုင်ငံတွေမှာလည်း သမုတ်ထားတဲ့ အတိုက်အခံပါတီ ရှိတယ်။ တရုတ်၊ စင်ကာပူ၊ အီရန် စတဲ့အာဏာရှင် တိုင်းပြည်အားလုံးမှာ အာဏာရ ပင်မပါတီ မဟုတ်တဲ့ လွှတ်တော်တွင်း အတိုက်အခံရှိတယ်။ မြန်မာပြည်မှာရော မရှိခဲ့ဘူးလား။ တပါတီ အာဏာရှင် မဆလခေတ်မှာ အတိုက်အခံပါတီ မရှိပေမဲ့ ၇၄ခုနှစ် အခြေခံဥပဒေအရ ပါတီ၊ ကောင်စီ၊ တရားရေး အဖွဲ့သုံးဖွဲ့ မဏ္ဍိုင်ပြုတယ်။ နိုင်ငံတော် အဆင့်စလို့ ရပ်ကျေးအထိ သုံးဖွဲ့စလုံး အပြန်အလှန် အာဏာသက်ရောက်တယ်။ ပြည်နယ်၊တိုင်း အဆင့်မှာဆို ဗိုလ်မှူးဂျီး၊ မြို့နယ်မှာ ဗိုလ်မှူးအဆင့် ကွပ်ကဲတယ်။ ပါတီဥက္ကဌတွေက ဆိုင်ရာတိုင်းမှူးတွေဖြစ်ပြီး ကောင်စီ၊ တရားရေးကတော့ စစ်ဖက်ကလာတဲ့ စီနီယာ ဗိုလ်မှူးကြီးတွေပေါ့ဗျာ။ ကောင်စီက အုပ်ချုပ်ရေးပိုင်း ကွပ်ကဲတယ်၊ ပါတီက ဝင်မစွက်ဘူး။ သူ့ခွင်ထဲ ဝင်လာရင်တော့ ပါတီစည်းကမ်း ဖောက်ဖျက်မှုနဲ့ တွယ်တယ်။ တရားသူဂျီးအဖွဲ့ကလည်း သူ့ အပိုင်းနဲ့သူ…။ ၁၉၈၈ စစ်အာဏာသိမ်းတော့ ဒေသပါတီဥက္ကဌတိုင်းမှူးတွေ အာဏာရကုန်လို့ သူတို့နဲ့မတည့်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ပြုတ်ကုန်တာ မနည်းမနော။ မဆလခေတ် အုပ်ချုပ်ရေးယန္တရား တာဝန်ခံတဲ့ ကောင်စီဥက္ကဌ ဗိုလ်မှူးဂျီးတွေ ပါဝါလက်မဲ့ ဖြစ်ပီကိုး။

ပြောချင်တာ တပါတီအာဏာရှင်ခေတ်မှာလဲ အတိုက်အခံ ပုံစံမျိုး အဖွဲ့အချင်းချင်း စောင့်ကြည့်နေအောင် လုပ်ထားတယ်။ ရလဒ်က သိတဲ့အတိုင်း… တိုင်းပြည် ကမာ္ဘ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့တယ်။ အတိုက်အခံ နာမည်တပ်ပြီး အာဏာရပါတီ အစိုးရအဖွဲ့ကို ထောက်ပြ ဝေဖန်ရမည့်အစား သူတော်ချင်းချင်း သူတင်းလွေ့ ခေါင်းစဉ်တခုအောက် ရည်မှန်းချက် အောင်မြင်ဖို့ ပံ့ပိုးပေးတဲ့ လက်ဝေခံ ဖြစ်မှန်းမသိ ဖြစ်သွားရတယ်။ သီအိုရီ အရ မဖြစ်နိုင်တာကို ဇွတ်တိုးလုပ်တဲ့ အကျိုးလေ… စုပေါင်းလယ်ယာ ဘုံစနစ်လို စိတ်ကူးယဉ် ဆင်ခြင်တုံမဲ့မှု တခုပေါ့ဗျာ။ အချိန်ကြာတော့ မဖြစ်မှန်းသိလဲ ယောယိမ်းလိုက် ဘသားယိမ်းလိုက်ကရင်း တိုင်းပြည်ရေစုန်မျော တာပဲ။ အတိုက်အခံက ဆီလိုအပေါက်ရှာ ဝေဖန်မှ အာဏာရအစိုးရ ကျွတ်စကီးပြပြီး အရှိန်သတ်မယ်၊ တိုင်တိုင် ပင်ပင် ရှိကောင်းတယ်။ အချီးနှီးမဲ့ ပေါက်ကရ ဝေဖန်နေရင် မီဒီယာနဲ့ ပြည်သူက စစ်သားလို ငတုံးတွေမှ မဟုတ်တာ၊ အဲဒီအတိုက်အခံ နိုင်ငံရေး လုပ်စားလို့ ရပါ့မလား။ နိုင်ငံရေးဆိုတာ ပေါ်ပင်မလုပ်မဖြစ် လုပ်ရတယ် ဒါမှ မဲရမှာပါ့… ကြံ့ဖွတ်စစ်ဗိုလ်ဟောင်း၊ စစ်ဗိုလ်တမတ်သားတွေလို မဲခိုးမဲလိမ် မျက်နှာပြောင်တိုက် ပြည်သူ့ လွှတ်တော်ထဲ ဝင်ထိုင်လို့မှ မရတာ…။

fcuk တီရှပ်ကြော်ငြာ တကယ်ပါ
fcuk တီရှပ်ကြော်ငြာ တကယ်ပါ

ကုံလို့ပြောရင် အင်တာနက်လည်း ဒီလိုပဲ.. အခွင့်ပေးမှတော့ ရေးချင်ရာရေးမှာပဲ၊ မရေးမှသာ မှားနေတာ။ အတွေးအခေါ် လွတ်လပ်ခွင့်ကို ပုံစံသွင်း ဘောင်ချလို့ မရဘူး။ အင်တာနက် ယဉ်ကျေးမှုဆိုတာ သူ့သီးခြား သဘာဝနဲ့သူ။ သီးမခံနိုင်ရင် ဆိုင်ဘာယဉ်ကျေးမှုထဲ ဝင်မစီးမျောနဲ့…။ သူများပြောတိုင်း ကိုယ်ပါ ရောင်ယောင် တာများတော့ အစိုးရဒုဝံကျီးက တနေ့ကပြောတယ် လွတ်လပ်ခွင့်ပေးမှာ စည်းပျက်ကမ်းပျက်သတင်းတွေ များလာသတဲ့..။ ဟိုက ကဖို့ချောင်းနေတာ လက်ခုပ်တီး မပေးကြပါနဲ့..။ ဘာသာရေး လှုံ့ဆော်မှု အကြောင်း ပြချက် ကောင်းပေမဲ့ လူတိုင်းမျက်နှာဖုံးစွပ် လုပ်ခွင့်ရှိတာ မမေ့နဲ့..။ လူတယောက် အကောင့်ဆယ်ခုနဲ့ ကြံ့ဖွတ်၊ ထောက်လှမ်းရေး ဆယ်ယောက်ဆို နာမည်တရာနဲ့ ကွန်းမန့်ပို့စ် အမျိုးစုံ တင်လို့ရနေပြီ။ ဒါကို မျက်လူးဆန်ပြာဖြစ်ရင် ဒီမိုကရေစီသမား နာမည်ခံပြီး ကိုယ့်လောက်မိုက်သူ ရှိအုံးမလား..။ သူကဆဲရင် မိမိက ပြန်ဆဲရင်ဆဲ မဆဲရင် ပညာရှိနည်းသုံး တုံ့ပြန်ပေါ့။ သူတို့ ဖွသလို ကိုယ်ကလည်း ပြန်ထိန်းချုပ်နိုင်နေတာပဲ။ စစ်အစိုးရခေတ်လို တဖက်သတ်မှ မဟုတ်တာ။ တခုတော့ရှိတယ်… အဖျက်သမားတွေ မထောင်နိုင်အောင် ကြိုကြိုတင်တင် ပညာပေး စည်းရုံးမှုရှိရမယ်။ နားလည်မှု ယူထားရမယ်။ ဖြစ်မှမကောင်း နင်းကန်အော်နေလို့ မရဘူး။

ဘွားဒေါ်ဂျီးက စစ်တပ်ကို ချော့လိုဇောနဲ့ သစ္စာရှိသော အတိုက်အခံ သံယောင်ဟစ်တော့ နဂိုက ခလောက်ဆန် ချင်နေတဲ့ စစ်တပ်လိုလားသူ အမွှေတော်များ အကြိုက်ဖြစ်တယ်…။ စစ်သားသေနတ်ကိုင်၊ ဆရာဝန်ဆေးကု၊ ကျောင်းဆရာစာသင်၊ ရှေ့နေ အမှုလိုက်ပါ။ ချမ်းသာချင်ရင် စီးပွားရေးလုပ်၊ မလုပ်မရှုပ်မပြုတ် သဘောကျရင် ဝန်ထမ်းဘဝခံ၊ အာဏာလိုချင်ရင် အီကော်နောမစ်၊ ပေါ်လစ်တစ်ကယ်ဆိုင်းရင့်၊ လောသင်ပြီး နိုင်ငံရေးထဲဝင် လူစွာလုပ်၊ ဥပဒေပြုဖို့ အကြံထုတ် ရွေးကောက်ပွဲ နိုင်အောင်လုပ်ရမယ်။ အာဏာလက်ရှိ နိုင်ငံရေးသမားဆို ကိုယ့်အစိုးရ၊ ပါတီ၊ ပရောဂျက်၊ ဌာနကို ဦးဆောင်၊ အကာအကွယ်လုပ်၊ နိုင်ငံရေးသမားက တိုင်းပြည်ရှေ့ရေး မူဝါဒကို ထုတ်ပြစည်းရုံး။ မီဒီယာနဲ့ ပြည်သူက အမှန်အမှား စောင့်ကြည့်မယ်။ အဲလိုမဟုတ်မှသာ စိုးရိမ်ရမှာ… အခုတော့ဗျာ ပြောနေသူအချို့ (အချို့သော တချို့ ကိုယ်စီးမည့်မြင်း ဘာမှန်းမသိ) လုပ်ကြံရေးသားနေတယ်။ သူတို့ကပဲ သူဒေါ်ဂေါင်းဂျီး ချင့်ချိန်ဖြောင့်မတ်သူဂျီး လုပ်လို့.. သောက်ခွီး..။

အနုပညာနယ်ထဲ လူမှုအရှုပ်အရှင်းများတာ သူ့သဘာဝ၊ ရှေ့နေသေရင် လျှာထွက်တာလည်း ဘာဖြစ်သလဲ၊ စစ်သားသေ ငရဲမကျလား။ ဘုန်းကြီးသေတဲ့အခါ ( သဂျီးမေးကြည့်.. သူဖြေလိမ့်မယ်) အဲဒါအဆန်းလား…။ ရူးကြောင်မူးကြောင် ပြူးချောင်ချောင် လာမလုပ်နဲ့… ဂေဇက်ရွာဆိုတာ အိညှက်အိညှက် လုပ်ဖို့မဟုတ်ဘူး၊ သေရဲသတ်ရဲ အနိုင်ယူရဲသူတွေ အောင်ပွဲခံတဲ့ ဘူမိနက်သန် အောင်မြေနေရာ….။

13 comments

  • phoe cho

    April 22, 2013 at 2:32 pm

    ဦးကြောင်ကြီးကနိုင်ငံရေးသမားကြီးလား။

  • kai

    April 22, 2013 at 3:07 pm

    ဗမာစစ်တပ်မချော့လို့ရမလား.. ကိုရင်ကြောင်ရယ်..
    စစ်အစိုးရလက်ထက်ပဲကြည့်.. .. ဘယ်သူ့မှဂရုစိုက်တဲ့ကောင်တွေမှမဟုတ်တာ..
    အမေရိကားမကလို့.. သူ့အဖေလည်း အေးဆေး..
    ရန်ကုန်ကယူအက်စ်သံရုံးရှေ့မှာ ပြည်ပအားကိုးဘာညာကွိကွ ဘုတ်လိုက်ကြီး.. ပြူးတင်တာပဲ..
    ချိုင်းနားဆိုလည်း.. တပည့်လိုလို..ဘာလိုလိုလေဖမ်းပြီး.. ဆော်စရာရှိဆော်ထည့်တာပဲ..
    သူတို့အာဏာများထိလို့ကတော့.. ကရင်ကယားကချင်ချင်းရခိုင်မွန်ဗမာ.. အကုန်.. ဆော်တာပဲ..
    ဘုန်းကြီးလည်း.. ခေါင်းရိုက်ခွဲချင်ခွဲတာပဲ..

    အခုများကျ…
    အစ္စလမ်မစ်နိုင်ငံတွေဖိအားပေးတာများ.. အစိုးရက.. ကြောက်နေပြီ လို့ထင်နေသူတွေကရှိသေး..
    ဟေး..ဟေး..

    ဆိုတော့…
    ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ……….. အောင်မလေး.. ပိတုန်းတုတ်သဟ.. :kwi:

    • Foreign Resident

      April 22, 2013 at 6:19 pm

      ဦးကြောင် သိပါတယ် ၊ အရင် စစ်အစိုးရတုန်းက ၊
      စစ်တပ် ကို ပက်ပက်စက်စက် ဆဲခဲ့ / ကလော်ခဲ့တဲ့ အထဲမှာ ၊
      အဘ တို့ ရှေ့ဆုံးက ပါခဲ့တယ် ၊ စစ်တပ် ဖက်က လူ မဟုတ်ဘူး ဆိုတာ ။

      သို့သော် ၊ အပေါ်က သူကြီးပြောသလိုပါပဲ ။
      ဗမာ စစ်တပ် မချော့လို့ ရမလား.. ကိုရင်ကြောင်ရယ် ။
      ( တစ်သွေး တစ်သံ တစ်မိန့် နာခံမဲ့ ၊ လက်နက် အပြည့်အစုံ နှင့်
      လေ့ကျင့်ပြီးသား Battle Harden ၊ စစ်သည် ၅ သိန်း ရှိတယ် ၊ ဘယ်သူ စမ်းဝံ့သတုံး )

      အခု ဒီ အခြေအနေ ရောက်လာတာတောင် ၊ သူတို့ ပေးလို့ မဟုတ်လားကွယ် ။
      ( အရင် ၊ သူတို့ မ ပေးခင် အချိန်တုန်းကရော ၊ အောက်ကနေ အီး အား အော်ရုံကလွဲလို့ ၊
      ဘယ်ကျေးဇူးရှင်ကများ ၊ ဘာများ တတ်နိုင်ခဲ့လို့တုန်း )

      အခု သူတို့ ကိုယ်တိုင်က ( ခေါင်းဆောင်ပြောင်း ၊ သဘောထား ပြောင်းသွားလို့ )
      လိုလိုချင်ချင် ( ဒါပေမယ့် သူတို့ဖက်ကလည်း မဝံ့ မရဲ ပါဘဲ ) စ လက်ကမ်းတဲ့ အချိန်မှာ ၊
      နင့်လက်ကြီးက မသန့်ဘူး ၊ ခုနလေးတင် နင် ဘာကိုင်ထားတာ ၊ ဘာညာ ဂျီး သိပ်မများနေပဲ ၊
      နောက်ကျနေလွန်းတဲ့ တိုင်ပြည် ရဲ့ မျက်နှာ ကို ငဲ့ပြီး ၊
      လက်တွဲပြီး ရောက်နိုင်သလောက် ၊ အတူ စမ်းလျှောက်နေတဲ့ သဘောပါ ။

      အခုလို အပြောင်းအလွဲ အချိန်ကြီး ထဲမှာ ၊
      သူတို့ အချင်းချင်းကြားမှာလဲ အာဏာ / အတွေးအခေါ် လွန်ဆွဲပွဲတွေ ရှိမှာမို့ ၊
      ကိုယ့် စိတ်တိုင်းကျ မဖြစ်သေးရင်လည်း ၊ စာနာ နားလည်ပေးလိုက်တာပါ ။

      ပြောလို့သာ ပြောရ ၊
      ကိုယ်သာ ဦးသိန်းစိန် နေရာရောက်နေရင်လဲ ၊ တော်တော် ခေါင်းနောက်မှာ ။
      ဘာလုပ်ပေးပေး ၊ အပြစ်ပြောကမှ မလွတ်ချင်တာကိုး ။
      ဆင်းကဒ် ကို ၁၅၀ဝ ထိလျှော့ပေးပြီး ၊ မဲနှိုက် ရောင်းပေးနေတာတောင် ၊ အပြောက မလွတ် ။

  • အရီးခင်လတ်

    April 22, 2013 at 3:59 pm

    ဒီမှာ တင်ထားတာမသိလိုက်လို့ဟိုဘက်က မှတ်ချက်ဘဲ ထပ်ပြီး ကူးလိုက်ပါရစေ ။

    မြန်မာနိုင်ငံက တကယ်ဘဲ ဒီမိုကရေစီ နိုင်ငံ တဲ့လား ကိုကြောင်ကြီး။ 🙄
    ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ရဲ့ အရေးကြီးဆုံး characteristic ဖြစ်တဲ့ “Free and Fair Elections” မရှိသေး/မဖြစ်သေးသ၍ ဒီမိုကရေစီနိုင်ငံလို့ပြောရမှာ ရှက်ဖွယ်ပါဘဲ။

  • အရီးခင်လတ်

    April 22, 2013 at 4:04 pm

    ဒါထက် ကျုပ်ကတော့ အိညှက်အိညှက် ဘဲ။
    မကျေနပ်ရင် အပြင်ထွက်ခဲ့။
    ဒါဘဲ။ 👿

    😆

    • Foreign Resident

      April 22, 2013 at 5:44 pm

      ” မကျေနပ်ရင် အပြင်ထွက်ခဲ့။
      ဒါဘဲ။ 👿

      အရီး ခင်လတ် ကွ ။
      ဗေပေါင် ၊ ထီးပေါင်ထီး ။

  • ရဲစည်

    April 22, 2013 at 4:06 pm

    အများလဲ စိတ်ချမ်းသာအောင် ….။
    ပွင့်လင်းတဲ့ ပြောင်းလဲရေး သဘောသက်ရောက်အောင်။
    အခု မေလမှာ ကြားဖြတ် ရွေးကောက်ပွဲ လုပ်ပီး .. လွှတ်တော်ထဲက စစ်သားအစိတ်သားကို ထုတ် ..
    ဘုရားသား အစိတ်သားကို ပြန်ထည့် … အိုး သိပ်ကြည့်ကောင်းမှာ .. ဒန့်တန့်တန့် .. (-) တွေတော့ မြင်ယောင်သေး
    :harr: :kwi:
    နောက်ပီးတော့ ဘုန်းကြီးတွေ ယူနီဖောင်းဝတ်
    စစ်သားတွေ သင်္ကန်းစီးပေးလိုက်လို့ကတော့ … တစ်သွေး တစ်သံ တစ်မိန့်ကြောင့် စာသင်ကိုယ်တော်တွေ တန်းပီး ရဟန္တာဖြစ်မှာ မြင်ယောင်းသေး … အဟေး … အဟေး

  • mobile

    April 22, 2013 at 10:52 pm

    ဦးကြောင်ချီး…. အဲ့မှားသွားလို့ ဦးကြောင်ကြီးရေ….
    ကျုပ်ကတော့ ဘာမှမပြောတတ်ဘူးဗျာ…..
    သူများပြောတာတွေကို ဖတ်သွားတယ်……………..

  • မင်းမင်း

    April 23, 2013 at 10:56 am

    ဟီးဆဲဆိုသံတွေဖယ်လိုက်ရင်
    လတ်ဆတ်ပါပေတယ်။
    အတိုက်အခံကိုဝါသနာပါလို့
    လုပ်ကြည့်တာ။
    အပြန်အလှန်ထိန်းကြောင်မူ့
    ပေါ့ဗျာ။ ဟီး

  • lady mobile

    April 28, 2013 at 6:27 pm

    ဘုန်းကြီးသေတဲ့အခါ ( သဂျီးမေးကြည့်.. သူဖြေလိမ့်မယ်)
    ဘုန်းကြီးသေရင် သူကြီးမေးကြည့်တာဟုတ်ပါတယ်
    သူကြီးသေလို့ဘယ်ရောက်တာလဲ သိချင်ရင်ဘယ်သူ့
    မေးရမှာလဲဟင်…..

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 28, 2013 at 7:21 pm

      အနှီးစုတ်ရင်ချီးသုတ်တယ်
      ထီးစုတ်ရင် မီးဒုတ်လုပ်တယ်
      သဂျီးပြုတ်ရင် ……………….. :mrgreen:

    • kai

      April 29, 2013 at 3:35 pm

      ကျုပ်ကငရဲသွားမယ်ပြောထားတယ်လေ…
      သေမယ့်သူရဲ့..ဆန္ဒ..Will ပေါ့..။
      :kwi:

      ဆိုတော့.. ငရဲမှာအင်တာနက်ရှိမရှိ..မသေချာလေတော့.. ကျုပ်သေရင်.. ရွာလည်းအပြုတ်ပဲ..
      ကွိ..။

Leave a Reply