Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆာယေးစယာ မိုက်ကယ်ဂျော်နီအောင်ပု

လောက၌
 ဆိုက်ကားနင်းသော ဆိုက်ကားဆရာကြီးသည်
 ဆိုက်ကားနင်းခြင်းကို အကြောင်းပြု၍ ရရှိသော ဝင်ငွေဖြင့်
 မိမိ၏အသက်မွေးဝမ်းကျောင်းခြင်းအမှု့ကိုပြုလေသည်။
 သဗ္ဗာန်ကပ္ပတိန်ကြီးသည် သဗ္ဗာန်ခတ်ခြင်းဖြင့်
 သဘောင်္ကပ္ပတိန်ကြီးသည် သဘောင်္ကြီးကိုအုပ်စီးခြင်းဖြင့်
 အသက်မွေးဝမ်းကျောင်းမှု့ကိုပြုဘိခြင်း ထိုနည်းတူစွာလည်း
 ရွှေပန်းထိမ်သည်တို့သည်လည်းကောင်း ငါးပိငါးခြောက်ကုန်သည်တို့သည်လည်းကောင်း
ဒညင်းသီးအိုးစိမ်သည်တို့သည်လည်းကောင်း ဆူးပုတ်ရွက်သည်တို့သည် လည်းကောင်း ကေအက်ဖ်စီသည်တို့သည်လည်းကောင်း
မုန့်လက်ကောက်သည်တို့သည်လည်ကောင်း ဂျေဒိုးနပ်သည်တို့သည်လည်းကောင်း ဘိန်းမုန့်သည်တို့သည်လည်းကောင်း
မုန့်ပျားသလက်သည်တို့သည်လည်းကောင်း ပွဲစားတို့သည်လည်းကောင်း သူတောင်းစားတို့သည်လည်းကောင်း
သူခိုးဓါးပြတို့သည်လည်းလည်းကောင်း ဝှေးသင်းဆရာတို့သည်လည်းကောင်း
တပ်မတော်သားများသည်လည်းကောင်း ပြည်သူ့ရဲများသည်လည်းကောင်း
ဝံဂျီးများသည်လည်းကောင်း လွတ်တော်အမတ်မင်းကြီးများသည်လည်းကောင်း
မော်တော်ကားဒရိုင်ဘာနှင့် စပယ်ယာတို့သည်လည်းကောာင်း ဘာညာဘာညာကွိကွကွိကွတို့သည်လည်းကောင်း
လူမျိုးမျိုးအစုံစုံတို့သည် အမျိုးအမျိုးအဖုံဖုံသော လုပ်ငန်းဆောင်တာများဖြင့် အသက်မွေးဝမ်းကျောင်းခြင်းအမှု့တို့ကိုပြုကြကုန်သော်လည်း
ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော်
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှာမူကား ဆာယေးစယာအလုပ်ဖြင့်အရက်ဘိုးအကြွေးတင်နေရရှာလေသဒီး။
( ဂေဇက်အတွင်းရှိ အခြားဆာယေးစယာများကိုမူ မသိပါ )
 ဒရန်တန်တန်
 ထိုသို့ဆိုခဲ့သော် ဘယ်လောက်တတ်လို့ဘယ်လောက်လိုခြင်သလည်း ဟူသောမေးခွန်းတစ်ခုရှိလာပေလိမ့်မည်
ကြားဘူးကြပေလိမ့်မည် လူသာနေသည်ပညာမနေပါ။ နဂါးမှန်းသိအောင်အမောက်ထောင်ပြပါအံ့ အောက်ပါဗဟုသုတမှတ်ဖွယ်ကို
သေခြာစွာမှတ်သားကြစေသောဝ်ကုန်။
 သင်္ကြန်ဟူသည်မှာ အဘယ်နည်း 
 သင်္ကြန်ဟူသည်မှာ တစ်ဦးဦးမှ တစ်ဦးဦးကိုရေဖြင့်ပက်ခြင်းဟု အကျယ်တဝန့်ရှင်းလင်းတင်ပြလိုက်ရပေတာ့သတည်း။
 မှတ်ချက်။ ။ ပညာရှိလူသူဒေါ်ဂေါင်း တို့မည်သည် မိမိပြုဖူးသည်ကို အထူးမပြုဘိသကဲ့သို့ပင် အထက်ပါဗဟုသုတကြီးအတွက်
ကျေးဇူးတင်စရာ တစ်ပြားတစ်ချပ်မှမလိုအပ်ဟုအသိပေးခြင်ပါသည်။
 ဗွီစီဒီများတွင် ဘောနက် သီချင်းဒဘုတ်အပိုပေးသည်ကို ရင်ဘောင်တန်းသည့်အနေဖြင့် အောက်ပါ သဒင်းသုံးသပ်ချက်ဂို
ဘောနက် အဖြစ်ဖြင့်တင်ဆက်လိုက်ဘါသှ်။
 မြန်မာပြည် ကလားဗမာ ပြဿနာများမှာ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏
သဘောထားကြီးသူ ပညာရှင်များအဆင့်တွင်ပင် တစ်ဦးမှတစ်ဦးကို ဟာလာလုပ်ပြစ်ခြင်နေကြသည့်သဘောကို ထောက်ရှု့၍
တိုးတက်မှု့မရှိသေးဟု သုံးသပ်တင်ပြလိုက်ရဘါဒေါ့သှ်။

16 comments

  • ယာယေးစရာဂျီး အားဂျီးတော်ဒယ် …
    ဘရာဘို ဘရာဂျော်
    အည အည အည
    သာဒု သာဒု သာဒု

    စကားမစပ် …
    သင်္ကြန်ဟူသည်မှာ တစ်ဦးဦးမှ တစ်ဦးဦးကိုရေဖြင့်ပင်ခြင်းဟု ….
    ပင်ခြင်း ဖစ်နေဒယ် …
    ပက်ချင်း ဟုတ်ဘူးလား …

    • Shwe Ei

      April 23, 2013 at 5:18 pm

      စလုံးဘောင်းမှားနေတယ် မောင်ငေး
      ဆာယေးဆရာဖစ်ရမာ……..ယာယေးဆရာဖစ်နေတယ် :kwi:

      • အိုက်ဒါ .. အိုက်ဒါ .. ကြောဒါ …
        ကိုယ် မှားပြမှ သူ မှားဒါ ဖျေဒါဒေါ့ မပေါ့ ..
        ဒါလေးတောင် သိဝူးရား .. :mrgreen:

        • ကိုမိုက်ကယ်ဂျော်နီအောင်ပု

          April 24, 2013 at 9:39 am

          ရေဖြင့်ပင် ခြင်းအစား ရေဖြင့်ပက်ခြင်းဟု ပျင်ဆင်လိုက်ဘါဘီခင်ဗျား
          ဤကဲ့သို့ စာလုံးပေါင်းမှားခြင်းအမှူ့ကို ထောက်ပြရခြင်း
          ကုသလကြောင့်
          ကိုယ်အိကျမ္မာခြင်း စိတ်အိခြမ်းသာခြင်း တွင်ရှိရပါစေပြီး
          ဗမာဒဗျီလုံးရှိ အိမ်ဒိုင်းအိမ်ဒိုင်းအား
          တယ်လီဖုံးဆင်းကတ်များ တစ်အိမ်တက်တစ်အိမ်ဆင်း
          ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝေငှ နိုင်ပါစေခြင်းအပျင်
          ကလားဗမာပြဿနာများကို ဖြေရှင်းနိုင်ပြီး
          နိုဗယ်ငြိမ်းချမ်းရေးဆုဂျီးကို ရရှိနိုင်ဘါစေသောဝ်
          အမျှ အမျှ အမျှ ယူဒေါ်မူဂျဇေဂုဏ်သဒီး

  • ရာမည

    April 23, 2013 at 4:12 pm

    အောင်မလေး
    မှန်လိုက်လေဗျာ
    ကျွန်တော ့ကိုလည်းသတ်ချင်သူများရှိနေလားထင်ရပါတယ် ။
    ကြိမ်းနေဝါးနေသံကြားရလို ့ ကြောက်ချီးတောင်စိမ်းစိမ်းပန်းသွားပါတယ်။
    ငါနဲ့မတူငါ့ရန်သူ ၊
    ငါ့နောက်မလိုက်သောက်ခွက်ရိုက် လို ့သဘောထားသူများလည်းတွေ့ရပါတယ် ။
    လွတ်လပ်စွာကွဲလွဲခွင့်နောက်မှာ လွတ်လပ်စွာအုပ်စုဖွဲ့တိုက်ခိုက်တတ်ပါတယ်
    အိုက်ဒါဂျောင့်ဘော ့ဘျာ
    အငြိုးအတေး အာဃာတ အမုန်းတရားတွေနဲ့ ပြည့်နေတဲ့
    တိမ်ယံထက်က ဂဇက်ရွာကြီးကို အိမ်မက်ထဲမှာတောင် ထိတ်လန့်နေပါပြီ ။
    ဒါဟာ သဘောထားမှန်တဲ့သူတွေ လက်ရှောင်နေပြီး ရွာထဲကပျောက်ကွယ်နေတာကြောင့်
    ရွာရဲ့ပုံစံဟာ ယခင်လိုမဟုတ်တော ့ပဲ ပြောင်းလဲသွားတာလိုထင်ပါတယ်။

    ကိုကြောင်ဝတုတ်ခင်ဗျာ
    ဒီနေရာကဘဲသတင်းပ်ု ့ပရစေ ။ ကျွန်တော ့ကိုပေးအပ်ချီးမြှင့်မည့်
    အမှတ်တရ လက်ဆောင်ကို မြတ်မြတ်နိုးနိုးတန်ဘိုးထားပြီး
    တွေ့ဆုံပွဲမှာ လာရောက်ယူချင်ပါသော်လည်း
    အငြိုး အမုန်း အတေး အမှတ်များကို ရင်မဆိုင်ဝံ့ပါသဖြင့်
    မလာရောက်ဖြစ်တော ့ပါ ဟု ဝမ်းနည်းစွာအသိပေးအပ်ပါသည်ခင်ဗျာ။
    ကိုကြောင်ဝတုတ်ထံ သတင်းပေးပြောပြပေးကြပါခင်ဗျာ ။

    • kai

      April 23, 2013 at 4:24 pm

      ဖေ့စ်ဘုတ်မှာ မျက်နှာကြီးတွေနဲ့.. မိသားစုပုံတွေတင်ထားတဲ့သူတွေက မပြောရဘူး..
      သူက.. :buu:

  • MaMa

    April 23, 2013 at 4:26 pm

    လူရှိန်အောင် ပိုစ့်တင်ရတယ်ဆိုတဲ့ အဆိုအမိန့်ကို နာခံပြီးသကာလ…….
    ဆာယေးစယာ မိုက်ကယ်ဂျော်နီအောင်ပု အား
    ဆရာတစ်ဦးအဖြစ် မှတ်တမ်းတင်ပြီး ဖြစ်ပါကြောင်းးးးး :kwi:

  • အရီးခင်လတ်

    April 23, 2013 at 4:28 pm

    Nobody Perfect လေ ဆာယေးစယာဂျီး ဘပု ရဲ့။
    လူတိုင်းမှာ ကောင်းကွက်တွေ ရှိသလို ဆိုးကွက်တွေလဲ ရှိပါ့။
    အဲဒီ Perfect မဖြစ်တဲ့ သူတွေ ပေါင်းပြီး Perfect ဖြစ်အောင် လုပ်ဖို့ပေါ့။

    Perfect မဖြစ်တာတွေ ပေါင်းစုပြီး ပိုပြီး Perfect မဖြစ် ရင်တော့ လဲ
    ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့် ဆိုပြီး လက်ညိုးထိုးကြတာပေါ့။ နော။ လွယ်ပါ့။
    😉

    ဒီတော့ ဖြစ်တာကို ဖြစ်တယ်မှတ်၊ ပျက်တာကိုပျက်တယ်မှတ်။
    ဘာမှမမြဲတာကိုမှတ်ပါ။
    မဟုတ်လို့ကတော့ ဒီရွာထဲတင်မဟုတ်၊ ဘယ်မှာမှ နေစရာကောင်းကောင်း ရှာလို့မှာ မဟုတ်။
    ဟုတ်တယ်မဟုတ်လား ဓဂါဂျီး။
    😆

  • Mr. MarGa

    April 23, 2013 at 6:24 pm

    အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော်ဂျီး……….ပြောတဲ့စကားမို့
    သေသေချာချာ မှတ်သားနာယူလိုက်တယ်လို့ မှတ်လိုက်ပါ။ :kwi:

  • မောင် ပေ

    April 23, 2013 at 8:20 pm

    ကျန်တာတော့ ဘာမှန်းမသိလို ့
    ဂျေဒိုးနပ် ကို ပိုင်တာ ထွန်းနိုင်ရွှေ ဆိုပဲ
    အဲဒါ အဲဒါ

  • နေဝန်းနီ

    April 23, 2013 at 9:58 pm

    ဆာယေးဆြာရယ် အယက်ကျွေးက ဘယ်ဂလောက်တောင်တင်နေပျီလဲ တူဂျီ းကို ဆပ်ခိုင်းလိုက်

  • KZ

    April 24, 2013 at 9:45 am

    ရှာရေးရှာယီး ဘွပု ယေးထားလာဒွေဖတ်ရိုက်မှဘဲ …
    ဘွပုကို …
    ရေးဇားဒဲ့ ရှိတ်ဒွေ သဘွားဘွားပေါ်လာဘီ။…
    :harr:

  • ဦးကြောင်ကြီး

    April 24, 2013 at 9:55 am

    တနှစ်က နင်ပြောတော့ သင်္ကြန်ဆိုတာ တဦးနဲ့တဦး ရေထည့် နှုးနှပ်နှိုက်ခြင်းဆို… ဒဖက်နီးရှင်း အသစ်ပြောင်းသွားပီလာ…. အိပ်ဒိတ်ဗားရှင်းထင်ရဲ့..

  • kyeemite

    April 24, 2013 at 2:42 pm

    မြန်မာပြည် ကလားဗမာ ပြဿနာများမှာ ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏
    သဘောထားကြီးသူ ပညာရှင်များအဆင့်တွင်ပင် တစ်ဦးမှတစ်ဦးကို ဟာလာလုပ်ပြစ်ခြင်နေကြသည့်သဘောကို ထောက်ရှု့၍
    တိုးတက်မှု့မရှိသေးဟု သုံးသပ်တင်ပြလိုက်ရဘါဒေါ့သှ်။

    ဒဘလျှူ ဒဘလျှူ ဒဘလျှူ ဒေါ့ မန်းဒလေးဂေဇက်ဒေါ့ကွမ်း၏ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာ ဆာယေးစယာအကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပုရဲ့ ဒီ၃သတ်ချက်ကိုဒေါ့ ကြိုက်ဒယ်ဗျာ..
    ဗရာကြော်ပါဆြာပု.. :hee:

Leave a Reply