Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မျိုးချစ်တက်ပါစေ ချစ်သမီးရေ

ကာရံApril 25, 20131min57414

ဒီမြေမှာကြီး ဒီမြေမှာမွေး

ဒီရေကိုသောက် ကြီးပြင်ခဲ့တဲ့ ချစ်သမီးငယ်ရေ

ရိုးရာမပြက်စေဖို့ ဒို့ဗမာ ဆင်ယဉ်ခဲ့ပုံလေးတွေက

တစ်မျိုးချစ်စရာ့ အမွေတွေပါ

တိုင်းတစ်ပါးကိုတုယှဉ်ကာပြိုင်ရင်

မင်းလေးတစ်မျိုးဖြစ်စရာ ရိုင်းပန်းငယ်လေးပါ

အပြုသဘောဆောင်ရရင် မင်းဝတ်ခဲ့တဲ့

တန်ဆာဆင်ယင်ပုံလေးက

ဒေါင်းယောင်ဆောင်သော ကျီးပမာ

အကျည်းတန်စွာ လှနေရော့ပေါ့

မြန်မာဆိုရင်လေ ငပိနဲ့ အတို့အမြှုပ်လေးတွေးလေ

တို့တစ်တွေအတွက်တော့ ချစ်စရာ့ အမွေလေးပါကွယ်

သနပ်ခါးကို ဘယ်ညာလူးလို့ ဆင်ရင်တက်ရင်လေ

မြင်သူတစ်ကာငေးလောက်ဖွယ်

အမျိုးဂုဏ်တက့်စေမယ် ဆိုတာ မေ့များနေရော့သလား သမီးငယ်

ဆင်ခြင်လှည့်ပါလေ အမြင်တစ်မျိုးမရိုးရအောင်

ချိတ်ထမှီ နဲ့ ယဉ်ဖုံးလို့ ဆံကေသာ လေမှာဝဲ

ပွဲတစ်ကာတည့်တယ်သူမို့ အမျိုးလည်းမပျောက်

တိုးတက်အောင် ကြံဆောင်ကာ သားကောင်းမိခင်

အမှန်ဖြစ်ထိုက်အောင် ရိုးရာငပိနဲ့ တို့စရာ လေးတွေကို

မင်းအမှတ်ရတက်ပါစေ ချစ်သမီးရေ

                       ပိတောက်မိုး

14 comments

  • padauk moe

    April 25, 2013 at 6:14 pm

    ပွဲတစ်ကာ တင့်တယ်သူမို့

  • Mr. MarGa

    April 25, 2013 at 7:58 pm

    အဝတ်အစား………ဆိုတာ
    သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဝတ်တတ်ရင် လှပါတယ်။
    ခေတ်ဆန်လွန်းလို့လဲ မလှသလို
    ရှေးရိုးဆန်လွန်းရင်လဲ မကောင်းဘူး
    ဆိုတော့
    မယဉ်မရိုင်း
    ကြည့်လို့သာ ဆင်ပါတော့ သမီးရယ်……..

  • padauk moe

    April 25, 2013 at 8:07 pm

    ဒါပေါ့ကွယ်

  • uncle gyi

    April 25, 2013 at 10:47 pm

    ချိတ်ထမှီ နဲ့ ယဉ်ဖုံးလို့ ဆံကေသာ လေမှာဝဲ

    ကိုမိုး
    ယဉ်ကျေးမှုထိမ်းတယ်ဆိုတာနေရာတိုင်းတော့မဖြစ်နိုင်ဖူူးနဲ့တူတယ်
    ခေတ်ရေစီးကြောင်းပိတ်ဖို့ဆိုတာခက်ပါတယ်
    ခေတ်ရေစီးကြောင်းနဲ့မျောပါမသွားပဲ
    ရေစီးကြောင်းပေါ်လှေကလေးနဲ့သွားနိုင်ဖို့ပဲလိုမယ်ထင်ပါတယ်ဗျာ

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 26, 2013 at 4:10 am

    ပြောလို့လဲ ရမှာဟုက်ပါဘူးကွယ်…….
    စိတ်ဓါတ်တွေ ဘာတွေ အတုယူသင့်တာတွေကို ကျတော့ မမြင်မျက်ကွယ်ပြုပြီး
    အတုမယူသင့်တဲ့ ဟိုဟာတွေ ဒီဟာတွေကို အတုယူကြတယ် …..
    ဘု့ဘယ်နှယ်ရှိမလဲ… စူးပေါ်ဖက်ကျလည်း စူးပဲကျိုးသလို…..
    ဖက်ပေါ်စူးကျလည်း စူးပဲကျိုးတာပါပဲ……
    မိန်းကလေးတွေ ဟိုဟာဒီဟာမှာ အနောက်တိုင်းဆန်လာလေ….
    ယောကျာ်းလေးအတွက် ဂွင်တည့်လေပါပဲ…………….

  • kai

    April 26, 2013 at 4:58 am

    အမျိုး.. ဘာသာ..သာသနာတဲ့..
    ဘယ်အမျိုးကို ပြောနေတာလည်းဟင်.. :kwi:

    .. ကြည့်ရတာတော့.. ဗမာအမျိုးကိုပြောနေတာပဲ..။ မြန်မာပြည်မှာတိုင်းရင်းသား ၁၃၅မျိုးရှိတာ.. ဗမာတိုင်းရင်းသားဖက်က.. တခြားတိုင်းရင်းသားတွေက လိုက်လုပ်ကြရမလိုလို.. နေရမလိုလို..

    မွန်မလေးကပြောတယ်..
    မွန်အမျိုးရော.. မွန်စာရော.. မွန်သာသနာရော.. တုံး(သုဉ်း)လုနေပြီတဲ့..။
    ကရင်မလေးကပြောတယ်..
    ကရင်အမျိုးရော..ကရင်စာရော.. ကရင်သာသနာရော.. တုံး(သုဉ်း)လုနေပြီတဲ့..။
    ကချင်မလေးကပြောတယ်..
    ကချင်အမျိုးရော.. ကချင်စာရော.. ကချင်သာသနာရော.. တုံး(သုဉ်း)လုနေပြီတဲ့..။
    ချင်းမလေးကပြောတယ်..
    ချင်းအမျိုးရော.. ချင်းစာရော.. ချင်းသာသနာရော.. တုံး(သုဉ်း)လုနေပြီတဲ့..။

    သခင်အမျိုးဟေ့..ဒို့ဘားမန်င်း..

  • ဦးကြောင်ကြီး

    April 26, 2013 at 8:40 am

    ဂစ်ဂစ် … ဦးမျိုးခြစ်တက်သံ…. အဟီး… ကြုံလို့နောက်တာ…. ကျုပ်က မျိူးခြစ်တာ မခြစ်တာ နားအလည်ဗူး.. သမီးဒေါ်ဂလေး ကြီးလာရင် ရအောင်ယူမှာ…. အခြစ်မှာ နယ်စည်းအပိုင်းအခြား အသက်အရွယ် ကန့်သတ်ချက် မချိ မချိ…. :harr:

  • lady mobile

    April 26, 2013 at 9:23 am

    ရိုးရာငပိနဲ့တို့စရာကို
    အမြဲအမှတ်ရနေပါတယ် ဘ ဘ
    ဘဘလည်းအမှတ်ရနော်…

  • သနပ်ခါးကို ဘယ်ညာလူး
    ဆံထုံးလေးပါ ထုံး
    ဗမာ ရင်ဖုံးလေးနဲ့ လိုက်ပါတယ် …
    ကြည့်စမ်းကွာ မြင်သူငေး ချောလှပါတယ်
    မောင့်ချစ်သူ ဗမာ မလေးရယ် …

    ဒီသီချင်းကို သတိရသွားမိလို့ ….

  • မင်းမင်း

    April 26, 2013 at 9:48 am

    ရိုးရာဝတ်စုံ။မြန်မာ့ရိုးရာဝတ်စားဆင်ယဉ်
    မူ့ကိုဘယ်ခေတ်ကဝတ်စုံကိုသတ်မှတ်သလဲ။
    ခုချိန်မှာကြည့်လို့တင့်တယ်တဲ့ဝတ်စားဆင်ယဉ်မူ့
    ကိုပဲသတ်မှတ်ထားသလိုပဲ။ပုံဂံခေတ်ကဝတ်စား
    ဆင်ယဉ်ပုံကရော ဒီခေတ်မှာရိုးရာလို့ဆိုနိုင်မလား။
    ရိုးရာကို ရိုးရာပွဲမှာဝတ်ပြီး။ကျန်တဲ့အချိန်မှာသင့်တင့်တာ
    လေးဝတ်တာကိုသဘောကျပါတယ်။
    နဲနဲလျှာရှည်ကြည့်တာပါ။ဟီး

  • ခင်ခ

    April 26, 2013 at 4:06 pm

    ပါးကွက်ကြားနဲ့
    သနပ်ခါးအနံ
    မွှေးပျံထုံစွာ
    ရှုရှိုက်နေရာ
    ရောက်လာအမွှေး
    ဘာလဲမေးတော့
    နိုင်ငံခြားဖြစ် မိတ်ကပ်စစ်တဲ့။

  • padauk moe

    April 26, 2013 at 5:06 pm

    ခေတ်အကြိုက် လိုက်နိုင်ဖို့ထက် ကိုယ့်အတွက်နဲ့ အမျိုးဂုဏ်မငယ်ရင် အဆင်ပြေပါတယ်ဗျာ

  • လူကလေး

    April 26, 2013 at 5:16 pm

    အချိန်အခါ နေရာဒေသကိုလိုက်၍ မလွန်မကျူး ဝတ်စားလိုက်သောအခါ မြန်မာမလေးများ အလွန်လှပါသည်.. including me.. heeeh eee.. :mrgreen: :mrgreen:

  • padauk moe

    April 26, 2013 at 5:25 pm

    မှန်ပါသည်

Leave a Reply