စေတနာ ထားတက်ဖို့
အတုလည်းမသင်ပါနဲ့
မြင်သမျှတွေက မင်းအတွက်တော့
အဆိပ်တွေဆိုတာ သိထားသင့်တယ်လေ
သူများရိုင်းတိုင်း ကိုယ်ရိုင်းနေရင်
အလှဆင်ထားတဲ့ လောကကြီးက
သောကတွေကိုယ်စီ ရနေလောက်ပြီ
တစ်မိုးအောက်မှာ အသက်ရှူတာချင်းတူပေမယ့်
လူတွေက တစ်ခါတစ်လေမှာ ခက်တော့ခက်သား
ငါဆိုတဲ့ မာနကို ခဝါမချသေးသရွှေ့တော့
တန်ဖိုးဆိုတာ အဘယ်တန်ခိုးနဲ့ ဖန်ဆင်းရှင်လဲလေ
မျက်ရည်တွေ မကျချင်စမ်းပါနဲ့ကွာ
ခြွေကျလာတဲ့ မိုးစက်တွေအောက်မှာ
မင်းလေးတစ်ယောက် အပြုံးဖက်နိုင်မယ်ဆိုရင်လေ
လေပြေလေးတွေက အဖော်အဖြစ် ရပ်တည်နေတက်ပါတယ်
မုန်းတိုင်းဘယ်လောက်ထန်ထန်
ကြံ့ကြံ့ခံနိုင်သေးတဲ့ ဇွဲကို သုံးပြီး
လုံ့လစိုက်ထုတ်တက်ဖို့ မင်းကြိုးစားသင့်ပါပြီ
ခေတ်မကောင်းတဲ့ လောကကြီးမှာ
မင်းလေးတစ်ယောက် သောကကြီးစွာ မရောက်ရအောင်
ရိုးသားတဲ့ စိတ်ထားနဲ့ မေတ္တာ စေသနာတွေကို တိုးပွားရင်း
နိုးကြားနိုင်ပါစေ သူငယ်ချင်း
ပိတောက်မိုး
10 comments
Mr. MarGa
April 25, 2013 at 8:01 pm
စေတနာတော့ လုပ်ပါ ကဗျာဆရာကြီးရယ်
ကျုပ်က မှားရင် ပြင်ပေးချင်တာ အကျင့်ပါလွန်းလို့ပါ
ကဗျာက ကောင်းရဲ့နဲ့
စာလုံးပေါင်းသတ်ပုံမှ မှားရင် ကြည့်ကောင်းဘူးဗျ
နောက်တစ်ခါ စစ်ချင်ရင်
http://myanmarwords.pikay.org/
မှာ စစ်နိုင်ပါတယ်ဗျာ
MaMa
April 26, 2013 at 7:37 am
စာရေးသူ ပိတောက်မိုး ရေ-
လှပတဲ့ကဗျာလေးကို ပိုလှသွားစေချင်တဲ့ စေတနာနဲ့ ပြောမိတာမို့ သည်းခံခွင့်လွှတ်စေချင်ပါတယ်။
Bravo! သကြားးးးးးး :hee:
ကြုံတုန်းလေး….
ခေါင်းစဉ်မှာ စာလုံးပေါင်းမှားနေတာမျိုးကို ကိုယ်တိုင်ပြင်ခွင့်မရသူတွေအတွက် သဂျီးက ပြင်ပေးစေချင်တယ်။
ဆင်ခြင် အစား စဉ်ခြင် ဖြစ်နေတာကိုလည်း ပြင်စေချင်တာပဲ။
ကိန်စာ ကိုလည်း ကျိန်စာ လို့ ပြင်ချင်တာပဲ။
အဲ-
နောက်ဆုံးမတော့……..
သတ်ပုံမမ ကိုတော့ သတ်ကုန်ကြတော့မှာပဲ။ :eee:
lady mobile
April 26, 2013 at 9:10 am
သူကစေတနာကို စေသနာလို့
ုသက်သက်မဲ့ရေး တာဆိုဘယ်လိုလုပ်မလဲ…
ဗုံ ဗုံ
April 26, 2013 at 12:25 pm
အိမ်း… အဲ့ဒလို အမွှား ဒွေ တွေ့ရင် ထောက်ပြတတ်မှ ငါ့တပည့်ပီသမှာပေါ့ မောင်သဂျားးး :harr:
ဖတ်လို့ကောင်းပါတယ် ကိုပိတောက်မိုး သနဲ့ တနဲ့ လွဲနေတာလေးကလွဲရင်
padauk moe
April 25, 2013 at 8:10 pm
ဟုတ်ကဲ့ ရှာပြီးပြင်လိုက့်ပါ့မယ် ကျေးဇူးတင်ပါတယ်ဗျာ
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 3:51 am
တွန်တေး သိန်းဒန် သချင်း ထဲကလိုပေါ့….
အတုမြင် အတတ်သင် မဖြစ်သင့်တာ ဖြစ်မှာစိုးလို့ရယ်
စဂါးတွေ ဖောင်ဖွဲ့ဂါရယ်… ဆိုသလို…..
ကဗျာလေးက ကောင်းပါတယ်ဗျာ….
မဟာရာဇာ အံစာတုံး
April 26, 2013 at 9:24 am
ကဗျာလေး အားပေးသွားပါတယ်ဗျာ ..
ခေတ်မကောင်းတဲ့ လောကကြီးမှာ …
ရိုးသားလွန်းပြန်ရင်လည်း မကောင်းပြန်ဘူး ..
စေတနာ ထားလွန်းပြန်ရင်လည်း မကောင်းပြန်ဘူး …
ဒါမယ့် .. ကောင်းပါတယ် …
ခင်ခ
April 26, 2013 at 4:14 pm
စေတနာ နဲ့ စေသနာ ( သိကြားမင်းမောင်မာဃပြောလို့ ) လွဲချက်လေးက လွဲပြီး ကဗျာအနက်အဓိပ္ပါယ်တော့ ကောင်းပါပေ့ကွယ် ပိတောက်မိုးရယ်။
padauk moe
April 26, 2013 at 5:08 pm
တစ်ခါတစ်လေတော့လဲခက်သား အမှန်ကြီးက မှားနေတက်ပါတယ်လေ
အလင်းဆက်
April 28, 2013 at 8:01 pm
အမှားကြီးကလည်း. မှန်နေတတ်ပါတယ် ။ ကိုယ် ့လူ…။
:kwi: