ရုပ်ရှင် နှင့် ရုပ်ရှင်ချစ်သူ
ရုပ်ရှင် နှင့် ကျမ။ ။
ကျမသည်ရုပ်ရှင်ကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပါသည်။
ကျမဘဝ၏ အရွယ်ရောက်ဘဝ အားလပ်ချိန်အားလုံးနီးပါးသည် မိမိကိုယ်ကိုယ်ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ရုပ်ရှင် ကြည့်ခြင်းဖြင့်သာအချိန်ကုန်ခဲ့ပါသည်။
ကျမငယ်စဉ်လမ်းမလျှောက်တတ်တတတ်ကတည်းက ရုပ်ရှင်ကြိုက်သူဟုမိဘများကပြောကြပါသည်။
အဘယ်ကြောင့်နည်း…..
၁။ ငယ်စဉ်က ရုပ်ရှင်ကြည့်ရင်းမုန်းအဝစားခဲ့ရသည်။ ထို ့ကြောင့် ကလေးသဘာဝရုပ်ရှင်ရုံသို့သွားရခြင်းအားပျော်ရွှင်ခြင်းဖြစ်သည်ဟု ထင်ပါသည်။
၂။ သားအမိသားအဖစုံညီစွာနှင့် ညနေခင်းကျုံးနဘေး လမ်းလျှောက်ရင်း ပျော်ရွှင်စွာစကားပြော ဆော့ကစားရခြင်းအကြောင်းအရင်းကလဲ ဲမိသားစု၏နွေးထွေးသောမေတ္တာကိုခံစားတတ်စေခဲ့ပါသည်။
ထို ့ကြောင့်ရုပ်ရှင်သွားကြည့်မည်ပြောတိုင်းအလွန်ပျော်ရွှင်ခဲ့ပါသည်။ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း ရုပ်ရှင်ကြည့်ချင်စိတ်အမြဲရှိနေသည်ကိုအမှတ်ထားမိပါသည်။
၃။ ကျမတို ့ငယ်စဉ်က Jungle Book ကဲ့သို ့သော နိုင်ငံခြားရုပ်ရှင် ကာတွန်းများကိုရုပ်ရှင်ရုံကြီးတွင်ရုံတင်ပြသလေ့ရှိပါသည်။ မြန်မာစာတမ်းထိုးရန်မလို၊ ဖတ်တတ်ရန်မလိုဘဲကြိုက်နှစ်သက်ရသည်မှာ ကျမ၏ဖခင်က မညီးမငြူဘဲဘာသာပြန်ပေးသောကြောင့်ဟုထင်ပါသည်။ကျမကို အင်္ဂလိပ်အသံထွက်နားရည်ဝရန် နားထောင်ခိုင်းခဲ့ပါသည်။ ပုံပြောသကဲ့သို့ ကားအစမှအဆုံး အာညောင်းခံကာ ဘာသာပြန်ပေးခဲ့သော အဖေ့ကျေးဇူးကားကျမအရွယ်ရောက် သောအခါတွင်မှသတိထားမိခဲ့ပါသည်။အဖေ့ကိုကျမအလွန်ပင်ချစ်ပါသည် ကျမသိလိုသမျှမည်သည့်အခါမျှမညင်းခဲ့ဘဲထပ်ဖန်တလဲလဲပြောပြပါသည်။
သို့သော်အဖေကနားထောင်မှုတွင်အာရုံစိုက်စေသော အလို့ငှာ ဘာပြောတာလဲလို ့မေးချင်လျှင်သိလိုသောအသံထွက်ကို မှတ်ခိုင်းသောအလေ့အကျင့်လုပ်ပေးခဲ့ပါသည်။
ကျမ၏အင်္ဂလိပ်စကားနားထောင်နိုင်မှုစွမ်းရည်မှာ ထိုစဉ်ကပင် ရုပ်ရှင်ကြည့်ရင်းတိုးတက်ခဲ့ရပါသည်။
ထို ့ကြောင့်ပင် ကျောင်းတွင် ဆရာ၊ဆရာမများ၏ ဖတ်မှတ်ပြသောအင်္ဂလိပ်သင်္ခန်းစာများအား အသံထွက်အထအန နှင့် ဖတ်နိုင်မှုအပေါ်ချီးမွမ်းမှုအားဂုဏ်တစ်ရပ်အဖြစ်တန်ဖိုးထားခဲ့ပါသည်။
၄။ အင်္ဂလိပ်စကားအားမိမိဘာသာအနည်းငယ်ပြောဆိုနိုင်သော ၅တန်း၊ ၆တန်း အရွယ်ရောက်သောအခါ သူငယ်ချင်းများနှင့် ရုပ်ရှင်ကြည့်စဉ် မတတ်တတတ်ဘာသာပြန်ကာ လူလည်ကြီးလုပ်နိုင်ခဲ့ရသည်မှာလဲ ငယ်စဉ်ကပင်အင်္ဂလိပ်ရုပ်ရှင် ကြည့်ခဲ့သောကြောင့်ဖြစ်မည်ထင်ပါသည်။
၅။ လွန်ခဲ့သော ၁၉၈ဝ ကျော်နှစ်များကမြန်မာ့ရုပ်ရှင် နှင့်အင်္ဂလိပ်ရုပ်ရှင်နှစ်မျိုးစလုံး၏အရည်အသွေးမှာ ကွာလှသည်မဟုတ်ဘဲစိတ်ဝင်စားခြင်းကိုတိုင်းတာရာတွင် သူမသာငါမထူးဟုခံစားရပါသည်။
မြန်မာရုပ်ရှင်မှ ချစ်ခြင်းမေတ္တာ၏ သိမ်မွေ ့ ့မှု၊ ဟာသ များကိုသင်ကြားပေးခဲ့ပါသည်။ စာနာသနားတတ်မှု၊ တစ်ပါးသူအားကူညီပေးရန်၊ စည်းလုံးညီညွတ်ရန်တို ့ကို အင်္ဂလိပ်ကာတွန်းကားများမှ သင်ကြားပေးပါသည်။ ရဲစွမ်းသတ္တိနှင့်သူရဲကောင်းမူဝါဒကို တရုတ်သိုင်းကားများမှ သင်ကြားပေးခဲ့ပါသည်။ နူးညံ့လှပသောမေတ္တဖွဲ ့နှောင်တတ်အောင် ဂျပန်ကားမှသင်ယူခဲ့ပြီး ၊ သစ္ဆေ သရဲစုန်းတို ့အားကြောက်တတ်အောင် ယိုးဒယားစုန်း မလေးရှားစုန်း အင်ဒိုနီးရှားစုန်းကား စသဖြင့်တို့မှ အလိုအလျှောက်တတ်ခဲ့ပါသည်။ ရုပ်ရှင်၏ဆွဲဆောင်မှုရသနှင့် အပမ်းပြေမှုကိုမူ အင်္ဂလိပ်ကားများမှ အပြည့်အဝပေးခဲ့ပါသည်။
ထို ့ကြောင့်ကျမရုပ်ရှင်ကိုအင်မတန်နှစ်သက်ပါသည်။
ရုပ်ရှင်ကိုကျမအရူးအမူးဖြစ်နေဆဲဖြစ်နေလျှက်ပါ။
ယနေ ့ခေတ်တွင်ရုပ်ရှင်အစုံရှိပါသည်။
သို ့သော်မတင်မကျဖြစ်နေသောမေးခွန်းများကျမမှာရှိနေဆဲပါ။
၁။ ကျမရရှိခဲ့သော ရုပ်ရှင်၏နွေးထွေးမှုမျိုးကို ကလေးဘယ်နှစ်ယောက်ခံစားခဲ့ရပါသနည်း။
၂။ ကလေးများရုပ်ရှင်မှဘာတွေအတုခိုးခဲ့ကြပါသနည်း။
၃။ အတုခိုးနိုင်စရာရောမြန်မာရုပ်ရှင်တွေမှာရှိပါသလား။ သို ့မဟုတ် ထည့်သွင်းရိုက်ကူးပေးရမည်မှန်းကော သတိထားမိကြပါသလား။
၄။ ရုပ်ရှင်ကြည့်ရင်းအင်္ဂလိပ်စကားနားထောင်နိုင်စွမ်း ရည်ရောဝကြပါသလား။ နားထောင်နိုင်စွမ်းရည်တိုးတက်စေရန်အတွက်ရော မိသားစုများက သိရှိခံစားသတိထားမိကြပါသလား။
၅။ မြန်မာစာတမ်းထိုးခြင်းသည် အကြားအာရုံကိုအားနည်းစေသည်မှာအမှန်ပါ။ ထို ့အတွက်ကောရုပ်ရှင်ကားအားမြန်မာစာတမ်း၊ အင်္ဂလိပ်စာတန်းထိုး (သို ့မဟုတ်) စာတမ်းဖျောက်ခြင်းကို ပြုလုပ်နိုင်သော စံနစ်နိုင်ငံခြားရုပ်ရှင်ဖြန် ့ချီရေးဆရာများ၊ ထုတ်လုပ်သူများသတိထားမိကြပါသလား။ ကျမသတိထားမိသမျှ ၁၀%နှန်းသောကားများသာ စာတမ်းပြောင်းခြင်းကိုပြုလုပ်နိုင်ပါသည်။ ရွေးချယ်ခွင့်ပေးပါလျှင် ပိုများဆိုးသွားမည်မို့လို့များလား။
၆။ မြန်မာဇာတ်ကားကောင်းများရှားပါးသွားသည်မှာ စာရေးဆရာများ၏ ဖြတ်လမ်းလိုက်ပုံတူတစ်စိတ်တစ်ဒေသခိုးချမှုများကြောင့်လား…. သို ့မဟုတ်….
ရ။ နိုင်ငံတစ်ကာရုပ်ရှင်ထက်နောက်ကျကျန်ရစ်နေသောမြန်မာ့ရုပ်ရှင်မှာ စက်ပစ္စည်းချို ့ယွင်းချက် အားနည်းချက်ကြောင့်ဖြစ်မည်မထင်ပါ။ ဇာတ်လမ်းမဆွဲဆောင်နိုင်သောကြောင့်ဖြစ်ပါသည်။ မြန်မာ့ရုပ်ရှင်မှမဟုတ်ပါ နိုင်ငံခြားကားများသည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်ပါသည်။ လူ ့အာရုံ ၆ ပါး ကိုများနိုင်သမျှများများဖမ်းစားနိုင်လျှင် ရုပ်ရှင်ကောင်းဖြစ်လာပါမည်။ သို ့သော် ယခုမူ စလုံးရေစဆိုသည်နှင့် ဘယ်လိုဇာတ်လမ်းဖြစ်မည်မှန်းခန် ့မှန်းနိုင်ကာ ဟာသရသ သို ့မဟုတ်အချစ်အမုန်းစသည်ဖြင့်တစ်ပါးသာစွဲဆောင်နိုင်ရည်ရှိသောကားများ ဖြစ်နေပါသဖြင့် များစွာစိတ်ပူမိပါသည်။ စာဖတ်သူအနေဖြင့်ရော မည်သို ့ထင်မြင်ယူဆပါသနည်း။
၈။ ဗဟုသုတဖြစ်ဖွယ်ရာများကိုမူ မည်သည့်ရုပ်ရှင်တွင်မျှ မတွေ ့ရတော့ပါ။ နည်းနာယူစရာဆိုလျှင်ဝေလာဝေး ။ ဇာတ်လမ်းရေးစရာများ၏ အရည်အချင်းတိုးတက်ရေးအတွက် မြန်မာလူမျိုးများ စာစုံပေစုံဖတ်ရန်လိုနေကြောင်းသတိထားမိပါသည်။ ထိမိသောစာသား နှင့် စကားလုံးများကိုရွေးချယ်ခြင်းကိုမူ တစ်ချို့ သောဒါရိုက်တာများကျင့်သုံးကြကြောင်းသတိထားမိပါသည်။ မြန်မာ့ရုပ်ရှင်ကားသည် အလွန်ပင်ပေါချာချာနိုင်သော အရည်အချင်းမဲ့ ဇာတ်ကားများများပြားနေကြောင်း ဒါရိုက်တာအားလုံး သတိထားမိစေလိုပါသည်။ ကျေးဇူးပြုပြီးအနှစ်ပြည့်သော ရုပ်ရှင်များရှားပါးသောညား တစ်ကားတစ်လေတော့တစ်နှစ်တာကာလအတွင်း မှတ်တမ်းတင်နိုင်အောင်ရှိသင့်ပါသည်။ သို ့ပါမှ မြန်မာကားအားလေးစားကြမည်ဖြစ်ပါသည်။
၉။ နိုင်ငံတစ်ကာမှရုပ်ရှင်ကားများနှင့်နှိုင်းယှဉ်ကြည့်မိသော ကလေးများအားလုံး မြန်မာ့ရုပ်ရှင်ကို အထင်ကြီးနှစ်သက်စေလိုပါသည်။ နောင်တစ်ခေါတ်ခေါင်းဆောင်များ သည် ယခုခေါတ်လူငယ်များဖြစ်ကြသည့် အားလျှော်စွာ အမျိုးသား ယဉ်ကျေးမှုအနုပညာကို တန်ဖိုးထားလေးစားစေလိုသည်မှာ စိတ်ရင်းအမှန်ဖြစ်ပါသည်။ သို ့သော်ဘာကြောင့်များ…..ကျမအတွေး တော်တော်ခေါင်နေလို ့ပါလား။
၁၀။ မိဘများကရော မိမိကလေး၏ စိတ်ဖွံ ့ဖြိုးမှုအတွက် မည်မျှလိုက်လျှောကြပါသနည်း။
ရုပ်ရှင်ခွေ ဝယ်ပေးရုံနှင့် တာဝန်ကျေပါပြီဟုထင်နေကြပါသလား။
၁၁။ မိမိကလေးများရုပ်ရှင်ကြည့်ပြီး အတုခိုးမှားသည်များရှိမရှိကိုရော ဆန်းစစ်မိကြပါသလား။
တစ်ယောက်တည်းရုပ်ရှင်ခွေနှင့်လွှတ်ထားမိပါသလား။
၁၂။ မိသားစုနွေးထွေးစွာ နှင့်ရုပ်ရှင်ကြည့်ခြင်းဖြင့် မိမိ၏ မိသားစုကိုဂရုတစ်စိုက်အလေးထားတတ်သော အလေ့အကျင့်ရှိနေပါသလား။
အားလုံးအနှစ်ချုပ်လိုက်ပါလျှင် ရုပ်ရှင် နှင့်မြန်မာ့ရုပ်ရှင်ကိုမှန်ကန်စွာချစ်တတ်သူများ ချစ်တတ်အောင်သင်ကြားပေးသူများ တိုးပွားလာစေသောအားဖြင့် တင်ပြရခြင်းဖြစ်ပါသည်။
မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာထိပါးစေသောစိတ်ဆန္ဒဖြင့် ရည်ရွယ်ခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။
ရုပ်ရှင်ချစ်သူ
မိပူးကေ
3 comments
အမရာ
September 30, 2011 at 3:49 pm
mipukay ရဲ့စာကိုဖတ်ပြီး အမရာ ကိုယ်တိုင်က မိဘတစ်ယောက်မဟုတ်ပေမဲ့ ကလေးတွေရုပ်ရှင်ကြည့်ခြင်းနှင့်ပတ်သက်ပြီး ဆင်ခြင်သင့်တာလေးတွေ၊ မိဘကထိန်းကျောင်းပုံလေးတွေကို သိရလို့ ကျေးဇူးပါ။ 😀
ကိုပေါက်(မန္တလေး)
September 30, 2011 at 5:12 pm
ငွေရအောင်ရုပ်ရှင်ရိုက်တော့ အနုပညာဆိုတဲ့ အနှစ်သာရက ပါမလာတော့တာပါ။
swam
September 30, 2011 at 5:40 pm
အနှစ်သာရမပါတဲ့ကားကိုကြည့်ချင်တယ်ဆိုရင်တော့ ရှက်ရှက်နဲ့ပြောရမယ် ကျွန်တော်တို့မြန်မာ
ကားပေါ့ဗျာ ဟုတ်တယ်ဟုတ်။ မိုးညအိပ်မက်မြူ ဝတ္ထုစာအုပ်ဆိုကျွန် ဖတ်လို့တောင်မဝခဲ့ဘူး ။
ဝတ္ထုကို ဇာတ်ကားလည်းပြန်ရိုက်မယ် ဆိုတော့ပျော်တာပေါ့ဒီက ကိုယ်ကြိုက်တဲ့ဝတ္ထုကို ရိုက်မှာကို ။ ကြည့်လို့လဲရကော ဒီကဘယ်ရမလဲတန်းပြေးကြည့်တာပေါ့ ။ တအားကိုကောင်းတာ စိတ်ပျက်ဖို့ 🙂 ။ နာမည်ကြီးတဲ့ဝတ္ထုတွေ ပြန်ရိုက်အကုန်ပျက် ။ ထို့နည်း၎င်းကောင်းပဲ လူ့လောကကြီးလည်းပျက်ပျက် ဘာမှတော့မဆိုင်ဘူးနော်အဟိ ။ပေါတယ်ပေါတယ်