mipukayJune 15, 20121min31131
ယခုဒဂုံတကသိုလ်တွင်ကျောင်းသားများစုဝေးနေသည်ဟုကြားရပါသည်။ အမှန်ဟုတ်မဟုတ်သတင်းပေးကြပါ။ အင်းစိန်တွင်လည်းလူစုနေသည်ဟုကြားသိရပါသည်။ နီးစပ်သူများသင်းအမှန်ပေးပေးကြပါ


mipukayJune 14, 20121min1775
အခြေခံအသက်ရှင်ရပ်တည်ရေးအစားအစာများ ကြိုတင် စုဆောင်းသိမ်းဆည်းထားသိုလ်မှုများကို မန်မာလူ မျိုးအများစုသည်ပြုလုပ်လေ့မရှိပါ။ အကြောင်းမှာမူ စာရေးသူတို ့နိုင်ငံတွင် ထမင်းငတ်စေလောက်သည့် ပြတ်လပ်ရှားပါးမှုများ အလွန်နည်းပါးခြင်း၊လိုအပ်သည်ကိုလိုအပ်သလို လွယ်ကူစွာဝယ်ယူစားသုံး နိုင်ခြင်း၊ စားစရိတ်အပြင် အပိုဝင်ငွေများများစားစား စုဆောင်းမိသူနည်းပါးခြင်း၊ အခြေအနေဆိုးကြုံတွေ ့ရမှုနည်းပါးခြင်း၊ ရာသီဥတုဆိုးရွားမှုဒါဏ် မကြာခဏခံရလေ့မရှိခြင်း၊ စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း တို ့ကြောင့်ဖြစ်မည်ဟုယူဆပါသည်။ သို ့ပါသောကြောင့်စာရေးသူနည်းတူ အသင်မိတ်ဆွေတို ့လည်း မည်သည့်အကြောင်း နှင့်မဆို အကယ်လို ့များဆိုသော အခြေအနေတစ်ရပ် အတွက်၊ မည်ကဲ့သို ့ကြိုတင်ပြင်ဆင်မှုများကို စနစ်တစ်ကျပြုလုပ်သင့်သည် ဆိုသည်ကို စိတ်ဝင်စားမည်ထင်ပါသည်။ ထို ့ကြောင့်စပ်စပ်စုစုပေါက်ပေါက်ရှာရှာတွေးရင်း အောက်ဖော်ပြပါ ဖတ်မိမှတ်မိသမျှကို မြန်မာတို ့၏ အခြေအနေနှင့် ဆီလျှော်အောင်ရေးသားပြီးဖော်ပြပေးလိုက်ရပါသည်။ အကယ်၍အသက်ရှင်ရပ်တည်လိုသောအတွေးသင့်တွင်ရှိလာမည်ဆိုပါက အရေးအကြီးဆုံးအထက်ပါအချက်(၃) ချက်ကို သင်သိထားရပါလိမ့်မည်။ ၎င်းတို ့သည်သင့်အတွက်ရေရှည်စီမံကိန်းအခြေခံများဖြစ်ပါသည်။ သင်နှင့်သင့်ချစ်ခင်နှစ်သက်သူများကိုလဲဘဲ အကယ်၍အကူအညီပေးလိုသည်ဆိုပါက သင်သည် […]


mipukayJune 9, 20121min2278
ကြက်ကြော်မဆလာနှပ်(သို ့)ဟာရီကြက်နှပ် စာရေးသူတို ့နိုင်ငံတွင် အိမ်ရှင်မအတော်များများသည် ဈေးသွားလျှင်ကြက်သားကိုသာ အများဆုံးဝယ်လေ့ရှိကြပါသည်။ အကြောင်းမှာ ငါးကြိုက်သူအိမ်သားများ နည်းပါးခြင်း၊ ဝက်သားရှောင်သူရှိခြင်း၊ ဘဲဥချဉ်ရေဆိုနှာခေါင်းရှုံ ့တတ်သော အိမ်ဦးသခင်ကြီးနှင့်သခင် သခင်မကလေးများ ရှိခြင်း၊ အသီးအရွက်ဘဲပါပြီးအသားမပါပါက ညိုညင်တတ်သောသူများမရှားခြင်းတို ့ဖြင့် ဈေးခြင်းတောင်းကိုင်ကာချာချာလည်အောင် အကြပ်ရိုက်ရသောကြောင့်ဖြစ်ကြပါသည်။ သို ့ပါသော်လဲ ချက်ပြုတ်သော နည်းလမ်းအနည်းငယ်ဖြင့် သာမိရိုးဖလာစွဲဖြင့် ချက်ပြုတ်လေ့ရှိသောကြောင့် မိသားစုဝင်များ ငြည်းငွေ ့လျှက်ရှိသည်ကို သတိထားလေ့လာမိပါသည်။ တစ်ခါလာလဲ ကြက်ကြော်၊ တစ်ခါလာလဲ အချိုချက်၊ ငြုပ်သီးနဲ ့ချက်၊ ပြုတ်ကြော်လုပ်ချက်၊ သုတ်စား၊ ကြက်သားအာလူးရော၊ ကြက်သားငပိကြော်၊ ကြက်စွပ်ပြုတ်၊ ကြက်ချိုချဉ်၊ ကြက်ကုန်းဘောင် တို ့ဖြင့်လုံးလည်ချာလည်လိုက်လျှက်ရှိပါသည်။ ထို ့အတွက်ကြောင့်စာရေးသူအနေဖြင့် မြန်မာ့နည်းမြန်မာ့ဟန်ချက်ပြုတ်သောကြက်သားဟင်း များမှ အနည်းငယ် အထွန် ့တက်သော အရသာသစ်၊ ချက်ပြုတ်နည်းသစ်များကို […]


mipukayJune 5, 20122min19311
စာရေးသူသည်မြန်မာလူမျိုးများ၏နေ ့စဉ်ဟင်းလျှာများနှင့်ဆင်တူသော နိုင်ငံခြားဖြစ်ဟင်းလျှာများကို စိတ်ဝင်စားမိသည့်ဝါသနာ ရှိသည့်အလျှောက်လက်တဲ့စမ်းကာ အာက်ပါအတိုင်းဘာသာပြန်ကာ ချက်ပြူတ်လိုက်ပါသည်။ အဆိုပါကြက်ချဉ်စပ်ဟင်းသည် မစ်စတာအဒမ်ရောဘတ်(Mr.Adam Roberts)၏ ဟင်းလျှာဖြစ်ပြီး အောက်ဖော်ပြ ပါအင်တာနက်စာမျက်နှာတွင် မူရင်းဆောင်းပါးကိုဝင်ရောက်ဖတ်ရှု နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။ Chicken Adobo (ကြာချိန်။ ။ ပြင်ဆင်ချိန် ၂ဝ မိနစ်+ ချက်ပြုတ်ချိန် ၄၅ မိနစ် = ၁ နာရီ ၅ မိနစ်) ပါဝင်ဘက်များ ၁။ ပဲဆီ ၁၅ ကျပ်သား ၂။ ကြက်သား ၁ ပိသာ (ရင်ပုံနှင့်ပေါင်သားများကို ၂”အရွယ်အတုံးများတုံးထားပြီးသား) ၃။ ကြက်သွန်ဖြူ ဥကြီး ၂ဥ (အမွှာများခွဲထားပါ၊ အခွံမချွတ်ပါနှင့်) ၄။ ကြက်သွန်နီ ဥကြီး ၄ ဥ (အခွံခွာ၍ ၈စိတ်ခြမ်းထားပါ။) ၅။ […]


mipukayNovember 22, 20111min19913
ရုံးသူ နဲ ့သူ ့ဝန်းကျင် စုလိုက်ရပါတဲ့ စာရင်းတွေ စစ်လိုက်ရပါမဟဲ့ အပျင်းမသွေ ဟစ်လိုက်ရပါမကွဲ ့ ဒင်းတို ့တစ်တွေ တွန်းလိုက်ရတာကွဲ ့ အဟင်းထကြလေ (g-talk က) ဆွဲလိုက်ကြပါဟဲ့ အထည်တွေမပြီးသလေ (ချုပ်တုန်း) ပြင်လိုက်ကြပါဦးကွဲ ့ ဂွတ်ထည်တွေ (စစ်ပြီးသားတွေ) လုပ်လိုက်ရပါတဲ့ စစ်ခြင်းတွေက ခဏခဏ… ပြောလိုက်ရပါတဲ့ ချော့ခြင်းတွေက ခဏမက အသောလိုက်ရပါတဲ့ ပစ္စည်းအလို အဟောသိကံ မဟုတ်ကွဲ ့ အပြောသည်းခံမလုပ်နဲ ့ အကောင်းစည်းကမ်းသာ ဖြစ်ရမကွဲ ့ အိုထိန်းသိမ်းကြလဟေ။ ပြောပြီးအပြန် ကောပြီးအကျန် မနောမညီးအမှန် အော်တောင်းလိုက်ကြရပြန် တောင်းတာကို အပြစ်တင်မစောပါနဲ ့ မဟောင်းအခါခါ ဖြစ်နေကျပါကွဲ ့ ခေါင်းခံကာ ပြောနေရပေမယ့် အကြောင်းမမှန်တာသိပါရဲ ့ […]


mipukayNovember 22, 20111min16710
ကျမတို ့အထည်ချုပ်လောကမှာ အခုတစ်လောခေတ်စားနေတဲ့သီချင်းတစ်ပုဒ်ပေါ်ပေါက်နေပါတယ် ခင်မင်ရင်းနှီးတဲ့ညီမလေးတွေဖွတားတဲ့ သီချင်းလေးဖြစ်လို ့ဒီဆိုဒ်မှာတင်ခွင့်တောင်းပြီး မျှဝေချင်ပါတယ်။ အားလုံးဘဲနှစ်သက်ကျလိမ့်မယ်လို ့ယူဆပါတယ်။ ကူးယူဖော်ပြထားတာဖြစ်လို ့ သီဖွဲ ့သူတွေရဲ ့နံမည်အပါအားလုံးကို မချွင်းမချန်ဖော်ပြလိုက်ပါတယ်။ ——————— အထည်ချုပ်မှပရိတ်သတ်ကြီး!!!!!!! အားလုံးအားလုံးမင်္ဂလာပါ။ ဒီသီချင်း အောင်ရင် ကိုဆိုမလားလို.အရင်ပြကြည်.ပါတယ်။ သူမဆိုဘူးတဲ.။(မရီနဲ.မဂီ ခဲနဲ.ထုမှာကြောက်လို.လို.ပြောပါတယ်) သူမဆိုတာနဲ.သူနဲ.နာမယ်တူတဲ.သူကိုဘဲကျနော်ဆိုခိုင်းလိုက်ပါတယ်။ သူလဲအောင်ရင်ပါဘဲ။မိန်းမဖြစ်နေတာတခုဘဲရှိတယ်။ သူလဲနာမယ်ကြီးဘဲလေ။ နာမယ်က”မအောင်ရင်”တဲ.။(ဖျာလိပ်နတ်လေ) ဟိဟိ သီချင်းနာမယ်ကို ” မလည်ရှုပ်တဲ.အထည်ချုပ်” လို.ပေးထားပါတယ်။ ကို်ယ်ဟာကိုယ်နာမယ်ပြောင်းချင်ရင်လဲရတယ်။ ပို်က်ဆံမတောင်းဘူး။ (အောက်မှာ စာလုံးပေါင်းမှားတာလေးတွေနဲ.အကျအပေါက်လေးတွေ ပြန်ပြင်ပေးလိုက်ပါတယ်။) Thandar MMGFT GFT သန္တာမှ အောင်ရင်၏နေကာမျက်မှန်လေးနဲ့သီချင်းကို ကိုယ်ပိုင်ဟန်နှင့် သီးကုံးဖွဲ့နွှဲ့ထားပုံကို ခံစားကြည့်ကြပါရှင် …. မရေရာနက်ဖြန်ရေးကအတွေးဆရန်မလွယ်ပါတယ် အဖြေရှာ Chat မှာမေးတော့ ပဲရဟတ်ဟာလည်နေပါတယ် ဝင်္ကပါအမှိုက်ပုံကြီးသဖွယ် စာရင်းမရပါတယ် ….. တပြည်တရွာက […]


mipukayNovember 19, 20111min914
အထည်ချုပ်ကရုံးဝန်ထမ်းသူ ရုံးနဲ ့အချိန် ရုံးဝင်ပြီးကတည်းက မကြည့်နိုင်တဲ့ အိုဘယ့်နာရီ… အချိန်တခါကြည့်ပါပေါ့ အော်ဟဲ့ထမင်းစားချိန်တဲ့… နောက်တခါကြည့်ပြန်တော့ အိမ်ပြန်ချိန်လေ အတည်ကွဲ ့….. အချိန်မှန်မဖြစ်ပါတဲ့ နေ့တိုင်း ၈နာရီ ဒီအတိုင်း မပြောင်းလဲပါပြီ ….. စနေဆိုတစ်မသွေ စိတ်ကူးယဉ်ပါမကွဲ ့ညနေ ၄နာရီ အခါသင့်ပြန်တော့ မှာသင့်တဲ့ကားကမလာတော့ စောင့်အုံးဟဲ့ ၅ နာရီ အခြောက်ပုံးများအထူးပါတဲ့ နောက်ပိုးများမြူးပါတဲ့ ငါတို ့ရဲ ့ကားက လာပါပြီ အပေါက်ထိုးခွဲ တိုးပါတဲ့ မှောက်ထိုးမလဲစိုးပါရဲ ့ သောက်ကျိုးနဲ ကြပ်ပါတဲ့ အိုဘယ့်ဖယ်ရီ ရုံးအပေါ်ဆိုပြီး ပြုံးကာသာဖြီး မဆုံးသာနေရာရအပြီး ချပါပြီသက်ပြင်း အဟင်း….. ပြန်ပြီဟေ့ ပြန်ပြီ ဒီနေ ့တော့ဒီလောက်ဘဲ တာ့တာ အံမယ် ဒီကနေ ့တော့နောက်ကလိုက်ခေါ်တဲ့သူမရှိလို ့အချိန်ပိုမဆင်းရတော့ဘူး ဟီဟိ……. […]


mipukayJuly 27, 20101min1183
ရုပ်ရှင် နှင့် ကျမ။ ။ ကျမသည်ရုပ်ရှင်ကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပါသည်။ ကျမဘဝ၏ အရွယ်ရောက်ဘဝ အားလပ်ချိန်အားလုံးနီးပါးသည် မိမိကိုယ်ကိုယ်ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ရုပ်ရှင် ကြည့်ခြင်းဖြင့်သာအချိန်ကုန်ခဲ့ပါသည်။ ကျမငယ်စဉ်လမ်းမလျှောက်တတ်တတတ်ကတည်းက ရုပ်ရှင်ကြိုက်သူဟုမိဘများကပြောကြပါသည်။ အဘယ်ကြောင့်နည်း….. ၁။ ငယ်စဉ်က ရုပ်ရှင်ကြည့်ရင်းမုန်းအဝစားခဲ့ရသည်။ ထို ့ကြောင့် ကလေးသဘာဝရုပ်ရှင်ရုံသို့သွားရခြင်းအားပျော်ရွှင်ခြင်းဖြစ်သည်ဟု ထင်ပါသည်။ ၂။ သားအမိသားအဖစုံညီစွာနှင့် ညနေခင်းကျုံးနဘေး လမ်းလျှောက်ရင်း ပျော်ရွှင်စွာစကားပြော ဆော့ကစားရခြင်းအကြောင်းအရင်းကလဲ ဲမိသားစု၏နွေးထွေးသောမေတ္တာကိုခံစားတတ်စေခဲ့ပါသည်။ ထို ့ကြောင့်ရုပ်ရှင်သွားကြည့်မည်ပြောတိုင်းအလွန်ပျော်ရွှင်ခဲ့ပါသည်။ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း ရုပ်ရှင်ကြည့်ချင်စိတ်အမြဲရှိနေသည်ကိုအမှတ်ထားမိပါသည်။ ၃။ ကျမတို ့ငယ်စဉ်က Jungle Book ကဲ့သို ့သော နိုင်ငံခြားရုပ်ရှင် ကာတွန်းများကိုရုပ်ရှင်ရုံကြီးတွင်ရုံတင်ပြသလေ့ရှိပါသည်။ မြန်မာစာတမ်းထိုးရန်မလို၊ ဖတ်တတ်ရန်မလိုဘဲကြိုက်နှစ်သက်ရသည်မှာ ကျမ၏ဖခင်က မညီးမငြူဘဲဘာသာပြန်ပေးသောကြောင့်ဟုထင်ပါသည်။ကျမကို အင်္ဂလိပ်အသံထွက်နားရည်ဝရန် နားထောင်ခိုင်းခဲ့ပါသည်။ ပုံပြောသကဲ့သို့ ကားအစမှအဆုံး အာညောင်းခံကာ ဘာသာပြန်ပေးခဲ့သော အဖေ့ကျေးဇူးကားကျမအရွယ်ရောက် သောအခါတွင်မှသတိထားမိခဲ့ပါသည်။အဖေ့ကိုကျမအလွန်ပင်ချစ်ပါသည် ကျမသိလိုသမျှမည်သည့်အခါမျှမညင်းခဲ့ဘဲထပ်ဖန်တလဲလဲပြောပြပါသည်။ […]


mipukayNovember 21, 20091min1705
အလုပ်သမဒိုင်ယာရီ -၁ (Working Woman Diary) နံနက် ၅းဝဝ နာရီ မနက်မိုးသောက် အလင်းမရောက် အိပ်ချင်သော်ငြား နိုးထပါတကား။ ညခါညဉ့်နက် အတင်းဖက်၍အိပ်ချင်သော်ငြား အိပ်စက်ခွင့်မှာနည်းလှပါတကား။ နိုးထသော်ညား လျှပ်စစ်မီးအား တောင့်တမိပြန်ပါတကား၊ မီးမလာပါမူ ဝေလီဝေလင်း မေ့ခြင်းကင်းမိအပြစ်ရှိသဖြင့် ပိုက်ဆံကိုဆွဲ မီးသွေးဝယ်ရန်ထွက်ရပြန်ပါလား၊ ဆုခါခါတောင်း ပဲပြုတ်တောင်းနှင့်ကောက်ညှင်းပေါင်းသည် မှီရန်ကိုလည်း ပူမိပြန်ပါတစ်ကာား၊ သယ်ဆောင်သွားစရာ ထမင်းလောက်သာအားထားကာ နှင့်ဟင်းကိုမည်ကား မစဉ်းစားကြုံရာလွေးရပြန်တော့မှာပါလား။ အော်ပဲပြုတ်သည်မှီလို ့တော်ပါသေးရဲ ့……… သမုဒ္ဒရာ ဝမ်းတစ်ထွာမို ့တော်ပေသည်တစ်အား။ ဝမ်းနှစ်ထွာမူ မည်သို ့မည်ပုံပြုမူရမည့်ပုံကို တွေးမိရုံနှင့် နှလုံးခြောက်ခြား ထွက်သက်ရှူမှား စိုးရိမ်မိပါတကား။ နံနက် ၆းဝဝ နာရီ ဟိုလူသုတ်သုတ် ဒီလူအဟုတ်သူ ့ဆန်ကုတ်နှင့်တွဲခုတ်နေတာ သိသာပါလည်းပြုံး၍တမုံ ့ကြည်နူးစရာ နံနက်ခင်းပါ။ ခြင်းတောင်းကိုဆွဲ ပိုက်ဆံပြဲနှင့်ကားခပေးစရာချန်ထားသည်ကို […]


mipukayNovember 17, 20091min1030
Annexes to the BSCI Code of Conduct into Myanmar Translation ပစ္စည်းပံ့ပိုးသူကုမ္ပဏီ၏ ကြေငြာချက် (နောက်ဆက်တွဲ-က) Declaration of the Supplier Company ဘီအက်စီအိုင်၏ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင်လေးစားကျင့်သုံးရမည့်စံညွှန်းများအပေါ်လုံးဝတာဝန်ယူကြောင်းကြေငြာချက် ကျွန်ုပ်တို ့သည် အောက်ဖော်ပြပါတို ့အားသဘောတူကြောင်းလက်မှတ်ရေးထိုးပါသည်- • နိုဝင်ဘာ ၂၀၀၆ တွင်အတည်ပြုခဲ ့သော ဘီအက်စီအိုင်၏လေးစားကျင့်သုံးရမည်စံချိန်စံညွှန်းများကို သိရှိနားလည်ပြီး ၎င်း၏ ကျင့်သုံးရမည့်စံနစ်ပါ စည်းမျဉ်းနှင့်လုပ်ငန်းဆောင်တာများ အပြင် စီမံအုပ်ချုပ်ရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကိုပါ လက်ခံလိုက်နာပါမည်။ • ကျွန်ုပ်တို ့သည် ကျွန်ုပ်တို ့၏ လုပ်ငန်း (သို ့) လုပ်ငန်းများလုပ်ကိုင်ရာ နိုင်ငံတစ်နိုင်ငံ (သို ့မဟုတ်) နိုင်ငံများတွင်ကျင့်သုံးနေသော သက်ဆိုင်ရာ ဥပဒေ နှင့်စည်းမျဉ်းစည်းကမ်းများအားလုံးကို သိရှိနားလည် […]


mipukayNovember 13, 20091min3722
စီးပွားရေးနှင့်သက်ဆိုင်သောအဖွဲ ့အစည်းများမှ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင်လေးစားကျင့်သုံးရမည့်စံညွှန်းများ (ဘီအက်စီအိုင် မှ လေးစားကျင့်သုံးသည့် စံညွှန်းများ-BSCI Code of Conduct) ကမ္ဘာ့အလုပ်သမားအဖွဲ ့ချုပ်ညီလာခံ၊ ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့လူ ့အခွင့်အရေးကြေငြာစာတမ်း၊ ကလေးအခွင့်အရေးနှင့်မိန်းကလေးများခွဲခြားဆက်ဆံခံရခြင်း(ပုံစံမျိုးစုံ) ပပျောက်ရေးကုလသမဂ္ဂညီလာခံ၊ ကုလသမဂ္ဂ၏ကမာ္ဘလုံးဆိုင်ရာသဘောတူညီချက်၊ နိုင်ငံမျိုးစုံတွင်အခြေစိုက်သော ကုမ္ပဏီများအတွက် စီးပွားပူးပေါင်းဆောင်ရွက် ရေးနှင့် ဖွံ ့ဖြိုးရေးအဖွဲ ့၏ လမ်းညွှန်ချက်များအတိုင်း ဘီအက်စီအိုင်၏ ပြုမူနေထိုင်ခြင်းဆိုင်ရာ စံညွှန်းများကို သက်ဆိုင်ရာ လူ ့အဖွဲ ့အစည်းနှင့် ပတ်ဝန်းကျင်တို ့အတွက် ်ကိုက်ညီအောင် ရည်ရွယ်၍ ပြုစုထားခြင်းဖြစ်ပါသည်။ အဆိုပါစံညွှန်းများသည် ပစ္စည်းပေးသွင်းသူကုမ္ပဏီများသာမက ၎င်း၏ဆင့်ပွားပေးဆောင်သူများအပါအဝင်သည် အဆုံးသတ်ထုတ်လုပ် ပြီးစီးသည် အထိ ဘီအက်စီအိုင်၏အဖွဲ ့ဝင်များကို ကိုုယ်စားပြု ကာလိုက်နာဆောင်ရွက်သွားရမည် ဖြစ်ကြောင်းသတိပြုရပါမည်။ အောက်ဖော်ပြပါ လိုအပ်ချက်များမှာ အထူးအရေးပါသဖြင့် တိုးတက်ရာတိုးတက်ကြောင်းကိုရည်ရွယ် ကာ အခြေပြုအကောင်အထည်ဖော်ထားခြင်းဖြစ်ပါသည်။


mipukayNovember 5, 20091min1001
နိုဝင်ဘာ ၂၂ ရက် မှ ဒီဇင်ဘာ ၂၁ ရက် အတွင်းမွေးဖွားသော SAGITTARIUS များအတွက် နိူဝင်ဘာလ ၂၀၀၉ ဟောကိန်းများ 1. နိုဝင်ဘာလတွင်အလုပ်ပြီးမြောက်အောင်ဆောင်ရွက်နေရမည်။ ၎င်းအတွက်ဖြစ်ပါ့မလားပြီးပါ့မလားဟု ရင်ခုန်မနေပါနှင့်အဆင်ပြေမည်။ 2. နိုဝင်ဘာ-၂ ရက်နေ့ဝန်းကျင်တွင်ကျန်းမာရေးအနည်းငယ်ချို ့တဲ့မည်။ ဂရုုစိုက်ရမည့်ကျန်းမာရေးကိစ္စများကို သတိထားမိမည်၊ ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ သင်ယခုလုပ်ဆောင်သောကိစ္စများသည်သင့်ဘဝတွင်တစ်ဖြေးဖြေးတိုးတက်မှုကိုဖော်ထုတ်ပေးလိမ့်မည်သင်ယခုလုပ်ဆောင်နေရသောလုပ်ငန်းဆောင်တာပြီးမြောက်ရန်အတွက်လမ်းသွားများမည်၊အကယ်၍ ၂ရက်မှရက်ဝန်းကျင်တွင်သင်မွေးဖွားပါကသင်အထက်ပါအကျိုးဆက်လုံးဝသက်ရောက်မည်။ 3. ယခုမှစ၍နောက် (၇) လတိုင်အောင် – ဇွန် ရ ရက်နေ ့အထိ သွားလာလှုပ်ရှားမှုဆက်တိုက်ရှိမည်။သင့်စပ်မှတော်သောဆွေမျိုုးမောင်နှမများ သင်နှင့်အတူမနေပါက သင့်ထံပြောင်းရွှေ ့နေထိုင်လိမ့်မည်။ ၎င်းနောက်မှတဖြည်းဖြည်းအရှိန်နှေးသွားပြီး ဒီဇင်ဘာ20 ရက်နေ ့ ရောက်မှဆုံးခန်းတိုင်မည်။ 4. မတ် ၁ဝ မှ ဂျွန်လ ရက်နေ ့အတွင်းတွင် ခရီးသွားခြင်းနှင့် ပညာရေးအတွက်အကောင်းဆုံး အချိန်ဖြစ်သည်။ ၎င်းအချိန်အတွင်းထိရောက်စွာကြိုးစားပါက […]


mipukayNovember 5, 20091min1170
သင်အုပ်ချုပ်သူ MANAGER ကောင်းတစ်ယောက်ဖြစ်ရန်အတွက် ကျွမ်းကျင်အဆင့်လိုအပ်ချက် ထကြွလှုပ်ရှားတက်ကြွမှု သက်ဝင်လှုပ်ရှား၊ ပြောင်းလဲမြန်ဆန်စီစဉ်နိုင်ရန် လိုပါသော်ညား ရွသောသူများမဖြစ်သင့်ပါ။ ရဲရင့်မှု ကြောက်ရွံ ့ခြင်းကင်း၊ ဆုံးဖြတ်ခြင်း နှင့် စီစဉ်ကျနဇယားချကာ မသွေချဉ်းကပ်လုပ်ဆောင်ရပ် ထိုကားရဲရင့်မှု။ တာဝန်ခံမှု အသစ်များစွာကြိုးစားသော်ညား ဆုံးရှုံးမသွေတွေ ့ကြုံလေလည်း အမှားလက်ခံနိုင်ရမသွေ၊ သို ့ပါသော်ညား မှားယွင်းပါလည်း ညည်းညူခြင်းနှင့်ပင်ပန်းကင်း ၍ အားထုတ်ခြင်းအား အကြောင်းပြ တောင်းပန်တိုးလျျှိုးမပြုရပါ။ ပတ်ဝန်းကျင်သား သတင်းများက တာဝန်ခံမှုအား ရူးမှုတဖုံပြီးပြည့်စုံဟု မှတ်ထင်မှားအောင် ရည်သွေးပြည့်စုံစေရမည်။ ပြောင်းလွယ်ပြင်လွယ်ရှိမှု တည်ငြိမ်မားမတ် တသမတ်၊ မှီတည်နိုင်စွမ်း ထိုလူ ့စွမ်းပကား ရှိပါသော်ညား လိုအပ်ခါများ တင်းကြပ်မှုအား လျှော့ကာထား ပြောင်းလဲစိတ်စွမ်းနိုင်ရမည်။ ဆုံးဖြတ်မှုများ သင်မိန် ့ငြား တင်ပြသောခါလက်ခံကာ ထည့်သွင်းစဉ်းစားနိုင်ရမည်။