Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအတွက် အဟာရ

ခင္ခApril 27, 20131min43615

ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားအတွက် အဟာရ

 

ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားတို့ဟာ ရက်သတ္တပတ်အလိုက် သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ဖြစ်ပေါ်ဖွံဖြိုးမှု့နဲ့ အညီ မိခင်အနေနဲ့ လိုအပ်တဲ့ အဟာရသုံးစွဲနိုင်ဖို့ ဖတ်ဖူးခဲ့တဲ့စာပေစုတွေထဲက ဗဟုသုတ အဖြစ်သိကြ ရအောင် ပြန်လည်မျှဝေရေးပေးလိုက်ပါတယ်။

သန္ဓေသားရက်သတ္တနှစ်ပတ်ကနေ သုံးပတ်

သွေးလည်ပတ်မှုစတင်ပြီး သိုင်းရွိူက် Thyroid ( လည်ပင်အကျိတ်အဖွဲအစည်း၊ ကျောက်ကပ်၊ မျက်လုံး၊ နား ) တို့ စတင်ဖွံဖြိုးစပြူ၊ လိုအပ်တဲ့ အာဟာရ ဓာတ်တွေကတော့ ထုံးဓာတ်ခေါ်တဲ့ ကယ်လ်စီယမ်၊ ကြေးနီဓာတ် ဖြစ်တဲ့ Copper၊ မီးစုန်းဓာတ်၊ ဖော့စ်ဖရပ်စ် နဲ့ ဗီတာမင်အေ တို့ဖြစ်ကြပါတယ်၊ အဲဒီအဟာရတွေကို နွားနို့၊ ငါး၊ အဆီ၊ ကြက်ဥ၊ ပဲ အဝါရောင်-အစိမ်းရောင်ဟင်းရွက်တွေက ရနိုင်ပါတယ်။

ရက်သတ္တလေးပတ်

ခြေလက်တွေစတင်ဖြစ်ပေါ် ဖွံ့ဖြိုး၊ ဦးနှောက်၊ ကျောရိုးနာဗ့်ကြိုး(Spinal Cord)ခံတွင်း၊ အစာချေလမ်းကြောင်းတို့ စတင်ဖြစ်တည်လာ၊ လိုအပ်တဲံ အာဟာရဓာတ်တွေကတော့ ထုံးဓာ်ဆိုတဲ့ကယ်လ်စီယမ်၊ သံဓာတ်၊ ကြေးနီဓာတ် နဲ့ ဗီတာမင်အေ တို့ဖြစ်ပါတယ်၊ နွားနို့၊ ငါး ၊ ဥ ၊ အသည်း၊ ငါးကြီးဆီ၊ အနီရောင်-အစိမ်းရောင် ဟင်းသီး ဟင်းရွက် များက ရနိုင်မှာပါ။

ရက်သတ္တငါးပတ်

ဦးနှောက်အာရုံကြော စတင်ဖွံဖြိုး၊ ကြွက်သား အာရုံကြောများလည်း စတင်ဖွံဖြိုး၊ တစ်ကိုယ်လုံးပျံနှံနေတဲ့ အရိုးစု ဖြစ်ပေါ်ဖွဲ့စည်း၊ လိုအပ်တဲံ အာဟာရဓာတ်တွေကတော့ ကယ်လ်စီယမ် နဲ့ ဗီတာမင်ဒီ တို့ အဓိကဖြစ်ပြီး နွားနို့၊ အဆီ၊ ပရိုတင်း(အသားဓာတ်)၊ ငါး၊ ဥအမျိုးမျိုး ကရနိုင်မှာပါ။

ရက်သတ္တခြောက်ပတ်

ကြွက်သားများဖွံဖြိုး၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အဆုတ်ပြွန်တို့ ဖြစ်တည်လာ၊ အသည်းကသွေး ဆဲလ်နီများ စတင်တည်ဆောက်၊ လိုအပ်တဲ့ အာဟာရဓာတ်တွေက မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်၊ ကြေးနီဓာတ်၊ ဗီတာမင် အေဓာတ် တို့ဖြစ်ပြီး နွားနို့၊ ဥ ၊ ချိစ်(Cheese)၊ ငါးများ၊ အဝါရောင်-အစိမ်းရောင် ဟင်းသီးဟင်းရွက်များ နဲ့ ငါးကြီးဆီ တို့မှရနိုင်ပါတယ်။

ရက်သတ္တခုနှစ်ပတ်

အစာအိမ်ဖွံဖြိုးမှုပြီးဆုံး၊ အမြင်အာရုံဖြစ်တည်လာ၊ လိင်အင်္ဂါကွဲပြားမှုဖြစ်တည်၊ လိုအပ်တဲ့ အဟာရဓာတ်တွေ ကတော့ ဗီတာမင် B1 B2 နဲ့ ဗီတာမင်ဒီ တို့ဖြစ်ပြီး နွားနို့၊ ကလီစာများ၊ ဥအနှစ်၊ ဂျုံပင်ပေါက်၊ ဖွဲနု၊ တဆေး၊ မုန်လာဥနိ နဲ့ ပဲများ တို့မှရရှိနိုင်ပါတယ်။

ရက်သတ္တရှစ်ပတ်

လက်ချောင်းများဖြစ်တည်လာ၊ နှုတ်ခမ်းဖြစ်တည်လာ၊ နားရွက်ဖြစ်တည်လာကာ လိုအပ်တဲ့အဟာရဓာတ် တွေက ပရိုတင်း၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်အေ တို့ဖြစ်ပြီး နွားနို့၊ ဥအနှစ်၊ အသားများ၊ ငါးများ၊ ပဲများ နဲ့ အဝါရောင်-အစိမ်းရောင်ဟင်းသီးဟင်းရွက်များ တို့မှရနိုင်ပါတယ်။

ရက်သတ္တဆယ်ပတ်

ဆီးအိမ်ဖြစ်ပေါ်လာ၊ လက်သည်းခြေသည်းများ ဖြစ်တည်လာပြီး လိုအပ်တဲ့အဟာရတွေကတော့ ဗီတာမင်အေ၊ ပရိုတင်း၊ ထုံးဓာတ် တို့ဖြစ်ပြီး နွားနို့၊ အသည်းများ၊ ဥများ၊ ဒိန်ခဲ၊ ငါးများ အဝါရောင် အနီရောင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ တို့မှရရှိနိုင်ပါတယ်။

ရက်သတ္တ ၁၁ ပတ်

အဆုတ်ပမာဏပုံစံဖြစ်ပေါ်၊ သိုင်းရွိုက်(Thyroid) လည်ပင်အကျိတ်မှ စတင်ဟော်မုန်းစိမ့်ထွက်လာခြင်း ဖြစ်ပေါ် ပြီး လိုအပ်သော အဟာရဓာတ်တွေကတော့ ဗီတာမင်အေအဓိကများစွာလိုပြီး နွားနို့၊ အသည်း၊ ဥများ၊ ဒိန်ခဲ၊ အဝါရောင်အစိမ်းရောင် ဟင်းသီးဟင်းရွက်များတို့မှ ရရှိနိုင်ပါတယ်။

ရက်သတ္တ ၁၆ ပတ်

အရေပြားပါးလွှာနူးညံလာ၊ အသက်ရှုလှုပ်ရှားမှုစတင်လာ တာမျိုးဖြစ်ပြီး လိုအပ်တဲ့အဟာရက ကယ်လ်ဆီယမ် ဓာတ်၊ ဖလိုရင်း၊ ပရိုတင်း၊ ကန့်ဓာတ်(Sulphur) တို့ဖြစ်ကာ ဥများ၊ နွားနို့၊ ပင်လယ်စာ၊ ပဲများ၊ ငါးများ၊ အရိုးပါစားလို့ရတဲ့အစားအစာနဲ့ အနီရောင်ဟင်းရွက် တို့မှရရှိနိုင်ပါတယ်။

ရက်သတ္တ ၂၄ ပတ်

မျက်စိပြီးပြည့်စုံပြီးစီးခြင်းဖြစ်တည်လာပါတယ်၊ လိုအပ်တဲ့အဟာရတွေက ပရိုတင်း၊ ဗီတာမင်အေ အဓိကဖြစ်ပြီး နွားနို့၊ အသည်းများ၊ ဥများ၊ ဒိန်ခဲ၊ အဝါရောင်-အစိမ်းရောင် ဟင်းသီးဟင်းရွက် တို့မှရရှိနိုင်ပါတယ်။

ရက်သတ္တ ၂၈ ပတ်

အာရုံကြောတွေစတင်ပြီး ခန္ဓာရဲ့ လှုပ်ရှားမှုကို ထိန်းညှိနိုင်တဲ့ အစွမ်းများရရှီလာပါပြီ လိုအပ်တဲ့ အဟာရတွေက ကယ်လ်ဆီယမ်၊ပိုတက်စီယမ်၊ ဆားဓာတ်၊ ကလိုရင်း၊ ဗီတာမင်ဒီ နဲ့ နိုင်ယာစင်(Nicotinic acid) တို့ဖြစ်ကာ နွားနို့၊ ဥများ၊ အသားများ၊ ငါးများ ၊ အစိမ်းရောင်ဟင်းရွက် နဲ့ လုံးတီးဆန် တို့မှရရှိနိုင်ပါတယ်။

ရက်သတ္တ ၃၆ ပတ်

အရေပြား အဆီ အကျိတ်များ အားလုံး လှုပ်ရှားဖွံဖြိုးနေပါပြီ၊ လိုအပ်တဲ့အဟာရတွေကတော့ ပရိုတင်း၊ အဆီဓာတ်၊ သကြားဓာတ် တို့အဓိကလိုအပ်ကာ နွားနို့၊ ဥများ၊ အသားများ၊ ငါးများ၊ အာလူး၊ ထမင်း၊ ခေါက်ဆွဲ၊ ပြောင်းဖူး တို့မှရရှိနိုင်ပါတယ်။

 

သန္ဓေသားအဆင့်ဆင့် ဖွံဖြိုးမှု့တိုင်းအတွက် လိုအပ်တဲ့အဟာရ အစာဖြည့်စွက်မှု့တွင် နွားနို့နဲ့ ဥ တွေဟာ အဆင့်တိုင်းမှာ ပါနေတာကိုတွေ့ရပါလိမ့်မယ်၊ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေနှင့် နွားနို့ နဲ့ ဥ တွေကို ဖြည့်စွက်အစာအဖြစ် သုံးဆောင်သင့်ကြောင်း အကြံပြုပါရစေ။

ကိုယ်ဝန်ဆောင်သူ အတော်များများဟာ ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်သော တုန့်ပြန်မှုကို အလေးထား တတ်ခဲကြပါတယ်၊သာမာန်ခန္ဓာကိုယ်ရဲ့ ဖြစ်မြဲဓမ္မတာဟု သတ်မှတ်တတ်ကြပါတယ်၊ အဲလိုမဟုတ်ပါ မိခင်လောင်း၏ ခန္ဓာကိုယ်ကျန်းမားရေးကိုထိခိုက်စေရုံသာမက သန္ဓေသား၏ ဉာဏ်ရည်ဖွံဖြိုးမှုကိုလည်း ထိခိုက်စေပါတယ်၊ သုတေသနပြုချက်အရ သန္ဓေသား ၃ လကာလအတွင်း သန္ဓေသား၏ ဥဏ်ရည်အနိမ့် အမြင့်ကို တည်ဆောက်ပေးသည့်သော့ချက် အချိန်ဖြစ်ပြီး သန္ဓေသား၏ ဖွံဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုလုံး တွင် သန္ဓေသား၏ နှလုံး၊ ဦးနှောက်၊ ပါးစပ်၊ ခံတွင်း၊ သွား၊ နား၊ အာခေါင် တို့ကွဲပြားဖြစ်ပေါ်စေတာ ကိုယ်ဝန်ဆောင် ၃ လအချိန်အတွင်းဖြစ်တာကိုတွေ့ရှိရပါတယ်။ တစ်ချို့က ကိုယ်ဝန် ၃ လအတွင်းကို ကိုယ်ဝန်နုစဉ်မို့ သိပ်သတိ မပြုတတ်ကြတာမျိုးတောင် ရှိတတ်ကြတာဟာ မှားယွင်းတဲ့အယူအဆလို့ သုတေသီတွေက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်တွေရဲ့တုန့်ပြန်မှု့မှာ မိခင်လောင်းရဲ့ အချင်းအိမ်ကနေ အမွေးနုလှုံဆော်မှု ဟော်မုန်းလို့ခေါ်တဲ့ ဒြပ်တစ်မျိုး ထုတ်လွှတ်တယ်၊ အဲဒီဟော်မုန်း ဒြပ်ပစ္စည်းက အစာအိမ်ထဲက အစာချေရည်ထုတ်လွှတ်မှု ထိန်းချုပ်ပစ်လိုက်တော့ အစာချေရည်တွေ သိသိသာသာလျော့နည်းလာလို့ အစာချေအင်ဇိုင်းတွေရဲ့ စွမ်းရည် တွေ အများကြီး ကျဆင်းသွားတာပါ၊ဒီတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းရဲပ ပုံမှန်အစာချေ အဟာရ စုပ်ယူမှု စွမ်းရည်ကျဆင်းပြီး ရင်တွင်းမှာလည်း အော်ဂလီဆန်ကာ ပျို့ချင်အန်ချင် ဖြစ်တတ်တဲ့သဘောပါ။ အဲဒီတော့ အစာမစားချင်တဲ့ တုန့်ပြန်မှု နဲ့ အစားအသောက်ပျက်တတ်တာပါ။ အဲဒီအချိန်မှာ အစာအဟာရကို ခန္ဓာကိုယ် တုန့်ပြန်မှု့အရ မစားဘဲအလိုလိုက်နေရင် သန္ဓေသားရဲ့ ကျန်းမားရေးနဲ့ ဉာဏ်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် အဟာရစုံလင်ပြီး ကိုယ်ဝန်ဆောင်မိခင်အတွက် နွားနို့ကို ကိုယ်ဝန်ဆောင်စဉ်ကာလ တလျောက်လုံး သောက်သုံးသင့်ကြောင်း အကြံပြုကာမျှဝေလိုက်ပါသည်။ ( ကိုးကာမှု့မူရင်း -မောင်မောင်လှိုင်(အပ်စိုက်ကု) )

 

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ

15 comments

  • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 27, 2013 at 4:35 pm

    ကျွန်ုပ်တို့ လူသားအားလုံးသည် ဒီလိုလေး အစပြုပြီး ဟိုလိုလို ဒီလိုလို
    ပြောင်းလဲပြီး သဏ္ဍာန် အမျိုးမျိုး ကွဲပြားလာကြတာတွေချည်းပါပဲ…..
    ဗဟုသုတဖြစ်စေတယ်ဗျာ……. လူ့ဘဝ ဆိုတာ ဘယ်လိုစခဲ့ရတယ်ဆိုတာ….
    အခုမှပဲ အထိုက်အလျောက် သိခွင့်ရတော့တယ်……..
    ကိုယ်ဝန်ဆောင်မိခင်များကို အကြံပြုနိုင်ဖို့ ကူးယူထားလိုက်ပါတယ်…….

  • kai

    April 27, 2013 at 4:44 pm

    ရှေးကတော့.. ဆေးဝါးပညာ..သိပ္ပံအတတ်ချို့တဲ့တော့.. လူတွေမှာ.. မွေးသေနှုန်းသိပ်မြင့်တာအပြင်.. ကလေးဘဝမှာလည်း.. ဆုံးပါးလွယ်လှတာမို့.. လူဘဝရခဲ..ဘာညာကွိကွ.. ဖြစ်ခဲ့တာပေါ့…

    ဒီခေတ်ကတော့..
    ထစ်ဆို.. ရသွားကြသလို.. မွေးရင်လည်း.. မွေးသေနှုန်းတော်တော်နိမ့်လာတာပါ..
    ( မြန်မာပြည်ကတေ့ာ.. ကမ္ဘာတန်းနဲ့ယှဉ်ရင်.. တော်တော်မြင့်နေတုံး)

    ဆိုတော့..
    အရင်.. ၄နှစ်ကများ.. လင်ကောင်မပေါ်ပဲ.. အမေရိကန်မတယောက်.. အမေရိကားမှာ..မွေးထည့်လိုက်တာ.. ၈မွှာပူးတဲ့..
    လူသားဘဝ.. အရလွယ်၏…။

    ကျမ်းမာဉာဏ်ရည်ပြည့်လူသား.. အရခက်၏…။

    • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

      April 27, 2013 at 5:10 pm

      မသိလို့ မေးပါရစေ သူကြီခင်းဗျားးးးးး
      ဟောဒီပုံထဲက ရှစ်မွှာပူးဆိုတာ အမှန်အကန် ဟုက်ပါသလားခင်ဗျ…….
      အပြင်မှာ တကယ်ရှိတာ သေချာပါသလား……..
      ကျနော်တွေးမိတာကတော့ ကလေးရှစ်ယောက်ရဲ့ အရွယ်အစား ရှစ်ခုကို
      ကလေးအမေရဲ့ ဗိုက်ထဲ ထည့်ကြည့်တာ မလွယ်လောက်ဖူးထင်လို့ပါ…….
      အမှန်အကန် ဆိုရင်းလည်း လုပ်ပါ့ဦးဗျာ… ထူးဆန်းအံ့ဖွယ် ဗဟုသုတတိုးတာပေါ့……
      လက်ရှိအချိန်အထိတော့ အဲ့ဒါမျိုးတွေကို ကောလဟလလို့ပဲ ထင်ထားတယ်ဗျ…..

      • kai

        April 28, 2013 at 3:23 am

        အမှတ်မမှားရင်.. အဲဒီအမျိုးသမီးက.. ယောက်ျားသုတ်ပိုးကို ဆေးသိပ္ပံနည်းနဲ့.. ထိုးသွင်းပြီး.. လုပ်ခဲ့တာ..။
        =
        Nadya Denise Doud-Suleman (born Natalie Denise Suleman July 11, 1975[a]), known as Octomom in the media, is an Iraqi, Assyrian-American woman who came to international attention when she gave birth to octuplets in January 2009.[2][3] The Suleman octuplets are only the second full set of octuplets to be born alive in the United States. One week after their birth, they surpassed the previous worldwide survival rate for a complete set of octuplets set by the Chukwu octuplets in 1998. The circumstances of their high order multiple birth have led to controversy in the field of assisted reproductive technology as well as an investigation by the Medical Board of California of the fertility specialist involved.[4]

    • lady mobile

      April 28, 2013 at 8:04 am

      ဟယ် ကလေးတွေအများကြီးနဲ့ အားကျစရာကြီး…..

  • အလင်းဆက်

    April 27, 2013 at 7:50 pm

    ဒီပိုစ်လေး…
    ချစ်သုဝေ….ဆီကို ကော်ပီ ဆွဲ ပြီးပို ့ပေးဦးမှ …။

  • အလင်းဆက်

    April 27, 2013 at 7:52 pm

    ဒီပိုစ်လေး…
    ချစ်သုဝေ….ဆီကို ကော်ပီ ဆွဲ ပြီးပို ့ပေးဦးမှ …။
    ဟဲဟဲ…

  • Mr. MarGa

    April 29, 2013 at 7:34 pm

    လောလောဆယ်မတော့
    ကိုယ်တိုင်ကလဲ ယောက်ျားရင့်မကြီး ဖြစ်နေတာကြောင့်ရယ် :mrgreen:
    နတ်သမီးတွေကလဲ ကိုယ်ဝန်မဆောင်တာကြောင့်ရယ် :mrgreen:
    ဒါတွေကြောင့်
    မှတ်ရုံ မှတ်သွားပါသဗျ :kwi:

  • နေဝန်းနီ

    April 29, 2013 at 9:24 pm

    ကိုခင်ခ ကျနော်စာအုပ်တစ်အုပ်တွေ့ဖူးတယ်ဗျ…..။ ကိုယ်ဝန်ဆောင်မိခင်နဲ့ပတ်သက်လို့လေ…… အွန်လိုင်းပေါ်မှာရှာတာတော့မတွေ့သေးဖူး …..။ အပြင်မှာ ရှာဖတ်ကြည့်ပါ…။ ကိုခင်ခ ဖတ်ဖူးပြီးသားလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်…။ စားရမဲ့အစာအဟာရ တင်မဟုတ်ပဲ မိခင်လောင်းတစ်ယောက်ရဲ့ ထားရမဲ့စိတ်ထားတွေပါပါတယ်…….။ စာအုပ်က ရန်ကုန်ဘဆွေရေးတာပါ……….။ စာအုပ်နာမယ်က ” ချစ်ဇနီးသို့……… ” ပါ ….။

  • Hnin Hnin

    May 18, 2013 at 2:33 am

    ဆက်စပ်နေလို့ ၁နှစ်သားအထက် ကလေးငယ်အတွက် သိချင်တာတွေ
    မေးပါရစေနော်..ကိုခ။

    – ကလေးငယ် ဖြည့်စွက်စာကျွေးပုံက ၁နှစ်သားအထိပဲ ဖတ်ရလို့ ၁နှစ်သားနဲ့အထက်
    တွေရော ကျွေးပုံက အတူတူပဲလား။
    လူကြီးလို မစားခင် ဘယ်အရွယ်ထိ အဲ့လို ကျွေးရမှာလဲ?
    – အစာကြေဆေး(အင်္ဂလိပ်ဆေး)၊ဝမ်းပျော့ဆေး..ကြားချိန်(မြန်မာဆေး)
    တစ်နေ့ထဲ အင်္ဂလိပ်၊မြန်မာဆေး ၂မျိုး ကလေးငယ်ကို နေ့စဉ် နေ့လယ်၊ည
    စားပြီးတိုင်း တိုက်တာ ကောင်းရဲ့လား?
    – ကလေးက အသက် ၁နှစ်ခွဲ၊၂ရ ပေါင်၊ နို့ဘူးနဲ့ပဲကြီး၊ လသားကလေးနှုန်းအတိုင်းပဲ
    ဆက်စို့နေ၊ အုပ်စုကုန် အာဟာရစုံ မလစ်ဟင်းဘဲ နေ့စဉ်ကျွေး၊ ကျွေးသမျှဝင်၊
    ကျန်းမာရေးကောင်း၊ မပိန်မဝ၊ အရပ်ရှည်ပါတယ်။
    အသက် ၁နှစ်ခွဲလည်းရှိ၊အာဟာရလည်းစုံနေလို့ နို့ဘူး(နို့မှုန့်) ဖြတ်ချင်ပါပြီ။
    – ဘယ်အရွယ်ထိ နို့ဘူးတိုက်သင့်ပါသလဲ?
    – နို့ဘူးဖြတ်ချင်ရင် ဘယ်လိုလုပ်ရပါ့မလဲ?
    – နို့ဘူးစို့တဲ့ကလေးကို နို့ဖြတ်ရင် နို့ဘူးလျှော့တိုက်လာရင်း ညအိပ်ရာဝင်တစ်ချိန်မှာပဲ
    တိုက်ရင်းကနေ နောက်ပိုင်း နို့ဘူး(နို့မှုန့်)အစား အာသာပြေ ‘ရေ’ ကိုပဲ နို့ဘူးထဲထည့်
    စို့စေတယ်ဆိုတာ ဟုတ်လား?

    • ခင် ခ

      May 18, 2013 at 10:01 am

      မနှင်းနှင်း ရေ ကျွန်တော်ဖတ်ဖူးမှတ်ဖူးသလောက်ပြန် ဝေမျှရရင်ဖြင့်
      – ၁ နှစ်အထက် ကလေးများကို ထမင်းပျော့ပျော့ကျွေးလို့(တစ်ချို့ကတော့ ဝါးကျွေးတယ်၊ ကျန်းမာရေးသုတေသီတွေကတော့ ဝါးကျွေးတာကို သဘောမကျဘူး၊ ဝါးကျွေးမဲ့အစား ကလေးမစားနိုင်သေးဟုယူဆရင် ထမင်းပျော့ပျော့ကို ချေပြီးကျွေးပါတဲ့) ရပြီမို့ အသားပြုတ်၊ ကြက်ဥပြုပ်၊ ငါးပြုပ်တို့နဲ့ ကျွေးလို့ရတာမို့ ကလေးဖြည့်စွက်စာကလျော့လို့ရပါပြီ။ အဲနောက်ပိုင်း ၂ နှစ်အရွယ်လောက် ဆို လူကြီးကဲ့သို ထမင်းစားရပါပြီ။
      – အင်္ဂလိပ်ဆေး နဲ့ မြန်မာတိုင်းရင်းဆေးက အတူတကွတော့ မသောက်သင့်ပါဘူး၊ အနည်းဆုံ နာရီဝက်ကျော်တော့ ခွဲသောက်သင့်ပါတယ်၊ စာကြေဆေးကတော့ မြန်မာဆေးဘဲဖြစ်ဖြစ် အင်္ဂလိပ်ဆေးဘဲ ဖြစ်ဖြစ် ကလေးကို တိုက်လို့ရပေမယ့်၊ ဝမ်းပျော့ဆေးကိုတော့ ၅ နှစ်အောက်ကလေးတွေ အနေနဲ့ အင်္ဂလိပ်ဆေးဘဲသုံးသင့်ပါတယ်၊ မြန်မာဝမ်းပျော့ဆေးတွေက အတိုင်းအဆ မမှန်းတတ်ရင် ကလေးရဲ့အူလမ်းကြောင်းကို ရေရှည်မှာထိခိုက်ပါလိမ့်မယ်၊ ဝမ်းပျော့ဆေးထက် ကလေးကို အသီးများ နည်းနည်းစီရောကျွေးကျင့်တာလဲ ကောင်းပါလိမ့်မယ်။
      -နို့ဘူးကတော့ ထမင်းစားဖက်ကို ကလေးအနေနဲ့ စိတ်ဝင်စားလုပ်လာပြီဆို ဖြတ်လို့ရပါပြီ၊ နို့ဘူး အစား နွားနို့အစားထိုး တိုက်တဲ့အကျင့်လုပ်ပေးပါ၊ အဲဒီကနေ ကလေးအရွယ်ကြီးလာတော့ ကော်ဖီတို့ လဘက်ရည်တို့ အစားထိုးတိုက်ရင်း နို့ဘူးဖြတ်လို့ ရပါလိမ့်မယ်။
      ( နို့ဘူးစို့တဲ့ကလေးကို နို့ဖြတ်ရင် နို့ဘူးလျှော့တိုက်လာရင်း ညအိပ်ရာဝင်တစ်ချိန်မှာပဲ
      တိုက်ရင်းကနေ နောက်ပိုင်း နို့ဘူး(နို့မှုန့်)အစား အာသာပြေ ‘ရေ’ ကိုပဲ နို့ဘူးထဲထည့်
      စို့စေတယ်ဆိုတာ ဟုတ်လား?) အဲဒါတော့ လက်တွေ့မှာ မသိဘူးဗျ၊ တိုင်းရင်းဆေးအလိုကတော့ အသားစွပ်ပြုတ်ရေလေး အစားထိုးတိုက်စေတာပါဘဲ၊ နို့မှုန့်မှာ ကလေးအတွက်လိုအပ်တဲ့ အဟာရဒြပ်တွေပါပြီး အဲလိုရေအစားထိုးရင် ကလေးကို အဟာရဖြည့်စွက်စာ ကျွေးနေတဲ့ အချိန်လား ထိုသို့ကျွေးနေရင် ကိစ္စမရှိပေမယ့်၊ တစ်ချို့ကလေးတွေက အဟာရဖြည့်စွက်စာ မစားမှီနို့ဘူးဖြတ်ရင် အသားစွပ်ပြုတ်ရေက ရေထက်ပိုပြီး သင့်လျှော်တယ်ဆိုပါတယ်။
      မတွေ့တာကြာပြီး အခုလိုဝင်ရောက်ကာ အားပေးမန့်လို အလွန်ဝမ်းသာကျေးဇူးပါနော်။

  • Hnin Hnin

    May 18, 2013 at 4:33 pm

    စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတာ ပြည့်ပြည့်စုံစုံနဲ့သိချင်နေတာတွေ သိလိုက်ရပြီမို့
    ကိုခကို ကျေးဇူးအများကြီးတင်ပါတယ်။

  • ဘဲဥ

    May 18, 2013 at 4:45 pm

    အူးအူးခ
    သာမီးဒို့လို အာပျိုလေးဒေကလည်း တစ်ချိန်ကျရင် ဥ .. ဖု (အဲ့ အဲ့ ) ကိုယ်ဝန်ဆောင်ရမှာဆိုဒေ့ါ ရှက်ရှက်နဲ့ပဲ ဝင်ရောက်ပြီးတော့ ဖတ်မှတ်လေ့လာသွားဘာဒယ်ချင့်
    ယူမဲ့ဒူ မချိလို့ အာပိုဂျီးဖစ်နေဒဲ့ ရွာဒူဒွေအတွက်တော့ ခွိ… ခွိ… ခွိ… :kwi:

  • မိန်းမ ရဒဲ့အခါ …
    ဗိုက်ဗိုက် ထွက်ဒဲ့ အခါ …
    နွားနို့ဒွေ နေ့ဒိုင်း ဝယ်တိုက်မယ် …

    စကားမစပ် …
    ဂလိုညိုး ဥခင်ခဂျီးရဲ့ တေးဇူးနဲ့ ကျိုတင် ပြင်ဆင်ထားဒဲ့ ကျုပ်ဂို ..
    ဘူဒွေ ယူဂျမဲ …
    ဖရီးတင်မက ကံစမ်းမဲနဲ့ မဲဖောက်ပေးဘာ့မယ် … :mrgreen:

Leave a Reply