ရွှေလီမှ အပြန် နှင့် လားရှိုး မန်စူဘုရား
(15-4-2013) သင်္ကြန်အတက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မူဆယ်ကနေ ပြန်ခဲ့ကြပါတယ်။ လမ်းမှာ မြူတွေကျနေလို့ ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ရတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် ရာသီဥတုက အေးနေပါတယ်။ မြူတွေကျနေတဲ့ ပတ်ဝန်းကျင်ကလဲ ဆောင်းရာသီလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း တစ်မြို့ပြီးတစ်မြို့ ဖြတ်လာခဲ့ကြတယ်။





သိန်းနီမြို့နားရောက်ခါနီးမှာ သိန်းနီကို အပေါ်စီးမှ လှမ်းမြင်ရပါတယ်။ လှပတဲ့ကျောက်ဆောင်တွေလဲရှိတာမို့လို့ ခဏကားရပ်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ် ..




ကွတ်ခိုင်မြို့ထဲမှာ ပုံစားရှမ်းထမင်းဆိုင်တွေရှိပြီး ဈေးလဲသက်သာ စားလို့လဲကောင်းတယ်လို့ သိထားပေမယ့် အချိန်က ထမင်းစားချိန်မဟုတ်လို့ ဝင်မစားခဲ့ရဘူး။ လားရှိုးလောက်ရောက်ရင် နေ့လည်စာအချိန်နဲ့ကိုက်မှာမို့လို့ လားရှိုးရောက်မှပဲ ထမင်းစားဖို့ စီစဉ်လိုက်ကြတယ်။ လားရှိုးမြို့ထဲဝင်တော့ မနက် ၁ဝ နာရီခွဲလောက်ရှိပါပြီ။ ဗိုက်လဲသိပ်မဆာသေးလို့ မန်စူဘုရားကို အရင်ဝင်ဖူးလိုက်ကြတယ်။ ဘုရားပေါ်ကနေ လားရှိုး တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းက လှပပါတယ်။









လားရှိုးမှာ နေ့လည်စာစားပြီး ပြန်ထွက်လာချိန်မှာ ရေတော်တော်ပက်နေကြပါပြီ။ အတက်နေ့လဲဖြစ်တဲ့အတွက် အရမ်းစည်ကားနေကြတယ်။ စတိတ်ရှိုးမဏ္ဍပ်တွေလဲ ရှိတာကြောင့် တော်တော်နဲ့ မြို့ပြင်ကို ပြန်ထွက်မရဖြစ်ခဲ့သေးတယ်။ လားရှိုးပြီးတော့ သီပေါ၊ ကျောက်မဲ တွေကို ဖြတ်ကျော်လာပြီး နောင်ချိုနားနီးလာတော့ တောင်ဆင်းတွေက သာယာလာပါတယ်။ ဂုတ်တွင်းဘက်ကို အဆင်းမှာ ခဏရပ်ပြီး ရှုခင်းကြည့်ခဲ့တယ်။

နောင်ချိုတံတားအကျော်မှာ နံမည်ကြီး ဂုတ်ထိပ်တံတားကို လှမ်းမြင်ရပါတယ်။ ကင်မရာ အမြန်ထုတ်ပြီး ခလုတ်နှိပ်ခဲ့လိုက်ပေမယ့် မသဲမကွဲတစ်ပုံပဲ ရလိုက်တယ်။

နောင်ချိုကိုဖြတ်ပြီးရင်တော့ မေမြို့ရောက်ပါပြီ။ မွန်းလွဲ ၃ နာရီခွဲလောက်မှာ မေမြို့ကိုရောက်တယ်။ တစ်နေကုန် ကားစီးထားရတာမို့လို့ မေမြို့မှာ တစ်ညနားကြပါတယ်။ အလာတုန်းကတည်းခဲ့တဲ့ ဟိုတယ်ကိုပဲ ပြန်သွားပြီး အခန်းပြန်ယူ ခဏနားပြီး ညနေစာထွက်စားကြတယ်။
နောက်တစ်နေ့မနက်မှာ ဓါတ်တော်ချိုင့်ရေတံခွန်ကို မကျေပွဲသွားအုန်းမှာဖြစ်လို့ အားမွေးထားလိုက်ပါအုန်းမယ် …
10 comments
Ma Ei
April 30, 2013 at 1:37 pm
ဂုတ်တွင်း အတက်အဆင်း ကားလမ်းလေးကလှလိုက်တာ…
တစ်ကယ့် အတက်အဆင်းတော့ ဘုရားစာတွေရွတ်ရလွန်းလို့
ကုသိုလ် အတော်ရခဲ့တာရယ်….
weiwei
April 30, 2013 at 1:45 pm
တောင်တွေကို ပါတ်ပြီး ကားလမ်းဖောက်ထားတာကြောင့် တက်လိုက်ဆင်းလိုက် ကွေ့လိုက်ကောက်လိုက်နဲ့ လိုရာခရီးရောက်ဖို့ ကွေ့ဝိုက်နေရတယ် ..
တရုတ်ပြည်မဘက်မှာဆိုရင် တောင်တွေကို ဥမင်လှိုင်ခေါင်းဖောက်ပစ်လိုက်တော့ ခရီးတို အချိန်တိုနဲ့ အမြန်ရောက်တယ် …
လှိုင်ခေါင်းတွင်းတူးဆရာကြီး ဦးကျောက်ခဲကိုတောင် သတိရမိသေးတယ် … :kwi:
ဆူး
April 30, 2013 at 2:00 pm
မန်းနီး မန်းနီး.. သကျား သိုးယောက် မန်းနီး.. 😀 :kwi:
ဆူး
April 30, 2013 at 1:53 pm
အေးတဲ့ နေရာကို ကြည့်ပြီး အအေးဓါတ် ကို ခံစားချင်စိတ်ပေါက်မိတယ်..
မှတ်ချက် ချွေးတလုံးလုံး နှင့် ခံစားသွားခြင်း :kwi:
ဦး ကျောက်ခဲ
April 30, 2013 at 2:05 pm
ဦးကျောက်လည်း တစ်ခုတခုတော့မှားနေပြီ…
မဝေ ခရီးသွားဓာတ်ပုံတွေကိုကြည့်ပြီး ရှူခင်းလည်းစိတ်မဝင်စား…
ဘုရား ကျောင်းကန်ဓာတ်ပုံဆိုလည်း ကျော်ကျော်သွားပြီး…
ဘာနေရာမှာ ဘာစားတယ်ဆိုတဲ့ အစားအသောက်ပုံချည်း လိုက်ရှာမိနေတယ်…
ဪ… ဒွတ်ခ… ဒွတ်ခ… ဒွတ်ခ
PS: နောင်တစ်ခါ ဓာတ်ပုံတင်ရင် အစားအသောက်အကြောင်းမရေးရ…
….. ရေးမိပါက ပုံပါတွဲတင်ရမည် ဖြစ်ပါဂျောင်း…. အား ဟိ
:harr:
kyeemite
April 30, 2013 at 2:35 pm
မနာလိုဘူးဗျာ..ကျနော်လည်းခရီးသိပ်သွားချင်တာ..
အထူးသဖြင့်အဲလိုတောင်ပေါ်လမ်းတွေပေါ့…. :hee:
MaMa
April 30, 2013 at 3:41 pm
တချို့သဘာဝအလှတွေက မြင်တတ်သူနဲ့တွေ့မှ ပိုလှသွားသလိုပဲ။
:hee:
Wow
April 30, 2013 at 4:24 pm
လားရှိုးကို ၂၀၀ရ လောက်က တစ်ခေါက်ရောက်ဖူးတယ်…
ဟီး… ပုံဒွေကျိပီး ထပ်သွားချင်လာဘီ… :byae:
ကထူးဆန်း
May 1, 2013 at 7:20 am
မဝေ ရေ.. အချိန်ရရင် ဟိုတယ် လေးတွေ အကြောင်းလည်း ရေးပေးပါလား..
ကျွန်တော် မူဆယ်မှာ twin star မှာ တည်းတာ .ရေချိုးခန်း တစ်အားညစ်ပါတ်တယ် …
တရုတ်မှာ မတည်းဖြစ်လိုက်ဘူး ။ ကွာခြားချက်လေးတွေသိချင်လို့ ပါ ။
ဦးကြောင်ကြီး
May 2, 2013 at 10:20 am
မန်စူဘုရား
ကံတူသွား
ံပျံထူနဂါး
သံဖြူစား
ပျံကူဖလား
နာမ်ယူထား
ရံမူစပါး
ဘဏ်ခြူဝါး..