ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ

etoneJuly 27, 20101min1110

ပြန်ဖြန့်ခြင်းဖြင့် သာသနာဆက်ပြုပါ

၃၁ဘုံတွေကတော့

ဗြဟ္မာ့ဘုံ ၂ဝဘုံ
နတ်ဘုံ ၆ဘုံ
လူ့ဘုံ ၁ဘုံ
အပါယ်၄ဘုံ
*မိမိပါဝင်နေပါသေးတယ်။

* မြတ်စွာဘုရား
ပရိနိဗ္ဗာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ ့မှာတမ်းလေးက
နောက်ဆုံးစကားလေးပြီးတာနဲ ့ပရိနိဗ္ဗာန်စံသွားတာပါ။ ဝရဓမ္မာသင်္ခါရ အပ္ပမာဒေန
သံပါဒေထ။ ချစ်သား ချစ်သမီးတို ့ ငါဘုရား ပရိနိဗ္ဗာန် စံကာနီး နောက်ဆုံး
စကားမှာကြားမယ်.. ချစ်သား
ချစ်သမီးတို့ ယခုရရှိနေတဲ ့ ရုပ်နာမ် နှစ်ပါး ၊ ခန္ဓာငါးပါး သင်္ခါရတရားတို
့သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ ့ရုပ်နာမ် ၂ပါး ခန္ဓာ၅ပါးက
အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာ အစားထိုးနေတာကို သိသိပေးဖို့ကို
မမေ့မလျော့ မပေါ့မဆသော ဝိပဿနာ တရားဖြင့် ရှုပွားပြီးတော့ နေရစ်ကြ လို ့
မှာကြားတော် မူပါတယ်။ အခုလည်း ပရိနိဗ္ဗာန်စံကာနီးမှာ အေးအေးချမ်းချမ်းနဲ
့လွတ်လွတ်လပ်လပ် ပရိနိဗ္ဗာန် မစံနိုင်ဘူး။ သူ့ရဲ့ ချစ်သား ချစ်သမီးတို
့ဝိပဿနာ မပွားဘဲ နေရစ်မှာစိုးရှာလို ့ ခန္ဓာငါးပါး အဖြစ်ပျက်ကို ဝိပဿနာ
ရှုပြီးတော့ နေရစ်ကြပါလို ့မှာခဲ့ရှာတယ်။ မြတ်စွာဘုရား မေတ္တာ စေတနာ ပါ။
ဒါတင်မကသေးပါဘူး။ သက်တမ်းရှည်တဲ ့ဘုရားရှင်တွေလက်ထက်မှာဆိုရင် သူတို
့ပရိနိဗ္ဗာန် စံသွားရင် တခါတည်း သာသနာပါ ကွယ်သွားတယ်။ သာသနာကုန်တယ် ဆိုတာ
မဂ်ဖိုလ်ရတတ်တဲ ့ ဝိပဿနာတရားတွေ ကုန်တာပါဘဲ။ ဘုရားတစ်ဆူပွင့်ရင်
သတ္တဝါအပေါင်း နှစ်ဆယ် ့လေးသချေင်္်နဲ ့ဗိုလ်ချေတစ်သိန်း ချေချွတ်ရပါတယ်။
ဘုရားတစ်ဆူရဲ ့တာဝန်ပါ။ ဒါပေမဲ ့ဂေါတမမြတ်စွာဘုရားက ဆယ်ခြောက်သချေင်္ပဲ
ချေချွတ်နိုင်ခဲ့ပါတယ်။ ရှစ်သချေင်္နဲ ့ဗိုလ်ချေတစ်သိန်းကျန်သေးတယ်။ အဲ့လို
ကျန်ခဲ့တဲ ့အထဲမှာ အခုရှိနေတဲ ့မိမိတို ့အပါဝင် သတ္တဝါအနတ္တပါပါတယ်။ သူသာ
သာသနာ မထားခဲ့ရင် မိမိတို ့ယောဂီတွေ ဝိပဿနာတရား မနာနိုင်တော့ပါဘူး။
ပျောက်သွားပါဘီ။သာသနာမရှိတဲ ့အချိန်မှာ လူဖြစ်လို ့ တရားနာချင်လို
့ငွေသိန်းနဲ့ချီ လျှောက်ပေးအုံး ဘယ်သူမှ မဟောနိုင်တော့ဘူးတဲ့။ *သာသနာကို
မြတ်စွာဘုရားက ၅၀၀ဝ ထားခဲ့တဲ့ အထဲမှာ နှစ်ပေါင်း ၂၅၄၆နှစ်ကုန်သွားဘီ။
နောက်ထပ် နှစ်ပေါင်း ၂၄၀ဝကျော်ကျန်သေးတယ်။ သာသနာနှစ်ပေါင်း ၂၄၀၀
ကျော်ကျန်သေးတာ ဝိပဿနာတရားကို မနာကြားသေးပါဘူး။ အားမထုတ်သေးပါဘူးလို
့ပေါ့ပေါ့တန်တန်နေတတ်ကြပါတယ်။ ဒီအတွေး အခေါ်ဘယ်လောက် မှားယွင်းနေပါသလဲဆိုတာ။
အဲ့လို
နေမယ်ဆိုရင်တော့ အမှားကြီးမှားပါဘီ။ အဲ့ဒီ သာသနာ နှစ်ပေါင်း ၂၄၀ဝမှာ
မိမိနဲ ့ဘယ်လောက်များဆိုင်သလဲလို ့ စဉ်းစားပါ။ ဒီနေ ့ည ကိုယ်သေသွားဘီတဲ
့နောက်နေ ့အဲ့သာသနာ မိမိနဲ ့ဆိုင်သေးလားဆိုတော့ မဆိုင်တော့ဘူး။ ဒီတော့
ကို်ယ်နဲ ့ဆိုင်တဲ ့သာသနာဟာ မသေခင်ကလေးမှာ သာ ဆိုင်တာပါ။ ဒါကို သတိရပါ။
တချို့ ထင်တယ် ။ နောက်ဘဝ ပဲလူဆက်ဖြစ်ပြီး သာသနာနဲ ့ပြန်ကြုံရတော့မလိုလိုနဲ
့လွယ်တယ်မထင်လိုက်ကြပါနဲ ့။ ဒိဋ္ဌိမပျောက်သေးတဲ ့ပုဂ္ဂိုလ်များဟာ
သုဂတိရောက်တာ နည်းပါတယ်။ ဒုက္ခတိ**..**အပါယ်သွားကြတာ
များပါတယ်။ ဒါကြောင့် ဒီဒိဋ္ဌိတွေကို ပယ်နိုင်သမျှ ပယ်နိုင်အောင်
မိမိတို့ကိုယ်တိုင်လေ့ကျင့်ဘို် ့လိုအပ်ပါတယ်။ ကိုယ်သေတာနဲ ့သာသနာနဲ ့
မဆိုင်တော့ဘို ့ပါများပါတယ်။ ငရဲ၊ တိရိစ္ဆာန် ပြိတ္တာဘဝရောက်သွားရင် သာသနာနဲ
့ဆိုင်လို ့ မရတော့ပါဘူး။ မိမိတို ့တရက်နေရရင် သာသနာနဲ ့တရက်ပဲဆိုင်တယ်။
တလနေရရင် သာသနာဟာ မိမိနဲ ့တလပဲ ဆိုင်တယ်။ သေတာနဲ ့မဆိုင်တော့ပါဘူး။
သေပြီးတော့ အပါယ်ကျသွားရင် တော့ သွားဘီသာ မှတ်ပါ။ ဒါကြောင့် အသေမဦးခင်မှာ
ဉာဏ်ဦးဖို ့အရေးကြီးပါတယ်။ စားဝတ်နေရေးဆိုတာ သေတဲ ့အထိရှာရမှာပါ။
ဒါကြောင့် ဘုရားမှာခဲ့တဲ ့စကားကို လေးစားကျေးဇူးတင်သော အားဖြင့်
နားထောင်တဲ ့အနေနဲ ့ဝိပဿနာ တရားရှုပွားခြင်းအလုပ်ကို မဖြစ်ဖြစ်အောင်
၂၄နာရီမှာ ၁နာရီ ၂နာရီလောက် နေ့စဉ်ပေးကြည့်ကြပါလို ့တိုက်တွန်းပါတယ်။
မိမိကိုယ်ကို သနားကြပါ။ မိမိကိုယ်ကို ပြန်ကယ်ပါ။ ကြုံတုန်းကြိုက်တုန်း**..**
ဆိုတဲ
့အတိုင်း ကြုံတဲ့ အချိန်မှာ ကြိုက်လိုက်ကြစမ်းပါ။ သာသနာ ၅၀၀ဝထားခဲ့တဲ့
ဘုရားရှင်ကို လေးလည်း လေးစားကြပါ။ ကဿပ ဘုရားရှင် ပရိနိဗ္ဗာန် စံတဲ ့အခါမှာ
ဓါတ်တော်ကို တစ်လုံးထဲ ထားခဲ့ပါတယ်။ အဲ့ဒါကို စေတီတည်လိုက်ပါတယ်။
ဂေါတမမြတ်စွာဘုရားသခင်ကိုယ် တော်မြတ်ကြီးကတော့ ငါနဲ ့ ငါ့သာသနာ
မကြုံလိုက်ရတဲ ့ဝေနေယျသတ္တဝါအပေါင်း ငါ့ဓါတ်တော်တွေ ဖူးပြီးတော့
ဘုရား၊တရား၊သံဃာကို သတိရကြပါစေ**..* *မဂ်ဖိုလ် ရမဲ့အလုပ်တွေ လုပ်နိုင်ကြပါစေ။
မဂ်ဖိုလ်ရမဲ့တရားတွေ နာကြားနိုင်ကြပါစေ။ အကျွတ်တရားရကြပါစေ* *..* *ဝိပဿနာ
တရားနာကြား အားထုတ်ဖြစ်ကြပါစေလို ့စေတနာနဲ ့သူ ့ရဲ ့ဓါတ်တော်တွေကို
အစိပ်စိပ် အမွှာမွှာကွဲအောင် အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။ ဒါကြောင့်
ဂေါတမမြတ်စွာဘုရား သခင်ရဲ ့ဓါတ်တော်တွေဟာ အစိပ်စိပ်အမွှာမွှာကွဲပြီး ကမ ္ဘာ
အရပ်ရပ်မှာ ပျံ ့နှံ ့လို ့နေပါတယ်။ မြတ်စွာဘုရားရဲ ့ ဓါတ်တော်တွေ
ဖူးပြီးတော ့အသိဉာဏ်တွေရ ၊ဝိပဿနာတရားတွေ ရှုပွားကြ အားထုတ်ကြနဲ ့
မဂ်ဖိုလ်ရတဲ ့ ပုဂ္ဂိုလ်တွေလည်း ကမ္ဘာနဲ ့အဝှမ်း မှာလည်း အများကြီးရှိပါတယ်။
ဘုရားရှင်ကို ဒီအချက်အတွက် ကျေးဇူးတင်စရာ ကောင်းလွန်းပါတယ်။ပရိနိဗ္ဗာန်စံ ကာနီး
အချိန်မှာတောင် အခြားဘုရားတွေကဲ့သို့ အေးအေးဆေးဆေး မစံနိုင်ဘူး**..* *မိဘက
သားသမီးကိုပူသလို* *.**သူ့တရားမနာလို်က်ရတဲ့ နောက်ပိုင်း ပုဂ္ဂိုလ်တွေ
အကန်းပုထုဇဉ်ဘဝနဲ့ သေသွားရမှာ သိပ်စိုးရိမ်ပြီး
ပရိနိဗ္ဗာန်စံကာနီး အချိန်မှာ မှာပါတယ် ။ ဘာမှာသလဲဆိုတော့* *…* *
ချစ်သားချစ်သမီးတို့
ငါဘုရား ပရိနိဗ္ဗာန်စံကာနီး နောက်ဆုံးစကား အဖြစ် အရေးကြီးစကား
မှာကြားခဲ့မယ်။ ဒီရုပ်နာမ်၂ပါး ခန္ဓာငါးပါးဆိုတာ ဖြစ်ပြီး ပျက်နေကြတယ်။
အဲ့ဒါကို ဆရာကောင်း သမားကောင်းထံ နည်းယူပြီးတော့ မမေ့မလျော့ မပေါ့မဆတဲ
့သတိနဲ့ စဉ်ဆက်မပြတ် ဝိပဿနာတရား ရှုပွားပြီး နေရစ်ကြပါ**…**လို့ အရေးတကြီး
မှာကြားခဲ့ပါတယ်။ ဒါနပြုကြ၊ သီလပြုကြ၊ သမထလုပ်ကြလို ့အရေးတကြီးမမှာထားခဲ့ပါဘူး။

* *၁၅မိနစ်လေးပဲရရပါ။
* စိတ်ပင်ပန်းရင် လူပင်ပန်းလွန်းရင် ချက်ချင်း တရားထိုင်မှတ်လို့ မရနိုင်ပါဘူး။
(အလေ့ကျင့် များလာတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကတော့ တရားစိတ် သွင်းလိုက်တာ နဲ့
အမောပြေသွားပါတယ်။) ဒါကြောင့်
မပင်ပန်းပဲ အိပ်ရေးဝတဲ ့မနက်ပိုင်း အချိန်လေးကို ၁၅မိနစ်ပဲရရ ဆက်တိုက်
တရားနှလုံးသွင်းပေးတာ အကျိုး ပိုဖြစ်ထွန်းပါတယ်။ အချိန်အများကြီးထိုင်ပြီး
မထိရောက်တာထက် စာရင် ၁၅မိနစ်နာရီဝက်မှာ အပြည့်နှလုံးသွင်းနိုင်တာ
ပိုထိရောက်စေပါတယ်။

1. 1.မြင်ရင် မြင်တဲ့နေရာမှာရပ်။ ဆက်ပြီး ဘယ်သူ ဘယ်ဝါ ဘာမြင်တယ် မခွဲခြားန ဲ့။
မြင်တယ်လို့ပဲ သိရုံသိလိုက်ပါ။ ဒီလောက်ပဲ။

2. ကြားရင် ကြားတဲ့ နေရာမှာရပ်။ ဘယ်မင်းသား၊ မင်းသမီးရဲ ့အသံလို့ မခွဲခြားနဲ့။
ဘယ်သူ့အသံလား ဆူညံသံလား ဘာသံလား နားဝင်ချိုသံလား မခွဲခြားပါနဲ ့။ ကိလေသာ
ကြားမဝင်စေနဲ့။ ကြားတဲ့ အသံလို့ပဲ သိရုံသိလိုက်ပါ။

3. အနံ့ရတာနဲ ့ရပ်ပစ်။ နံတဲ့စိတ်လေး ပေါ်ရုံပဲ။ ဘာနံ့ညာနံ့လို့ မခွဲခြားပါနဲ့။
အနံ့ ရတယ်လို့ သိရုံလေးသိပြီး ဖြတ်ချလိုက်။

4. စားလည်း ဝက်သားကြက်သား မခွဲနေနဲ ့ ။ ဘာဟင်း ညာဟင်း မခွဲခြားပါနဲ ့။
စားကောင်းတယ် မကောင်းဘူး မခွဲခြားပါနဲ ့။ အရသာပေါ်တဲ့ အချိန်လေးမှာတင်
အရသာပေါ်တယ်လို
့သိရုံသိပြီး ရပ်ပစ်ပါ။

5. ထိရင် ထိတဲ့နေရာမှာတင် ရပ်လိုက်ပါ။ နူးညံ့တယ် ကြမ်းတမ်းတယ် မခွဲခြားပါနဲ့ ။
ထိတယ်လို့ပဲ သိရုံလေးသိပေးလိုက်ပါ။

6. တွေးရင် တွေးမှန်းသိလိုက်။ ဘာတွေးတယ်လို ့ဆက်မတွေးနဲ့။ အတွေးပေါ်သွားတယ်
ဆိုရုံလေးသိပြီး ဖြတ်ချပစ်ပါ။ ရပ်ပစ်ပါ။

အဲ့ဒါ တရားအားထုတ်နေတာပါ။ ဝိပဿနာတရားအားထုတ်ရခြင်း ရည်ရွယ်ချက်က ကိလေသာတွေ
ကုန်ဘို့ ခမ်းဘို ့နည်းဘို ့ပါးဘို ့ပျောက်ဘို ့ပါ။ ဘယ်နေရာမဆို
ဘယ်အချိန်မဆို တရားအားထုတ်လို့ ရပါတယ်။ဒီခြောက်ချက်ကို အဓိက သိပေးနေပါ။
ဆက်တိုက်သတိထား သိပေးနေပါ။ ဘာလို့ ဆက်တိုက် သိနေရမလဲဆိုတော့ မျက်စိတမှိတ်
တစက္ကန့်မှာ စိတ်က ကုဋေတစ်သိန်းပြေးနေတာကို လောဘ ဒေါသ မောဟ မာနစတဲ့ ကိလေသာ
ကင်းစင်တဲ ့ အရိယာအဖြစ် မရောက်ရှိသေးခင်ဖြစ်တဲ့ ပုဂ္ဂိုလ်တို့ရဲ ့
လောဘ၊ဒေါသ၊ မောဟ ဖုံးနေသေးတဲ့ ဉာဏ်နဲ့ လိုက်မမှီနို်င်သေးလို့
မိမိဉာဏ်မှီသလောက် သိသလောက် ဖြတ်ချနေရပါမယ်။ ဒါလောဘ၊ ဒေါသ၊ မောဟကို
ပါးအောင် ကုန်အောင် လေ့ကျင့်ပေးနေတာပါ။ ဖြတ်ချရင်း လောဘ ဒေါသ
မောဟပါးလာတာနဲ့ အမျှ သိလာတဲ့ အသိဉာဏ်တွေ မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်။
လုပ်သာလုပ်ပေးနေပါ။ လေ့သာလေ့ကျင့်ပေးနေပါ။ အကျိုးတွေကတော့ အံ့ဩလို
့မကုန်အောင် သူ့အလိုလို ဖြစ်ထွန်းလာပါလိမ့်မယ်။ မမျှော်လင့်နဲ့.. ဒါပေမဲ့
သူ့အလိုလို မကောင်းတာတွေ ဘေးအန ္တရာယ်တွေကို ပယ်သွားပါလိမ့်မယ်။ မိမိတာဝန်က
လေ့ကျင့်နေဘို့ပါ။ တရားတာဝန်က တကယ်အရှိတရား သူ့အလိုလိုဆိုတဲ့ အနတ္တသဘောကို
ပြလာပါလိမ့်မယ်။

သူတော်ကောင်းအပေါင်း ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနဲ့
မတရားဟုဆိုအပ်သော လောဘ ဒေါသ မောဟ မာန ကိလေသာများနဲ ့အချိန်ကုန်ချိန်နည်းပြီး
တရားဟုဆိုအပ်သော လောဘ
ဒေါသ မောဟ မာန ကိလေသာများကို ဖြတ်ချနိုင်သောအချိန်အများစု
ဖြစ်နိုင်ကြပါစေလို့