Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

How to make a blogger website

Myanmar Web DesignerMay 2, 20132min2731

မင်္ဂလာပါ..
ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကိုယ်ပိုင် blogger website ပြုလုပ်ပုံကို သင်ပေးမှာ ဖြစ်ပါတယ်။ သင်ခန်းစာ မစခင် ကျွန်တော်တို့ blogger ကို ဘာလို့ ရွေးရသလဲ၊ ခင်ဗျားတို့ကော website ပြုလုပ်တဲ့ အခါမှာ blogger ကို ဘာကြောင့် ရွေးသင့်လဲ ဆိုတာကို မိတ်ဆက်အနေနဲ့ အနည်းငယ် ပြောပြပါမယ်။
ကျွန်တော်က blogger ကို ဘာကြောင့် ရွေးသလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ကိုက google ကပေးတဲ့ services တွေကို ကြိုက်လို့ပါ။ Blogger ဆိုတာက google က ပေးတဲ့ services တွေထဲက တစ်ခုဖြစ်ပါတယ်။ Blogger ကို လူတိုင်းမသိနိုင်ပေမယ့်၊ google ကိုတော့ လူတိုင်း သိမှာပါ။

ခင်ဗျားတို့ကရော blogger ကို ဘာကြောင့် ရွေးသင့်သလဲဆိုတော့ အဓိက အကြောင်းအရင်းကတော့ google ပါပဲ။ Blogger က google product တစ်ခုဖြစ်တဲ့အတွက်ကြောင့် google ရဲ့ မျက်နှာသာပေးခြင်း ခံရပါတယ်။ ဘယ်လိုမျက်နှာပေးခံရလဲဆိုတော့ –

 


– Google ရဲ့ hosting မှာ website run ခွင့်ရတဲ့အတွက် website အမြန်နှုန်း စိတ်မပူရခြင်း။
– SEO ကောင်းမွန်အောင် အလွယ်တကူ ပြုလုပ်နိုင်ခြင်း။
– Google Plus social network နဲ့ ချိတ်ဆက်ပြီး မိမိ website ကို လူဝင်များအောင် ပြုလုပ်နိုင်ခြင်း။
– ပုံတင်တဲ့အခါမှာ Google Picasa ကို ရောက်သွားတဲ့အတွက် ပုံတွေ တစ်စုတစ်စည်းထဲ ပြန်ကြည့်နိုင်ခြင်း။

အဲဒီလို မျက်နှာသာပေးခြင်း ခံရတဲ့အပြင်၊

– blogger က interface ကောင်းမွန်တဲ့အတွက် အသုံးပြရလွယ်ကူပါတယ်။ (interface ဆိုတာက တော့ တစ်စုံတစ်ခုကို ခင်းကျင်းပြသပုံ နဲ့ design ကို ရောခေါ်တာပါ။ interface ကောင်းတယ်ဆိုရင် design လည်း ကောင်းရမယ်၊ layout လို့ ခေါ်တဲ့ ခင်းကျင်းပြသပုံလည်း ကောင်းရပါမယ်။ ဒါမှသာ အသုံးပြုသူတွေက ကောင်းကောင်း သုံးတတ်မှာဖြစ်ပါတယ်။)
– adsense နဲ့ ချိတ်ဆက်ကာ မိမိ blog မှာ ကြောငြာထည့်သွင်းပြီး ငွေရှာနိုင်ခြင်း။
– Widgets များကောင်းမွန်ခြင်း။

စတဲ့အချက်တွေကြောင့် blogger ကို အသုံးပြုသင့်ပါတယ်။ ဒီအချက်တွေကိုတော့ နောက်လာမယ့် post မှာ အသေးစိတ် ရှင်းပြပါမယ်။ အခု post ရဲ့ အဓိက အကြောင်းအရာက blogger website တစ်ခု ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်တဲ့အတွက် blog လုပ်ပုံကို ဆက်ရှင်းပြပါမယ်။ Blogger blog တစ်ခု ပြုလုပ်ဖို့အတွက် gmail အကောင့် တစ်ခုရှိရပါမယ်။ ဒါကလည်း သိပ်ခက်ခဲနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ အားလုံးနီးပါးမှာ အနည်းဆုံး gmail အကောင့် တစ်ခုတော့ ရှိကြတာပါပဲ။ အရင်ဆုံး လုပ်ရမှာကတော့ အဲဒီ gmail အကောင့်ကို sign in ဝင်လိုက်ပါ။ sign in ဝင်ပြီးပြီဆိုရင် www.blogger.com ကို သွားလိုက်ပါ။ ပြီးရင်တော့ အောက်က ပုံလေးတွေ ဆက်ကြည့်ပြီး လုပ်သွားပါ။

01

New Blog ကို click နှိပ်ရပါမယ်

02
ဒီပုံမှာတော့ ရှင်းပြရမှာ များလို့ အမှတ်စဉ်တွေ တပ်ပြထားပါတယ်။ အဲဒီအမှတ်စဉ်တွေရဲ့ ရှင်းလင်းချက်ကတော့ အောက်ပါအတိုင်းပါ။
(၁) မိမိလိုချင်တဲ့ website ရဲ့ နာမည် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
(၂) လိုချင်တဲ့ website လိပ်စာ ရိုက်ထည့်ရမှာပါ။ (ဥပမာ။ ။ www.myanmarseo.blogspot.com) ဖြစ်ပါတယ်။ ဒီဥပမာအရဆိုရင် ကျွန်တော်တို့ ရိုက်ထည့်ရမှာက myanmarseo တစ်ခုတည်းဖြစ်ပါတယ်။ ကျန်တဲ့နောက်ကစာတွေက ပါပြီးသားဖြစ်ပါတယ်။ website လိပ်စာရိုက်ထည့်တဲ့အခါ အကြီးမသုံးရပါဘူး၊ space မခြားရပါဘူး။
(၃) နံပါတ် ၃ ကတော့ ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ ရ / မရ စစ်ပေးတာဖြစ်ပါတယ်။ အမှန်ခြစ် ပြတယ်ဆိုရင် ကျွန်တော်တို့ ရိုက်ထည့်တဲ့ လိပ်စာက ယူလို့ရပါတယ်။ အမှားပြတယ်ဆိုရင်တော့ ယူလို့မရပါဘူး။ တစ်ခြား လိပ်စာ ရိုက်ထည့်ရပါမယ်။
(၄) template ဆိုတာကတော့ ခင်ဗျား blog ရဲ့ design ကို ရွေးချယ်တဲ့အပိုင်းဖြစ်ပါတယ်။ လိုချင်တဲ့ ပုံစံ မရှိလည်း တစ်ခုတော့ ရွေးလိုက်ပါ။ နောက်မှ ပြန်ပြောင်းလို့ရပါတယ်။
(၅) အပေါ်က အဆင့်လေးဆင့်လုံး လုပ်ပြီးပြီဆိုရင်တော့ Create Blog ကို click နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အပေါ်က အဆင့် (၂) မှာ ရိုက်ထည့်ခဲ့တဲ့ လိပ်စာအတိုင်း ကိုယ်ပိုင် blog တစ်ခု တည်ဆောက်ပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ မိမိ blog ရဲ့ ထိမ်းချုပ်မှုအပိုင်းကိုတော့ အောက်ပါအတိုင်း မြင်ရပါမယ်။

03

ဒါဆိုရင် အနီရောင်ဘောင်ခတ်ထားတဲ့ ထဲက “Posts” ထဲကိုဝင်ပြီးတော့ New Post ကိုနှိပ်ပြီး၊ မိမိ blog မှာ စာတွေတင်လို့ရပါပြီ။ ကျေးဇူးတင်ပါတယ်။

Myanmar IT မှ ကူးယူဖော်ပြပါသည်။

One comment

  • kai

    May 4, 2013 at 11:41 am

    ကြည့်ရတာ.. fb မှ fbဖြစ်ကုန်ပြီဗျ..
    ဘလေ့ာစပေါ့လည်း.. သွားရှာပြီပေါ့..

    blogspot.com ပိုင်ရှင်ဂိုဂယ်ကိုယ်တိုင်ကတောင်.. Google+ ဆိုပြီးအတင်းထပ်တွန်းသေးတာပဲ..။ မအောင်မြင်…

Leave a Reply