To include Myanmar language support in Windows
မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systemsထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီပေးနိုင်ရန်အောက်ပါလင့်သို့ဝင်ရောက်၍ကူညီပါခင်ဗျား။
လေးစားစွာဖြင့်
ပြောရရင် သူတို့က ယူနီကုဒ်မြန်မာစာကို ထည့်သွင်းပေးနိုင်ဖို ့ကြိုးစားကြပုံလည်းဖြစ်ပြီး အားလုံးဝိုင်းလုပ်ရင် ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။
ဘာလို့ အခုလို ပြောရသလဲဆိုတော့ မိုက်ခရိုဆော့ဖ်က မြန်မာပြည်ကို ဝင်းဒိုးဆော့ဖ်ဝဲတွေ တရားဝင်ရောင်းတာ မရှိသလောက်ဖြစ်နေလို ့မို ့ငွေရေးကြေးရေးနဲ့ မားကက်တင်းအရ ဘယ်လိုမှ တွန်းအားမရနိုင်သမို ့လူထုအားနဲ့ အခုလို ဝိုင်းတွန်းရတဲ့ဘဝ ရောက်နေတယ်ပဲ လွယ်လွယ်ဆိုကြနိုင်ပါတယ်။
( ဝင်းဒိုး ရ တခွေ တထောင်လောက်(ဗမာငွေ) ကုန်ကျခံပြီး ဝယ်သုံးထားကြတယ်လို့တော့ မပြောလိုက်ကြနဲ့နော…)
ထပ်ပြီး ရယ်စရာပြောရရင် မိုက်ခရိုဆော့ဖ်က မြန်မာစာယုနီကုဒ် သူ့ထဲထည့်ပေးလိုက်တာနဲ့ အခုဇော်ဂျီဖွန် ့နဲ့ရိုက်ထားတဲ့ စာတွေ ဒေတာတွေ “ပလုံပလုံ”ဖြစ်မှာကလည်း…တကြောင်း…
ကိုယ့်ကိုယ်ကို စူစိုက်လုပ်(သေကြောင်းကြံ)သလိုဖြစ်နေမလား တွေးရတာကလည်း..တမုံ ့…
လင့်ကတဆင့်သွားရင် မူရင်းသတင်းတွေ့ရမှာဖြစ်ပြီး ယူနီကုဒ်နဲ့ရေးထားသမို ့လွယ်လွယ်ဖတ်လို ့ရမယ်တော့ မထင်ကြောင်းပါ။
One comment
susunosuki
April 19, 2010 at 8:25 am
ကျွန်တော်တို့ရိုက်ထားတဲ့စာတွေအားလုံး ဆုံးရှုံးမှာ စိုးရိမ်ပေမယ့်
မြန်မာစာကို ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး သုံးနိုင်မှာ မို့
ထောက်ခံပါတယ်
လိုအပ်ရင် မဲပေးပါ့မယ်