Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြစ်ကျိုးအင်း

ကူမားရ္June 13, 20131min82028

မြစ်ကျိုးအင်း

တို့တွေ အတူတစ်ကွ စီးဆင်းခဲ့ကြတယ်…..
ရွက်ညစ်နဲ့ ပန်းပွင့်တွေပါတယ်
အမှိုက်နဲ့ ဒိုက်လည်းပါတယ်
တောင်ကိုကွေ့ပြီး တောကို ဆက်တယ်
လယ်ကွင်းတွေကို လည်းဖြတ်တယ် ကမ်းပါးတွေကိုလည်း အနားသတ်တယ်
မြေပြန့်မှာဆို ငြိမ့်ငြိမ့် မြေနိမ့်တော့ သွက်သွက်
တရစပ်… တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။

နေထွက်မှာအားတင်း နေပြင်းတော့နွမ်း
နေချိုတော့အသာလျှို မိုးပြိုတော့လည်း ခပ်ရမ်းရမ်း ပေါ့
ကြမ်းချင်းကြမ်း နုချင်နု
တစ်ခုဆိုတာ ဘာတစ်ခု မှုစရာမရှိ
သတိလည်းမပြု ဂရုလည်းမထား
နှလုံးသားအသိမှာ သူရှိတယ်လေ
ချစ်ခြင်းတွေနဲ့.. တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။

နွေမှာ ခိုး မိုးမှာ ပေါင်း
ဆောင်းတွင် ရင်ချင်းအပ်
သုံးထပ်သောရာသီတွေ
ပြောင်းချင်ပြောင်း လဲချင်လဲ
ဒီတစ်သက် မခွဲဘူး မေတ္တာစူးပါစေ
မင်းပြောဘူးတဲ့ စကား
ကမ်းပါးကြီးတွေတောင်ပြိုလဲသွားမယ်
တစ်ကယ် ယုံကြည်ထားပြီး
သက်တမ်းတွေအများကြီးကို… တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။

တစ်နေ့……
ရာသီဖောက်ပြန် မုန်တိုင်းထန်ပြီး
ကောင်းကင်ကမည်း မိုးလည်းသည်း ချိန်
အရှိန်ပြင်းပြင်း တောင်ကျရေတွေဆင်းတော့
အားနည်းညံ့ဖြင်း ခံရင်းမြစ်ဖျား
အခင်းမကျယ် အနက်ငယ်တဲ့
အားမကိုးထိုက် မြစ်အမိုက်ကို
ရုတ်တစ်ရက် ချက်ခြင်း
သူ…… လမ်းခွဲစီးဆင်းသွား လို့
တို့တွေကြားမှာ…….
အခုတော့….မြစ်ကျိုးအင်း တစ်ခု …ဖြစ်တည် နေခဲ့ပြီ….။

ဘဆွေ။

28 comments

  • lele kyi

    June 14, 2013 at 5:46 am

    ဘဆွေရ ့ ဒီကဗျာလေးက်ုတော်တော်နှစ်ချိုက်မိပါတယ်။
    စဉ်းစားစရာတချို့ခေါင်းထဲရောက်လာစေတယ်။

    • ဘဆွေ

      June 20, 2013 at 5:51 pm

      မကြည်ခင်ဗျား
      စဉ်းစားစရာ ရသွားတယ်ဆိုလို့ ဘာတွေများလဲ သိချင်မိပါတယ် ..
      တူများနေမလား ကွဲလွဲမလား….
      ခင်မင်ပါသော ဘဆွေ

  • ဦး ကျောက်ခဲ

    June 14, 2013 at 8:16 am

    ကဗျာလေးက ကောင်းလိုက်တာ ကိုဆွေ…
    မြစ်တို့၏မာယာဆိုတာ သဘာဝ မြစ်ပြုဆင့်မို့…
    အချိန်တန်ရင် ကမ်းပါးကိုဖဲ့ သောင်တွေထွန်းလို့…
    ရေလွှမ်းလွင်ပြင်ကြီးလည်းဖြစ် မြစ်ကျိုးအင်းကိုလည်း သူစွန့်ခဲ့မှာပဲလေ…

    • ဘဆွေ

      June 20, 2013 at 6:02 pm

      ကိုကျောက်ရေ..
      ကိုကျောက်ကွန်မန့်ကြောင့် ပိုတောင် လွမ်းသွားရပါတယ်..
      ကျွန်တော် တို့ကို ဟိုဘကိပိုစ့်တွေမှာ ဟိုဟာနဲ့မတန်ဘူး ဒီဟာနဲ့ မတန်ဘူးဆိုပီး ရေးထားကြတာ…
      ဒီလို ကျန်ရစ်ခဲ့ရတဲ့ စွန့်လွတ် အနစ်နာခံလိုက်ရတဲ့ အထီးကျန် မြစ်တွေရဲ့ နှစ်လုံးသားအနွမ်းတွေကိုကြတော့ မသိကြဘူးလေ..

  • kyeemite

    June 14, 2013 at 8:41 am

    မြစ်ကျိုးအင်းလို
    မြစ်မပီတော့ပေမဲ့
    အချစ်ကိုရင်မှာပိုက်လို့
    မင်းဆီအကြင်နာပိုက်ပြီး
    အပြေးလာခဲ့မယ်။
    ကဗျာလေးက မြစ်သမိုင်းလိုလိုနဲ့ အဘဆွေသမိုင်းကိုမြင်လိုက်ရသလိုပဲ.. 😆

    • ဘဆွေ

      June 20, 2013 at 6:07 pm

      ကိုမိုက်ခင်ဗျား
      ွှအဲလောက်တော် လို့လဲ ကြီးမိုက်လို့ခေါ်ကြတာနေမှာ..
      ဘဆွေဆိုတဲ့မြစ်တစ်စင်းရဲ့ သမိုင်းပြတ်စ တစ်ခုပါ
      လေးစားလျှက်

  • ဦးဦးပါလေရာ

    June 14, 2013 at 10:54 am

    ဒီကဗျာလေးကောင်းလိုက်တာဗျာ…
    ြ်မစ်ကျိုးအင်းနဲ့ ဥပမာထင်ဟပ်ပြထားတာလေးက
    အတွေးလဲလှ ပုံရိပ်လဲ လှတယ်…
    ပြီးတော့
    ကျုပ်တသက် ဖတ်ဖူးသမျှထဲမှာတော့
    ဒီအတွေး ဒီတင်စားချက်မျိုး
    ဒီတစ်ခါပဲ ဖတ်ဖူးသေးတယ်။….

    • ဘဆွေ

      June 20, 2013 at 6:21 pm

      ကိုပါခင်ဗျား
      ယောက့်ရှိုင်းယားကနေ နော်တင်ဟမ် ကို ရထား စီးပြီး အလုပ် သွားရပါတယ်..
      နေတဲ့မြို့က နေ ရှဖီလ်း နောက် ဒါဘီ ပြီးတော့ မှ နော်တင်ဟမ် သုံးဆင့် ရထားစီးရင်း ရထားလမ်းဘေး တလျှောက် အတူပါလာတဲ့ မြစ် ကြောင်းကလေး ဟာ လောင်းအီတန် ဆိုတဲ့မြို့နားအရောက် မှာ ရုတ်တစ်ရက် ခွဲထွက် သွားပြီး အလယ်မှာ ကျွန်းပြတ်ကြီး ထားလို့ မြစ်ကျိုး အင်းတစ်ခု ချန်ခဲ့ပါတယ်….ဒါကိုတွေ့ပြီး ရေးလိုက်မိတာပါ…
      သတိရနေတဲ့
      ဘဆွေ

  • မောင် ပေ

    June 14, 2013 at 11:17 am

    မြစ်ကျိုးအင်း
    ဖြစ်ဆိုးခြင်း
    ယစ်မျိုးကင်း
    လစ်ခိုးဗျင်း
    ကစ်မိုးလင်း

  • Ma Ma

    June 14, 2013 at 2:02 pm

    ကဗျာဆရာကိုဘဆွေကိုတော့ ကဗျာဆရာများအဖွဲ့က မျက်စောင်းထိုးနေလောက်ပြီ။ :hee:

  • padonmar

    June 14, 2013 at 10:12 pm

    ကဗျာပြခန်းက ကလေးတွေက
    အဘဆွေကို ကဗျာမရေးတတ်ဘူးထင်ပြီး အဖက်လုပ်မခေါ်ကြဘူးပေါ့လေ။
    ဒီမှာကြည့်စမ်းပါ။
    အဘဆွေတဲ့ တဆွေထဲရှိတယ်။
    ဒါတောင် ဇာတ်လမ်းတွေ အများကြီးကျန်သေးတယ်နော်။

    • ဘဆွေ

      June 20, 2013 at 6:27 pm

      အစ်မ မမ၊ မလီလီ ကိုအံ နဲ့ ကို ကြောင် တို့ ခင်ဗျား….. ကျန်သေးတယ် ကို ပေ….
      မကောင်းသော်လည်း အားပေးတဲ့ အတွက် ကျေးဖူး တင် ပါတယ်နော..
      အစ်မကြီးရယ် ..ကျန်ခဲ့တဲ့ ဖာတ်လမ်းတွေ ကျန်ပါသေးတယ် …..
      လေးစားခင်မင်လျှက်
      ဘဆွေ

    • အလင်း ဆက်

      July 2, 2013 at 1:02 pm

      အခုမှ အနောက် စာမျက်နှာတွေကိ်ု ပြန်ရှာ ဖတ်ရင်း… တွေ ့တာ.အန်တီရေ…။

      အစ က မတွေ ့ခဲ့မိတာ… အချိန်တွေ နှမြောလိုက်ထှာ..ဗျာာာ။

      ————————

      ကဲ… အဘဆွေ…

      ဒီလောက်
      ခံစားလို ့ ကောင်းတဲ့ စာသားတွေ နဲ ့..
      ကဗျာ ကို လှလှ ပပ ဖန်တီး ပြနိုင်ပါသော…..
      ချစ်သော..အဘဆွေ……

      အဘဆွေ ရဲ ့ ကဗျာ များကို….
      ကျွန်တော်တို ့..( ကဗျာချစ်သူများ ရဲ ့ ) ကဗျာပြခန်း က….
      အလို ရှိနေပါပြီလို ့……

      ကဗျာလေးများ.. ချီးမြင့်ပေးဖို ့…..
      လေးစားစွာ..တောင်းဆိုပါတယ်နော့်….

      🙂

      လေးစားစွာဖြင့်

      အလင်းဆက်
      alinsett.art@gmail.com

  • ဝိုးးးး
    ကဗျာက မိုက်သကွာ …
    ဘဘဆွေဂျီးရေ … ချယ်ဘဲဗျို့ ….။
    ဒါနဲ့ ကြောင်တောင်တောင် ထပ်ပြီး တွေးမိသေးတယ်
    မေခနဲ့ မလိခ ပေါင်းလို့ ဧရာဝတီ ဆိုတာကြီး ဖြစ်လာပြန်ရော ..
    ဆိုပြီးတော့လေ .. ဟီးးး ဘာမွှဒေါ့ ဆိုင်ဝူးးး :mrgreen:

  • ဦးကြောင်ကြီး

    June 20, 2013 at 10:26 am

    မြစ်ကျိူးအင်း
    သစ်ပိုးထွင်း
    နှစ်တိုးခြင်း
    ရှိခိုးဆင်း..။

  • kai

    June 20, 2013 at 10:43 am

    ဒါပေမယ့်.. အဘဆွေ..
    ကျိုးကျန်ရစ်တဲ့မြစ်ဟာ ရေသေလို့ သားငါးရှင်ပါတယ်..
    အသွင်မတူ သူသူငါငါ သတ္တဝါတွေကို
    စားတော်ဆက် ကျွေးတော်ဖက်ရာ အင်းကျန်ရစ်လည်းဖြစ်ပေါ့..။

    စုန်ရက်ဆက်ဆင်းသွားတဲ့မြစ်လိမ္မာသူကြီးသာ ဘဝတူသွားခဲ့သူကိုပစ်
    ထစ်ကနဲ့ဖြတ်တောက်…
    တဆစ်ဆစ်နာရစ်အောင် တွဲလက် ခွဲရက်ဖြုတ်သွားခဲ့တာပါ..။

    တချိန်မှာတော့ ပင်လယ်နဲ့ပေါင်း ရေပြင်ကျယ်ထဲအောင်းတဲ့အခါ
    ကျန်ရစ်သူ ငယ်နှမ..”မြစ်ကျိုးအင်း”ကို သတိရပါစေလို့..။ ။

    • ဘဆွေ

      June 20, 2013 at 6:47 pm

      သကြီးရေ..
      ကော်မန့်ကဗျာကို ဖတ်မှ အလွမ်းပို သွားရပါပြီဗျာ..
      အက်ဒစ်သာ လုပ်တတ်ရင် သကြီးရေးလိုက်တဲ့ နောက်ဆက်တွဲလေး ဖြည့်လိုက်ပါတယ်..

      တချိန်မှာတော့ ပင်လယ်နဲ့ပေါင်း ရေပြင်ကျယ်ထဲအောင်းတဲ့အခါ
      ကျန်ရစ်သူ ငယ်နှမ..”မြစ်ကျိုးအင်း”ကို သတိရပါစေလို့…….

      အဲဒါလေးဖတ်လိုက်မှဇာတ်ပိုနာသွားတာ
      ကျန်ရစ်ဖြစ်တာ က တော့ ခေါက်ရိုး ကျိုးနေပါပြီ

  • KZ

    June 20, 2013 at 11:14 am

    ဟယ်၊.
    ကဗျာက မိုက်သဟ။
    ဘဆွေရေ ပြခန်းအတွက် ကဗျာ တစ်ပုဒ်လောက် ချီးမြှင့်ပါရယ်။
    🙂

    • ဘဆွေ

      June 20, 2013 at 6:52 pm

      ရမ်းတုတ်လိုက်တာကို အထင်မကြီးပါနဲ့ ခိုင်ဇာရေ…
      ပြခန်းပို့ရလောက်အောင် မေရးတတ်ပါဘူး …နော…တစ်သက်တစ်ပုဒ်လောက် ရေးဖြစ်တာပါ…
      စင်္ကာပူ ရောက်တုန်းက မတွေ့လိုက်ရဘူးနော်..
      ခင်တဲ့
      ဘဆွေ

      • KZ

        June 20, 2013 at 6:54 pm

        အဲ။ ဟီးဟီး။ :mrgreen:
        ကျနော်က ကိုယ့်ကိုယ်ကို မိတ်မဆက်ရသေးလို့ မသိဘူးမှတ်လို့။
        ဘဆွေ ပို့(စ) မှာလည်း ဖတ်သာဖတ်တာ မရေးဘူးသေးလို့ ခုမှ မိတ်ဆက်မို့ စဉ်းစားနေတုန်း::
        နောက်ခါလာရင်သာ ပြောပါဗျာ။
        ကျနော်လာတွေ့ပါ့မယ်ရယ်။
        🙂

  • အရီးခင်လတ်

    June 20, 2013 at 6:00 pm

    ရာသီက မိုးများလွန်းလို့ ခံစားချက် တွေ အံထွက် နေတာ များလား ကိုဆွေရေ။။
    😆

  • ဘဆွေ

    June 20, 2013 at 7:03 pm

    တို့အရီး ကတော့ သူများဘိုက်ထဲ ဘာရှိတယ် အကုန်သိ…
    ဟုတ်ပါ့ အရီးရေ.. ဒီနှစ် မိုးများလိုက်တာ..
    ဆမ်းမား ကလည်း နေမပူ……… ရောက်နေတာ ကလည်း အိစ်မစ်ဒ်လန်း………လွမ်းပြိပေါ့ အရီးရေ…
    ပြန်ရောက်ကတည်းက ရောက်ကြောင်း သတင်းပို့ ဂါရဝ မပြု ရသေးဘူး…အခုတစ်ခါတည်း လုပ်တယ်နော် အရီး
    လေးစားပါသော
    ဘဆွေ

  • Crystalline

    April 14, 2014 at 2:27 pm

    တလောက ဦးစံလှကြီး.. နောက်ဦးကျောက်စ်.. ခု ဘဆွေရဲ့ပိုစ့်ဟောင်းတွေပြန်မွှေနေတယ်..
    အရီးပျောက်နေတာ လအတန်ကြာပေါ့.. အရီးရေ.. သတိယတယ်.. ကဘာ့ဖလားလည်းနီးပြီ… အင်္ဂလန်အသင်းကိုပဲအားပေးအုန်းမှာလား…

    • ကေဇီ

      April 14, 2014 at 2:54 pm

      သများဖြင့် မနက်ကတည်းက ဆွေ အိမ်ထဲ ဝင်မွှေနေတာ။
      ဟိဟိ။
      ကဗျာတွေကို သဘောကျတယ်။
      လွမ်းတတ်တာကိုလည်း သဘောကျတယ်။
      ဒါတောင် ဟင်းချက်မပြသေးဘူးနော်။
      ဟိုး နောက်တစ်ပတ် ဘဆွေဟင်းချက်မှာ။
      တကယ်တော်တယ်။
      🙂

      • Crystalline

        April 14, 2014 at 4:04 pm

        အမှန်ပဲ.. အရင်ကတော့ သများမှာ ဦးကျောက်စ်ကိုပဲ ဆရာတင်ထားရတာ… အခုမှဆရာစစ်တွေ့တယ်.. အူးကျောက်စ်မမြင်ပါစေနဲ့ :mrgreenn:

  • padonmar

    April 14, 2014 at 4:04 pm

    အဘဆွေတော့ မယ်ဆွိနဲ့ မယ်ခွစ် တူးဖော်တာ ခံနေရပြီ။
    အဲဒီလူဂျီး ပျောက်ချက်သားကောင်းနေတာ ဆွဲထုတ်ပြီး အိုးမဲသုတ်လိုက်ကြပါဗျို့။

    • ကေဇီ

      April 14, 2014 at 4:05 pm

      ၂၈ ရက်နေ့ သူ ဟင်းလာချက်မှာ အာတီဒုံ။
      ဘာရမတုန်းးးး
      အနော့ ထမင်းဆိုင်ကို ဇွတ်ခေါ်ထားတယ်။

      😀

  • snow smile

    April 14, 2014 at 4:04 pm

    kz နောက် က နေ တိတ် တိတ် လေး လိုက် ဖတ် နေ တာ
    အ င်္ဂ လိပ် လို လဲ မ ပြော တတ်
    က ဗျာ လဲ မ ဝေ ဖန် တတ် တော့
    ဟင်း ချက် မှ ဘဲ ဝင် စား တော့ မယ်
    :))))))))))))

Leave a Reply