ကျွန်တော ့ပန်းချီ စာခြောက်ရုပ်
ကျွန်တော်အိမ်မက် မက်တယ်အမေ…..
အိမ်မက်ထဲမှာ
ကျွန်တော်ကပန်းချီဆရာပေါ့
ကောက်ကြောင်းတွေရေး
အရောင်တွေချယ်
အနီးအဝေး အလင်းအမှောင်
နိမိတ်ပုံတွေပြ
ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်ခဲ့တာလေ ….
ဦးဘဂျမ်း ၊ ဦးငွေကိုင် ၊
ဆရာခြုံ ၊ အားလုံးကိုဆရာတင်
ပုဂံခေတ်ဆေးရေး
အင်းဝခေတ် ဆေးရေး
ကုန်းဘောင်ခေတ်ပန်းချီ
ဆီဆေး ရေဆေး …
ထုံးဆေး ပါမကျန်
ရှုမျှော်ခင်း ၊ ပုံတူ ပိုစတာ
ကျွန်တော် ဆွဲတတ်ပါတယ် .. အမေ ။
တနေ့တော့ …..
ကျွန်တော်လမ်းလျှောက်ရင်း
ပန်းချီပြခန်းအတွင်း ဝင်ရောက်ခံစား
အားကျမိလို ့ …
ကျွန်တော်ပန်းချီ ဆွဲခဲ့မိတယ်ပေါ့ ….
ပြောဦးမယ် အမေရဲ့ ……
သူတို ့ပန်းချီက
နေလုံး ကလည်း စိမ်းသတဲ့
သစ်ပင်ကလည်း နီသတဲ့
ပင်လယ်ကလည်း ဝါသတဲ့
ပန်းတွေကလည်း မည်းသတဲ့
မြေကြီးကဖြူပြီး
ငှက်တွေကရေကူး
ငါးတွေက လမ်းလျှောက်
သမင်ပျိုမှာအတောင်ပေါက်နေတော့….
အမေရယ်…..
ကျွန်တော် ပန်းချီ ဆွဲဦးမယ်နော် ……
မိုနာလီဇာကိုအားကျ
ရင်ထဲမှာတော့ အလှဆုံးမိန်းမပျို
ဒီလိုလေး ဖန်တီးလိုက်တယ်
မျက်လုံးကိုရဲရဲတောက်
ပါးစပ်ပေါက်ကိုလေးထောင့်လုပ်
သွားတွေကိုတြိဂံ ပုံရေး
ဆံပင်တွေဖြူဖြူဖွေးနဲ့
လက်တွေခြေတွေက
မျဉ်းဖြောင့် မျဉ်းကွေး
ခတ်သေးသေးဆွဲလိုက်တယ်
ဝတ်စုံကပွပွ
ကားယားခွပြီး မတ်တတ်ရပ်နေဟန်
ကျွန်တော ့ မော်ဒန် ပန်းချီလေ …..။
ကျွန်တော် ရင်တွေခုန်တယ် အမေ ….
ကျွန်တော့် ပန်းချီ
ကျွန်တော့် နှလုံးသား
ဒီနေ့ပြခန်းသွားပို့မယ်လေ
မော်ဒန်ပန်းချီပြခန်းမှာ
ကျွန်တော့်ပန်းချီကား
ချိတ်ဆွဲထားဖို့စိတ်ကူး
ကျွန်တော် ရူးတော့မယ်အမေ …..။
ဟုတ်ရဲ့လား…..
တကယ်လား……
နားကြားများလွဲသလား ????
ကျွန်တော့်ပန်းချီကား
သရဲကား ပိုစတာနဲ့တူလို့
လယ်ကွင်းထဲဒုတ်ထောက်
စာခြောက်ရုပ်သာ လုပ်ပါတော့ တဲ့ ….
တကယ်တော့ ….
ကျွန်တော်အိမ်မက် မက်တာပါအမေ ….။
11 comments
KyawThein
June 20, 2013 at 2:43 pm
အထက်ပါ ပို့စ်မှာ Poetry ကိုရေွးမိပါတယ်
မသင့်တော်ပါက ပြန်လည်ပြင်ပေးစေလိုပါတယ် ။
ကဗျာ ဟုတ်မဟုတ် မသိလို့ပါဗျာ။
အလင်း ဆက်
June 20, 2013 at 6:09 pm
အက်ဒိလို အိပ်မက်မျိုး
ကဗျာ ပြခန်း ထဲ လာမက် ပေးလည့် ပါ
လေးလေး ရေ
😆
( ကျွန်တော်ဆိုလိုတာက ဒီလို ကဗျာမျိုး ကို ကဗျာပြခန်းဆီ
ပေးပို ့ ပြီး ကျွန်တော်တို ့ကဗျာ ပြခန်းကို ချီးမြှင့်ပေးပါ လို ့။ ဆိုလိုချင် တာပါ။
အဓိပ္ပယ် တမျိုး ဖြစ် သွား မှာ စိုး လို ့ ပြန်လာ ပြီးး ရှင်းရှင်းလင်းလင်း ရေးတာပါ )
ခင်မင် လေးစားစွာဖြင့်
အလင်းဆက်
TNA
June 20, 2013 at 9:31 pm
အလက်ဆင်းဒို့ကတော့ တောင်းမယ်ဆိုဒါချည်းပဲ။ တွေ့သမျှ တောင်းဒေါ့ဒါဘဲ။ ကဗျာပြောဘာဒယ်။
အလင်း ဆက်
June 20, 2013 at 9:58 pm
တောင်း မှာပဲ…တောင်းမှာ ပဲ… သားကို…လာမတားနဲ ့…
အန်တီ သဲ ဆီတောင်…
ဒေါက် ဒေါက် ဒေါက်..
ကဗျာ ရှိလား…လို ့.. ဝင်မေးခဲ့တာပဲ..။
ဟဲဟဲ…
အရီးခင်လတ်
June 20, 2013 at 7:09 pm
ကိုကျော်သိန်း ရေ
ကျွန်မ တစ်ချို့ကဗျာ တွေ ကို နားမလည်ပေမဲ့ ဒီ ကဗျာ ကို တော့ နားလည်ခံစား လို့ ရပြီး နှစ်သက်ပါကြောင်း။
😛
KyawThein
June 20, 2013 at 11:50 pm
အရီးခင်လတ်ခင်ဗျာ
အားပေးခံစား နာလည်ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
အလင်း ဆက်
June 20, 2013 at 9:41 pm
လေးလေး..ကျော်ရေ..
ကျွန်တော်လည်း.. နားလည် ခံစားလို ့ရပါကြောင်းးးး
ဘာကို ဆိုလိုချင်တယ်ဆိုတာ..ခပ်ရေးရေးး သိနေတော့…
တကယ်…ခံစား မိပါတယ် ။
=============
ဆိုတဲ ့ စာသားလိုမျိုးပေါ့..။
ကျွန်တော်လည်း..ကြုံခဲ့ဖူးတယ် ။
ကျွန်တော် စာပေ အနုပညာကို စ ချစ် မိကတည်းက…
ဂန္ထဝင် စာပေတွေ လေ့လာမိပေမယ့်…
မော်ဒန် စာပေ ဖန်တီးမှု မျိုးကိုပဲ….
ပို ချစ်မြတ်နိုးပြီး… မော်ဒန် ဝတ္ထုလိုမျိုး.တွေ.
မော်ဒန် ကဗျာလိုမျိုးတွေ ပဲ..ရေးခဲ့တာ ။
ကလောင်သစ်တွေ ဆီက… မော်ဒန်ကဗျာကို…
တချို ့ မဂ္ဂဇင်းတွေက အသိအမှတ်ပြု.. လက်ခံပေမယ့်…
မော်ဒန် ဆန်တဲ ့ဝတ္ထုလေးတွေကျတော့..
ရွှေအမြုတေ မဂ္ဂဇင်းကို
ကျွန်တော်….
ပို့နေတုန်းက…
ကျွန်တော့်ပန်းချီကားတွေလည်း..
သရဲ ပိုစတာနဲ ့.. တူသွားတယ်…တဲ ့…။
ဦးဝင်းငြိမ်းကြီးမှတ်ချက်တွေကြောင့်များ.. ရင်ကွဲနာ ကျ တတ်ရင်..
ကျွန်တော်……
သေလောက်ပြီ ။
အဲဒီ အခါတိုင်းမှာ…
သူ တို ့အမှိုက်တောင်းထဲရောက်သွားတဲ ့…
ကျွန်တော့်… ဝတ္ထုလေးတွေကို….
ရင်ဘက်ထဲမှာ..ဒုတ်ထောက်
စာခြောက်ရုပ်သာ လုပ်ခဲ့ ရပါတယ် ။
ကိုယ့် အိပ်မက်ကို…ကိုယ်ပြန် လှုပ် နိုးဖို ့အတွက်…ပေါ့ ။
—————-
ကိုယ် ့ ပန်းချီကားလေး….
သရဲ ပိုစတာနဲ ့.. တူသွားတယ်လို ့…
အဝေဖန်ခံရတိုင်း….
ကျွန်တော်.. ငိုချင်ပါတယ် ။
ဒါပေမယ့်…..
မတူခြားနားတဲ ့ နယ်ပယ် နှစ်ခုကိုု.. ဆွဲစေ ့ဖို ့..ကြိုးစားချင်မိတဲ့…
ကျွန်တော့်ကို ကျွန်တော်….
ပြန် အားပေးရပါတယ် ။
အားလုံးနဲ ့..
လိုက်လျောညီထွေ ဖြစ်ဖို ့…
ကြိုးစား ရ ဦးမယ်..လို ့……..
===============
လေးစားစွာဖြင့်…
အလင်းဆက်
KyawThein
June 20, 2013 at 11:59 pm
ညီလေး အလင်းဆက်ရေ
အိမ်မက်တွေကို အိမ်မက််အတိုင်း ထားတာကောင်းပါတယ်ကွယ်
အစ်ကို ကတော့ မဖြစ်နိုင်တာတွေကို ရှောင်ထားတာ အကျင့်စွဲနေပါြပြီ
ဒီကဗျာကတော ့ ပို့စ်လည်းမတင်တာကြာလို့ စမ်းတင်ကြည့်တာပါ
လာဖတ်ပေးလို့ကျေးဇူးပါ ညီလေးရေ
တဆက်တည်း … အန်တီသဲ TNA ခင်ဗျာ
လာဖတ်ပေးတာ ကျေးဇူတင်ကြောင်းပါဗျာ
padonmar
June 21, 2013 at 1:24 am
ကမာ္ဘကျော် စာရေးဆရာ ကဗျာဆရာကြီးတွေ ရုပ်ရှင်မင်းသားမင်းသမီးအဆိုတော် တွေထဲ မှာလည်း အစမှာ ဒီလိုပဲ
ဝေဖန်ခံခဲ့ရတာတွေ အများကြီးပါ။
အားမငယ်ကြပါနဲ့။
စကားအတင်းစပ်
ကိုကျော်သိန်း ကဗျာကို ကျမလည်း ခံစားလို့ရပါကြောင်း။
kyeemite
June 21, 2013 at 10:28 am
ကိုကျော်သိန်း ပျောက်နေတာအတော်ကြာပေါ့..
ကဗျာစပ်တာရော..အကြောင်းအရာအတွေးလေးရော
အလွန်နှစ်သက်မိပါတယ် 😆
Moe Z
June 21, 2013 at 10:43 am
ဟိုမေတ္တာစာရေးတဲ့အူးလေးထင်ရဲ့ (မဟုတ်ရင် ဆောရီး) 😆
ရေးနိုင်ရဲ့နဲ့ များများရေးပါဗျ အားပေးနေပါတယ်
ပြခန်းပို့သင့်တဲ့ လက်ရာမျိုးပါဗျ ..