ကျနော်မွေးနေ့မှာ မိတ်ဆွေတွေကို ပင်လယ်စာ လတ်လတ်ဆတ်ဆတ်ကျွေးပါမယ်
ကျနော့်ရဲ့မွေးနေ့ရက်မှာ မိတ်ဆွေများကို လတ်ဆတ်တဲ့ပင်လယ်စာတွေ ကျွေးချင်ပါတယ်။
ဒီနေရာမှာကျွေးချင်ပေမယ့် ပုံတင်တာ ဘယ်လို့မှ မရတာကြောင့်
အခြားနေရာကိုခေါ်ပြီးကျွေးရတာကိုတော့ ခွင့်လွတ်စေလိုပါကြောင်း။
https://www.facebook.com/media/set/?set=a.586576651373308.1073742033.100000629354342&type=1
မွေးနေ့ဆုတောင်းပိုစ်ရေးပေးပါသောအလင်းဆက်
ဖုန်းဆက်၍ မွေးနေ့ဆုတောင်းပေးကြသော
မတ်စိပို့၍ဆုတောင်းပေးကြသော
ဖွဘုတ်ပေါ်တွင်ဆုတောင်းပေးကြသော
မန်းဂေဇက်ပိုစ်တွင်ဆုတောင်းပေးကြသော
နှင့်တကွမွေးနေ့မှန် မသိ၍ ဆုတောင်းမပေးလိုက်ရသော မိတ်ဟောင်းမိတ်သစ် အားလုံးကို
တူညီမျှစွာ ခင်မင်လေးစားပါကြောင်း မေတ္တာတုန့်ပြန်အပ်ပါသည်။
အားလုံး မာကလာ ပါ။
အားလု့းကျေးကျေးပါ။
16 comments
ko pauk mandalay
July 3, 2013 at 7:05 pm
ရွာထဲမှာ ပုံတင်တာ လုံးဝမရလို့ ဖွဘုတ်က လင့်ဘဲပေးလိုက်ရတာ ခွင့်လွှတ်စေလိုပါတယ်။
ko pauk mandalay
July 3, 2013 at 7:07 pm
https://www.facebook.com/media/set/?set=a.586576651373308.1073742033.100000629354342&type=1
koyinmaung
July 3, 2013 at 7:19 pm
မွေးနေ့ရှင် ဆရာပေါက် ကျမ်းမာ ချမ်းသာ
ပျော်ရွှင်စွာ မိသားစုနှင့်အတူ မွေးနေ့ပေါင်းများစွာ
ဖြတ်သန်းနိုင်ပါစေဗျာ…….
padonmar
July 3, 2013 at 8:11 pm
ကိုပေါက်ကြီး
ကျန်းမာအသက်ရှည်ပါစေ။
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ။
အလင်း ဆက်
July 3, 2013 at 8:40 pm
လေးပေါက်ရေ….
မြန်မာပြည်မှ အလှတရား / အရှိတရားများကို….
ဆက်လက် ဖန်တီးပြသ နိုင်ပါစေ……
ကျန်းမာ ချမ်းပါစေကြောင်းးး….ပါဗျ ။
(ကျွန်တော်လည်း.. ပုံတွေ တင်မရ ။ ဘာဖြစ်လို ့ပါလိမ့် ။ မနေ ့ကလည်းတင်တယ် မရ ။
ဒီနေ ့ တင်ကြည့်တော့လည်း.မရ ။ )
•*¨နန်းတော်ရာသူ •*¨
July 3, 2013 at 9:55 pm
ကျွေးနေတယ်ဆိုလို့မရရအောင်ဝင်လာတယ် happy birthday to ဥပေါက်
ko pauk mandalay
July 3, 2013 at 9:57 pm
ကျန်နေခဲ့လို့ဗျာ။
ဖွဘုတ်မှာ ပိုစ်တင်ပြီးဆုတောင်းပေးသော ခွိေွိ ကိုလည်း ကျေးဇူးတင်ပါကြောင်း။
အထူး အထူး လူချင်းတွေ့မှ မူးနေအောင်တိုက်မယ်။
(ဒူးဖြင့်မဟုတ်ပါ)
မဟာရာဇာ အံစာတုံး
July 4, 2013 at 2:33 am
မွေးနေ့ရှင်ဂျီး ကျွေးဒဲ့ ပင်လယ်စာဂို
ဒီမှာ မဂလုရဒေါ့ …
ဟိုမှာ ဂလု တွားဒယ် ….
ဂလု ဂလု ပလပ် ပလပ် …
Ma Ma
July 4, 2013 at 6:56 am
ကိုပေါက်ရေ-
ဒီအသက်အရွယ်ထိ ကိုယ်သွားချင်ရာသွား၊ လုပ်ချင်ရာ လုပ်နိုင်နေတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူး။
ငွေရေးကြေးရေး အဆင်ပြေမှ။
ငွေရေးကြေးရေး အဆင်ပြေတောင် အချိန်ရအုံးမှ။
ငွေရော အချိန်ရော အဆင်ပြေတောင် ကျန်းမာရေးကောင်းအုံးမှ။
အားကျပါတယ် ဗျို့။
နောင်နှစ်ပေါင်းများစွာထိ အခုလိုပဲ စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။ 🙂
ko pauk mandalay
July 4, 2013 at 8:55 am
ဟုတ်ပါ့ မမရေ
ကျနော်လဲ 1993ကနေ2003ခုလောက်ထိ ခရီးသွားခွင့်မရတဲ့ဘဝမှာ
ချောင်ပိတ်မိဘူးပါတယ်။
အခုတော့ ကံကောင်းထောက်မစွာနဲ့ လမ်းသလားခွင့်ရနေတာ။
လမ်းသလားခွင့်ရတဲ့အချိန်မှ ကင်မရာကိုင်ဖြစ်တာ။
အဲတော့ လက်ဆော့ မိတာပေါ့။
ကျန်းမာရေးကောင်းအောင် တော့ သတိထားနေပါတယ်။
ဒါမှ……………………………………………………..
surmi
July 4, 2013 at 8:53 am
ကိုကြီးပေါက်ရေ
ကျန်းကျန်းမာမာ ချမ်းချမ်းသားသားနဲ့ အသက်ရှည်ကြောင်းဆုတောင်းပေးရင်း
ဆန္ဒနဲ့ ဘဝတစ်ထပ်တည်း ရပါစေလို့ ….
ဝင်မရလို့ နောက်ကျနေတာခွင့်လွှတ်ပါ အစ်ကိုရေ
ko pauk mandalay
July 4, 2013 at 8:57 am
အားလုံး ကျနော်ကိုသတိတရ ရှိကြတဲ့အတွက် ကျေးဇူးတင်ပါ၏
ဝမ်းလဲသာပါ၏။
kyeemite
July 4, 2013 at 8:58 am
ကိုပေါက်ရေ..ဟိုမှာတောင်းထားတဲ့ဆုပဲပြန်တောင်းမယ်..
ကိုပေါက်ရဲ့ မင်္ဂလာရှိသောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဝါသနာပါရာအလုပ်ကို စဉ်ဆက်မပြတ်လုပ်နိုင်ပါစေသဒီး.. 🙂
kyaw hteik
July 4, 2013 at 11:17 pm
လေးပေါက် စိတ်ချမ်းသာလို့ ကိုယ်ကျမ်းမာပြီး ချစ်တဲ့သူတွေနဲ့ ဘဝသက်ဆုံး လျောက်လှမ်း
နိုင်ပါစေလို့ဆန္ဒပြုပါတယ် ခင်ဗျာ။
Foreign Resident
July 5, 2013 at 6:08 am
Ko Pauk, Happy Birthday !!!
ဦးကြောင်ကြီး
July 6, 2013 at 10:32 am
ဦးပေါက်မွေးနေ့
ထူးမြောက်တေးချွေ့
ခူးသောက်ကျွေးစေ့
ဖူးမောက်ကြေးပွေ့…