အိတ်ဖွင့်ပေးစာ (၃)
အာဇာနည်ကို
ဗာလာနီသတ်တဲ့နေ့
ပြန်တွေးကြည့်လိ်ုက်စမ်း
လက်သရမ်းတဲ့မျောက်တွေ
ဘရင်းဂန်း ပစ်တမ်းကစားလို့
စမ်းတဝါးဝါး
အမှားတွေလည်းမရေနိုင်
ဒို့နိုင်ငံ ကျွန်ပြန်ဖြစ်စေတဲ့
အာဏာရူးတွေရဲ့လက်ထဲ
ဝဲ စွဲခဲ့တာလည်း အကြ်ိမ်ကြိမ်
ပြည့်တန်ဆာ အိမ်က
ဇိမ်မယ်က်ို အပျိုလို့ပြောသလို
ပြည်သူကို မျက်လှည့်ပြ
ဇတ်ညွှန်းအတိုင်း က ခဲ့တာ
၆၆ နှစ်ကြာခဲ့ပေါ့
အခုတော့ …..
စုတ်ပြတ်ဖွာလန်ကျဲ
အခွံဘဲ ကျန်တဲ့
ဒို့နိုင်ငံ နွံနစ်နေတုန်း
နောက်ဆုံးမျှော်လင့်ချက်
လက် ကနဲလင်းစေတဲ့
အမေစုကိုဝန်းရံကြ
နောက်တစ်ကြိမ် လေးဆယ့်ခွန်
မကြုံချင်တော့ဘူး
အာဏာရူးတွေ က တဲ့ပွဲ
ရာဇပုလ္လင် လုတဲ့ပွဲ
သွေးညှီနံ့တွေ လွှမ်းတဲ့ပွဲ
ဲအသဲစွဲအောင်မှတ်မိ
၆၆ နှစ်ရှိပြီလေ ….။ ။
အာဇာနည်ကို မေ့စေချင်လို့
ဖြောက်ဖျက်ခဲ့တာလည်း နှစ် ၂ဝ ကျော်
ဥဩ မဆွဲ
အခန်းအနားမရှိ
ဆွမ်းမကျွေး
အမျှမဝေ
မေ့နေပြီမထင်နဲ့
ရင်ထဲမှာ ဥဩဆွဲတာ
လူမှန်းသိတတ်ကတဲက
မင်းတို့နဲ့တော့ကွာတာပေါ့
မင်းတို့များသေရင်လေ
ဥဩမဆွဲဘူး
သေနတ် မဖောက်ဘူး
အမြောက်လည်းမပစ်ဘူး
လက်ခေါက်မှုတ်ပြီး လက်ခုတ်တီးမယ်
ရွှီးးးးးးးးးးးးးးးး ဖြောင်း းးး ဖြောင်းးးးးး ဖြောင်းးးးးးးးး …..။ ။
7 comments
KZ
July 10, 2013 at 7:55 pm
မင်းတို့များသေရင်လေ
ဥဩမဆွဲဘူး
သေနတ် မဖောက်ဘူး
အမြောက်လည်းမပစ်ဘူး
လက်ခေါက်မှုတ်ပြီး လက်ခုတ်တီးမယ်
ရွှီးးးးးးးးးးးးးးးး ဖြောင်း းးး ဖြောင်းးးးးး ဖြောင်းးးးးးးးး …..။ ။
Bravo!!!
အလင်း ဆက်
July 10, 2013 at 9:25 pm
ခရီးသည်ကြီင်္းကို..
ကဗျာတွေ…သယ်ဆောင်လာသူကြိီးလို ့ပဲ..
ခေါ်တော့မယ့်ဗျာ…
kotun winlatt
July 10, 2013 at 9:30 pm
ဝိုးးးးးးးးးး
ဥဩ မဆွဲ
အခန်းအနားမရှိ
ဆွမ်းမကျွေး
အမျှမဝေ
မေ့နေပြီမထင်နဲ့
ရင်ထဲမှာ ဥဩဆွဲတာ
လူမှန်းသိတတ်ကတဲက
မင်းတို့နဲ့တော့ကွာတာပေါ့
မင်းတို့များသေရင်လေ
ဥဩမဆွဲဘူး
သေနတ် မဖောက်ဘူး
အမြောက်လည်းမပစ်ဘူး
လက်ခေါက်မှုတ်ပြီး လက်ခုတ်တီးမယ်
ရွှီးးးးးးးးးးးးးးးး ဖြောင်း းးး ဖြောင်းးးးးး ဖြောင်းးးးးးးးး …..။ ။
ဂွတ်ထ……ကြိုက်အိ….။
အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်
July 11, 2013 at 6:31 am
စာဖတ်နေသူကြီးများသေရင်လေ.. စကော့ဈေးရှေ့ ဖင်ချွတ်ပီးလျောက်လိုက်ချင်ရဲ့…။
ငိငိ..
သများပြောတာမဟုတ်.ဘု… ဟိုတျောက်ပြောဒါ..။
kyeemite
July 11, 2013 at 9:14 am
မိုက်ရိုင်းလိုက်တဲ့လူတွေ
သူတို့တက်လာမှ
ဗိုလ်ချုပ်ပုံကိုနံရံကဖြုတ်ချ
ရုပ်ဆွအဆုံး
ဗိုလ်ချုပ်စကား ကိုးကားရန်မလို..လို့
သူတို့မို့ အမိန့်ထုတ်ရဲ
သေရင်တောင် ငရဲမင်းက
ဒင်းတို့ကို လက်ခံရမှာရွံသတဲ့
မလွှဲသာလို့ ငရဲမှာဒင်းတို့ကိုလက်ခံပီးရင်
ကျုပ်လည်း ဒီအလုပ်က
ထာဝရနားတော့မယ်ဗျာ။ 😈 😈 😈
ပုံ/ ငရဲမင်း 👿 👿 👿
မဟာရာဇာ အံစာတုံး
July 11, 2013 at 2:21 pm
တောက်ရမ်း .. တောက်ရမ်း လန်းဒဲ့ ကဗျာ …
ဒါပဲကွ .. ဆိုပြီး အားပေးတွားဒယ် …
ဒီနေရာ .. ဒီနေရာ ရေးထားဒါကို သိပ်သိပ်ခိုက်ဒယ် …
ပြည့်တန်ဆာ အိမ်က
ဇိမ်မယ်က်ို အပျိုလို့ပြောသလို
ပြည်သူကို မျက်လှည့်ပြ
ဇတ်ညွှန်းအတိုင်း က ခဲ့တာ
၆၆ နှစ်ကြာခဲ့ပေါ့
အရီးခင်လတ်
July 12, 2013 at 3:40 pm
ကျွန်မ လဲ ၁၉ ရက်နေ့တိုင်း အမြဲသတိတရ ရှိလေတော့ အပြင်က ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ကို သာ တမင်ဖိနှိပ်ထားလို့ ရမယ်။
ပြည်သူတွေ ရင်ထဲ က လေးစားကြည်ညို စိတ်တွေ ကိုတော့ ဘယ်တော့ မှ ဖိနှိပ်ထားလို့ မရပါဘူး။
ပြောသာပြောရ။ ကျွန်မ ငယ်ကထဲ က အိမ်မှာ ချိတ်ထားတဲ့ မှန်ဘောင်တပ် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကြီး ဖြုတ်ထားခဲ့ ရတာလဲ ၈၈ အပြီးကထဲကပါဘဲ။
အရမ်းလှ တဲ့ ကဗျာလေးအတွက် ဦးညွတ် သွားပါကြောင်း။