ခရီးသည္ႀကီးFebruary 20, 20141min36932
      ဒီစာကိုမရေးမှီ ကျုပ်အကြောင်းနဲနဲပြောဦးမှတော်ပေလိမ့်မယ်။ ကြုံသလိုရှာစားရတဲ့ဘဝအခြေအနေမှာ ရံဖန်ရံခါတက်စီ မောင်းတယ် ။ မြို့ပေါ်ကလူသုံးကုန်တွေဝယ်ပြီးတောမှာသွားရောင်းဖူးတယ်။ တောက မြို့ကို အပြန်ကုန်သယ်တယ် ။ အကြမ်းပြောရင်ဒီလောက်ပါပဲ ။   လွန်ခဲ့တဲ့ 14 ရက်နေ့ကတော့ ညမောင်းဒရိုင်ဘာမလာတာနဲ့ ကျုပ်လဲ တက်စီလေးဖွတ်ချက်ဖွတ်ချက်နဲ့ ညကြေးလေးထွက်ရှာခဲ့ပါတယ် ။ ပထမဆုံးဈေးဦးပေါက်ငှားသူက စုံတွဲ တစ်တွဲဗျ ။ သိနေတယ်လေ ။ ဒင်းတို့ဘယ်သွားမယ်ဆိုတာ ……ဒါပေသိ ကိုယ့်အလုပ်မဟုတ်ပါဘူး ငှါးတဲ့ဆီလိုက်ပို့ပေးရုံပေါ့ဗျာ ။ နှစ်မှတ်တိုင်ကျော်ကျော်လောက်က တည်းခိုခန်း စုတ်စုတ်တစ်ခုကို ၁၀၀ဝ နဲ့ပို့ရတယ် ။     ရောက်တဲ့အခါမှာ ကောင်မလေးကိုကားပေါ်ခဏထားပြီး ကောင်လေးကအခန်းသွားမေးတယ် ။ မရှိတော့ပါဘူးတဲ့ ။ ဒါနဲ့ နောက်တည်းခိုခန်းတစ်ခုကို ဆက်တာပေါ့ ။ ပြည့် […]


ခရီးသည္ႀကီးNovember 23, 20131min23617
  ဖြူလား ….. မသိ ညိုလား ….. မသိ ရုပ်​သွင်​ အရွယ်​ … မသိ ကျုပ်​တို့သိတာက လူ့ဂွစာ သဂျီး အငြင်​းသန်​တဲ့ သဂျီး ​ကြောင်​ကြီး​ပြောတဲ့ မိစာ္ဆ ဒိဋ္ဌိ သဂျီး ကိုစံလှကြီး ​ပြောဖူးတဲ့ ဒုဂိုဏ်​းချုပ်​သဂျီး အင်​ဇာဂီ သ​ရော်​ဖူးတဲ့ မားခို်​မ်​ ..သဂျီး အားနည်​းသူဖက်​က မျက်​စိမှိတ်​ ဖင်​ပိတ်​ငြင်​းတတ်​တဲ့ လစ်​ဘရယ်​ သဂျီး အ​တွေးအ​ရေးပုံစံသစ်​ကြိုက်​တဲ့ ​မော်​​မော်​ဒန်​ သဂျီး ​ထေရဝါဒ အသံကြားရင်​ ဘယ်​ဘဝရန်​​ကြွေးမှန်​းမသိ လက်​သီးလက်​​မောင်​းတန်​း အရမ်​းငြင်​းတဲ့ သဂျီး ရွာ​အေးရင်​ အိပ်​မ​ပျော်​ ဖိတ်​​ခေါ် ရန်​ပွဲ​တွေအစဆွဲ ​ဘေးတီး ​ကောင်​းတဲ့ သဂျီး ဖရီးသင်​့ကာ အမည်​တပ်​ လစ်​ဘရယ်​ကို လက်​ကိုင်​ပြု မဟာဘုတ်​တိုင်​စိုက်​ ဆန်​း​ဗေဒင်​ လိုက်​စားတဲ့ […]


ခရီးသည္ႀကီးNovember 23, 20131min33518
တခါတရံ၌ ​ရှေးလူကြီးများ​ပြောခဲ့​သော ဒန်​့ကျွဲပင်​ ပခက်​လွှဲဆိုသည်​ကို ပြန်​လည်​သတိယမိသည်​ ။ ​ခေတ်​မှီတိုးတက်​ခြင်​းသည်​ လူမုှဝန်​းကျင်​ကို​ပြောင်​းလဲ​စေ​သော်​လည်​း အကျိုးရှိစွာ​ပြောင်​းလဲခြင်​းနှင်​့ အကျိုးမဲ့ ​ပြောင်​းလဲခြင်​းဟူ၍ ကွဲပြားပါလိမ်​့ဦးမည်​ ။ အကျိုးမဲ့​စေ​သော ​ပြောင်​းလဲမုှများကို​တော့ စာ​ရေးသူအ​နေဖြင်​့ မကြိုဆိုပါ ။ အရာရာတိုင်​း​ပြောင်​းလဲလျှင်​ ​ကောင်​းသွားမည်​ဟုလည်​းမထင်​ပါ။ အထူးသဖြင်​့ဆိုရ​သော်​ အိမ်​​ထောင်​သား​မွေး ၊ ချစ်​သူရှာခြင်​း နှင်​့ လူ​နေမုှ ပုံသဏ္ဍန်​စရိုက်​တို့ဖြစ်​​လေသည်​ ။ ​ပြောင်​းလဲတိုးတက်​ရမည်​ဆို​သော်​လည်​း ​ခေတ်​မှီတိုးတက်​​သော အ​နောက်​နိုင်​ငံကြီးများကို တိုက်​ရိုက်​ကူးချသည်​ထက်​ မိမိတို့နှင်​့သင်​့​တော်​သည်​့အ​နေအထားအလိုက်​မြန်​မာမုှပြုသင်​့သည်​ဟုထင်​ပါသည်​။   လူအများစုကြား၌​ခေတ်​စား၍အသုံးများကြသည်​မှာ ​ဖေ့စ်​ဘွတ်​ ဖြစ်​သည်​။ မြန်​မာပြည်​ကွန်​နက်​ရှင်​ဖြင်​့ အဆင်​​ပြေသည်​ကတ​ကြောင်​း၊အသုံးပြုရလွယ်​သည်​ကတ​ကြောင်​း ​ကြောင်​့ ​တောရွာများမှာပါ အသုံးပြု​နေကြသည်​။ ထိုမျှပင်​မက က​လေးများပါတွင်​တွင်​ကျယ်​ကျယ်​အသုံးပြု​နေ​ကြောင်​းကြားသိရပြန်​သည်။ အများသိပြီးသည်​့အတိုင်​း ဆိုရှယ်​ဝဘ်​ဆိုဒ်​ဖြစ်​သည်​နှင်​့အညီ လွတ်​လပ်​ခြင်​းနှင်​့အတူ သန်​း​ပေါင်​းများစွာ​သော အ​ကောင်​့များ​ထွေး​ရောယှက်​တင်​ ပါဝင်​​နေရာ အသုံးပြု​သောသူ၏ ပုံသဏ္ဍန်​ကိုလိုက်​၍ အဆိုးအ​ကောင်​းတို့ဒွန်​တွဲလျှက်​ရှိ​လေသည်​ ။   […]


ခရီးသည္ႀကီးSeptember 25, 20131min1649
အ​နေမနီး ခရီး​ဝေးမှ ​ဂဇက်​ရွာ ……။   အလည်​လာမိ တွယ်​ငြိ​နေ မှ ​ရှောင်​ခွါ ရလို့ ​သောကလည်​း​ရောက်​ စိတ်​လည်​း​နောက်​ခဲ့……။   ​ပျော်​ရာမ​နေ ​​တော်​ ရာ​နေရ ဘဝများစွာ ကြုံရပါလည်​း ​ရှေး​ရှေး​ရေစက်​ ထုံး​နှောင်​လျှက်​တည်​့ ဘုံမိဤ​မြေ ဤဌာ​နေကို မ​သွေစိတ်​ဝမ်​း ​နေ့တိုင်​းလွမ်​းမိ မှန်​း​မျှော်​ကြည်​့​သော်​ ​​​​​တော်​​တော်​​ဝေးလျက်​ အိမ်​မက်​ထဲက ဂဇက်​ရွာ ……။   ​ပျော်​ပင်​​ပျော်​ငြား ရွာသူားနှင်​့ စကားလက်​ဆုံ ​ပြောမကုန်​၍ ​တွေ့ဆုံ ကြုံကွဲ ဖြစ်​မြဲ ဓမ္မတာ ရင်​မှာ နာမိ ဆည်​းဆာလည်​းပုတ်​ ​ရောင်​နီ ဆုတ်​လို့ ကျွန်​ုပ်​ အိမ်​ပြန်​ရ​တော့မည်​ …..။              


ခရီးသည္ႀကီးSeptember 23, 20131min840114
တသက်​လုံး ဖုံးသမျှ ကုန်​းကာမှ​ပေါ် တဲ့ .. ထိထိမိမိ​ပြောချင်​လို့ ဒီစကားပုံကို​ပြောရတာ အား​တော့နာပါတယ်​ ။ ကျုပ်​ကို ပွင်​့ပွင်​့လင်​းလင်​း ​ဆွေး​နွေးနိုင်​သလို ဆဲလိုကလည်​း ဆဲ ​ပေါ့ဗျာ ။ ကျုပ်​အမြင်​ကျုပ်​ အထင်​​ပြောမှာဖြစ်​လို့ မတူတာ​တွေ ရှိမှာပါ ။   ကျုပ်​ခရီးသွားဟန်​လွဲ ​ရောက်​ဖူးတဲ့ရွာတစ်​ရွာမှာ အသုဘ တစ်​ခုနဲ့ကြုံ​တော့ အထက်​ကစကားပုံ​လေးသွားသတိယပါတယ်​ ။ ​သေသူက အသက်​ ၅ဝ ​ကျော်​ရွယ်​ မိန်​းမကြီး ၊ ​သေတာက ​ချောင်​းထဲခုန်​ချပြီးသတ်​​သေတာ ။ ​သေပြီး ရက်​​တော်​​တော်​ကြာ​တော့ ​ချောင်​းစပ်​ကခြုံကြားထဲမှာ အ​လောင်​း​ပေါ်လာပါတယ်​ ။ ​အ​လောင်​းလည်​းဆယ်​​ရော မိန်​းမကြီးရဲ့ ​သေ​ကြောင်​းကြံတဲ့အ​ကြောင်​း ​ပေါ်လာတာဘဲ ။   မိန်​းမကြီးက မ​သေခင်​ နူနာစွဲ​နေပုံရပါတယ်​ ။ ဒါ့​ကြောင်​့ ရှက်​ပြီးသတ်​​သေတာပါ … […]


မိတ်​​ဆွေ …. ​ရေတစ်​ခွက်​​လောက်​​ပေးပါ ညစ်​ညူး​နေတဲ့ ကျုပ်​အ​တွေး​တွေရယ်…..​ ထုံထိုင်​း​အေးစက်​​နေတဲ့ ကျုပ်​ခံစားမှုရယ်…….​ ကိုယ်​့အတွက်​ပဲ စဉ်​းစားတတ်​တဲ့အကျင်​့ဆိုး​တွေရယ်​ …. ​ရေ​ဆေးပစ်​လိုက်​ချင်​လို့ ။ ။   မိတ်​​ဆွေ….. အပ်​တစ်​​ချောင်​း​လောက်​​ပေးပါ မချင်​့ချိန်​တတ်​တဲ့ ပါးစပ်​​ပေါက်​ရယ်​ … ခဏခဏ ဆာတတ်​တဲ့ အစာအိမ်​ရယ်​ …. စပ်​စပ်​စုစုမြင်​တတ်​တဲ့မျက်​လုံး​တွေရယ်​ ……. ချုပ်​​နှောင်​သိ်​မ်​းဆည်​းထားချင်​လို့ ။ ။   မိတ်​​ဆွေ အမှိုက်​ပုံရှိတဲ့​နေရာကိုလမ်​းညွှန်​ပါ မရိုးသားတဲ့ တပ်​မက်​မှုရယ် ….​ ရိုးသား တဲ့ မာန်​မာနရယ် ……​ အက​်​​ကြောင်​းထပ်​​နေတဲ့နှလုံးသားရယ်​ …… အပြီး စွန်​့ပစ်​လိုက်​ချင်​လို့ ။ ။   မိတ်​​ဆွေ ထွက်​​ပေါက်​ကိုလမ်​းညွှန်​ပါ ပိတ်​​လှောင်​ထားတဲ့တံခါး​တွေဖွင်​့​ပေးပါ ညစ်​နွမ်​း​နေတဲ့ ​လေထုကိုသန်​့စင်​​ပေးပါ ပြီး​တော့ ….. ​ပျောက်​ကွယ်​​နေတဲ့ ​မျှော်​လင်​့ခြင်​း​တွေပြန်​ရှာ​ပေးပါ နှစ်​မျိုးငါးမတ်​နဲ့ […]


အာဇာနည်​ကို ဗာလာနီသတ်​တဲ့​နေ့ ပြန်​​တွေးကြည်​့လိ်​ုက်​စမ်​း လက်​သရမ်​းတဲ့​မျောက်​​တွေ ဘရင်​းဂန်​း ပစ်​တမ်​းကစားလို့ စမ်​းတဝါးဝါး အမှား​တွေလည်​းမ​ရေနိုင်​ ဒို့နိုင်​ငံ ကျွန်​ပြန်​ဖြစ်​​စေတဲ့ အာဏာရူး​တွေရဲ့လက်​ထဲ ဝဲ စွဲခဲ့တာလည်​း အကြ်ိမ်​ကြိမ်​ ပြည်​့တန်​ဆာ အိမ်​က ဇိမ်​မယ်​က်ို အပျိုလို့​ပြောသလို ပြည်​သူကို မျက်​လှည်​့ပြ ဇတ်​ညွှန်​းအတိုင်​း က ခဲ့တာ ၆၆ နှစ်​ကြာခဲ့​ပေါ့ အခု​တော့ ….. စုတ်​ပြတ်​ဖွာလန်​ကျဲ အခွံဘဲ ကျန်​တဲ့ ဒို့နိုင်​ငံ နွံနစ်​​နေတုန်​း ​နောက်​ဆုံး​မျှော်​လင်​့ချက်​ လက်​ ကနဲလင်​း​စေတဲ့ အ​မေစုကိုဝန်​းရံကြ ​နောက်​တစ်​ကြိမ်​ ​လေးဆယ်​့ခွန်​ မကြုံချင်​​တော့ဘူး အာဏာရူး​တွေ က တဲ့ပွဲ ရာဇပုလ္လင်​ လုတဲ့ပွဲ ​သွေးညှီနံ့​တွေ လွှမ်​းတဲ့ပွဲ ဲအသဲစွဲ​အောင်​မှတ်​မိ ၆၆ နှစ်​ရှိပြီ​လေ ….။ ။   အာဇာနည်​ကို ​မေ့​စေချင်​လို့ ​ဖြောက်​ဖျက်​ခဲ့တာလည်​း […]


အရှင်​ဘုရား … တပည်​့​တော်​မ လင်​နှင်​့သားလည်​း စွန်​့လွှတ်​ခဲ့ပါပြီ ဘုရား ။ ။   အရှင်​ဘုရား ….. ဇရာကိုချင်​းနင်​းလို့ နုပျိုခြင်​းများလည်​း မှုန်​ဝါး သွားခဲ့ပါပြီ ဘုရား ။ ။   အရှင်​ဘုရား …… သံသရာ​ဘေး ကြို​တွေးထား​ပေမယ်​့ တပည်​့​တော်​မ မှာ ရုန်​းထွက်​ချိန်​မရခဲ့ပါ ဘုရား ။ ။   အရှင်​ဘုရား ….. သင်​မိတဲ့ပညာ သိလာတဲ့အသိ စွဲညိတဲ့ သတိနဲ့ တပည်​့​တော်​မ နှစ်​နှစ်​ဆယ်​​ကျော်​ သီးခံ အားတင်​းလို့ မိုးလင်​းမယ်​့ ​နေ့ကို ​ ​စောင်​့​မျှော်​ခဲ့ပါတယ်​ဘုရား ။ ။   ကိုးနဝင်​းသမား​တွေ မိုးလင်​းသွား​ပေမယ်​့ တပည်​့​တော်​မ အကျယ်​ချုပ်​ဘဝမှာ ဘဝအတွက်​မ​တွေး နိုင်​ငံ့ အ​ရေးအတွက်​ အသက်​ပြင်​းပြင်​းရှူခဲ့ပါတယ်​ […]


ဒို့ဘုရားဟောတာက အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ အနတ္တကိုမြင် နိဗ္ဗာန် ဝင်မှာမို့ အရှင်ဘုရားးးး ….. သတိထားတော်မူပါ ရုပ်နာမ် ဓမ္မ သခါင်္ရတွေကို မြဲ ချင်နေသလား ဘုရာ့ လိုရာစေစား စိုးမိုးထား ချင်တာလား ဘုရာ ့ သူဌေး ၊အနူ ၊ သမတ ဘုန်းကြီး ကုလား ရုပ်၊ နာမ် တွေဘဲမဟုတ်လားဘုရာ့ ကုလားကြိုက်လို့ ကောက်ကောက်ပါအောင်လိုက်လည်း သူ့ထိုက်သူ့ကံ အတ္တာဟိ အတ္တရော နာထော ဘုရားက ပြောပြီးသားပါ အနေသာကြီးပါဘုရာ့ အရှင်ဘုရားတို့လုပ်ကာမှ မြန်မာမတွေလည်း ကုလားမှ ကြိုက်သလိုလို ကုလားပဲ ရွေးယူသလိုလို ကုလားကိုမှ ဖြတ်မရသလိုလို ရှေ့နေကယ်ကာမှ […]


ရထားတစ်စင်း ဖြေးဖြေးတက် ဖြေးဖြေးဆင်း မပြည် ့မခြင်းမထွက်ဘူး ဘယ် ဘူတာမှကြာကြာမရပ်ဘူး လက်မှတ်ဝယ်စရာမလိုဘူး လက်မှတ်စစ် လာမစစ်ဘူး ပြီးတော့…. ဆင်းမယ်ဆိုလည်း ခွင့်မပြုဘူး …..။ ရထားတစ်စင်း မင်းတို ့ ငါတို ့ စီးနင်းခဲ့ အပျင်းလည်းပြေ ခရီးလည်းတွင်ခဲ့ တောတောင်တွေ ညအမှောင်တွေ မြို ့ပြရဲ ့ အလင်္ကာတွေ လောကရ ဲ့နိဗ္ဗာန်တွေ ရယ်(ရီ)သံ ငိုသံ ပူဆွေးဟန်တွေ ပလူပျံနေတဲ့ မာယာဥဏ်တွေ အပူရုပ်ဟန်လုပ်မရတဲ့ အဇ္ဈတ္တ သရုပ်မှန်တွေ အကြံအဖန်တွေကြားက အမှန်အကန်သမားတွေ အားလုံးမွေ ့လျော်နေတာ အဲ့ဒါ …….ဘဝရထား …………..။ ဟော …….. ကြားရပြီ ရထားကြီးကခရီးဆက်တော ့မယ် ဘယ်ကိုသွားမှာလဲ …မသိ ဘယ်ကလာတာလဲ…..မသိ သံသရာ မဆုံးခင်အထိတော […]


ရက်စက်တယ်မဟာဆန် နှုတ်မဆက်ပဲမင်းပြန်တော ့ ဘာတွေကျန်ခဲ့သလဲ သိလား ဆန် ဆီ ဆေး ဆား မင်းအတွက်ဝယ်ထားတဲ ့ ခေါက်ဆွဲခြောက် စက်ရုံပြတ်မှာထားတဲ့ရေသန် ့ စက်နှိုးထားတဲ့လေယဉ် ရဟတ်ယဉ်နဲ့မော်တော်ကား ငါ တို ့ပြင်ဆင်ထားတာ အလကားဖြစ်ပြီပေါ ့ မင်းပြန်မလာဘူးဆိုတာသိပေမယ် ့ နဲနဲတော ့လွမ်းပါရစေ မဟာဆန် ……..။ ဒီနိုင်ငံမှာ ဒီအကွက်တွေနဲ ့ ငါ တို ့ရှေ ့ကဆရာတွေ ကြီးပွားနေတာ မင်းသိလား နာဂစ်ဆိုတာသူတို ့အတွက် လှေခါးထစ်ဖြစ်သွားပြီ ဂီရိဆိုတာကရော တထောကြီးရလိုက်ပြီ ဒီတစ်ခါမဟာဆန်က ငါ ့အတွက်လို ့ထင်ထားတာ မင်း မို ့လို ့ လက်ပြသွားတယ် ရက်စက်တယ်မဟာဆန် ……။ ရှိပါစေတော ့ မဟာဆန် […]


မျက်နှာကြီးရာ ဟင်းဖတ်ပါ တဲ့ ။ အထက်က စကားပုံကိုကြားဖူးကြ့ပါလိမ့်မယ် ။ ပုထုဇဉ် လူသားတွေ ဖြစ်နေလို ့ နေရာတကာဒီသဘောဖြစ်နေ တာ မဆန်ပါဘူး ။ ဆွမ်းကျွေး အသုဘမှအစ ရပ်ကွက်ထဲ ဖုန်းကဒ်မဲနှိုက်တာအလယ် နိုင်ငံတော်လုပ်ငန်း များ အထိ ဒီပုံဖြစ်နေတာပါ ။ မနာလိုလိုလို ့မဟုတ်ဘူး … အစာမကျေလို့မဟုတ်ဘူး … ဖြစ်သင့်တာတွေနဲ့ လွဲနေရင် နဲနဲ ပြောချင်လို ့ ။ ပထမအကြိမ် မိုဘိုင်းဖုန်း ဆင်းကဒ်တွေ မဲနှိုက်ပေးတာ သိကြမှာပါ။ လိုတဲ့နေရာတွေထက် ၊ ဆင်းရဲနွမ်းပါးသူတွေစုဝေးရာထက် ချမ်းသာသူများ တတ်နိုင်သူများရှိတဲ့နေရာတွေမှာ ခွဲတမ်းပိုခဲ့ပါတယ် ။ ဥပမာ …. မြု ိ့သစ်က ရပ်ကွကမတစ်ခုကို ဆယ်လုံး မဲနှိုက်ပြီး ရန်ကုန်မြို […]