အဇ္ဇျတ္တ ရဲ့ ခြေလှမ်းများ
မိတ်ဆွေ ….
ရေတစ်ခွက်လောက်ပေးပါ
ညစ်ညူးနေတဲ့ ကျုပ်အတွေးတွေရယ်…..
ထုံထိုင်းအေးစက်နေတဲ့ ကျုပ်ခံစားမှုရယ်…….
ကိုယ့်အတွက်ပဲ စဉ်းစားတတ်တဲ့အကျင့်ဆိုးတွေရယ် ….
ရေဆေးပစ်လိုက်ချင်လို့ ။ ။
မိတ်ဆွေ…..
အပ်တစ်ချောင်းလောက်ပေးပါ
မချင့်ချိန်တတ်တဲ့ ပါးစပ်ပေါက်ရယ် …
ခဏခဏ ဆာတတ်တဲ့ အစာအိမ်ရယ် ….
စပ်စပ်စုစုမြင်တတ်တဲ့မျက်လုံးတွေရယ် …….
ချုပ်နှောင်သိ်မ်းဆည်းထားချင်လို့ ။ ။
မိတ်ဆွေ
အမှိုက်ပုံရှိတဲ့နေရာကိုလမ်းညွှန်ပါ
မရိုးသားတဲ့ တပ်မက်မှုရယ် ….
ရိုးသား တဲ့ မာန်မာနရယ် ……
အက်ကြောင်းထပ်နေတဲ့နှလုံးသားရယ် ……
အပြီး စွန့်ပစ်လိုက်ချင်လို့ ။ ။
မိတ်ဆွေ
ထွက်ပေါက်ကိုလမ်းညွှန်ပါ
ပိတ်လှောင်ထားတဲ့တံခါးတွေဖွင့်ပေးပါ
ညစ်နွမ်းနေတဲ့ လေထုကိုသန့်စင်ပေးပါ
ပြီးတော့ ….. ပျောက်ကွယ်နေတဲ့ မျှော်လင့်ခြင်းတွေပြန်ရှာပေးပါ
နှစ်မျိုးငါးမတ်နဲ့ ဈေးလျော့ရောင်းခဲ့တဲ့ ကတိသစ္စာရယ် …..
အလဲအထပ်မှာ အလိုက်ပေးခဲ့ရတဲ့မေတ္တာတရားရယ် …..
အကျောက်အပေါင်ဆိုင်မှာ ငွေငါးကျပ်နဲ့ အဆုံးခံလိုက်တဲ့ ကြင်နာမှုတွေရယ် …
ကျုပ် … ပြန်ရှာကြည့်ချင်တယ် ။ ။
ခရီးသည်ကြီး
26 comments
ukyein
August 21, 2013 at 1:26 pm
ဆန္ဒတွေပြည့်စေပေါ့ဗျာ။
ခရီးသည်ကြီး
August 21, 2013 at 1:51 pm
ပေးသောဆုနဲ့ ပြည့်ရပါလို၏ 🙂
ခင် ခ
August 21, 2013 at 1:32 pm
မိတ်ဆွေ
အိပ်ခွင့်ရမည့်နေရာလေး လမ်းညွှန်ပေးပါ
ရုန်းမထွက်နိုင်တဲ့ ဘဝတွေရယ်
ရင်မောရတဲ့ လောကကြီးရယ်
စိတ်လှုပ်ရှားတဲ့ သောကတွေရယ်
အလိုမကျတဲ့ ဒေါသတွေရယ်က
ခဏလောက်ဝေးဖို့ တစ်မှေးလောက်လေး အိပ်ချင်လို့။
ခရီးသည်ကြီး
August 21, 2013 at 1:55 pm
ဦးလေး ခင်ခ ခင်ဗျာ
ယခုလို ကဗျာလေး နဲ့အရောင်တင်ပေးတာ ကျေးဇူးပါဗျ
အလင်းဆက်
August 21, 2013 at 1:43 pm
ကဗျာ ရဲ ့ပထမ အပိုဒ် နဲ ့ဒုတိယ အပိုဒ်တွေက
ကျွန်တော် အခု ဖြစ်နေတဲ့ ခံစားချက် တစ်စိတ်တစ်ဒေသ နဲ့ တိုက်ဆိုင်နေလိုက်တာ
ကဗျာ အရေးကောင်းတဲ့ ခရီးသည်ကြီးး
ကဗျာတွေ မကြာခဏ ရှာတွေ ့ပါစေနော်
ချစ်ခင်လေးစားလျက်
ခရီးသည်ကြီး
August 21, 2013 at 1:58 pm
ဆရာအလင်းဆက်ရယ်
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါဗျ
ကျုပ် က်ိုယ်တိုင်လည်း …..
ဆာလ်ပါကွန်နိူင်
August 21, 2013 at 1:44 pm
အကျောက် အပေါင်ဆိုင်မှာ ဆုံးသွားတဲ့ ကိစ္စကကျုပ်တာဝန်ထားပါ
ဘာမှမပူပါနဲ့။
ခရီးသည်ကြီး
August 21, 2013 at 1:59 pm
ဟုတ်ကဲဗျ
ပြန်ရွေးပေးပါ 🙂
GARFIELD
August 21, 2013 at 3:39 pm
ရွာထဲက ဦးကျောက်တော့ မိန်းမယူခါနီး စီးပွားရေးသောင်းကျန်းနေတာမသိဘူး…
အခုမှပေါ်တော့တယ်… အပေါင်ဆိုင်တောင်ဖွင့်ပြီးပြီ… ဟီးဟီး
အကျောက်အပေါင်ဆိုင်တဲ့…
ခင်မင်လျက်-
ဂါဂါးကြီး
kyeemite
August 21, 2013 at 1:51 pm
“အဇ္ဇျတ္တ”ကိုသရုပ်ဖေါ်တာကောင်းပါ့ဗျာ…
ခရီးသည်ကြီးက ကဗျာရေးတယ်ကောင်းကိုးဗျ..
ခရီးသည်ကြီး
August 21, 2013 at 2:01 pm
ဦးလေး ကြီးမိုက်
အရမ်းမမြှောက်နဲ့ဦးဗျ
လေတွေတိုက်နေတယ်
လွင့်ပါသွားရင်ဒုက္ခ 🙂
Mr. MarGa
August 21, 2013 at 2:32 pm
ပျောက်ကွယ်နေတဲ့ မျှော်လင့်ခြင်းတွေရယ်
နှစ်မျိုးငါးမတ်နဲ့ ဈေးလျော့ရောင်းခဲ့တဲ့ ကတိသစ္စာရယ် …..
အလဲအထပ်မှာ အလိုက်ပေးခဲ့ရတဲ့မေတ္တာတရားရယ် …..
ထို အရာများသည် တာဝတိံသာသို့ ရောက်ရှိလာခြင်း မရှိခဲ့ပါကြောင်း…… 🙂
ဦးမာဃ (ခေတ္တ လူ့ပြည်)
ခရီးသည်ကြီး
August 21, 2013 at 2:55 pm
ဦးမာဂ တို့နတ်ဌာနေက ဝင်ခွင့်မှမပေးတာပဲဗျ
နောက်တခါ ဆိုက်ရောက်ဗီဇာပေးပါ 🙂
မိုက်ကယ်ဂျော်နီအောင်ပု
August 21, 2013 at 3:19 pm
ဒီဂဗျာဂို ပြတိုက်ပို့ကြပါဗျို့
ခရီးသည်ကြီး
August 23, 2013 at 11:25 pm
ဦးအောင်ပု ရေ့
ပြတိုက်ပိတ်သွားဘီဗျ
ဆော်ဩပေးတာ ကျေးဇူးဗျ
ကြုံရင် ဖားပြုတ်အရက်နဲ့ကြွက်ေ ကြာ် ဆွဲကြတာပေါ့ နော
Ma Ma
August 21, 2013 at 3:59 pm
ကဗျာလေး သဘောကျတယ်။
နှစ်မျိုးငါးမတ် ဆိုတော့…………
မဆလ ခေတ် လူသားလို့ ဆိုလိုတာပေ့ါ။ :hee:
ခရီးသည်ကြီး
August 23, 2013 at 11:32 pm
မ ဆ လ ……
သမ ဝါယမ ဆိုင် ….
ပါတီယူနစ် ….
ပြည်သူ့ကောင်စီ …
ဆန်တစ်ပြည် လေးကျပ်ခွဲ ….
ဒေါ်လေး မမရေ …. ပြန်ပြောရင် ရင်ခံလွန်းလို့ 🙂
TheWinner Getprize
August 23, 2013 at 4:16 pm
မရိုးသားတဲ့ တပ်မက်မှုရယ် ….
ရိုးသား တဲ့ မာန်မာနရယ် ……
အက်ကြောင်းထပ်နေတဲ့နှလုံးသားရယ် ……
အပြီး စွန့်ပစ်လိုက်ချင်လို့ ။ ။
တကယ်ပါပဲနော်….စွန့်လိုက်နိုင်ရင် ကောင်းမှာပဲ….
ခရီးသည်ကြီး
August 23, 2013 at 11:34 pm
ဟုတ်ကဲ့
ကျုပ်လည်း အဲ့လိုဖြစ်ချင်လို့ပါ
တခါတရံ အနှောက်အယှက်ပေးလွန်းလို့ဗျ
မဟာရာဇာ အံစာတုံး
August 23, 2013 at 4:37 pm
ခရီးဒယ်ဂျီးရဲ့
ငွေငါးကျပ်နဲ့ အဆုံးခံလိုက်ရဒဲ့
အကြင်နာဒွေဂို …
ကျုပ် ပျံယူလာဂဲ့ဘာဒယ် …
မှတ်ချက် ။ ။ အလင်းဆက်ရဲ့ ဒေါ်ဖွားမေ …
ခရီးသည်ကြီး
August 23, 2013 at 11:38 pm
ခက်တာပဲ ကို့လူရယ်
အရင်းထက်အတိုးပိုနေမှာပေါ့
ကောင်းကောင်သိမ်းထားကိုရင်ရေ….
လူတိုင်းကိုမပေးနဲ့
အရီးခင်
August 23, 2013 at 10:46 pm
ခရီးသည်ကြီး
အသံလေး ပြန်တွေ့ရလို့ ဝမ်းသာမိပါကြောင်း ဝင်ပြီး အော်သွားပါသည်။
ဘယ်နေရာတွေကို လည်ပါတ်လာခဲ့တုန်း။ 😛
ဒါထက် အကျောက် အပေါင်ဆိုင် ဆိုတာ ရွာထဲ က ကိုကျောက် ဆိုင် ဆိုတာ သတင်းပေးဖို့ ဟာ အပေါ်မှာ သတင်းပေးသူတွေ ဦးနေပါရော့။
ကဘာ လေးက ကောင်းလိုက်တာ။
ကျုပ်လဲ အဲဂလို စပ်ဦး မယ်။
ချစ်တီး အကြောင်း။ 😉
ခရီးသည်ကြီး
August 23, 2013 at 11:50 pm
အရီးခင်
လာအားပေးလို့ အားရှိသွာပြ ီဗျ 🙂
အရီးခင်ပြောသလို ဒီဘူတာကိုပြန်ဆိုက်တာပဲနော့
ကျုပ်မန်းဂေဇက်ရွားသားများ ဆိုတဲ့ ဆီကိုရောက်နေပါဘီဗျ
အရီးလည်း ပြခန်းမှာ တစ်ပုတ်တင်ထားတယ်ဆိုလို့ အံ့ဩဝမ်းသာပါတယ်ဗျ
မမှန်းတတ်လို့ ဘယ်ကဗျာလဲတော့မသိပါနော
ကျေးဇူးပါဗျ ။
marblecommet
August 24, 2013 at 3:31 am
မိတ်ဆွေ
ရေတစ်ခွက်သောက်ပါ
…………
မိတ်ဆွေ
အပ်တစ်ချောင်းယူပါ
……….
မိတ်ဆွေ
အမှိုက်ပုံဒီမှာပါ
…….
မိတ်ဆွေ
ထွက်ပေါက်လည်း ဒီမှာပါ
…..
……..
……..
မိတ်ဆွေ
တကယ်တော့
ကျွန်တော်ဟာ ကိုယ့်မှာမရှိသေးတဲ့
အရာတွေကို ပေးနေမိပြီး
မိတ်ဆွေတောင်းနေတာတွေက
မိတ်ဆွေရထားပြီးသား အရာတွေသာ
ဒီတော့
မိတ်ဆွေ
ကျွန်တော့်ကို အဲဒီ
အဇ္စုတ္တလေး ပြန်မျှပေးပါဦး….။ ။
……….
လေးစားတဲ့
ငကမ်း….
ခရီးသည်ကြီး
August 24, 2013 at 7:45 am
ပေးရမှာပေါ့ ဆရာကမ်းကြီးရယ် 🙂
ကို့ဆရာလိုတယ်ဆိုရင် အဆင်သင့်
ပီးတော့ …..
ငါးရေချို ဟင်းရယ် ၊ စနိုက်ကြော်ရယ် ၊ ဇင်ပြွန်းသီးချဉ်စပ်ချက်ရယ် ခေါင်ရည်မွှေးမွှေးလေးရယ် ….. ကြယ်နီ ဆေးပေါ့လိပ်ရယ် အဖော်လုပ်ပြီး အဇ္ဇျတ္တတွေအကြောင်းချင်တယ်ဗျ
တနေ့ပေါ့ဗျာ ….
ဆရာတို့လို ကဗျာပုံဆောင်ခဲတွေကိုအားကျတဲ့
ခရီးသည််
မောင် ပေ
August 25, 2013 at 8:17 pm
သုံးကျပ်ကို တစ်လိပ်နဲ ့
သုံးကျပ် ကို တစ်လိပ် နဲ ့
ခေါင်းမူးသွားပြီ ဒူးယားသည်ရေ
(ဘိုဘိုဟန် စာသားမှ)
မှတ်ချက် ။ စာသားမှားလျှင် ခွင့်လွှတ်