Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တသက်​လုံးဖုံးသမျှ ကုန်​းကာမှ​ပေါ် ..?

ခရီးသည္ႀကီးSeptember 23, 20131min2095114

တသက်​လုံး ဖုံးသမျှ ကုန်​းကာမှ​ပေါ် တဲ့ ..

ထိထိမိမိ​ပြောချင်​လို့ ဒီစကားပုံကို​ပြောရတာ အား​တော့နာပါတယ်​ ။

ကျုပ်​ကို ပွင်​့ပွင်​့လင်​းလင်​း ​ဆွေး​နွေးနိုင်​သလို ဆဲလိုကလည်​း ဆဲ ​ပေါ့ဗျာ ။ ကျုပ်​အမြင်​ကျုပ်​ အထင်​​ပြောမှာဖြစ်​လို့ မတူတာ​တွေ ရှိမှာပါ ။

 

ကျုပ်​ခရီးသွားဟန်​လွဲ ​ရောက်​ဖူးတဲ့ရွာတစ်​ရွာမှာ အသုဘ တစ်​ခုနဲ့ကြုံ​တော့ အထက်​ကစကားပုံ​လေးသွားသတိယပါတယ်​ ။ ​သေသူက အသက်​ ၅ဝ ​ကျော်​ရွယ်​ မိန်​းမကြီး ၊ ​သေတာက ​ချောင်​းထဲခုန်​ချပြီးသတ်​​သေတာ ။

​သေပြီး ရက်​​တော်​​တော်​ကြာ​တော့ ​ချောင်​းစပ်​ကခြုံကြားထဲမှာ အ​လောင်​း​ပေါ်လာပါတယ်​ ။ ​အ​လောင်​းလည်​းဆယ်​​ရော မိန်​းမကြီးရဲ့ ​သေ​ကြောင်​းကြံတဲ့အ​ကြောင်​း ​ပေါ်လာတာဘဲ ။

 

မိန်​းမကြီးက မ​သေခင်​ နူနာစွဲ​နေပုံရပါတယ်​ ။ ဒါ့​ကြောင်​့ ရှက်​ပြီးသတ်​​သေတာပါ … ရွာ​တွေမှာအခုချိန်​ထိ အနာကြီး​ရောဂါသည်​ဆို ရွာပြင်​ထုတ်​ထားတတ်​ကြတယ်​ဗျ ။

ကျုပ်​​တွေးမိတာက …. မိန်​းမကြီးနှယ်​ သတ်​မ​သေဘဲ ကျိတ်​ကုရင်​အဟုတ်​သား… အခု​တော့ သတ်​​သေလို့ အ​လောင်​း​ပေါ်ကာမှ နူနာ ​တွေ​ပေါ်လာပြီး အရှက်​​တော်​ ဗျန်​းဗျန်​းကွဲရတယ်​ လို့ …. ။

 

အခုလည်​း ရွာထဲမယ်​ အလကား​နေအလကား ကိုယ်​့ထမင်​းကိုစားပြီး အရှက်​ကွဲစရာများဖြစ်​​နေမလား.. လို့ ။

ဒီလိုဗျာ.. ခင်​ဗျားတို့ ဂဇက်​ရွာမှာ ဗုတ်​စံနစ်​နဲ့ ဆု​ပေးကြတယ်​ ။ အရင်​တုန်​းက လူမသိသူမသိ ​ကြိုက်​ရာ​ရွေးပြီး ဆု​ပေးတယ်​ ။

အရင်​က ကိုယ်​​ရေးတဲ့စာ ဘယ်​သူဘယ်​​လောက်​ကြိုက်​သလဲ.. မကြိုက်​သလဲ မသိနိုင်​ဘူး ။ဖတ်​​ရွေးအဖွဲ့ထဲမှာပဲ လုံခြုံစွာရှိတယ်​။

အခုကြ​တော့ ​ရှေ့မျက်​နှာစာမှာ ပြူး​နေ​အောင်​ပြထား​တော့ … စဉ်​းစားကြည်​့​ပေါ့ဗျာ။

နာမည်​ရှိ လူကြိုက်​များတဲ့သူ​တွေက ဘာမှ မဖြစ်​ဘူး ။​ရေးကာစ လူသစ်​​တွေဆိုရင်​ပရိတ်​သတ်မရှိ​တော့ ​တော်​​တော်​ကြီး မျက်​နှာငယ်​ရတယ်​ဗျ ။

စင်​​အောက်​မှာ​နေတာ အ​ကောင်​းသား ၊ စင်​​ပေါ်​ရောက်​ကာမှ _င်​​ပြောင်​သလိုဖြစ်​သွား​တော့ … ကဲ ..​ရေးချင်​ပါဦးမလား … စဉ်​းစားကြပါဗျ ။

ဘာနဲ့တူသလဲ ဆိုရင်​ ​အ​ပေါ်မှာ​ပြောခဲ့တဲ့ မိန်​းမကြီးလို ဖြစ်​သွား​ရော … ။

 

​နောက်​တခုက .. မန်​ဘာမဟုတ်​ဘဲ ဗုတ်​ချင်​သလို ဗုတ်​လို့ရ​နေတာ သင်​့ပါ့မလား…စဉ်​းစားကြပါဗျ။

ကျုပ်​​မေးပါဦးမယ်​ ခင်​ဗျားတို့ အခု​ပေး​နေတဲ့ဆုက သဂျီးက ​ပေးတာလား..?

တစ်​ရွာလုံးက မဖြစ်​မ​နေ ဝိုင်​းစုပြီး​ပေးတာလား ….?

စိတ်​တူရာ တစုတစ်​ဖွဲ့က အိတ်စိုက်​​ပေးတာလား …?

 

သဂျီးက ​ပေးရင်​သဂျီးသ​ဘော ။

တစ်​ရွာလုံးက​ မဖြစ်​မ​နေအားလုံးစု​ပေးရင်​ …တစ်​ရွာလုံးသ​ဘော။

တစ်စုတစ်​ဖွဲ့က အိ်တ်စိုက်​​ပေးရင်​ ..တစ်​စုတစ်​ဖွဲ့ကဘဲ​ရွေး​ပေါ့ ဗျာ ။

ရှင်​းရှင်​း​လေးကို ရှုပ်​​အောင်​လုပ်​​တော့ အလုပ်​​တွေပို ၊မျက်​နှာလည်​းပျက်​ရ ၊အရှက်​လည်​းကွဲ (ကျုပ်​တို့ကမရှက်​ဘူး​ပြောင်​​ပြောင်​ပဲ…ဆိုတဲ့သူ​တွေမပါ)

ဆို​တော့ …. စဉ်​းစားကြပါဗျ ။

​နောက်​တစ်​ခု … ဗုတ်​နဲ့ ဆုရသူ​တွေကို အားလုံးအကြိုက်​တူတယ်​ လို့ ထင်​ပါသလား ။

ကျုပ်​​တော့မထင်​ဘူ း ။ သုံးပုဒ်​​ရွေးကြတယ်​ဆို​တော့ ….. ဖြစ်​နိုင်​စွမ်​းသီအိုရီအရ ​နောက်​ဆုံးသိပ်​မကြိုက်​တကြ်ိုက်​​တွေ (တတိယ​မြောက်​အကြိုက်​ဆုံး) တူသွားနိုင်​ပါတယ်​ဗျ .. စဉ်​းစားကြပါဗျ။

 

ကျုပ်​သ​ဘောက​တော့ လက်​ရှိကျင်​့သုံး​နေတဲ့ ဗုတ်​စံနစ်​ကို မနှစ်​သက်​ပါဘူး ။

ဆက်​လက်​ပြီး ဆု​ရွေးချယ်​​ပေးကြမယ်​ဆိုရင်​ ဒီစံနစ်​ကိုကန်​့ကွက်​ပါတယ်​ ။

ဆု​ပေးတဲ့စံနစ်​ကိုဖျက်​ချင်​ဖျက်​ …. မဖျက်​ဘဲ အ​ခြေ​နေမပျက်​​ပေးမယ်​ဆိုရင်​ ယခင်​ကလို ​ပေးတဲ့အဖွဲ့ကပဲ…တိတ်​တဆိတ်​​ရွေးသင်​့ပါတယ်​ ။

ရလဒ်​ကို ပထမ တစ်​ဦးတည်​းထုတ်​ပြန်​ပြီး ကျန်​ရလဒ်​များ ဖြစ်​တဲ့ ဒုတိယ ၊တတိယ​တွေ မထုတ်​ပြန်​ပါနဲ့ ။

 

​နောက်​ဆုံး​ပြောချင်​တာက​တော့….

လက်​ရှိ ပုံစံဗုတ်​စံနစ်​နဲ့​ရွေးပါက ကျုပ်​အ​နေနဲ့ စာ​ရေးသူအချင်​းချင်​း လည်​လှီးသတ်​သလိုဖြစ်​လို့  လုံးဝ(လုံးဝ) ပါဝင်​ပူး​ပေါင်​း​ရွေးချယ်​ ဗုတ်​မည်​မဟုတ်​ပါ​ကြောင်​း….

(ကျုပ်​ကိုလည်​းဘယ်​သူမှ အတင်​းမ​ရွေးခိုင်​းပါဘူး ၊ ကြားထဲကကြည်​့ရင်​းနဲ့ ငထွား ခါးနာ​နေလို့ပါ)

 

 

 

 

 

 

 

 

114 comments

  • အရီးခင်

    September 25, 2013 at 2:14 pm

    မောင်အံ
    အရီး သူငယ်ချင်း ဆီမှာ “လုံးလုံး” ဆိုတဲ့ခွေးစုတ်ဖွား လေး ရှိတယ်။
    သိပ်ချစ်ဖို့ကောင်းတာကလား။
    မင်းလိုပေါ့။ 😉

    • မဟာရာဇာ အံစာတုံး

      September 25, 2013 at 2:44 pm

      ဒီဂမှာ အရီးးး
      ခွေးချင်း တူချင်း တူချင်တူမယ်၊ လုံးလုံးချင်း တူချင်တူမယ်
      ဒါမယ့် အမွေးချင်း မတူဘူးဗျ …

      အိုက်ခွေးလေးကို အရီးပဲ ချစ် ..
      တားဂိုဒေါ့ လာမချစ်နဲ့ …
      တားမှာ ချစ်မယ့်လူ ချိဒယ် … ဟီးး ဟီးး
      :mrgreen:

      • အရီးခင်

        September 25, 2013 at 2:49 pm

        အခုတော့ ပြောအားရှိပြီပေါ့ အေ။
        အားကိုးရှိပြီကိုး။
        လုံမ ရေ ဒင်းကို ခေါင်းခေါက်လိုက်တဲ့ နေ့ အသိပေးစမ်းပါ။
        ကြည့်ရတာ အဲဒီ မမလေးက လဲ ခေါင်းခေါက်ဖို့ကို အပြစ်ရှာမဲ့ ပုံ မရှိပါဘူး။
        😛

  • Foreign Resident

    September 25, 2013 at 6:48 pm

    ခင် ခ says:
    ” ခင်ခ ကို လာပြီးခေါ်လိုက်ဗျာ ပုဆိုးပြင်ဝတ်ပြီး လိုက်ခဲ့မယ်။
    တစ်ခုတော့ရှိတယ် လေထိုးရင် လေလျှော် သူတွေနဲ့တော့ ခေါ်မလာနဲ့ ”

    ဦးကျောက်ခဲ says:
    ” ဖတ်ရွေးကို အင်အားဖြည့်မယ်ဆိုရင်တော့ စိတ်ဝင်စားပါတယ် ခင်ဗျ…
    အလုပ် မအားသော်လည်း ကျရာနေရာက ဝိုင်းကူပါရစေ ”

    KZ says:
    ” ဂလောက်ရှိလှတာ။ စိတ်ပေါက်လာပြီ။ ဖတ်ရွေးပြန်ဖြစ်ကြည့်။
    ကျနော်ပါမယ်။ ဆု အတွက် ပိုက်ဆံ စိုက်မယ်။ အချိန်ပေးမယ်။
    ဒါမဲ့ ဘာမှမလုပ်ပဲ လာပြောတဲ့သူတွေ ဒိုင်ခံ ရန်ဖြစ်ပေးမယ် ”

    ကောင်းလှောင့်တေး ။ ကောင်းလှောင့်တေး ။

    အခုမှပဲ ။ ဂဇက် ဖတ်ရွေးကို စိတ်ပါလက်ပါ ကူမယ့် ရွာသူားတွေ အများကြီးထွက်လာတယ် ။

    ၁ ။ တကယ် သံယောဇဉ် ရှိ ၊ ရေရှည် အနစ်နာ ခံ မယ့်သူရှိလို့ကတော့ ၊
    လှိုက်လှိုက် လဲလဲ ကို ကြိုဆိုပါတယ် ။

    ၂ ။ အဘ တို့ကလည်း ဒီနေရာကနေ ဖယ်ပေးဖို့ စောင့်နေတာပါ ( တကယ် ) ။

    ၃ ။ အရင်က တွေ့ခဲ့ရတာက ၊ ဘေးကသာ ဝိုင်း အာနေကြတာ ၊
    တကယ် လုပ်မလား ဆိုပြီး ဖွင့်ပေးလိုက်ရင် ၊ အရူးကွက် နင်းသွားတဲ့ သူတွေများတယ် ။

    ၄ ။ အခုလို KZ တို့ ၊ ဦးကျောက် တို့ ၊ ကိုခင်ခ တို့လို ၊
    ပွင့်ပွင့်လင်းလင်း ပြောတတ်ပြီး ၊ တကယ် လုပ်ပေးမယ့်သူတွေ ဆိုရင် ၊
    အဘ တို့က ဒီနေရာကနေ ဖယ်ပေးဖို့ အသင့်ပါ ။

    ၅ ။ အဘ အခု ထောက်ပံ့နေတဲ့ ငွေကြေးအတိုင်းလဲ ဆက်ထောက်ပံ့ပြီး ၊
    အဘ က နောက်ပိုင်းကနေ လဲ ဆက်အားပေး ထောက်ခံသွားမှာပါ ။

    ၆ ။ ဒီကြား သုံးလ ကိုတော့ မနားပါနှင့် ၊ အရှိန် ရပ်သွား ၊ ပျက်သွားရင် ပြန် စ ရ ခက်တယ် ။
    ဒီ အတိုင်းလေးပဲ ဆက်ထားလိုက်ပြီး ၊ နောက် ၆ လ ကျရင်သာ ၊
    KZ တို့ ၊ ဦးကျောက် တို့ ၊ ကိုခင်ခ တို့ ပါပါဝင်တဲ့ အဖွဲ့ နှင့် ဆက် လုပ်ကြပေါ့ ။
    ဒါမှ မဟုတ်ရင်လည်း ၊ ရှေ့လ ကတည်းက ကိုခင်ခ တို့ စ ကိုင်ချင်လည်း ရပါတယ် ။

    ရ ။ နောက်ဆုံးအနေနှင့် ၊ ဂဇက်မှာ လူဝင် / စာတင် ကြဲ သွားရတာက ၊
    ဘာကြောင့်မှ မဟုတ်ဘူး ။ မြန်မာပြည် ရဲ့ စုတ်ပြတ်လှတဲ့ Connection ကြောင့်ပါ ။

    အဘ လည်း ဩဇီ ခရီးသွားလမ်းညွှန်အတွက် နဲနဲ ကျန်ခဲ့တာတွေကို ၊
    Post တစ်ပုဒ်ရေးပြီး တင်မလို့ ဥစ္စာ ။

    အခုက ၊ ကိုယ်ကနေပြီး ဓါတ်ပုံ နှင့် Post အသစ်တင်ဖို့ နေနေသာသာ ၊
    အခု Post လိုမျိုး Comment များတဲ့ Post ဆိုရင် တက်ကို မတက်လာတာ ။
    အဘ မှာ ၊ တစ်နေ့လုံးနေမှ ၊ Comment လေး ၂ ခု / ၃ ခု တက်ဖို့တောင် မနဲ လုပ်နေရတယ် ။

    အဲဒါကြောင့် ၊ အဘ သူငယ်ချင်း တစ်ယောက်က ပြောတာ ။
    အူရဒူး နှင့် တယ်လီနွား က SIM ကဒ် စရောင်းတာနှင့် ၊
    လက်ရှိ သုံးနေတဲ့ MPT ကဒ် ကို ချီးတွင်းထဲ ပစ်ချပစ်မယ်တဲ့ ။

  • ခင် ခ

    September 25, 2013 at 7:34 pm

    အဘဖောရေ ကျွန်တော်ကွန်မန့်မှာ သေချာမန့်ခဲ့ပါတယ် လက်ရှိဖတ်ရွေးစနစ် ဖြစ်တည်မှုကို carry ဆက်ပြီးပခုံးပြောင်း လွဲယူရတာမျိုးဆိုရင်တော့ ခင်ခ မလုပ်ပါဗျ။ အသစ်ကပြန်စမယ်ဆိုရင် လုပ်ချင်ပါရဲ့လို ဆိုတာပါ။
    လက်ရှိ တစ်လလုံးတင်သမျှ ပိုစ့်တွေ ဖတ်ရွေးနေပုံမျိုးကတော့ ကျွန်တော့်သဘောထားနဲ့ မကိုက်လို့ပါခင်ဗျ။

    • Foreign Resident

      September 25, 2013 at 8:14 pm

      ခင်ခ says:
      ” လက်ရှိ တစ်လလုံးတင်သမျှ ပိုစ့်တွေ ဖတ်ရွေးနေပုံမျိုးကတော့
      ကျွန်တော့်သဘောထားနဲ့ မကိုက်လို့ပါခင်ဗျ ”

      အွန် ။ ကို ခင်ခ က တစ်လလုံး တင်သမျှ ပိုစ့်တွေ ထဲက မရွေးပဲ ၊
      ဘယ်လို ရွေးချင်တာတုန်း ။ ပြောကြည့်လေ ။

      • Ma Ma

        September 26, 2013 at 10:33 am

        ကိုခင်ခစဉ်းစားထားတဲ့ သဘောကျတဲ့ပုံစံမျိုးရှိရင် ချပြစေချင်ပါတယ်။
        ဝိုင်းဝန်းဆွေးနွေးကြ၊ အကြံပေးကြနဲ့ စနစ်ကောင်းတစ်ခုထွက်လာနိုင်တာမို့ အကျိုးများမှာပါ။

  • ခင် ခ

    September 25, 2013 at 8:15 pm

    အစထဲက အခုလိုမန့်ခဲ့ပြီးသားပါဗျ။ ပြန်ကော်ပီယူလာတာပါ

    အဲဒီပွဲမှာ ဖတ်ရွေးလုပ်မယ်ဆို ဘယ်လိုပုံစံလုပ်မလဲ တရားဝင်ကြေငြာနိုင်အောင် ဒီကြားကာလမှာ ရွာလူကြီးများ ဖတ်ရွေးလုပ်မယ်လို့ စိတ်ဝင်စားသူများ တိုင်ပင်ဆွေးနွေး နည်းလမ်းသတ်မှတ်ပေါ့ဗျာ။
    အခုလို ၃ လတာလောက် ဖတ်ရွေးမရှိဘူးဖယ်ပေးစဉ် ဖတ်ရွေးကြောင့်ရွာမစည်တာ ဖတ်ရွေးနဲ့ရွာစည် တာမဆိုင်တာပါ ဆိုတဲ့သူတွေ တကယ်ပိုစ့်တင် မတင် စောင့်ကြည့်ပေါ့ဗျာ။
    အဲဒီလို ခေတ္တရပ်ပြီး ဖတ်ရွေးကို ပုံစံသစ်နဲ့ ပြန်စမယ်ဆိုရင် ရွာပြင်ဇနပုဒ်တဲလေးမှာ ဆီမီးမှိန်မှိန်နဲ့ နေတဲ့ ခင်ခ ကို လာပြီးခေါ်လိုက်ဗျာ ပုဆိုးပြင်ဝတ်ပြီး လိုက်ခဲ့မယ်။
    တစ်ခုတော့ရှိတယ် လေထိုးရင် လေလျှော် သူတွေနဲ့တော့ ခေါ်မလာနဲ့။

  • ခင် ခ

    September 25, 2013 at 8:32 pm

    တစ်ချို့က ဖတ်ရွေးရှိတာကြိုက်တယ် ဖတ်ရွေးရှိလို့ ပိုစ့်ပိုရေးကြမယ်။ တစ်ချို့က ကိုယ်ဖာကို လွတ်လပ်စွာပိုစ့်ရေးတင်တာ ဖတ်ရွေးက ကောင်းမကောင်း လာတိုင်းတယ်ထင်လို့ ဖတ်ရွေးရှိတာ မကြိုက်ဘူး ဒါကြောင့် ဘက်မျှညီအောင် တစ်လလုံးအစား ဖတ်ရွေးမည့် ရက်အပိုင်းအခြား ဒါမှမဟုတ် ကန့်သတ်မှုတစ်ခု လုပ်သင့်တယ်ထင်တယ်။ ဒါကြောင့်ပြန်လည်ဆွေးနွေသတ်မှတ်ပြီးမှပြန်စပါဆိုတာ။ ညဖက် ဖုန်းနဲ့သုံးနေလို့ ခရီးမတွင်ဘူ အဘရေ

  • padonmar

    September 25, 2013 at 9:13 pm

    အရွေးမခံချင်ရင် ကိုခင်ခလိုပဲ အစကတည်းက မရွေးပါနဲ့ ပြောထားခိုင်းရင်ကောင်းမလား။
    ဒါမှမဟုတ် category ရွေးကတည်းက Not to choose ဆိုတာ ထည်းခိုင်းရင် ပိုလွယ်မလား။
    အကြံပေးကြပါအုံး။
    တချို့ကလည်း အရွေးခံချင်တယ်။တချို့က အရွေးမခံချင်ဘူး။တချို့က ဘာပဲဖြစ်ဖြစ်ရတယ်။
    အဲတော့ စာရေးသူတွေ သူတို့ဖာသာ ရွေးချယ်ခွင့်ကြိုပေးထားရင်ကော။
    ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြပါ။

    • ခရီးသည်ကြီး

      September 25, 2013 at 10:35 pm

      ဒီ​ကော်​မန်​့ကို ထင်​ရှား​စေချင်​လို့ ​ဆေးချယ်​ပါတယ်​။
      BC ​ရွေးမယ်​ဆို အားလုံးကို​ရွေးပါတယ်​။

    • ဦးကြောင်ကြီး

      September 27, 2013 at 8:52 am

      အနော်ရေးဒဲ့စာမှန်သမျှ မရွေးနဲ့…. ခွီးဒဲမှ ဆုမရမည့်အတူတူ သိပ်ခါအကျခံဗူးကွ.. ကြိုးချည်ထားမယ်… ခါဇမ်းကွာ ကြိုက်သလောက်… ခရစ်လေးရေ မောင့်ဂိုကယ်ပါအုံး…။ ဟောသည်မှာ မောင့်လျှာဂျီးကို ကြိုက်လို့ဒဲ့…

  • padonmar

    September 25, 2013 at 9:17 pm

    ရက်ပိုင်းဖို့က ခက်ပါတယ်။
    ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်သလိုဖြစ်နေမယ်။
    တခါတလေ အကြောင်းအရာက ခါတော်မီ တင်မှ ဖတ်ရမန့်ရတာ အရသာရှိပါတယ်။
    အဲသလို အကြောင်းတိုင်ဆိုင်လို့ ပေါက်ဖွားလာတဲ့ ပို့စ်ကောင်းလေးတွေကို ကြိုက်လွန်းလို့ ဆုပေးချင်ရာက ဖြစ်လာတာလေ။

    • ခင် ခ

      September 25, 2013 at 9:48 pm

      အမရေ ဥပမာ တစ်ခုပြောမယ် ကျွန်တော်တို့ကမြန်မာထမင်း ရောင်းတယ် အဲဒီတော့ မြန်ထမင်းဟင်းစားချင်တဲ့သူ ကျွန်တော်တို့ ရောင်းလို အားပေးချင်တဲ့သူ လာမယ် အခြား တရုတ် ယိုဒယား စာ စားချင်တဲ့သူမလာဘူး နဂိုကထဲ မြန်မာထမင်းဟင်းစားမယ်လို့လာတဲ့သူကို ကောင်းမွန်စွာ ဧည့်ဝတ်ပြု ဟင်းချက်ကောင်းကောင်းကျွေးရင် နောင်လာစားမှာဘဲ နဂိုကထဲ မြန်မာထမင်းဟင်း မစားချင်တဲ့သူ အတင်းခေါ်ကျွေးကြည့် ချီများမယ် အကောင်းမပြောဘူးပေါ့။ အဲဒီသဘောပါဘဲ ရက်သတ်မှတ်တယ်ဆိုတာဗျ။

  • ကိုပေါက်(မန္တလေး)

    September 25, 2013 at 10:30 pm

    ဖတ်ရွေးကြောင့် လူမစည်ဘူးလို့တော့ တထစ်ချ ပြောလို့မရဘူး။
    ဖတ်ရွေး စတင်စဉ်ကာလမှာ လူအဝင်မရော့ဘူးလေ။
    ဒါပေမယ့် ဖတ်ရွေးကို မနှစ်သက်သူလဲရှိမယ်။
    ဘာလို့လဲဆိုတော့ အချိိုက ကိုယ်ဝါသနာပါလို့ရေးတာကို လာပြီး အကဲဖြတ်တာ မနှစ်သက်သူလဲရှိမယ်။
    နောက်အပြိုင်အဆိုင်လုပ်ရတာမျိုးကို မနှစ်သက်သူလဲရှိမယ်။
    ဒါပေမယ့် ဘယ်သူမဆို ကိုယ်ရေးတဲ့စာလေးကို တန်ဘိုးထားတယ် နှစ်သက်တယ်ဆိုရင် ကျေနပ်ကြမယ်ထင်ပါတယ်။
    ဖတ်ရွေးကတော့ အခုလက်ရှိပုံစံအတိုင်း ပုခုံးပြောင်းပေးမယ်ဆိုရင်တော့ အရင်ရလဒ်ဘဲ ရမှာအမှန်ပါဘဲ။
    ဖတ်ရွေးဆက်ရှိစေချင်ရင် ပထမဆုံးလက်ရှိအဖွဲ့ကိုတရားဝင်ဖျက်သိမ်းလိုက်။
    တကယ်လုပ်ချင်သူ (ကိုခင်ခပြောသလို လေထိုးလေလျော်တွေမပါစေနဲ့)
    ကိုယ်ပိုင်အချိန်ထဲကနေ တကယ်ကို စိတ်ပါလက်ပါ လုပ်ချင်သူ
    တွေ စိတ်တူသူတွေစုလိုက်မယ် ဆိုရင် ဖတ်ရွေးကောင်းကောင်းပြန်လုပ်နို်င်ပါတယ်။
    အဲလို လုပ်မယ်ဆိုရင် စတင်ကတည်းက စည်းကမ်း သတ်မှတ်ချက်တွေ အတိအကျထုတ်ပြန်ဘို့လိုပါမယ်။
    (ဒီအထဲမှာ ပါမယ်သူ့တွေလိုက်နာဘို့ပါ)
    အဖွဲ့အသစ်ပြန်ဖွဲပြိး စည်းကမ်းတကျလုပ်မယ်ဆိုရင် ဖြစ်နို်င်ပါတယ်။
    ဒီလိုအလုပ်တစ်ခုဖြစ်မြောက်ဘို့ဆိုတာ ငွေအင်အားလိုသလို လုပ်နို်င်တဲ့သူလဲ လိုတယ်။
    လုပ်နိုင်တဲ့သူဆိုတာ တကယ်ကို အလုပ်နဲ့တူအောင် ကိုယ်ပိုင်အချိန်ကိုစွန့်လွှတ်နိုင်သူတွေလိုအပ်ပါတယ်။
    အဖွဲ့အသစ်သာပြန်ဖွဲမယ့် တကယ်ကို စိတ်ပါလက်ပါနဲ့ လုပ်မယ် ဖတ်ရွေးအဖွဲရဲ့ဆုံးဖြတ်ချက်ကလွဲရင်
    ဟိုလူမကြိုက်ဘူး ဒီလူမကြိုက်ဘူးဆိုတဲ့ အသံတွေကို ဩဇာခံစရာလိုဘူးဆိုရင်
    ဖတ်ရွေးအဖွဲ့မှာ စာတွေပြန်ဖတ်ပြိးရွေးပေးမယ်ဗျာ။-
    တစ်ခုတော့ရှိတယ် အလုပ်မလုပ်ဘဲ အာချောင်တတ်သူ ပါရင်တော့ ကျနော်မပါဘူး.။
    ဒါကတော့ မလုပ်ခင်ကတည်း ကကြိုပြောထားတာ။

  • ခင် ခ

    September 25, 2013 at 11:13 pm

    အကြံပေးခြင်းမျှသာနော် လုပ်ရမယ်မဟုတ်ပါ
    ကျွန်တော်ပြောတဲ့ရက်ပိုင်းဆိုတာ လ တစ်လကို တစ်ဝက်ပိုင်းမယ် ပထမ ၁၅ ရက်အတွင်းက ပိုစ့်တွေက ဖတ်ရွေးက ရွေးခွင့်ရှိကာလပိုစ့်လို့ သတ်မှတ် အဲ နောက်ပိုင်း ၁၆ ရက်ကနေ လငုန်ထိတင်တဲ့ ပိုစ့်ကို ဖတ်ရွေးက ဘာမှမလုပ်ဘူး အဲဒီတော့ လွတ်လပ်စွာရေးချင်သူတွေ အဲဒီမှာရေးလိမ်မယ် ။ ပြီးတော့ ပထမ ၁၅ ရက်အတွင်းမှာ တင်တဲ့ပိုစ့်တွေကို ဖတ်ရွေထဲဖတ်လို့ ရွေးချယ်တဲ့ထဲ ထဲ့မယ်ဆိုရင် အဲဒီ ဖတ်ရွေးအဖွဲဝင်က သက်ဆိုင်ရာပိုစ့်မှာ ကွန်မန့်နဲ့ သဘောထားမေးမယ် သဘောတူရင် ဖတ်ရွေးတဲ့ ထဲမယ်။ အဲဒီတော့ ဖတ်ရွေးရက်မှာလည်း ပိုစ့်တင်ပြီး မရွေးစေချင်ကြောင်းငြင်းနိုင်တယ်။ ဒါဟာဘာကိုအခြေခံ ပြောတာလဲဆိုရင် ပန်ချီပြခန်းလုပ်တယ် ပန်းချီကား ရောင်းချင်တဲ့သူက ဈေးနှုန်းကပ်ပြီးလာထာတယ် ဒါကတော့ရှင်းတယ် နဂိုထဲကရောင်းမှာ နောက်တစ်ခုက not for sale ကပ်ပြီးလာထားတယ် ဒါပြရုံဘဲလေ နောက်တမျိုးက လာချိတ်ထားပြီး ပြခန်းတာဝန်ခံကိုပြောထားတယ် ဝယ်ချင်သူရှိရင် ဈေးညှိရောင်းမယ် မရောင်းရလည်းကိစ္စ မရှိပေါ့။ ဒါပေမယ့် အဲဒီမတူတဲ့ သုံးမျိုးမှာ တူတာတစ်ခုရှိတယ် ဘာလဲဆိုတော့ ပြခန်းပွဲလုပ်တဲ့ အချိန်အတွင်းမှာ လာထားကြတာဘဲလေ။ ဒါကြောင့် ရက်ကန့်သတ်လို့မဖြစ်ဖူး ဆိုတာကို ပြန်သုံးသပ်စေချင်တယ်။ ပြီတော့ တစ်လမှာ တစ်ဝက်စီမို့ ဘယ်ဘက်အပိုင်းရက်က ပိုစ့်ပိုစည်သလဲ တစ်ခါတည်းအကဲခတ်လို့ရတယ် လတိုင်း နောက်ပိုင်း၁၅ ရက်က ဘဲ ပိုစည်ကားနေရင်တော့ ဘာလုပ်မလဲ တစ်ခါတည်းအဖြေထုတ်လို့ရတယ်။ ဒါကတော့ အဘဖောတို့လို ငွေအား လူအား စိုက်သူတွေအတွက် အကျိုးမဲ့ ကုန်တာမျိုးလည်း မဖြစ်စေချင်တဲ့ သဘောပါ။ အဲ လဆန်း ၁၅ ရက်အတွင်း ပိုစ့်တွေစည်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ စိတ်ထဲရှိတာ ပြောကြည့်တာနော် ရွှေစိတ်တော်တော့ မငြိုးကြနဲ့ပေါ့။

  • ဝင့်ပြုံးမြင့်

    September 26, 2013 at 12:09 am

    ရွာသိပ်မစည်တာက အနီအစိမ်းစနစ်တွေ၊ ဗုတ်စနစ်တွေ၊ ဖတ်ရွေးစနစ်တွေ အဲဒါတွေနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ တကယ်ဆိုရင် စာရေးရတာ မလွယ်လှဘူး။ ဖွဘုတ်မှာ ရေးရသလို မဟုတ်ဘူး။ စာရေးရတာ မလွယ်လို့ ရွာသိပ်မစည်တာလို့ပဲ ထင်ပါတယ်။ အိုင်ဒီယာရှိနေရင်လည်း အချိန်ရှိမှ စာရေးလို့ရတယ်။ စာရေးပြီးရင်လည်း တင်နိုင်ဖို့။ ကွန်ပူက ပြဿ နာရှိရင်လည်း ဦးနှောက်ခြောက်ရပြန်ရော။ ကျမ ကွန်ပူက အခုဆိုရင် ဖောင့်ကွန်ဗာတာ ပြောင်းတာလေး ပျောက်နေပြန်ပြီ။ ဗိုင်းရပ်စ်သတ်ရင်း ပါသွားတာ။ ဒါကြောင့် ဘာသာပြန် ဆက်မတင်နိုင်သေးတာ။ ဥပမာပြောတာပါ။ အဲလို ပြဿ နာတွေကြောင့်ရော၊ စာရေးဖို့မလွယ်တာကြောင့်ရောပါ။ သိပ်ပြီး ဆန်းဆန်းပြားပြား တွေ မတွေးကြပါနဲ့။ တကယ့်အရှိတရားက ဂဇက်ရွာဟာ သိပ်ပျော်စရာကောင်းတဲ့ virtual community လေးပါ။ အဆဲခံရရင်တောင် ပိုပြီး နေသာထိုင်သာ ရှိသွားသလိုပဲ။ အနီလောက်များတော့ သကြားလုံးလေး ကျွေးသလို။

    • Foreign Resident

      September 26, 2013 at 4:57 am

      ဝင့်ပြုံးမြင့် says:
      ” အဆဲခံရရင်တောင် ပိုပြီး နေသာထိုင်သာ ရှိသွားသလိုပဲ။
      အနီလောက်များတော့ သကြားလုံးလေး ကျွေးသလို ”

      မှန်ပါ့ ။ ဟီ ဟိ ။
      ဒါပေမယ့် ၊ မဝင့်ပြုံးမြင့် ရေ ။
      လူသစ်လေးတွေကတော့ အဲဒါကို နဲနဲ ခံစားပုံရတယ်ဗျ ။

  • အလင်းဆက်

    September 26, 2013 at 7:35 am

    ကျွန်တော်ကတော့
    ကျွန်တော်ရေးတဲ့စာ ရွေးချင်ရွေး မရွေးချင်နေ
    ရွေးစေချင်လို့ရေးတာလည်း မဟုတ်
    မ ရွေးစေချင်လို ့ မရေးဘူးလည်း မဖြစ်
    ရေးသင့်တာ ရေးချင်တာကို ရေးနေဦးမှာ

    ကျွန်တော့် comment နီချင်နီ စိမ်းချင်စိမ်း
    သိပ် ခံစားချက်မရှိ။
    ဒီတော့ သံယောဇဉ်နဲ့ စာရေးချင်စိတ် အဲဒီ နှစ်ချက်ထဲနဲ့ ရွာမှာ ဆက် ရှိနေမှာ

    🙂

    • KZ

      September 26, 2013 at 8:34 am

      မှန်တယ်။
      မှန်တယ်။
      ဂလိုပဲ ရေးချင်တာကို ရေးချင်တဲ့ အချိန်မှာ ရေးရတာကို ဘယ်လိုကြိုက်မှန်းမသိ ကြိုက်ပါသည်။
      အဲလို ရေးရ တင်ရတာကို အနစ်နာခံရတယ်လို့လည်း သဘောမထားပါ။ အဟိ ခွိခွိ ခိခိ ခုခိခုခိ
      😀 ;-D
      ရေးချင်နေသ၍ ရေးမှာဖြစ်ပြီး မရေးချင်တော့တဲ့ အချိန်မှ ရပ်မှာဖြစ်ပါကြောင်းးးးးးးးးး
      ရေးခြင်း ရပ်ခြင်းမှာလည်း ဘယ်သူ့ ပယောဂမှ ပါဝင်မှာမဟုတ်သလို ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဟု ဘယ်တော့ မှ အကြောင်းရှာမည် မဟုတ်ကြောင်းးးးး
      ဒါသည် တဂျီးရဲ့ ဝက်ဆိုက် မဟုတ်။
      ကိုယ်တွေ ဝက်ဆိုက်လို့ ပဲ သဘောထားကြောင်း ကြေညာအပ်ပါဒီ ခင်ညားးးးးးးးး
      :mrgreen:
      :mrgreen:

  • kyeemite

    September 26, 2013 at 8:49 am

    ရွာသူားများခင်ဗျား
    ဖတ်ရွေးနဲ့ပါတ်သက်ပြီး တက်တက်ကြွကြွ
    အကြံဉာဏ်တွေဝင်ပေး ဆွေးနွေးပေးကြတာ
    ကျေးဇူးတင်ပါတယ်…မှတ်လည်းမှတ်သားထားပါတယ်
    ဒီလိုဆွေးနွေးဝေဖန်၊ အကြံဉာဏ်တွေထွက်လာအောင်
    ပို့စ်တင်ပြီး အစပြုပေးတဲ့ ခရီးသည်ကြီးကိုလည်းကျေးဇူးအထူးတင်ပါတယ်…
    ကျနော်တို့လည်း လာမဲ့တနင်္ဂနွေနေ့ ဆုံနိုင်သမျှသောရွာသူားတွေနဲ့
    တွေ့ဆုံကြပြီး တစ်ခုခုဆုံးဖြတ်ကြဖို့စီစဉ်ထားပါကြောင်း အားလုံးကိုအသိပေးချင်ပါတယ်…
    ခင်မင်လေးစားစွာဖြင့်..
    ကြီးမိုက်။ 🙂

  • ကျွန်တော်ရေးသမျှကတော့ ကွန်မန့်လည်း ပေးချင်ပေး မပေးချင်နေ
    စိမ်းစိမ်း နီနီ လည်း နားမလည် .. မသိ .
    ကိုယ်ကျေနပ်လို့ရေးတာပဲဗျာ .. ဆုတွေ ဆက်တွေလည်းခေါင်းထဲမှာမရှိပါဘူး
    ရွေးတာတွေ မရွေးတာတွေလည်းခေါင်းထဲမပေါ်
    အကြိုက်ချင်းတူရင် ဖတ်သွားပေါ့ဗျာ ..မကြိုက်ကျော်သွား ..
    ဟာသလေးတွေ ရေးတော့လည်း ဖတ်တဲ့သူ ရယ်ဖြစ်သွား အမြတ်ပဲ
    ရေးချင်စိတ်ရှိလို့ စာရေးတယ်
    ကျန်တာ စိတ်ထဲဘာမှမရှိလို့ အေးချမ်းပါကြောင်း .. 😀

    • ခင် ခ

      September 26, 2013 at 11:44 am

      မနှင်းဖြူ မှန်မှန်ပြော ရေးထားတာလေး ဂွတ်လှပါတယ်ဗျာ။ LIKE

  • Mahar Myanmar

    September 26, 2013 at 4:44 pm

    ကျွန်တော် ကော ဘာ ရေး ပေးရမလဲ ဟင်..
    ဘာ မှ မသိဘူး ..ဘာ မှ မဖြစ်ဘူး..
    ဘာ မှ မရှိဘူး…
    ငြင်းခုန် ကြတော့ မယ် ဆိုရင် တော့ လက်နက် ရောင်းမယ်
    ဗျား…
    ငြိမ်းချမ်း ရေး လက်နက်…

    • အလင်းဆက်

      September 26, 2013 at 7:55 pm

      တိန်…. စကားလုံးလေး..လှထာ…
      ငြိမ်းချမ်းရေး လက်နက်တဲ ့…

  • အခုပြောနေကြတာက ရွာထဲမှာစာရေးတဲ့သူ ဖတ်တဲ့သူနည်းလာလို့ပြောနေကြတာပါ။
    ဖတ်ရွေးတာမရွေးတာအဓိကမဟုတ်ပါဘူး။
    ရွေးတယ် မရွေးဘူးမရှိခင်ကတည်းက ရွာထဲမှာစာတွေအများကြီးရေးခဲ့တဲ့လူတွေ
    အများကြီးရှိပါတယ်။
    အဲတော့ ပါးစပ်နဲ့ပြောနေတာ ကြာပါတယ်။
    စာတွေများများရေးကြပါ။
    ကော်မင်းတွေများများပေးကြပါ။
    အဓိကအချက်က အဲတာပါဘဲ။

  • Wow

    September 27, 2013 at 3:44 pm

    အဟမ်း… အဟမ်း….
    နေတိတ်မကောင်းသေးလို့ ချောင်းဝင်ဟန့်တာပါ… ဘာမှဟုတ်ဝူးရယ်… ဆက်ငြင်း.. အဲလေ.. ဆက်ပြောဂျ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 27, 2013 at 4:47 pm

    ဘါဘဲဖြစ်ဖြစ်ပါ
    ဒီပို့စ်ကိုရေးတဲ့အချိန်မှာ
    သောက်ထားတဲ့အရက်ကတော့
    စစ်တယ်လို့ ကျုပ်အာမခံဒယ်

  • ငဂျစ်

    September 28, 2013 at 1:35 pm

    ခရီးသည်ကြီးပြောတာကို လက်ခံတယ်ခင်ဗျ… ဒါပေမယ့်
    လက်ရှိလုပ်နေတဲ့ လုပ်ထုံးလုပ်နည်း ပုံစံလေးကိုလည်း သဘောကျတယ်…
    ဘလိုပဲလုပ်လုပ် လုပ်သာလုပ်ကြပါ.. ကျနော်ကတော့ ဘာမှ မစဉ်းစားတတ်
    မပြောတတ်ပါဘူးဗျာ……

  • u kyein

    September 29, 2013 at 5:07 pm

    ခရီးသည်ကြီးပြောစကားတွေကကျနော်တို့လို……..ခြေတက်လေးတွေအတွက် အားရှိသဗျ ာ
    နိူ့မို့ဆို တယ်မျက်နှာငယ်ရသကိုး…….
    မောင်မင်းကြီးသားကျမ်းမာလို့ ချမ်းသာပါစေဗျ ာ…..။

  • TNA

    September 29, 2013 at 6:27 pm

    ဆက်လက်ငြင်းခုန်ပါ။ အဖြေတခုတော့ကောင်းကောင်းထွက်လာမှာပါ။ သများတော့သိပ်နားမလည်လို့ နားလည်သူများဆွေးနွေးတာစောင့်နေပါတယ်။ ကျွန်မကတော့ ကိုယ့်စာလေး ကွန်မင့်ရရင်ပျော်ပါပြီ။ ဖတ်ရွေးထိပါရင်တောင်အတော်ပျော်နေဘီမို့ ကျန်တာတော့ မဲရခြင်းမရခြင်း ဆုရခြင်းမရခြင်းသိပ်မခံ စားမိပါဘူး။ ကိုယ်ရေးချင်လို့ပဲရေးတာဖြစ်တာမို့ ယခုစနစ်ကိုတော့ဝေဖန်ရန်မရှိပါ။

Leave a Reply