Jamboree of Jackal and Jackass

ဘာဖြစ်နေမှန်း မသိဘူး …. ခုတလော စိတ်ထဲ မတင်မကျနဲ့ ဘဝင်လဲ မကျခြင်ဘူး။

ကိုယ်တွေကသာ စိတ်အနှောင့်အယှက် ဖြစ်နေတာ သူတို့တွေက ပျော်ပျော်ရွှင်ပါ။

မင်း မနာလိုဖြစ်နေတာလား … ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ် … စိုးစဉ်းမျှ ထိုစိတ်မရှိ …. ဒါဆိုရင် ဘာဖြစ်နေတာလဲပေါ့ … ??? … ကျနော် မဖြေတတ်ပါ။

ခင်ဗျားတို့ ပြောနေ လုပ်နေတာတွေကို ပုံပြင်တပုဒ် ဖတ်ပြခံနေရသူလို မျက်ဝန်းတွေ အကြောင်သားနဲ့ အံ့ဩဖွယ် မျက်နှာပေးထားဖို့ ကျနော် ၅နှစ်သားလေး မဟုတ်တော့ပါ…။

ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားတာတော့ အမှန်။ နောက်ပီး ရေဆန်သလို ကိုယ်က ပြန်ပီး နားလည်ပေးထားတယ်။ ကြည့်ကျက်လုပ်ကျပါဗျာ ….

လေးစားပါတယ်

လေးစားပါတယ်

လေးစားပါတယ် ….. ။

ဒါပေမဲ့ ခင်ဗျားပြောသလို “ခုချိန် ငါ့ရှေ့မှာ မင်းရှိနေလို့ကတော့ အရေခွံ ဆုတ်ပြစ်မယ်” ဆိုတဲ့ စကား ကျုပ်နားမှာ တော်တော်ခါးတယ် ….။

ရာဇဝင်တွေ ပြန်လှန်ကြေးဆို ဆိုရိုးကိုတောင် ချိုးခဲ့တဲ့ ကျုပ်လိုကောင် ….. အဲ့လူတောင် သေရှာပါဘီ …. ဘာတဲ့ ????

” နံရံကို ကြက်ဥနဲ့ ပေါက်ရင် ကြက်ဥဘဲ ကွဲတယ်တဲ့ ” အဟေ့ …. ” ကြက်ဥကွဲတာ ဟုတ်ပါဘီ ခင်ဗျား နံရံကြီးကရော ပကတိ အတိုင်းဘဲလားလို့ ” ပြန်မေးယုံတင် မဟုတ် လက်တွေ့လည်း ပြခဲ့ပါတယ် … ။

ဆိုတော့ ကိုယ့်ဆြာရယ် … ချဉ်ပေါင်ဟင်းနဲ့ ဝက်သားဟင်း လဲကြေး ကြေငြာရရင် ….

ခင်ဗျား ကလည်း ဝက်သိုး ဟင်းသိုး ပြုတ်မနူး ….. ၊

ကျုပ်ကလည်း ကလေကဝ ချဉ်ပေါင်ရိုင်း ချဉ်တာထက် ခါးတာပိုတယ်….။

ဒီတော့ လဲကြစေသတည်းပေါ့ ….

 

ဇာတ်လမ်းကို အဆုံးသတ်ရရင်

ခင်ဗျားက လူပြိန်း …..

ကျုပ်ကလဲ ခွေးအ ….

ပျော်ပွဲရွှင်ပွဲကြီး စပြီပေါ့ဗျာ ….

🙁

တယောက် ၁၃တောင့်ပါဘဲ

ကွိ … ကွိ

x x x x x x x x x x x x x x x  x x x  x x x x  x x x  x x x  x x  x x x  x x  x x  x x x x x  x x x  x x x  x x x x x  x x  x  x x  x x  x x x

 

ဘာရယ် မဟုတ်ပါဘူးဗျာ … ဂနေ့ လုပ်လက်စ လုပ်ငန်း အဆုံးတောင် သတ်လို့ ၁၈ရက်နေ့ လုပ်ငန်းတောင် အပ်တော့မယ်

ကိုယ့်ဆြာ ကြီးကြီးမာစတာက ဘယ်သူ မြှောက်ပေးတယ် မသိ အဖေနဲ့ သားအရွယ်ကို အွန်လိုင်းမှာ လူငှားပီး ( သူစာမရိုက်တတ်လို့ သောက်ပြင်းကြီးတာ မဖြစ်နိူင် ) ရှယ် ဖြဲတယ်

ကိစ္စက ရလိုမှုတဲ့ … ပထမတော့ သည်းခံ ရှင်းပြနေသေးတယ် … ကျနော် လခစားပါ …. ကြားက ချိတ်ပေးတဲ့ အေးဂျင့်နဲ့ဘဲ ပြောပါ ဆိုတာကို …..

ဟိုအေးဂျင့်(ဝါ ) အလုပ်ပွဲစားက မာန်နတ်လောက် ရှိတော့ အနှီ ဒေဝဒတ် မဆီမဆိုင် ကျနော့်ကို လာရမ်းတယ် ….

ဒါမှ အားမရ မင့်ငါ့ကို ဖုန်းဆက်စမ်းကွာတဲ့ ကမာ္ဘ့ ခေါ်ဆိုခ အကြီးဆုံး ဖုန်းကို ခေါ်ခိုင်းတယ် …. ပီးတော့ တလုံးတပါဒမှ နားမထောင် လွှတ်ဆဲပါလေရော …

ကိုယ်တွေက ခိုင်းလို့လဲ လာလုပ်ရသေးတယ် … သူရို့စိတ်အထင် ဒီအလုပ်ကဘဲ ဒေါ်လာ သန်းချီရနေတဲ့ အပေါက် ….

စိတ်ပေါက်ပေါက်နဲ့ ဆဲပလိုက်တယ် …  🙂

အဲ့ ပုဂ္ဂိုလ်ကြီးတော့ မသိ ကျနော်တော့ ခုထိ အိပ်မရဘူး … ဒေါသတွေ အလိ်ပ်လိုက် ထွက်လို့  … ဒီမှာ လာရင် ဖွင့်တာ …

 

အားလုံး စိတ်အနှောင့်အယှက် ဖြစ်ရင် တောင်းပန်တယ်ဗျာ ….

 

တော်သေးဘီ …

 

15 comments

  • အလင်း ဆက်

    July 11, 2013 at 7:58 am

    ကျွန်တော်က ဝက်သိုးမဟုတ်ပါဘူး
    လူသိုးပါ
    ထမင်းသိုး ဟင်းသိုးနဲ့ တစ်သဘောထဲရယ်ပါ ။
    😆

    • ရဲစည်

      July 11, 2013 at 12:42 pm

      ဟုတ်ကဲ့ …
      မှတ်လိုက်ပါဘီဗျာ ..
      ဆြာ၄ ဒညင်းသိုး အဲလေ ယောင်လို့ အလင်းသိုး
      😀

  • KZ

    July 11, 2013 at 8:05 am

    ခင်ညားတော့မသိ။
    ကျုပ် တော့ ဒေါသထွက်ရင် နှလုံး (နေရာ) ကို ရေခဲကပ်ရတဲ့ထိပဲ။ 🙁
    ဒေါသဆိပ်တက်တာ။
    ကျန်းမာရေးတွက်မကောင်းလွန်းလို့ ကြိုးစားလျှော့ထားတယ်။
    ရင်ဖွင့်နည်းပဲ သုံးပါအေ။ ဒါက ကောင်းပါတယ်။

    အသည်းနှလုံးနေရာပြောတာနော်။ ရေခဲမှားကပ်မစိုးလို့။ :mrgreen:

    • ရဲစည်

      July 11, 2013 at 12:36 pm

      ဘယ်နှလုံးမှတော့ ရေခဲကပ်ရဘူးဗျ အဟီး …
      JD တလုံးတော့ သုံးပိုင့် ပြောင်သွားတယ် …
      ပြန်စဉ်းစားလိုက်
      မော့လိုက်နဲ့ … မိုးကိုလင်းရော
      :mrgreen:

  • ဦးကျောက်ခဲ

    July 11, 2013 at 8:56 am

    ဆိတ်လျှော့ကိုရင်…
    ကျောက်စ်လည်း ဟိုတလောက အသက် ၆ဝနီးနီး အဖိုးကြီးနဲ့ စကားများရသေးတယ်…
    အတော်တင်းလာလို့ မောင်းထုတ်မိတဲ့အထိပဲ၊ ပြန်စဉ်းစားမိရင် စိတ်တော့မကောင်းပါဘူး…
    အဲသည်တော့ စိတ်ပေါက်လာရင် ရင်ဖွင့်လိုက်၊ ပေါ့ သွားတာပေါ့…

    • ရဲစည်

      July 11, 2013 at 12:32 pm

      လျော့ထားပါတယ် အူးလေးရယ် ….
      ဒင်းတို့ ဒီသောက်ကျင့်တွေ မဖျောက်သေးသ၍ တိုးတက်မယ် မထင် ..
      🙁
      ဘက်ဂျက် ၁၀၀၀ဝ တန်လောက်ကို ၁သိန်းလောက်တင် … ပီးရင် အဆင့်ဆင့် ရိတ်ကျ လှီးကျ
      နောက်ဆုံး ကိုယ်တွေက ကိုယ်တင်ထားတဲ့ အက်စတီမိတ် မှီရင် ရသမို့ ဘာမှ မပြောလိုပါဘူး
      အဲ့တာတောင် အားမရ ကိုယ့်ဆြာများ ဟိုဟာဝယ်ပေးအုံး ဒီဟာပို့ပေးအုံးနဲ့ …. ။
      အဲ့တာကြောင့်မို့ မြန်မာပြည်က အဆောက်အအုံတွေ အုတ်ကန်နီးနီး အဆင့်ဘဲ ရှိတာ
      ကတောက်စ်

  • kyeemite

    July 11, 2013 at 9:03 am

    ခွေးအ ရဲ့ပေါက်ကွဲသံ
    ဘဝဂ်သို့ တိုင်ညံ
    လူပြိန်းက မခံ
    အသားကုန်ပြန်ကာဆဲ
    အကွဲနဲ့အဆဲပြိုင်
    ခွေးအ မနိုင် :mrgreen:
    ယိုင်တိုင်တိုင်ခွေကာလဲတယ်
    အိပ်မရပြီပဲ။

    • ရဲစည်

      July 11, 2013 at 12:40 pm

      ဟိုက်ရှ် ..
      တယ်မိုက်တဲ့ ကဗျာပါလား ဦးမိုက်

      ဇဂါးမစပ် တံဆိပ် အသစ်တမျိုး တွေ့ထားတယ်ဗျို့

      ငြိ … ညိ 😛

  • လူဒွေ .. လူဒွေ ..
    ဒေါသ ထွက်လာရင် …
    ဘာလို့ ဆဲရဒါလဲ ???
    ထွက်လာဒဲ့ ဒေါကကို ပြန်သွင်းလို့ ရဒဲ့ နည်းဂေါ ချိဘူးလား သိဘူး …

    ထားဘာဒေါ့ …
    ကျုပ်ဒေါ့ဖင့် ဒေါသတွေ အတောင့်လိုက် ထွက်လာရင် …
    အိပ်ဒါထဲ တွားပီး အီးအီး ပါပလိုက်ဒါဘဲ … :mrgreen:

    • ရဲစည်

      July 11, 2013 at 12:38 pm

      ဒါဆို အံဂျီးက ဒေါသထွက်လို့ ဖြည်တဲ့
      တက်ကနစ်ကို ဒတ်ပုံလာရိုက်ဦးမယ် …
      ကဗျာအတော်ဆန်တာဘဲနော် .. အဟတ်

      ဒေါသဖြင့်ပေကျံနေသော အီးတုံးများပေါ့
      🙂

  • ဗုံဗုံ

    July 11, 2013 at 1:36 pm

    အူးလေးကွဲစည် ဒီတစ်ခါ ဒေါသထွက်လာရင်
    ကင်းမြီးကောက်ထောင်ပြီး အား ဆိုပြီးအော်လိုက်သိလား
    ဒေါသတွေ အောက်ပြုတ်ကျသွားလိမ့်မယ် :mrgreen:

  • Shwe Ei

    July 11, 2013 at 4:36 pm

    အော် ဒါ့ကျောင့် စောစောစီးစီး အွန်လိုင်းရောက်နေသကိုး…ကွိ ကွိ

  • TNA

    July 11, 2013 at 6:36 pm

    လူကြီးလေလေဆဲလေလေ ငါတကောကောလေပဲလားမသိပါဘူး။ သူတို့က စိတ်ကောက်ရတာနဲ့ အပေါ်စီး ကဆဲရတာနဲ့။ အလိုက်မသိရကောင်းလားလို့ မခေါ်နိုင်မပြောနိုင်ဖြစ်ရတာနဲ့။ သောက်ကျိုးနဲအထက် စီးတွေ ပေါ့အေ။

    • ဘင်္ဂလားပင်လယ်အော်မှ အသားအမည်းဆုံး ယောင်္ကျားတစ်ယောက်

      July 12, 2013 at 12:02 am

      အင်း …. အဲ့ဒါ လက်ရှိဖြစ်နေတဲ့ အမှန်တရား ပေါ့ဗျာ …..

Leave a Reply