Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အစွန်း ……… တစ်ခုဆီသို့

သုရွင္July 12, 20131min3334

“Non-violence is a sign of strength, self-confidence and truth.”

အကြမ်းမဖက်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်ခြင်း၊ အမှန်တရားနဲ့ ခွန်အားရှိခြင်းတို့ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။

592244_123701504326371_1096872351_qBuddhism

https://www.facebook.com/BuddhistPeople?ref=stream&hc_location=stream

 

ကျွန်တော်တို့ နို်င်ငံမှာ ကွဲပြားနေတဲ့ အမြင်တွေရယ်၊ အယူအဆတွေရယ်၊ ဝါဒတွေရယ် ကိုယ်စီကိုင်စွဲ ထားတဲ့ လူတွေရှိကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ဦးတည်ချက်ပန်းတိုင်ကတော့ အံဩစရာကောင်းလောက်အောင်၊ မယုံကြည်စရာကောင်းလောက်အောင် တူညီနေတာတွေ့ရပါတယ်။ ဒါကတော့………

မြန်မာဆိုတဲ့ တိုင်းပြည်ကို ပိုမိုကောင်းမွန်တိုးတက်ပြီး အေးချမ်းသာယာ လိုကြခြင်းပဲဖြစ်ပါတယ်။ ဘယ်သူမှ စိုးရိမ်ကြောင့်ကျပြီး မနေလိုကြပါ ဘူး။ ဘယ်သူမှ ပူပင်သောက မရောက်လိုကြပါဘူး။ ဒါကို ဘယ်သူမှ မငြင်းခုံနိုင်ပဲ သဘောတူကြမှာဖြစ်ပါတယ်။

ကွဲပြားနေကြသည့်အမြင်များမှာ… ထိုသို့အေးချမ်းသာယာပြီး တိုးတက်တဲ့ နို်င်ငံ အဖြစ်သို့ရောက်အောင် သွားကြမယ့်လမ်းမှာ ၊ အထင်တွေ၊ အမြင်တွေ၊ ပြီးတော့ စိတ်ခံစားမှုတွေ၊ အသိပညာခေါင်းပါးမှုတွေ၊ တစ်ဖက်စွန်းရောက်မှုတွေ၊ အုပ်စုဖွဲ့မှုတွေ မတူညီကြတဲ့အခါ ညှိနှိုင်းဆောင်ရွက် ကြမယ့်အစား ပြဿနာ အသေးအမွှားက အစ တုန့်ပြန်ပုံတွေ မှားယွင်းလာရပါတယ်။ ဒီချက်က ကွဲပြားနေကြတဲ့ အုပ်စုတွေ တိုင်းမှာ ဖြစ်နေကြတာပါ။

အများစုသော လူမျိုးစုဖြစ်တဲ့ ဗမာတွေအမြင်မှာတော့ အစ္စလမ်ဘာသာကို ပြဿနာပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အကြမ်းဖက် ဝါဒ တစ်ခုအဖြစ်မြင်နေပြီး ထိုဘာသာဝင်တို့မရှိမှ တိုင်းပြည်အေးချမ်းမည်ဟု မြင်နေပါသည်။ အနည်းဆုံး ထိုဘာသာဝင်များ ပြန့်ပွားလာမှုကို စိုးရိမ်ကြောက် ရွှံ့လာပြီး ထိန်းချုပ် နို်င်ရန် ကြိုးစားလာကြသည်။ ကမ ္ဘာပေါ်ရှိ အခြားအစ္စလမ္မစ် နိုင်ငံများရှိ အမည်းရောင်ပုံရိပ်များကို လက်ရှိ ပြည်တွင်းနေ မွတ်စလင် များထံသို့ ပူးတွဲပြီး ပုံဖော်ကြသည်။

အစ္စလမ်အမြင်မှာကား လူအနည်းစုဖြစ်သော ၎င်းတို့အပေါ် အများစု က လူအင်းအားဖြင့်သော်လည်းကောင်း၊ အယူဝါဒ အားဖြင့်သော်လည်းကောင်း၊ နိုင်ငံရေး လမ်းစဉ်များဖြင့်သော်လည်း၊ ဘာသာရေးလွတ်လပ်ခွင့် အရသော်လည်းကောင်း ခွဲခြားထားသည် နှိပ်ကွပ်ထားသည် နှိမ်ထားသည် စု မြင်နေ ကြသည်။ ဘာသာများထဲတွင်ပင် အစ္စလမ်ဆိုပါက မြန်မာနိုင်ငံအတွင်း တွင် အထူးပင် ခွဲခြားနှိပ်ကွပ်ထားသည်ဟုမြင်သည်။

နိုင်ငံရေးတွင်သော်လည်းကောင်း၊ စစ်ဖက်၊ ရဲဖက်နှင့် အခြားပြည်သူ့ဝန်ထမ်းများတွင် အစ္စလမ်တို့ သည် ပါဝင်ခွင့်မရခြင်း၊ တားမြစ်ပိတ်ပင်ခံရခြင်း၊ အရာမသွင်းခံရခြင်းတို့ကြောင့် မျိုးရိုးလိုက် မြန်မာန်ုိင်ငံအတွင်းတွင်နေထိုင်လာကြသော မွတ်စလင်တို့အနေဖြင့် မျိုးရိုးလိုက်နာကြည်းဖွယ် ရာများ ပင်ဖြစ်သည်။ အလယ်အလတ်လမ်းစဉ်လိုက် မွတ်စလင်များရှိခြင်း ကြောင့်သာလျှင် အကြမ်းဖက်လုပ်ရပ်များ အနည်းနှင့်အများ ပေါ်ထွက်မလာ ခြင်းဖြစ်န်ုိင်ပါသည်။ သို့သော် အရှေ့တောင် အာရှ ရှိ အင်ဒို၊ မလေး၊ ဘရုနိုင်း၊ ဘင်္ဂလားစသော နိုင်ငံများက မြန်မာနိုင်ငံသည် ရေရှည် ဤ သို့ ဆက်သွား နေပါက မွတ်စလင်များ အကြမ်းဖက် အစွန်းရောက်များဖြစ်လာနိုင်သည် ဟု ခန့်မှန်း သတိပေးနေကြသည်။

ကုလ သမဂ္ဂနှင့် နိုင်ငံတကာ ကလည်း မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်မှ လာသော ဘင်္ဂလီခေါ်ခေါ် ( ၎င်းတို့အဆို ရိုဟင်ဂျာ) များကို ပြည်တွင်းတွင်နှစ်ပေါင်းများစွာ ( ၁၀၀) ပတ်ဝန်းကျင်နေထိုင်လာကြသည့်အတွက် နိုင်ငံသားအဖြစ်အသိအမှတ်ပြုရန် ဖိအားပေးလျှက်ရှိသည်။ ၎င်းတို့ အမြင်တွင် အဓိက ပြဿနာအရင်းအမြစ်သည် ထိုကိစ္စဖြစ်သည်ဟု ထင်နေသောကြောင့်ဖြစ်သည်။ ပြဿနာအားလုံးတို့အရင်းအမြစ်သည် ထိုလူများ နိုင်ငံသားဖြစ်ခြင်းနှင့် ပြည်တွင်းနေ နိုင်ငံသားအားလုံးသော အခွင့်အရေးများ ရရှိခြင်း ဖြစ်သည်။ ထိုမှ တစ်ဆင့် တရား ဥပဒေ စိုးမိုးမှု ရှိ ခြင်း သည် ဒုတိယ အလိုအပ်ဆုံးဖြစ်သည်ဟု တွက်ဆကြပါသည်။

ယခုမြန်မာ့ ဗုဒ္ဓဘာသာတို့အပေါ် နိုင်ငံတကာမှ အထင်သေးအမြင်သေးဖြစ်နေကြသည်ကို ငြင်းချက်ထုတ်၍ မရပါ။ ဗုဒ္ဓ၏ လမ်းစဉ်ကို အကြမ်းမဖက်သော အေးချမ်းသော ၊ ဘာသာတိုင်းနှင့် ဟာမိုနီ ဖြစ်သော ဘာသာအဖြစ် တစ်ကမ ္ဘာလုံးက မြင်နေသည့်အမြင်ကို အနည်းနှင့်အများ ထိခိုက်လျှက်ရှိသည်ကို ကျွန်ုပ်တို့ ငြင်းချက်မထုတ်နိုင်ပါ။ လက်မခံချင်သော်ငြားလည်း ဤသည်မှ အမှန်တရားပင်ဖြစ်သည်။

အီဂျစ်တွင် အစွန်းရောက်မွတ်စလင်များက တစ်ဖက် အလယ်အလတ်ရှိသော မွတ်စလင်များ အပါအဝင် အခြားဘာသာဝင်များနှင့် လစ်ဘရယ် အယူရှိ သောလူများက တစ်ဖက် ပဋ္ဋိပက္ခများဖြစ်လျှက်ရှိပြီး နိုင်ငံ၏ စည်းပွားရေးလည်း ကျဆင်းလျှက်ရှိသည်။ မိုဟာမက်မော်စီ ၏ မွတ်စလင်ဘရား သားဟုတ်သည် မွတ်စလင်ဥပဒေများကို နိုင်ငံရေး လောကထဲအထိ အစားထိုးသွတ်သွင်းလားခြင်း ၊ စစ်ဖက်နှင့် ရဲဖက်အရာရှိများကို ဘရားဟုတ် အသင်းဝင်များ အစားထိုးခြင်းကဲ့သို့သော အစွန်းရောက် အာဏာရှင်ဆန်သည့် အလုပ်များများလုပ်လာခြင်းကြောင့် တိုင်းပြည်တွင် ပြည်တွင်းစစ် ဖြစ် မည့် အရိပ်အရောင်များရှိလာတော့သည်။

မြန်မာတို့အနေဖြင့် မွတ်စလင်ဘရားသားဟုတ်ကဲ့သို့ အလွန်အမင်းအစွန်းရောက်ခြင်းမရှိကြပါ။  ဗုဒ္ဓ၏ တရားတော်များ ( ဓမ္မသတ်) ကဲ့သို့သော ဥပဒေ များကိုလည်း ပြန်လည် အသုံးပြုဖို့ မတောင်းဆိုကြပါ။ သို့သော်လည်း တစ်ဖြည်းဖြည်းအမျိုးသားရေးဝါဒ အင်အားကြီးသောကြောင့် တိုင်းပြည် တို်းတက် ရေးကို နှောင့်နှေးစေလိမ့်မည်ကတော့ ပြောဖို့မလိုတော့ပါ။ Globalization ခေတ်တွေ လူမျိုးပေါင်းစုံ ပေါင်းစည်းမှု multi-cultural co-operation သည် အထိုက်အလျောက်အရေးပါ လာပါလိမ့်မည်။ အမျိုးသားရေးစိတ်ဓါတ်ကြောင့် စီးပွားရေးပြိုင်ဆိုင်လိုပါက လည်း မျှတသည့် မှန်ကန်သည့် နည်းလမ်းပေါင်းစုံ ရှိသည်ဟု မြင်ပါသည်။ ကျွန်တော်၏ အမြင်သည် ရေတိုမဟုတ်ပါ။ ရေရှည်အမြင်ဖြစ်ပါသည်။

မှန်ပါသည်။ အမျိုးကိုစောင့်ရှောက်ရပါမည်။ ဘာသာကို စောင့်ရှောက်ရပါမည်။ သို့သော် တည်ငြိမ်ရန်လိုအပ်သည်။ အကြမ်းမဖက်ရန်လိုအပ်သည်။ မိမိတို့ ကိုယ်မိမိတို့ ယုံကြည်မှုရှိရန်လိုအပ်ပါသည်။ ဘာသာခြားများကို ထိတ်လန့်ကြောက်ရ ွ့ ံနေရန်မလိုအပ်ပါ။ မိမိတို့ဘာသာ၏ အနာဂတ်အတွက် မိမိတို့ မိသားစုများ ကို အရင် ဘာသာရေးကိုင်းရှိုင်းရန် သင်ကြားပြသမှု ပြုလုပ်ပေးပါ။ ပြဿနာ ကြုံတွေ့လာပါက တရားဥပဒေ အတိုင်းဖြစ်ပါစေ။ မှန်လျှင် မှန် ၊ မှားလျှင် မှား၊ မျှတမှုကို လေးစားပါ။

မေတ္တာတရားကို ရှေ ့တန်းတင်သော မြတ်  ဗုဒ္ဓ၏ မျက်နှာကို ထောက်ခြင်းအားဖြင် ့ မိမိတို့ အမြင်မှာရော နိုင်ငံတကာအမြင်မှာပါ လေးစားစရာကောင်းသည့် ဘာသာဝင်များ ၊ လူမျိုးများဟု ကမ ္ဘာက ဆက်လက်ရှုမြင်ပါစေ။

 

 

သုရှင်

၁၂-၇-၁၃

သောကြာ

 

 

 

 

4 comments

  • ဦး ကြိမ်

    July 12, 2013 at 10:36 pm

    သုရှင်ရေးတာတွေဟာ လိုက်နာနိူင်ရင်တော်တော်ပဲအကျိုးရှိမှာပါ
    ခက်တာကအခုဖြစ်နေတာတွေဟာ……… ကောက်ရိုမီးလို ဟုန်းကနဲထတောက်တဲ့ ကိစ္စမဟုတ်ပြန်ဘူး
    ဖွဲမီးလိုတငွေ့ငွေ့လောင်နေတာ…ကျွန်တော့မှာလည်းမွတ်ဆလင်သူငယ်ချင်းတွေ….အသိမိတ်ဆွေတွေ
    အများကြီးပါ….အများစွပ်စွဲသလို……..သူတို့မှာ ဟိုးအစဉ်အဆက်ကရိုက်သွင်းထားတဲ့ပုံစံက ခေါက်ရိုးကျိုးပြီးသား….
    ..ကျွန်တော်တို့ လူမျိုးတွေက မုန်းစကိုတိုစေ ချစ်စကိုရှည်စေ ….ဆိုတဲ့ဘာသာရေးအသိအမြင်နဲ့..လူကြီးတွေ ဆိုဆုံးမမှုအောက်မှာလိုက်လျောညီထွေ…..နေကြတာပါ..
    ခု……ကျော်မကောင်း ကြားမကောင်းတွေဖြစ်ကြတော့……တားမနိူင်ဆီးမရတွေဖြစ်ကုန်ကြရော………
    ရောဂါက ရင့်နေတော့…..တနေ့ထက်တနေ့ပိုပိုဆိုးလာတာပေါ့…….။ဆေးကလည်းဘယ်ရှာရပါ့။

  • kotun winlatt

    July 12, 2013 at 10:50 pm

    အစွန်းးးဆိုတာ ဘယ်အစွန်းမှ မကောင်းဘူးးးလို့ တွေးးမိတာပါပဲဗျာ….

    • ခင် ခ

      July 13, 2013 at 10:34 am

      ဘယ်အစွန်းမှ မကောင်းဘူးတော့ ဟုတ်ပါဘူး ရေကူးကန်မှာ ဒိုင်ပင်စင်က ဒိုင်ပင်ထိုးကြမယ့်သူတွေကတော့ ဒိုင်ပင်စင်အစွန်းမှာရပ်ပြီးထိုးရတာ ပိုကောင်းတယ်ဆိုဘဲဗျ။

  • မင်းမင်း

    July 13, 2013 at 11:03 am

    မိမိတို့ဘာသာ၏ အနာဂတ်အတွက် မိမိတို့ မိသားစုများ ကို အရင် ဘာသာရေးကိုင်းရှိုင်းရန် သင်ကြားပြသမှု ပြုလုပ်ပေးပါ။ ပြဿနာ ကြုံတွေ့လာပါက တရားဥပဒေ အတိုင်းဖြစ်ပါစေ။ မှန်လျှင် မှန် ၊ မှားလျှင် မှား၊ မျှတမှုကို လေးစားပါ။

    ဒီစကားလေးကို ကြိုက်တယ်။

    မြန်မာအိမ်ထောင်ဦးစီးများ

    ကျင့်သုံးသင့်တယ်။မကျင့်သုံးနိုင်ရင်

    ကြိုးစားသင့်တယ်။

Leave a Reply