သည်းခြေပျက်သက္ကရာဇ်
စည်းဘောင်မရှိတဲ့အသိုက်အမြုံတစ်ခုရဲ့သင်းကွဲငှက်တွေ
တစ်ယောက်တစ်လက်ဝိုင်းလှော်ခဲ့တဲ့လှေဟာလည်း
အခုတော့ ဘယ်ဆီလှမ်းလို့ ဘယ်ကမ်းကပ်မှန်းမသိ
သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုကို
နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုက ဂုဏ်သိက္ခာရှိရှိဘောင်ခတ်လို့
ရွာပြင်ဖိုးတောင်သူတဲက ရာဘာစေးခြစ်သံတွေကြားရတယ်
အနောက်အရပ် နဲ့ အလယ်ပိုင်းက ဘောလုံးတွေလိမ့်ဆင်းလာတယ်
တစ်ကျပ်နှစ်ကျပ်နဲ့ ထမင်းငတ်တဲ့ ပညာတတ်တွေ
ကောင်းရောင်းကောင်းဝယ် လူကုန်ကူးကြမလား
ဟွန်ဒီတွေသူဌေးဖြစ်တဲ့ခေတ်မှာ
ဟိုအရေး ဒီအရေး ဟိုဟာကြောင့် ဒီဟာကြောင့်
ဖြောင့်ဖြူးနေတဲ့လမ်းကို ညကြမ်းကြမ်းမှာဖြတ်ကြတယ်
နွံနစ်နေတဲ့ဘဝဆိုးတွေထဲမှာ ပျော်ပျော်ပါးပါးစားပွဲထိုးကြတယ်
အမေနေမကောင်းတာထက် အိမ်ရှင်ကြည်ဖြူဖို့အရေးကြီးတယ်
ပါမစ် ရှိတာမရှိတာထက် UN Card ရဖို့အရေးကြီးတယ်
တရားဝင်တာမဝင်တာထက် အနောက်ကိုရောက်ဖို့အရေးကြီးတယ်
အကြီးအငယ်ရှိတာမရှိတာထက် ဘဝအနေချောင်ဖို့အရေးကြီးတယ်
ပေါ်ပင်အနုပညာနဲ့ ခပ်သွက်သွက်ဆေးထဆိုးမှ တန်းဝင်မယ်
ထိုသုံးလုံးသောစကားကိုပြောမှ လူရာဝင်မယ်
ချိူးဖောက်ခံတွေချိူးဖောက်ခံရပြီးမှ ချိူးဖောက်ခွင့်မဲ့သွားတဲ့အဖြစ်……
လည်ပင်းညှစ်ပြီးမှ ကျောကိုသပ်တယ်
လူပြိန်းကြိုက်အထာတွေနဲ့ လွတ်မြောက်ခြင်းကို ညစ်ညစ်ထေးထေးသရုပ်ဖော်ရင်း
တချို့က ဝက်ဝက်ကွဲအောင်မြင်ကြတယ်
နာချင်ယောင်ဆောင်ထားတဲ့ ဆတ်ဆတ်ထိမခံကျားတွေဟာလည်း
ခုန်အုပ်လိုက်ဖို့လည်းအဆင်သင့်
အိမ်နောက်မှာ ရတက်မအေးခင် အိမ်ရှေ့မှာ ကွက်ကျားမီးလောင်တယ်
လူပြိန်းတွေရှေ့ရောက်ပြီး လူလည်တွေနောက်ဆုတ်တဲ့ခေတ်မှာ
လူလိမ်မာတွေ အဝေးရောက်နေကြတယ်
အလုပ်ရှင်မကြည်ဖြူတာထက် မနက်ဖြန်မှာနိုးထနိုင်ဖို့အရေးကြီးတယ်
ပါမစ် ရှိတာမရှိတာထက် အရိုးနဲ့အသားတခြားစီမဖြစ်ဖို့အရေးကြီးတယ်
အိမ်ကိုပိုက်ဆံမပို့နိုင်တာထက် အိမ်မပြန်နိုင်မှာပိုအရေးကြီးတယ်
အဆီကိုစား ၊ အသားကိုမျိုပြီး ခပ်ပြင်းပြင်းဖျက်ဆီးခံရတဲ့
မျိူးဆက်တစ်ခုကတော့
သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုအတွက်
နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုကို ဂုဏ်သိက္ခာရှိရှိဘောင်ခတ်ဖို့ကြိုးစားနေလေရဲ့ ။ ။ဆုမြတ်မိုး

ဇူလိုင်လထုတ် ရွှေဒေါင်းတောင် အွန်လိုင်းမဂဇင်းမှာ ဖော်ပြထားတဲ့ကဗျာဖြစ်ပြီး ကျမဘလော့မှာလည်းဖော်ပြပြီးကဗျာလေးတစ်ပုဒ်ပါ ။
မန်းဂေဇက်မှာပိုစ့်မတင်ဖြစ်တော့မယ့် အမြဲတမ်းလာဖတ်နေပါတယ် ။
ကျေးဇူးတင်လျက်
4 comments
အလင်း ဆက်
July 15, 2013 at 9:29 am
ကဗျာ ကို ဖတ်သွားပါတယ်
စကားလုံးတွေ သုံးထားတာကို ကြိုက်မိပါတယ်
ရေးပါဦးဗျ
surmi
July 15, 2013 at 9:43 am
ကဗျာ အပါအဝင် အခြားအတွေ့အကြုံ ခံစားမှုလေးများလည်းရေးစေချင်ပါကြောင်း
မင်းမင်း
July 15, 2013 at 10:07 am
အေးဗျာ တော်လေး ထိထိမိမိရှိတယ်ဗျာ။
ကဗျာကို နားမလည် ( မခံစားတတ်) ပေမဲ့
ဒီကဗျာက ရှင်းရှင်းနဲ့ မြင်သာအောင် အကွေ့အကောက်
မပါပဲ စပ်ထားတာကြောင့် ဆိုလိုရင်းကို ခံစားနိုင်ပါတယ်။
ကျေးဇူးပါ။
မဟာရာဇာ အံစာတုံး
July 15, 2013 at 10:13 am
နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုကို
ဂုဏ်သိက္ခာရှိရှိဘောင်ခတ်ဖို့ကြိုးစားနေလေရဲ့
… ဆိုတာကို ဖတ်ပြီး တွေးလိုက်မိသေးတယ် …
အရူး တစ်ယောက်ကို သံခြေကျင်းခတ်ပြီး ကား အကောင်းစားကြီးနဲ့ ခေါ်သွားသလိုများလားလို့ …။
အရူး ပါးစပ်ကို ပိတ်မထားတော့ ပေါက်ကရတော့ အော်နေမှာပဲပေါ့နော်။
ဒါက ကဗျာ စာသားတစ်ခုနဲ့ ပတ်သက်လို့ တွေးမိတာလေးပါ။
ကဗျာလေး ထိမိပါကြောင်းဗျာ။
ပို့စ်တွေလည်း မန်းဂဇက်မှာ တင်ပါဦး။