ကြေကွဲ…..အိမ်
ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ…
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်…..
အဖြစ်မိုးထားတဲ့……
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် …..
သွေးစက်တွေဘဲယိုကျတယ်…။
အမှောင့်ပယောဂ လက်တံရှည်တွေကလည်း
အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ….။
တစ်ခါတစ်ရံ….
အိမ်စုတ်လေးထဲက….
စကားသံ…..ဒါမှမဟုတ်
ငိုငြီးသံ ထွက်တဲ့အခါ…..
ဘေးအိမ်တွေ မကြားစေဘို့
အထဲကလူတွေ…..
တစ်ခုခုတော့ လုပ်လိုက်တယ်….။
အိမ်စုတ်လေးထဲက
မည်ကာမတ္တ ဆီမီးရောင်ကလည်း
ဘာကိုမှ ရဲရဲမကြည့်ရဲအောင်
အားငယ်နေရှာတယ်။
………..
ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ
ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ…
သူစိမ်းတွေလာမသတ်ပါဘူး
ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။
တစ်ချို့အိမ်တွေများ..
အိမ်အောက်က ရွှေအိုးတွေ့ပေမယ့်
ဟောဒီအိမ်အောက်မှာတော့
ဒီအိမ်ကလူတွေရဲ့ အရိုးတွေ
လက်စဖျောက်ထားလေရဲ့ …။
ငါ့ရဲ့အိမ်ကလေးပါ….
ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ
ငါတို့ရဲ့ အိမ်ကလေးပေါ့…….
ဝမ်းသာခြင်း မရှိတဲ့အိမ်….
အေးချမ်ခြင်း မရှိတဲ့အိမ်….
……..
သစ္စာဖောက်တွေ လုယူထားတဲ့ အိမ်။ ။
ကျော်စွာခေါင်
5 comments
lele kyi
July 26, 2013 at 5:46 am
Welcome back- ကိုကျော်စွာခေါင်။ ပန်းချီးကားတွေကြည့်ရတော့မယ်ဆိုပြီးမျော့်လင့်တကြီးနဲ့ဝင်လာတာ။
ဂရုဏာဒေါသသံပါနေတဲ့ ကဗျာလေးကို စိတ်ထဲမှာ ပုံဖေါ်သွားပါတယ်။ 🙂
Ma Ma
July 26, 2013 at 6:04 am
ပန်းချီဆရာရဲ့ အတွေးကဗျာကလည်း ပန်းချီလိုပဲ ပုံပေါ်တယ်။ 🙁
kyeemite
July 26, 2013 at 1:55 pm
အိမ်စုတ်လေး ပုံမပါပေမဲ့ “အိမ်တစ်လုံးကိုတော့ မျက်စေ့ထဲမြင်သွားမိတယ်…အိမ်ထဲမှာ
ကျုပ်မျက်နှာ တပိုင်းတစတောင်တွေ့လိုက်သေး” 🙁
အရီးခင်လတ်
July 26, 2013 at 3:46 pm
တစ်ချို့အိမ်တွေများ..
အိမ်အောက်မှာ ရွှေအိုးမရှိဘဲ
တစ်အိမ်လုံးကို ရွှေချ လို့။
🙄
မဟာရာဇာ အံစာတုံး
July 26, 2013 at 8:00 pm
အိမ် … အိမ် ….. အိမ် …….
ဂိန် .. ဂိန် .. ဂိန် …
လို့သာ .. အော်လိုက်ချင်တော့ရဲ့ ….