Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၅ရ ) ( အဖြူ ဆိုတိုင်း )

Foreign ResidentJuly 26, 20133min75440

 

စဉ်းစားကြစေလိုပါတယ် ( ၅ရ )

( အဖြူ ဆိုတိုင်း )

 

အခုတလော ကျော်ကြားနေတဲ့ ဓါတ်ပုံလေးတွေပါ ။

http://www.behance.net/gallery/Burma-Mankini-King/7932245 က ပါ ။

 

Burma in thongs series ဆိုတဲ့ ခေါင်းစဉ် နှင့်ပေါ့ ။

ဓါတ်ပုံ အရိုက်ခံတဲ့ မေါ်ဒါယ် ရဲ့ နာမည်က Luděk Wellart တဲ့ ။

သူတို့က ချက် နိုင်ငံကလို့ ထင်ပါတယ် ။

 

စကားများများ ကို ရှင်းပြနေစရာ မလိုပါဘူး ။

ပုံတွေကဘဲ စကားပြောသွားမှာပါ ။

 

လုပ်နေတာ ၊ လုပ်နေတာ ၊ လူကြားထဲမှာ လုပ်နေတာ ။

 

လုပ်နေတာ ၊ လုပ်နေတာ ၊ လူကြားထဲမှာ လုပ်နေတာ ။
လုပ်နေတာ ၊ လုပ်နေတာ ၊ လူကြားထဲမှာ လုပ်နေတာ ။

သူတို့နိုင်ငံမှာဆိုရင် အဖမ်းခံရနိုင်တယ် ။

ဒါဟာ သူ့ရှေ့က မကြည့်ရဲလို့ မျက်နှာဖုံးထားရရှာတဲ့ မိန်းကလေးကို ၊

Sexual Harassment လုပ်တာပဲ ။

 

ဒါဟာ သူ့ရှေ့က မကြည့်ရဲလို့ မျက်နှာဖုံးထားရရှာတဲ့ မိန်းကလေးကို ၊ Sexual Harassment လုပ်တာပဲ ။
ဒါဟာ သူ့ရှေ့က မကြည့်ရဲလို့ မျက်နှာဖုံးထားရရှာတဲ့ မိန်းကလေးကို ၊
Sexual Harassment လုပ်တာပဲ ။

ဒီပုံက ပိုဆိုးသေး ၊ ဗုဒ္ဓဘာသာ သာသနာ့ အလံတောင်ပါသေး ။

 

ဒီပုံက ပိုဆိုးသေး ၊ ဗုဒ္ဓဘာသာ သာသနာ့ အလံတောင်ပါသေး ။
ဒီပုံက ပိုဆိုးသေး ၊ ဗုဒ္ဓဘာသာ သာသနာ့ အလံတောင်ပါသေး ။

ဒါ ကောင်းမှုတော် ဘုရားကို ကျေးဇူးရှင် လုပ်သွားတာလေ ။

 

ဒါ ကောင်းမှုတော် ဘုရားကို ကျေးဇူးရှင် လုပ်သွားတာလေ ။
ဒါ ကောင်းမှုတော် ဘုရားကို ကျေးဇူးရှင် လုပ်သွားတာလေ ။

ဒီပုံလေးက သူ့ စိတ်ရင်း အစစ်ကို ပြနေသလိုပဲ ။

 

ဒီပုံလေးက သူ့ စိတ်ရင်း အစစ်ကို ပြနေသလိုပဲ ။
ဒီပုံလေးက သူ့ စိတ်ရင်း အစစ်ကို ပြနေသလိုပဲ ။

ဘာသဘောလဲကွယ် ။

ဘာသဘောလဲကွယ် ။
ဘာသဘောလဲကွယ် ။

 

အဘ ပြောချင်တာကတော့ ။

ဒို့ မြန်မာ နိုင်ငံသားတွေကလည်း အဖြူဆိုရင် သိပ်ကို မပြောရဲကြဘူး ။

ဒီနေရာမှာ အမဲ ( ကုလား ) သာဆိုလို့ကတော့ ၊

အဓိကရုန်းတောင် ဖြစ်လောက်တယ် ။

 

အဖြူ ဆိုတိုင်း အထင်ကြီးလို့ မရဘူး ။

အဖြူ ထဲမှာလည်း ဒီလို ပေါတောတော လျှောက်လုပ်တဲ့သူတွေ ၊

မွဲတေ ၊ စာရိတ္တ ပျက်နေတဲ့သူတွေ အများကြီးပဲ ။

 

လုပ်သွားတဲ့ ကျေးဇူးရှင် ကတော့ သူလုပ်ချင်သလို သူလုပ်သွားတာပါ ။

သူ့ကိုတော့ သိပ်မပြောလို ၊ သိပ်အပြစ်မတင်လိုပါဘူး ။

 

ဒါပေမယ့် ၊ မြန်မာနိုင်ငံ လူကြားထဲမှာ သူလုပ်ချင်သလို လုပ်ခွင့်ပေးခဲ့မိတဲ့ ၊

ဒီလို လုပ်နေတာဟာ ဒို့ ပါတ်ဝန်းကျင်ကို စော်ကားနေတာလို့ မ ခံယူနိုင်တဲ့ ၊

မြန်မာ လူထု ရဲ့ ပညာဉာဏ် နဲမှုကိုပဲ ၊ နဲနဲ ပြောချင်တာပါ ။

 

အဘ သာ အဲဒီ ဘေးနားမှာရှိရင် ။

၁ ။ အဲလို မလုပ်ဖို့ တားပါမယ် ။

၂ ။ တားမရရင် ရဲခေါ် ပြီး ၊ ရဲလက်အပ်ပါမယ် ။

 

အခုတော့ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

 

 

 

40 comments

  • KZ

    July 26, 2013 at 8:06 am

    ဟင်။
    ခုတလော ကျော်ကြားတာ??
    အနော် မသိလိုက်ပါလားးးးး 🙄

    ကျနော်တို့ နိုင်ငံကြီးမှာ အဖြူဆိုရင်ကို ကြောက်ပြီး အားနာတဲ့ ရိုသေတဲ့ အကျင့်က ဘယ်က စ တုန်းတော့မသိ။

    ဒီမှာလည်း အဖြူနဲ့ တွဲသွားရလို့ မာန်တက်နေတဲ့ မျက်နှာနဲ့ စလုံးမတွေလည်း အများကြီးးးးးး

    ကိုယ်တိုင်လည်း စလုံးမနဲ့ အဖြူကောင်နဲ့တွဲမြင်ရတဲ့ အတွဲကို ဘယ်လိုမှ မဖြစ်သလိုရှိသလောက် ဝီ စမစ်လို အသားအရည်လောက်လူနဲ့ စလုံးမနဲ့ တွဲရင်ကို လိုက်ကြည့်မိတာကလားးးးး :mrgreen:

    ဪ အရေပြားတစ်ထောက်။ အရေပြားတစ်ထောက်။ :mrgreen:

    ကိုယ်တိုင်ကတော့ ကိုယ်နဲ့တွဲမဲ့လူကို အညာသားရုပ်ပဲဖြစ်ရမယ် ဆိုတာကနေ တစ်ပြားမှ မလျှော့သေးးးးးးးးး :mrgreen:

      • KZ

        July 26, 2013 at 10:18 am

        တာမီး ဘာပေါလို့ဒုန်း တိုက်တိုက်ရဲ့။
        ရွာဆူအောင် တာမီး ဘယ်တုန်းက မှ ဘာမှ လုပ်ဖူးဘူးလေ။ :mrgreen:

    • ဦးကျောက်ခဲ

      July 26, 2013 at 10:14 am

      ဝီစမစ်လို အသားအရည်လောက်လူနဲ့ စလုံးမနဲ့ တွဲရင်….

      ကျန်း… ကျောက်စ်ဟာကျောက်စ် နေတာ ဆွဲထည့်ပြန်ပြီ…
      အဘရေ
      အဲဒီလို ကြောင်တောင်တောင် အဖြူကောင်တွေကပေါသား…
      ဒီမှာလည်း အရက်ဖိုးပြတ်ရင် ဂီတာတီးပြီးတောင်းစားတဲ့၊
      ကလေကဝ အုတ်ကြားမြက်ပေါက် ပလက်ဖောင်းခေါင်းအုံး…etc. အများကြီး။
      အရည်အချင်းနဲ့ပဲကြည့်ကြပါ၊ အရောင်နဲ့မကြည့်ကြပါနဲ့လို့… :mrgreen:

      • KZ

        July 26, 2013 at 10:20 am

        သိတယ်။
        ဒီ စကားကြားရင် ကျောက်(စ) လာမှာကို သိတယ်။
        စတာ။
        ချိရို့။
        အရေပြားတစ်ထောက်တွေ ဘယ်တုန်းက မှ အရေးမယူတာသိသားနဲ့… :mrgreen:

  • Crystalline

    July 26, 2013 at 8:48 am

    ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး.. 🙁

    • ဦးကြောင်ကြီး

      July 26, 2013 at 8:53 am

      ဘာပြောရမှန်း မသိရင် ဆွဲဆိတ်လိုက်… :8-O

  • ရွှေတိုက်စိုး

    July 26, 2013 at 9:03 am

    ဟုတ်ပ တားဒို.နိုင်ငံကလဲ အဖြူကောင်ဖြစ်ဖြစ် အမဲကောင်ဖြစ်ဖြစ် ဘာလာလာကို ကြောက်နေတာပဲ..
    တားဖင့်မကြောက်ပေါင်… မနေ.ညကပဲ… ဘီယာဆိုင် အိမ်သာထဲမှာ ဖော်လိမ်နာ နှစ်ကောင် သောင်းကျန်းနေလို… အိမ်သာထဲရှိတဲ့သူတွေ… မြှောက်ပေးပြီး အင်္ဂလိပ်လို. ပိုးစိုးပက်စက် ဆဲပြစ်ခဲ့တာ………..သင်းခရု လို. ………..
    အဲဒီကောင် ချက်ချင်းကို ငြိမ်ကျသွားဒါပဲ………………

    ဒါပဲကွ………သခင်မျိုးဟေ့ ဒို.ဗားမန်း…………(စီဒီတဂျီး)……. :hee:

  • kai

    July 26, 2013 at 9:36 am

    ဒီဘိုကောင်လေးလုပ်တာ.. မီဒီယာထဲပြန့်သွားရင်တော့.. မြန်မာတွေဟာ.. မွတ်ဆလင်တွေနဲ့ပြဿနာဖြစ်တာမှာ.. ဘာသာရေးအရ… တော်တော်စော်ကားခံရလို့ဆိုတဲ့..အဓိပ္ပါယ်ယူသွားကြလိမ့်မယ်..။

    ဒီလောက်လုပ်ပြတာ.. တကယ်တန်းကျ.. မြန်မာတွေရီမောနေကြတယ်ပေါ့.

    ဆိုတော့…
    ကျုပ်အနေနဲ့ကတော့..
    မှတ်ချက်… မရှိ…။ :mrgreen:

  • Ma Ma

    July 26, 2013 at 10:04 am

    (အဘ သာ အဲဒီ ဘေးနားမှာရှိရင် ။
    ၁ ။ အဲလို မလုပ်ဖို့ တားပါမယ် ။
    ၂ ။ တားမရရင် ရဲခေါ် ပြီး ၊ ရဲလက်အပ်ပါမယ် ။)

    ပိုစ့်ကိုကြည့်ပြီး အဲဒီနားကလူတွေ ဒီအတိုင်းကြည့်နေနိုင်တာကို အားမလိုအားမရဖြစ်မိတယ်။

    နောက်တစ်ခုက အဲဒီနားမှာ ဒို့ရွာသူားတွေမရှိလို့ဖြစ်မယ်။ 😆

  • မင်းမင်း

    July 26, 2013 at 10:14 am

    ဒီပုံတွေကြည့်ချင်းအားဖြင့်

    မြန်မာပြည်သူများ ရှေးတုန်းကလို

    ရိုးးးး အ လွန်းသည်။ လို့ မှတ်ချက်ပေးရင်

    မလွန်ဘူးလားလို့ပါ။

  • kyeemite

    July 26, 2013 at 10:19 am

    အင်း..ကျုပ်လည်း ကိုရင်ဖေါ တင်ပြမှပဲသိတော့တယ်..

  • ကထူးဆန်း

    July 26, 2013 at 10:43 am

    ကျေးဇူးပါ ဘဖော။

    သူ ဓါတ်ပုံ ရိုက်တဲ့ အချိန် စော်ကားပါလားလို့ သိတဲ့လူ ရှိမှာ မဟုတ်ပါဘူး ။
    တော်တော် အရှက်မရှိတဲ့ ကောင် ရယ်လို့ဘဲ ရိုးသားစွာ တွေး သဘောကျတောင် နေကြမှာပါ ..

    ဒီပုံတွေ တွေ့ခဲ့ရင် ဝန်ကြီးဌာန ကလည်းအနဲဆုံးတော့ ဒီလူ နဲ့ အပေါင်းပါတွေ black list သွင်းလိမ့်မယ်လို ယုံကြည်ပါတယ် ။

  • ကိုသု

    July 26, 2013 at 11:16 am

    ဲJackass ကားထဲကစောက်ရူးတွေကိုအားကျပြီး လုပ်ချင်ရင်လဲကိုယ့်နိုင်ငံမှာကိုယ်လုပ်ပေါ့ ။
    အခုတော့ဘယ်နှယ့် မြန်မာနိုင်ငံမှာလာပြီး စောက်ရူးထရတာတုန်း။
    Share လို့ရရင် FB မှာ Share ပြီး အားလုံးကို ဝိုင်းဆဲခိုင်းချင်သေး။
    တော်သေးဘီ..

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 11:28 am

    အတော် သောက်ရှက်မရှိတဲ့ ကောင်ပဲ …
    ဒီကောင့်ကို တစ်ခုခုတော့ အရေးယူသင့်တယ် …
    ဘယ့်နှယ်ဗျာ …
    မြန်မာတွေ (အများစု) အရှက်အကြောက် ကြီးတတ်တာ
    ဒီကို မလာခင် မလေ့လာခဲ့လေရော့ သလား … 👿

  • မောင်ဘလိူင်

    July 26, 2013 at 11:31 am

    ပြောမရရင်တော့ အရင်ဆုံး နပမ်းလုံးရလိမ့်မယ်။ ရဲ က နောက်တော့ လာကောင်း
    လာမပေါ့။ (ဒီကောင့် ဗလ လောက်ဆို တစ်ယောက်ချင်း သတ်ဝံ့မယ် ထင်တယ်
    အဘရေ…ဟီဟီ)

  • Shwe Ei

    July 26, 2013 at 12:32 pm

    အဖြူမြင်ရင် ဘုရားထူးချင်တဲ့ အကျင့်လေးတွေ မပျောက်သရွေ့..အမဲမြင်ရင် နှိမ်ချင်တဲ့စိတ်လဲ

    ရှိနေအုံးမှာဘာဘဲခညာ…

    အိုက်နေရာမှာ အမျိုးစောင့်သူကြီးတွေ ရှိရင် ဘာလုပ်ကြမလဲ သိချင်သား..အဟိ

    • ခင် ခ

      July 26, 2013 at 2:15 pm

      အဲဒီနေရာမှာ အမျိုးစောင့်သူကြီးတွေ ရှိရင် “ဟဲ့ နင်တို့က ပေပြီး ဘာထိုင်လုပ်နေတာ သွားကြလေ အမြင်တော်ရာကိုး´´ ဆိုပြီး မြန်မာ အချင်ချင်းဘဲ မောင်းထုတ်မယ်ထင်ပါရဲ့။

  • manawphyulay

    July 26, 2013 at 12:54 pm

    ဒီလူကိုများ အားကျလို့ ရိုတက စတိုင်လိုက်လုပ်တာဖြစ်မယ်။ အတော်ကျက်သရေမဲ့တာပဲ။

  • myanmarcitizen

    July 26, 2013 at 2:24 pm

    ကျွန်ုပ်တို့မြန်မာတွေဒါမျိုးကြတော်တော်သဘောကောင်းတယ်။ ရီပြီးတဖက်လှည့်နေ့တာအပြင်မတပ်နိုင် ကြဘူးထင်တယ်။ မိန်းကလေးတွေရှေ့မှာ တော်တော်ကိုဆိုးတဲ့အပြုအမူပဲ။ FR ပြောတဲ့ညံကြေးတွေ ထပ်ခါ ထပ်ခါပေး နေရတော့တာပဲ။

  • Min Zarni

    July 26, 2013 at 2:24 pm

    Controversial လာလုပ်ပြတော့ လည်း အနည်းဆုံးတော့ Word of Mouth ရတာပေါ့ဗျာ..
    မဖွယ်မရာ လုပ်တာက မဖွယ်မရာလုပ်သူမှာသာ ပေကျံနေမှာ ဖြစ်ပြီး…
    အနှီ နေရာတွေ ညစ်နွမ်း မကျန်ခဲ့ပါဘူး ..

    စိတ်ဝင်စားစရာကောင်းတာ .. လည်လည် လာကြည့်ချင်တာ..
    လူပိုသိသွားတာ .. ကတော့ .. ဘိရုမာ အနေနဲ့ အကျိုးအမြတ် ရရှိတာပေါ့လေ…

    ဟုတ်တယ် မဟုတ်လား ဟင်င်င် Shee..

    :mrgreen:

    • အရီးခင်လတ်

      July 26, 2013 at 2:30 pm

      ဟုတ်ဖူး။
      ဒီအတိုင်း ဆို လူတိုင်းလာပြီး ကြိုက်သလို လွတ်လွပ်စွာ မုဒိမ်းကျင့်တာ ခံ ရတော့မယ်။

  • အရီးခင်လတ်

    July 26, 2013 at 2:28 pm

    လူလူချင်း တန်းတူဘဲ ဆိုတာ ကို သဘောမပေါက်သ၍
    နိမ့်ပါးသူ ကို ဖိပြီး မြင့်တယ် ထင်သူ ကို ဖား တတ်တာ ပါဘဲ။

    အသားအရေကြည့်ပြီး အထင်ကြီး/အထင်သေးစရာ မဟုတ်တာ
    နေရာဒေသ ပေါ်မူတည်ပြီး ယဉ်ကျေးမှု ကိုတိုင်း မရတာ
    ငွေကြေး ပေါ်မူတည်ပြီး စာရိတ္တကို အကဲဖြတ်မရတာ
    တဖြေးဖြေးတော့ သိလာကြမှာပါ။

    အခုချိန်မှာတော့ အမေရိကား လို လူမဲ သမ္မတ ဖြစ်နေတဲ့ တိုင်းပြည်မှာတောင် အဖြူ/အမဲ ပြသနာ တွေ့နေ/ ရှိနေဆဲ။
    တစ်လောကတင် လူမဲကောင်လေး တစ်ယောက် က ရပ်ကွက်တစ်ခု ထဲ ဝင်လာတာ ကို သေနတ်နဲ့ ပစ်သတ် လိုက်တဲ့ သတင်း။
    နောက် ပစ်တဲ့လူ တောင်မှ ကိုယ့်နေရာ လုံခြုံရေး ကာကွယ်တာမို့ ဆိုပြီး အပြစ်မရှိဘဲ ကွင်းလုံးကျွတ် လွတ် သွားပါတယ်။
    အဲဒါကို မကျေနပ်လို့ ဆန္ဒပြ ကြတာ ကြားတယ်။
    ဒါနဲ့ ပါတ်သက်တဲ့ အိုဘားမား မိန့်ခွန်း ကို လဲ အတော်ကြိုက်မိတယ်။
    အဲဒီ သတ်ခံရတဲ့ လူငယ်ကလေး ဟာ လွန်ခဲ့တဲ့ နှစ်၂ဝ ကျော်က ဆို သူကိုယ်တိုင်လဲ ဖြစ်နိုင်တယ် တဲ့။
    လူမဲ ဆိုရင် ဆေးစွဲနေသူတွေ၊ ခိုးတတ်သူတွေ၊ ကလေကချေ တွေ လို့ အမြင်ရှိခဲ့တာ အများအားဖြင့် ဟုတ်နေခဲ့တာ များနေလို့ တဲ့။
    အဲဒါကို လက်ခံ ပြီး ဒီနေ့ ခေတ်မှာ မဟုတ်တော့ ကြောင်း ကိုယ်ကိုယ်တိုင် က ကောင်းအောင် ကြိုးစားနေပြီး ပြ မှ ဒီ သမိုင်းကြောင်း ကို ပြင်နိုင်မတဲ့။
    ဒါကို လူတွေ သိလာတာ များရင် နောက်ပိုင်း မှာတော့ အသားအရောင် လူမျိုး ဘာသာ ထက် အရည်အချင်း ကို ဘဲ အလေးထား တော့ တဲ့ ကမ္ဘာ ဖြစ်မယ်ပေါ့။
    နောက်တစ်ချက်ကတော့ ဥပဒေတွေ မှာ ဟာကွက်တွေ ရှိနေရင်လဲ မတရားမှု တွေ ရှိနိုင်တာ မို့ ဥပဒေ တစ်ချို့ ကိုလဲ ပြန်ကြည့်သင့်တယ် တဲ့။
    (တိုက်ရိုက် စကားမဟုတ်၊ နားလည်လိုက်သလို ရေး၍ လွဲနိုင်သည်၊ သို့သော် အာဘော်ကတော့ မလွဲ ဟု ထင်ပါ၏)

    ကိုယ့်ပြည်အကြောင်းပြန်သွားရရင်တော့ မြန်မာပြည် က တံခါးတွေ ဖွင့်လာချိန် အကောင်း၊ အဆိုး လှိမ့်ဝင်လာမှာပါ။
    ဒီမှာတင် မျက်စိနား မပွင့်သေး တဲ့ သူတွေ လဲ အများကြီးမို့
    ကောင်းတာတွေ ကို စုတ်ယူပြီး မကောင်းတာတွေ ကို ဖယ်ပေးနိုင်ဖို့ က
    မျက်စိနားပွင့် နေပြီ လို့ ယူဆနေတဲ့ လူတန်းစား ရဲ့ တာဝန်ပါဘဲ။
    ဒီ တာဝန်ကို ရှောင်ပြီး ကိုယ် နဲ့ မဆိုင်သလို နေတတ် တဲ့သူတွေ (တနည်း စကား ဝဲ တတ် တဲ့ အလယ် လူတွေ ) များ နေမှာ ဆိုရင်တော့ မြန်မာပြည် ဟာ ဘယ်တော့ မှ ညီတူညာတူ တိုးတက်ဖို့ လမ်းမရှိပါ။

    အဘ ရဲ့ တစ်ချို့ ပုံတွေ က Photo shot ဆင် လုပ်ထားသလို ခံစားရပေမဲ့ နောင်ကာလ အတွက် ဆွေးနွေး စဉ်းစားဖို့ ကောင်း တဲ့ Case တစ်ခုပါ။
    ဒီလို ပုံစံ နဲ့ လူကြားမှာ နေတာ ရိုးသားသည် ထားဦး၊
    နေလို့မရပါ။
    အနောက်တိုင်း မှာလဲ နေလို့မရပါ။
    ရဲ လာဖမ်းတာ ခံရမှာပါဘဲ။

    မြန်မာပြည် မှာလဲ ဖမ်း လို့ ရရ မှာပါ။
    ဒီတော့ ဒါဟာ တာဝန်ရှိ သူများ တာဝန်ယူပြီး လုပ်ရမှာပါ။
    မြန်မာပြည် က မင်းသား အောက်ပိုင်း လွှတ် လမ်းသလား နေတာ တောင် ဖမ်းခဲ့ သေးတာဘဲ။
    သူတို့ သိပါတယ်။

    အဖြု၊ အမဲ လူမျိုး ဘာသာ ရာထူး မရွေး လိုက်နာဖို့
    ဥပဒေတည် တဲ့ ဥပဒေကောင်း တွေ ရှိဖို့ လို ကို လိုနေပါပြီ။

    ဒါကို ကြောက်နေတတ်သေးရင်ဖြင့် တော့လဲ
    ဟိုလူဆိုတစ်မျိုး၊ ဒီလူ ဆိုဆို တစ်ဖုံ လုပ် နေဦး မယ် ဆိုရင်လဲ
    သမိုင်းကတော့ ဘယ်တော့ မှ ပြောင်းလို့ ရမှာ မဟုတ်။

    မြန်မာပြည် ဟာ အနိုင်ကျင့်ချင် ရင် ငွေပေးပြီး အနိုင်ကျင့် လို့ နိုင်ငံ
    ပိုက်ဆံပေးနိုင်ရင် ဘာမှ ကြောက်ဖို့ မလိုတဲ့ နိုင်ငံ
    လို့ ဘဲ ကမ္ဘာမှာ ကျော်ကြား ပါတော့မယ်။

    ဒါပါဘဲ။
    စဉ်းစားကြစေလိုပါတယ်။
    (စီဒီ – အဘဖော)
    😆

    • Min Zarni

      July 26, 2013 at 3:05 pm

      မြန်မာပြည် က မင်းသား အောက်ပိုင်း လွှတ် လမ်းသလား နေတာ တောင် ဖမ်းခဲ့ သေးတာဘဲ။
      သူတို့ သိပါတယ်။

      ဟိ
      ကျေးဇူးရှင်က တိမ်စီးပီး လွင့်နေတဲ့အပြင် ရဲကားမှန်ကိုလည်း ထုသေးတာကိုးအရီးရဲ့…။
      (ထပ်တူမကျပါ)

      ၁အချက် .. ကမာ္ဘပါတ်ပီး အဲ့ဒါမျိုး လိုက်ရိုက်နေတဲ့ ကောင်ပဲ ဟာ ..ရွှေတောင်စက္ကူပဲနေမှာပါ..
      ဆိုလိုသည်မှာ ဒါမျိုး တောက်လျောက် ဝတ်ထားမယ် မထင်ဘူး… flash mob လိုမျိုး စက္ကန့်ပိုင်း မိနစ်ပိုင်းလောက်သာ..
      ကွိုင်မတက်နိုင်မယ့် အနေအထားကို အကဲခတ်ပီး ဇတ် ကနဲ ချွတ် ဖြတ်ကနဲ ရိုက် ဖတ်ကနဲ ပြန်ကောက်စွပ် တယ် မြင်မိတယ်…
      ၂အချက် … အနည်းဆုံး သူတယာက်တည်းမဟုတ် ဒါတ်ပုံဆြာ ရယ် အကူရယ် နောက်ထပ်လည်း လူပါနိုင်သေးတယ်..
      (အဖြူမြင် ကြောက်တတ်တဲ့ အငုံ့စိတ်ကလည်း ရှိသေးမဟုတ်လား..) အဖြူကောင် ရူးကြောင်ကြောင်တွေ စက္ကန့်ပိုင်းလောက် ပေါက်ပန်းဈေးလုပ်တာ..
      ဝင်မပြောကြတာပြောပါတယ်။

      ၃အချက်…(၁အချက်နဲ့၂အချက်ကို အားဖြည့်မယ်) ရိုက်သွားတုန်းက သိတောင်မသိလိုက် အွန်လိုင်းမှာ ပျံ့မှ ဝိုင်းဆဲကြ ဆိုတာ …
      အချိန်တိုမယ်..ရဲကိုရှောင်နိုင်ခဲ့မယ် သွားမတိုင်ခဲ့တဲ့ တိုင်ရကောင်းမှန်း အသိမရှိတဲ့ တာဝန်ကင်းစိတ် နဲ့ အငုံ့စိတ် ရှိ လူတစုလောက် ရှေ့သာဖြစ်ခဲ့မယ်
      ဆိုတာအပြင် ဆဲနေလို့လည်း အကျိုးမထူးဘူး ဆိုတာလေးဘာာာာ…။ ဂစ်လ်တီ မဖြစ်ဘု မငြင်းပါ….ဒါ ဂစ်လ်တီပါ..

      ၄အချက် .. သံရုံးကို ကန့်ကွက်စာ ပို့တာ အဲ့ဒိနေရာတွေရဲ့ သမိုင်း နဲ့ အမွေအနှစ်ကို ဘိုလို စုစည်းပီး အဲ့ဘဲ ပုံကြီးကို မင်နီတားထားတဲ့ပုံမျိုး ပြန်ရေးပီး ဖွတာ မျိုး လုပ်ကြတယ် မကြားမိသေး…

      ၅အချက် .. တူးလက်စနဲ့ တူးလိုက်ပါဦးမယ်လေ.. လှည်းတန်း တဝိုက်မှာပေါ့ဗျာ …(မကြောက်ပါနဲ့ ဘဘဘလက် မပြောပါဘူး)
      မြန်မာနီဂရိုးလိဂ်မှာ လာကစားတဲ့ အာဖရိကန်အကောင်းဇား ကြီးတွေ ရဲ့ ဇနီးမယားတွေ ဘိရုမာမကို ရိုက်တာလေး အမှတ်ရမိရဲ့…
      အဲ့ဒါ အရပ်က ဝိုင်းဆွဲပီး ရဲစခန်းပို့တာ ဘာမှမလုပ် ပြန်လွှတ်လိုက်လို့ ..ဟိုက တိုက်ခန်းပေါ်ကနေ လမ်းသွားလမ်းလာတွေကို ဆဲသတဲ့ ..။

      ၆အချက် ဆိုတော့ ၅အချက် လို ကေ့စ်မျိုးကို ပြင်နိုင် ရင် အခုကိစ္စလို ကိစ္စမျိုးကို ကိုင်တွယ်နိုင်ဖို့ မဝေးတော့ဘူးလို့ ..ပြောချင်ပါရဲ့ …။

      ရ အချက်။ သတင်း၂ပုဒ်ဆွဲထုတ် ပြရရင် ပြင်ပလောကစပိုက်ဒါမန်းဆိုပီး တိုက်မြင်တွယ်တက်တဲ့ ငတိတယောက်
      အီတလီမှာ တခါ မလေးရှားက ဟိုတာဝါကြီးမှာတခါ ..အလွတ်တွယ်တက်ပြတာ ..ရဲက ဖမ်းပါတယ်..
      အများပြည်သူကို ထိတ်လန့်စေမှု တဲ့ ..။ ဒါကလည်း ရဲကို ရီပို့လုပ်သူ အွန်လိုင်းဖွသူ စီဂျေ တွေကောင်းမှုကြောင့်ပါ.

      ၈ အချက်။ သာမန်လက်လုပ်လက်စား ထဲ ..အသိနည်းသေး စီဂျေ စိတ် မရှိသေး အင်တာနက် နဲ့ ဝေးနေသေး…
      ၃ခုမှာ အင်တာနက်နဲ့ မဝေးတော့ရင် ရှေ့က၂ခု ကျွဲကူးရေပါ ဖြစ်လာနိုင်သမို့ ..သင်းက ပိုအရေးကြီးတယ် မြင်မိပါတယ်

      ၉ အချက်။ ဘော်တွန်လိုင်း ကို မထိသေးတဲ့ ဒီဂျစ်တယ် ဒီဗိုက် ရဲ့ စတုတ္ထလှိုင်း ကျိမ်စာ လို့သာ မှတ်ပါတော့..အရီး ရယ်..

      ဟုတ်တယ်မလားဟင်င် ရှီးးး။

    • မင်းမင်း

      July 26, 2013 at 4:33 pm

      အရီးရေ။
      ဘာပဲပြောပြော ဒီလုပ်ရပ်မျိုး
      နောက်တကြိမ်တော့ အဖြစ်မခံနိုင်ဘူး။
      နောက်ခုဖြစ်ရပ်ကိုအားလုံးကသိပီး အနဲဆုံး
      စိတ်ထဲက ရှုံ့ ချ ရင်တော်ပါသေးတယ်။
      အစိုးရတော့ တယ်အားကိုးနိုင်ပါ့မလားထက်
      သိရောသိရဲ့လား မသိပါဘူးဗျာ။

  • ရောမရောက် ရောမလိုကျင့် ဆိုတာပဲ သတိရမိပါရဲ့..

    သူများတိုင်းပြည်ကိုလာပြီး ယဉ်ကျေးမှုကို စော်ကားသွားတာ.. စုံစမ်းပြီး black list မသွင်းနိုင်ရင်တော့ ရှက်ဖွယ်အတိပဲ…

  • ကိုရင်စည်သူ

    July 26, 2013 at 5:10 pm

    အဘရေ… အဲ့ ချက်အဖြူကောင်နေရာမှာ မူဆလင်အမဲကောင်တစ်ယောက်ယောက်သာဆို..
    ဘယ်လိုတုံပြန်မလဲသိချင်တယ်.. ဖွဘုတ်မှာ တွေ့ပေမဲ့ ဘာသိဘာသာ နေနေတာသိတယ်..
    တာဝန်ရှိသူတွေက မီဒီယာအသိ ခပ်ပြင်းပြင်းလေး အရေးယူလိုက်ရင် နောက်လုပ်မယ့် အဖြူကောင်တွေလည်း
    လက်တွန့်သွားလောက်မယ်.. မဟုတ်ရင်တော့… မမြင်သင့်တာတွေ အနာဂတ်မှာထပ်မြင်ရဦးမယ်..
    အဖြူကောင်ဆို အစိုလား အခြောက်လား နှစ်ဖက်ချွန်လား ဘာနောက်ကြောင်းမှ မသိပဲနဲ့
    ၁၆နှစ်သားလောက်တည်းက ကျောပိုးအိတ်လေးလွယ် ကမာ္ဘပတ်နေတဲ့ အတွေ့အကြုံ ဆုံတဲ့ ဆြာကြီးတွေကိုများ
    တောက်အထင်ကြီးတဲ့ စိတ်တွေ မြန်မာအပါ အာရှတိုင်းသား တော်တော်များများစိတ်မှာချိလို့..
    ဟိုက လာပီး ချယ်လှယ် အသုတ်ခံနေရတာ… 😥
    အဲ့လိုမြင်ရင် တာဝန်သိပြည်သူတွေကလဲ ဥပဒေအထက်မှာ အဖြူကောင် အမဲကောင် အပြာကောင် အစိမ်းကောင်
    ဆိုတာ မရှိဘူးသိသင့်တယ်.. ဒါမှမှတ်ကလာ.. :mrgreen:
    ရှေ့လျှောက် အဖြူကောင်တွေ လာသုတ်လျက် သုတ်နေတော့မယ်… အဖြူကြိုက်တဲ့ တမီးလေးတွေအစားတော့…
    ရင်လေးမိလို့ တားလေ.. အဲ့ အဖြူကောင်တွေကို သိပ်မုန်းမိတာပဲ မေမေ… 👿

  • koyinmaung

    July 26, 2013 at 5:51 pm

    တော်တော်ရိုင်းစိုင်းတဲ့ကောင်ပါလား…..
    တကယ်တော့အဲ့ဒီနားတင် နားအုံကို ဖြတ်ရိုက်လိုက်ရမှာ…..

  • အဘဒီပုံတွေရှာရှာဖွေဖွေရလာတာအံ့ဘ..ဖွဘုတ်မှာလဲမပွနေတာတဆိတ်ထူးဆန်းမနေဘူးလား ??
    အဘတင်ပြမှ မြင်ရတော့တယ်…
    သူဝတ်ထားပုံနဲ့နောက်ခံသဘာဝက ဘာဆိုဘာမှမဆိုင်ပဲ လုပ်ချင်တာလုပ်နေတဲ့ပုံစံကြီးက တအားပေါ်လွင်နေလိုက်တာ။
    ပြောတတ်တော့ဘူးးးးဘေးကလူတွေကလဲ တောသူတောင်သားတွေဖြစ်ပုံရတယ်
    ကိုယ့်အလုပ်နဲ့ကိုယ် အပိုအလုပ်ရှုပ်ခံလျှာရှည်မနေချင်ဘူးလို့များခံယူထားကြသလား
    ဘာပဲဖြစ်ဖြစ် မြင်ရတာပိုဖျားချင်သွားတယ်အဘရေ

  • padonmar

    July 26, 2013 at 8:41 pm

    အဘရေ
    အနားမှာ တာဝန်သိတဲ့ စီဂျေတွေ မရှိလို့ လုပ်ချင်ရာလုပ်ပြသွားနိုင်တာပါ။
    ကြည့်ရတာ ရန်ကုန် ဆိပ်ကမ်းမှာ ဖြစ်မယ်ထင်တယ်။
    မျက်နှာကိုလည်း မြင်သာနေတာမို့
    ဖတ်မိသူတွေက တဆင့်လက်တို့ပြီး တာဝန်ရှိသူတွေကို
    သူနဲ့ဆိုင်ရာ သံရုံးသို့ အကြောင်းကြား/
    Black List သွင်းခိုင်းသင့်ပါတယ်။

  • Mr. MarGa

    July 26, 2013 at 9:45 pm

    ဖွဘုတ်မှာလဲ ပွနေပါတယ်
    သိပ်တော့ မများဘူးပေါ့
    ကြည့်ရတာ ကိုဂီ ပြောသလို ရွှေတောင်စက္ကူ ပုံစံနဲ့ ရိုက်သွားတယ် ထင်ပါတယ်
    နောက် ဒါမျိုး မဖြစ်ဖို့
    စီဂျေတွေ လိုပြီလို့ ထင်ပါတယ်….

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 26, 2013 at 10:40 pm

    ခင်ဗျားတို့လိုကြပ်တဲ့သူမရှိရင်
    ဘာဖြစ်မှာဒုံးဗျ 👿

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 26, 2013 at 10:56 pm

    ဘာဘဲဖြစ်ဖြစ် မသမာတဲ့နိုင်ငံခြားသားတွေလှည့်တာကို
    ခံရတဲ့ဇာတ်လမ်းတွေတော့ ပေါ်လာနိုင်သေးတယ်
    အထင်ကြီးပြီးတွဲဖြစ်ခဲ့ကြမယ် အဲ့သည်အခါ အခြားနိုင်ငံကိုအလည်သဘောနဲ့
    အတူတူသွားကြမယ် ဟန်းကယ်ရီလိုအိပ်ထဲမှာ သူထည့်ခြင်တာကိုထည့်ထားမယ်
    ကိုယ့်ချစ်ချစ်အိပ်ဆိုတော့ ကိုယ်ကသယ်ထားမယ်
    ပြဿနာဖြစ်တော့ကိုယ်ဂွိမယ်
    ခုလက်ရှိ ဘရာဇီးထောင်ထဲမှာ ထိုင်းမတွေ ငြိနေတာရှိတယ်
    ငမဲကောင်တွေနဲ့တွဲပြီး အပြင်နိုင်ငံထွက်ကြတာ
    အထွက် ချက်ပွိုင့်တွေကို ဘယ်လိုကျော်သွားလည်းမသိ
    ဟိုဖက်အဝင်မှာသွားငြိတာ အဖြူထုပ်တွေမိလို့ဆိုပြီး
    သူတို့ဥပဒေကဘယ်လိုသဘောရှိလည်းမသိ
    ငြိတဲ့သူကတော့ကွိတာဘဲ
    လိမ်မဲ့ကောင်ကတော့ တော်တော်စတိုင်လ်ကောင်းမှာသေခြာတယ်

  • TNA

    July 27, 2013 at 7:34 pm

    မြန်မာနိုင်ငံကအရမ်းလွတ်လပ်တယ်ဆိုတာပြချင်တာလားမသိဘူးနော်။ သူကတော့ စော်ကားလိုစိတ်မရှိဘူး ရေးထားပေမဲ့ ဒီကစော်ကားခံလိုက်ရတာ။ ကြည့်နေတဲ့သတွေလဲ အံဩပါရဲ့။ ရဲလေးဘာလေးပြေးခေါ်မယ့်သူမရှိဘူးလား။ ပုဂံလိုုဟာမျိုးမှာ ဒီလိုလုပ်သွားတာရင်နာစရာပါ။

  • uncle gyi

    July 27, 2013 at 11:52 pm

    အဖြူကောင်မကလို့ဘာကောင်ဖြစ်ဖြစ်
    ဒီလိုမျုးိလုပ်တဲ့ကောင်ပြည်ဝင်ခွင့်ပိတ်သင့်ပါတယ်
    နာမည်ပျက်စာရင်းသွင်းသင့်ပါတယ်

  • Foreign Resident

    July 28, 2013 at 1:40 am

    ” ဒီလိုမျုးိလုပ်တဲ့ကောင်ပြည်ဝင်ခွင့်ပိတ်သင့်ပါတယ်
    နာမည်ပျက်စာရင်းသွင်းသင့်ပါတယ် ”

    တော်တော်များများကတော့ Black List သွင်းဖို့ပဲ ပြောကြတယ် ။

    အဘ သဘောကတော့ Black List သွင်းယုံနှင့် မကျေနပ်ဘူး ။
    Black List လောက်နှင့် ဘာမှလဲ သိပ်မထိရောက်ဘူး ။
    သူတို့လဲ မြန်မာပြည်ကို တစ်သက်မှာ တစ်ခါ လာလည်ပြီးသွားပြီ ။
    နောက်တစ်ခါလည်း လာဖို့ အစီအစဉ် ရှိတာမဟုတ်ဘူး ။

    ၁ ။ ဖြစ်နိုင်ရင် On the spot ရဲတိုင်ပြီး ဖမ်း ၊ အရေးယူ ။
    ၂ ။ ဒါမှ မဟုတ်ရင် ၊ ဗုဒ္ဓဘာသာ အဖွဲ့အစည်း တစ်ခု / အစိုးရ က တရားစွဲရမယ် ။
    နိုင်တာ ရှုံးတာ အဓိက မကျပါဘူး ။
    အနဲဆုံး ၊ သူ့ ရဲ့ လုပ်ရပ်ကို ဒီ နိုင်ငံ / လူထု / ဘာသာ က ၊
    လက်မခံကြောင်း ၊ ကန့်ကွက်ကြောင်း ၊ ပြတဲ့ သဘောပေါ့ ။
    ( သူ က အင်တာနက်ပေါ်အထိ တရားဝင် တင်ပြစ်လိုက်တာကိုး )

    • kai

      July 28, 2013 at 4:58 am

      အဘဖောရယ်…
      နကိုကမှ.. Rule of law သက်ဝင်အောင်မြင်ခြင်းမရှိတဲ့တိုင်းပြည်ကို…
      .. ဆွဲချရှေ့နေလုပ်ပြနေသလားကွယ်…

  • ရဲစည်

    July 28, 2013 at 3:46 am

    အောက်ဆုံးပုံကို ကြည့်ပီး ဒါဟာ လဥ အခွင့်အရေးပါလားလို့ မှတ်ယူပါဒယ် …
    ဟိဟိ နောက်ထှာ ..

  • Foreign Resident

    July 28, 2013 at 9:23 am

    တစ်မျိုးလည်း စဉ်းစားမိတယ် ။

    အဲဒီ ကိစ္စဖြစ်နေတုန်းမှာ ဘေးနားမှာ အရပ်ဝတ်နှင့် ရဲ / နယ်ထိန်း ရှိနေရင်လဲ ၊
    မသိချင်ယောင်ဆောင်ပြီး ရှောင်သွားဖို့များတယ် ။

    ဘာဖြစ်လို့လဲဆိုတော့ ။

    ၁ ။ နယ်ထိန်း ရဲ တွေကော ၊ စခန်းမှူး ၊ မြို့နယ်မှူး အားလုံး ၊
    English လိုမှ ကောင်းကောင်း မပြောတတ်တာလေ ။
    သွားဖမ်းရင် ကိုယ့် ဒုက္ခ ကိုယ်ရှာ ၊ ကိုယ့် အရှက် ကိုယ် ခွဲ သလို ဖြစ်နေမှာပေါ့ ။

    ၂ ။ နောက်ပြီး နိုင်ငံခြားသား အဖြူ ကို ဖမ်းပြီဆိုရင် ၊
    သူတို့နိုင်ငံ က သံအမတ်ကြီးတွေပါ ဝင်ပါလာတော့မယ် ။
    အဲဒီတော့ ၊ နဲနဲလေး အပြုအမူ အပြောအဆို မှားသွားခဲ့ရင် ၊
    အဲဒီ သွားဖမ်းတဲ့ နယ်ထိန်း ၊ စခန်းမှူး ၊ မြို့နယ်မှူး အကုန် အလုပ်ပြုတ်သွားမှာ ။

    ၃ ။ အာရကေ / လာဘ်ငွေ လဲ ရစရာ မ မြင်ဘူး ။

    အဲဒီ အချက်တွေကို စုခြုံ စဉ်းစားလိုက်ရင် ၊ သေချာတာကတော့ ၊
    နယ်ထိန်းကသာ ယောင်မှားပြီး အဲဒီ နိုင်ငံခြားသား အဖြူ ကို ဖမ်းလာလို့ကတော့ ၊
    အဲဒီ နယ်ထိန်း ရဲ့ အထက်က စခန်းမှူး ၊ မြို့နယ်မှူး တွေက ၊
    အဲဒီ နယ်ထိန်း ကို ရေရေလည်လည် တင်းမှာ / ဆော်မှာ ကတော့ ၊ သေချာတယ် ။

    အဲဒီတော့ကာ ။ နောက်ဆုံးမတော့ ၊ ဒန် တန့် တန် ။

    • ရဲစည်

      July 29, 2013 at 12:37 am

      ချီးကျူးလို့မှ မဆုံးသေးဘူး
      နေ့မကူးသေးဘူး ထဖောက်ပီ

      အဲ့ဒါကြောင့် အူး၄နဲ့ ကျနော် မတည့်တာ …..
      ဟွင်း ဟွင်း feeling တင်းဒယ်
      😀

Leave a Reply