တောင်သမန် အလွမ်းပြေ
ဂဂ က ဟိုနေ့က တောင်သမန် ပါတဲ့ ခေါင်းစဉ်နဲ့ အစားအသောက်အကြောင်းတွေ ပြောထားတာဖတ်ပြီး လွမ်းသွားတာ။
တောင်သမန် အစားအသောက်ကို။ ငိငိငိ။ 😀
အဲလာ ဒီဇင်ဘာ ၂၀၁၂ တုန်းက ပြန်တုန်းက ပုံတွေ ပြန်မွှေပြီး တင်လိုက်တယ်။
တောင်သမန် အလွမ်းပြေပါ။
ဒီအချိန်ဆို ရေတွေ တက်ရောပေါ့။
ရောက်တိုင်းလည်း တံတားပေါ်လျှောက်ဖို့ ဝေးစွ။ အစားအသောက်တန်းက မခွါတာမို့၊ တံတားပုံ ကောင်းကောင်းကန်းကန်းတစ်ပုံမှ မရှိ။















54 comments
ဦးကျောက်ခဲ
July 27, 2013 at 12:35 pm
အခုတော့ ကျောက်စ်သိပြီ…
သွားလည်းဒီစိတ် အလုပ်ထဲမှာလည်းဒီစိတ် အိပ်လည်းဒီစိတ်
ပိန်အုံးမယ် သိလား…. ဟီ ဟိ
စကားချပ်။ တဖက်လှည့်နဲ့ သူ့အိမ်ကကားကိုလည်း ကြွားထားသေး
KZ
July 27, 2013 at 12:39 pm
ဟမ်။
အဲလာ တာမီး ကားဟုတ်ဘူးးး
ဘူ့ကားမှန်းမသိဘူးးးးး
အဲဒီ ဘုရားကိုရိုက်တာ။ ဘာကားတွေ ပါမှန်းမသိဘူးးးး ငိငိငိ။
တာမီး ပိုင်ဆိုင်တဲ့ စီး စရာဆိုလို့ ဖိနပ်တစ်ရံပဲ ရှိတာပါ ဖေဖေ။ 😀
Myo Thant
July 27, 2013 at 12:59 pm
တော်တော်ဆိုးတဲ့ မမခိုင်
စားစရာတွေလျှောက်တင်ထားတယ် ၊
ဆာလာပြီ
KZ
July 27, 2013 at 1:04 pm
ကိုယ်တိုင် တင် ရင်း ဆာ လာလို့ပါ။
ငိငိငိ။ 😀
Mr. MarGa
July 27, 2013 at 12:59 pm
အင်း……….
ပတ်ဝန်းကျင်ကို မေ့လောက်တဲ့အထိ ကို အဲ့ဒီ စားသောက်တန်းက ဆွဲဆောင်မှု ကောင်းတယ်ထင့် 😛
KZ
July 27, 2013 at 1:07 pm
သွားဖူးရင် သိမှာပါ တဂျားရယ်။

မဟာရာဇာ အံစာတုံး
July 27, 2013 at 1:10 pm
တော်ဒေးဒယ် …
ဝါးဒီး ဖွင့်ပီးမှ ဒီပို့စ်ကို ဖွင့်ကျိမိလို့ …
ဒါ့ထက် …

ရဲလေးရဲ့ ဟိုသီချင်းလေးတောင် ပြေးဒဒိရလိုက်မိသေးဒယ် …
ဘာတဲ့ …
မင်းရီးဇား က နိုင်ငံဂျားကဆို … (ဟုတ်ရဘာဝူးဂျာ)
ထမင်း တစ်နေ့ ခြောက်နပ်စားဒါဆို … (တားတား သိဝူးဂျာ)
KZ
July 27, 2013 at 1:18 pm
အဲလာ သမီး ဟုတ်ဘူးနော်။
သမီးက ၄ နပ်လောက်ပဲ စားတာ ဆိုတော့။
😀
အတွေးလေး
July 27, 2013 at 1:22 pm
လွမ်းအောင်လုပ်ရက်တယ်ဟီး……။
KZ
July 27, 2013 at 1:23 pm
ကိုယ်တိုင်လည်း လွမ်းနေလို့ပါ။
😀
ခင် ခ
July 27, 2013 at 1:54 pm
“ရောက်တိုင်းလည်း တံတားပေါ်လျှောက်ဖို့ ဝေးစွ။ အစားအသောက်တန်းက မခွါတာမို့၊ တံတားပုံ ကောင်းကောင်းကန်းကန်းတစ်ပုံမှ မရှိ။´´ ပိုစ့်ပါ စကားချပ်အရဆို အခု တင်တဲ့ အစားအစာတွေက KZ တစ်ယောက်ထဲ ထိုင်စားနေတာလားဟင် !
လွန်တာပေါ့နော်။
KZ
July 27, 2013 at 1:59 pm
ဂလိုလေ။
တစ်ယောက်တည်း တစ်မျိုးတည်းကို အကုန် မစားနိုင်ဘူးကိုးးးးး
အဲတော့ အတူသွားတဲ့ သူငယ်ချင်းတွေပါ မျိုးစုံမှာခိုင်းပြီး နည်းနည်းနဲ့ အမျိုးစုံစားရတာပေါ့။
အဲလိုပဲ ကြိုးစားပြီး စားရတာ။
ကိုယ့်ကိုယ်ကို သနားထာ ကိုကြီးခရယ်။ 😀
ရွှေတိုက်စိုး
July 27, 2013 at 2:48 pm
အဲဒါတွေ စားဘူးပေါင် ဒို.တော့ ကျောင်းအနောက်က ထန်းတောက ထန်းရည် ပါဆယ်ဆွဲ.. ဆတ်သားခြောက် ဖုတ် အတုံးလေးတွေနဲ. မယ်စယ်ပင်တန်းမှာ မယ်စယ်ပင်ပေါ်တက် လေလေးတဖြူးဖြူးနဲ. ထန်းရည်ကစ် ဆတ်သားခြောက်စား… ဖက်ကြမ်းလေးဖွာ……..
အိုးးးးးးးးးးးးးးးးးးမိုက်တယ်…
KZ
July 27, 2013 at 3:04 pm
နောက်ခါသွားရင် ခေါ်ဦးဟ။ 😀
ခင် ခ
July 27, 2013 at 3:13 pm
ခေါ်ဦးလုပ်နေတယ် ဟို ဦးရွှေတိုက်စိုး ကြီးကိုလည်း ပြန်မေးကြည့်အုံး အခုရော အဲလို အဲလို သွားလို့ ရသေးရဲ့လားလို့လေ။
ရွှေတိုက်စိုး
July 27, 2013 at 3:42 pm
အမယ် သွားလို.ရပ သွားလို.ရပ… နောက်ကျောပိုးအိတ်လေး တစ်ခုပိုပါလာမှာပဲ ရှိဒါ…
စိန်မခေါ်နဲ.နော် လေးခကြီး စွဲစိပလိုက်မယ်………ဟဲဟဲဟဲ..
အလင်း ဆက်
July 27, 2013 at 7:31 pm
တကယ်သာ ဆွဲထုတ်ပြီး
စားပစ်လိုက်ချင်တော့တယ်ဗျာ
ချစ်သုဝေ ပုံ မြင်ရတာ ထက်တောင်
အရသာ ပို ရှိနေတဲ့ ပုံတွေ
🙂
KZ
July 27, 2013 at 7:38 pm
စားရပို အရသာရှိသေးးးးး
ခွိခွိခွိ။
ဒါမျိုးတော့ အောင်ရဲလင်းနဲ့ မလဲတော့ဘူးးးး
အလင်း ဆက်
July 27, 2013 at 7:43 pm
အောင်ရဲလင်းနဲ ့
တူတဲ့ လူတွေ ဖမ်းတယ်ဆိုလို့
ပြေးလိုက်ဦးမယ်
ချစ်သုဝေဆီ
ဟီဟိ
အရီးခင်လတ်
July 27, 2013 at 7:34 pm
စားသွားပါကြောင်း။ ကျေးကျေး ကေဇီ ရေ။။ 😆
KZ
July 27, 2013 at 7:40 pm
ကြုံရင် တကယ် ကျွေးပါ့မယ် အရီးရေ။ 🙂
ရဲစည်
July 28, 2013 at 4:14 am
မမဂျီး … ခိညား ဒီပုံ အတိုင်းဆို နှလုံး၊ သွေးတိုး၊ ဆီးချို ၊ ကျောက်ကပ် ဘာတခုမှ လွတ်ဖွယ်မရှိ …
ဆိုတော့ …
sweet + pwint = swint ဟုခေါ်စေသတည်း …
ဇဂါးချပ် မမဂျီးခေါ်လို့ ဆိတ်ဆိုးနဲ့ အကောင်ကြီးလို့ respect ပေးထှာ

KZ
July 28, 2013 at 1:24 pm
ဟယ် ကရင်ရဲစည်။
စားတတ်သောက်တတ်တယ်ဆိုတာ …
ရောဂါမဖြစ်အောင်ကိုပါ စဉ်းစားပြီး စားသောက်တတ်မှ ….
တကယ်စားတတ်သောက်တတ်တယ်လို့သတ်မှတ်တယ်။
ဒီ ရောဂါတွေ ပလဘုံး ဖြစ်အောင် စားရလောက်အောင် မမဂျီးက ဉာဏ်နည်းတယ် ထင်သလားဟမ်။
ဉာဏ်မနည်းဘူးကွဲ့။ (ရှိကိုမရှိတာ)။ ငိငိငိ 😀
နောက်ခေါက် နာမည် ဘာပြောင်းရမတုန်း စဉ်းစားနေတာ အသစ်ရပြီ။
kyaw swar kaung
July 28, 2013 at 4:18 am
မခိုင်ဇာရယ်..
လွမ်းလိုက်တာ…. တံတားကို..။
ကျနော် မရောက်ဖြစ်တာကြာပြီဗျာ..။
ကျနော်ပြန်လာလည်ရင်… လိုက်ပို ့ပေး… အကုန်ဝယ်ကျွေးမယ်..။
ကျနော်လာရင် ရွာသူရွာသားတွေနဲ ့တံတားပေါ်မှာ သီချင်းကို အော် ဆိုပစ်ထဲ့လိုက်ဦးမှာ…။
မခိုင်ဇာနဲ ့တချို ့ရွာသူရွာသားတော်တော်များများက ချွဲလည်းချွဲတယ်.. စကားလဲ ပမီ..။
အဲဒါလေးတွေနဲ ့မန်းဂေဇက်က ချစ်စရာကောင်းတာ…။
ကျော်စွာခေါင်
KZ
July 28, 2013 at 1:20 pm
ကြုံရင် လိုက်ပို့ပါ့မယ်ဗျာ။
မုန့်လည်း ကျွေးပါ့မယ်။
စကားက အပြင်မှာ ပီပါတယ်နော့။ ဟီးဟီးးးး 😀
ဗုံဗုံ
July 28, 2013 at 9:36 am
ပြန်လာရင် တူတူသွားမယ်နော်..
မမဂျီး ဝိတ်တက်မှာစိုးလို့
ဝိုင်းစားပေးမို့ပါ
ဆိတ်သားထောင်းကို အကြိုက်ဆုံးဘဲ
KZ
July 28, 2013 at 1:18 pm
ရတယ်။
သွားမယ်။
ဗုံ ကလေးနဲ့က ကန်တော်ကြီးနဲ့ တောင်သမန်နော်။
ကိုပေါက်(မန္တလေး)
July 28, 2013 at 1:44 pm
မိဗုံ တဒေါင်နဲ့ ထောင်းတာရော မကြိုက်ဘူးလား
ဗုံဗုံ
July 28, 2013 at 3:13 pm
ဇက်ကြောတက်နေတဲ့အချိ်န်တော့ ကြိုက်သားဘဲ

ငိုချင်နေပါတယ်ဆိုမှ လာလာပြီး စ နေတာနော်.
ရောပြီးငိုပစ်လိုက်မှာ ဘာမှတ်ရဲ..
surmi
July 28, 2013 at 10:40 am
မန်းလေး လာရင် အဲဒီဆိုင်တွေမှာလိုက်ကျွေးပါ 🙂
ဆိတ်သားထောင်း မစားရရင်မပြန်ဘူး !!!!!
ပဲပုတ်စေ့လေးတွေပါတဲ့ ထမင်းသုပ်လည်းစားမယ်
ငါးကြော်လည်းကြိုက်တယ်
ဂျီးတော် …
ခင်ဗျားပြန်ရောက်ရင် ပုန်းမနေပါနဲ့ 🙂
KZ
July 28, 2013 at 1:17 pm
ရန်ကုန်မှာ ဒင်နာ ၂ ဝိုင်း ပြီးမှ မန်းလေးကို ခရီးဆက်ကြမယ် ကိုရင်ဆာမိ။
ခွိခွိခွိ။
ခု ၃ ဝိုင်းဖြစ်သွားပြီ ထင်တယ်။ 😀
ကိုပေါက်(မန္တလေး)
July 28, 2013 at 1:41 pm
ညည်းမစားရသေးဘဲ ကျန်နေတဲ့ မုန့်ကို ဖွဘုတ်ပေါ်မှာတင်ပေးလိုက်မယ်နော်
KZ
July 28, 2013 at 1:46 pm
တင်ပေးလိုက် လေးပေါက်။
လေးပေါက်တို့ ရိုက်တဲ့ပုံတွေ ကြည့်ပြီး အားကျနေရတာ။
အနော့မှာ အစားအသောက်ကလွဲရင် ကျန်တာမရှိဘူးးးး 😀
ကိုပေါက်(မန္တလေး)
July 28, 2013 at 2:12 pm
အစားအသောက်ဘဲတင်ပေးမှာ ညည်းတောင်သမန်မှာဝယ်မစားခဲ့တဲ့မုန့်ကိုပြောတာ
ကိုပေါက်(မန္တလေး)
July 28, 2013 at 2:16 pm
အော်ရန်လုပ်စရာ ရပြိ 2012 ပြန်လာတုံးက ညည်းငါ့ကို မခေါ်ဘဲထားခဲ့တာ
KZ
July 28, 2013 at 8:10 pm
ဟီးဟီးးး
လေးပေါက်က မမေ့သေးဘူးကိုးးးးးး
တကယ် အချိန်မရလို့ပါဗျာ။ ရရင်တော့ မန်းလေး လမ်းညွှန်ကြီးကို ဘယ်မေ့မတုန်းးး 😀
ကိုရင်စည်သူ
July 28, 2013 at 2:59 pm
မဇာ မကောင်းဘူးဂျာ.. တကယ်ကျွေးဘဲနဲ့… အဲ့လိုတွေတင်တယ်..
ငတ်နေပါတယ်ချိုမှ… ဘိုက်ဆာတယ်.. စိတ်ထစ်တယ်.. 😥
ရန်ကုန်မှာ ဝိုင်းရှိရင် တားဂိုခေါ်နော်.. ကျိတ်မဝိုင်းနဲ့အုန်း..
တိုတိုလေးနဲ့ တိုင်ပြောမယ်… အရှည်ကြီးဖစ်သွားအောင်ဘာ..
KZ
July 28, 2013 at 8:08 pm
မဂျီးလည်း လွမ်းလို့ တင်မိတာပါကွယ်။
ရန်ကုန် ဝိုင်းဖြစ်ရင် ခေါ်ပါ့မယ်။
ဟောစာတမ်းရေးပေးမယ်ဆို သွားလေရာ ခေါ်ပါ့မယ်။
•*¨နန်းတော်ရာသူ •*¨
July 28, 2013 at 7:49 pm
ငယ်ငယ်က၁ခေါက်ပဲရောက်ဖူးတယ်မမရေ

မှတ်မှတ်ရရ ဦးပိန်တံတားပေါ်မှာဓာတ်သေရိုက်ပြီး ရွေးမယ့်အချိန်ကိုမစောင့်နိုင်လို့ရွေးမလာရဘူး။
ူလူကြီးတွေကနောက်ကြတယ် “နင့်ပုံကို မရွေးသောပုံများဆိုပြီးဆိုင်းဘုတ်ကြီးနဲ့ကပ်ထားလိမ့်မယ်”
ဆိုတော့ တကယ်များကပ်ထားလေမလားလို့ စိုးရိမ်ပြီးရှက်လိုက်ရတာ
အရင်တုန်းကဒီပုံတွေထဲကထက်ပိုလှသလားလို့
အောက်ကစားစရာတွေကတော့ သွားရည်တောက်တောက်ယိုတယ်နော် ရှလွတ်
KZ
July 28, 2013 at 8:06 pm
ဟုတ်ပါ့။ သော်လေးရယ်။
အလှကတော့ လျော့သွားသလိုပဲ။
ညစ်ပတ်တာတွေလည်းရှိတယ်။
ရှောင်ရိုက်နေရတယ်။
အဲဒီတော့ မရိုက်ချင်ပဲ အစားအသောက်လောက်ပဲ စားမိနေရော။
မသိတဲ့သူလာရင် နည်းနည်း ဘတ်ချင်တာတော့ မပြောင်းလဲတဲ့ တောင်သမန်ဆိုင်တွေပေါ့။ 😀
Crystalline
July 28, 2013 at 8:48 pm
မန္တလေးကိုရောက်ဖူးပေမယ့် တောင်သမန်အင်းမရောက်ဖူးဘူး.. အင်းကိုသိပ်စိတ်မဝင်စားပေမယ့် အောက်က ပန်းကန်တွေ့တော့ … စားချင်လိုက်တာ.. ဆာလိုက်တာနော်.. 🙁 အဲလိုငါးကလေးတွေကြော်တာကိုအရမ်းကြိုက်တယ်.. အသုတ်လေးလည်းစားချင်တယ်.. ဆိတ်သားထောင်းဆိုတာအခုမှတွေ့ဖူးတယ်.. မမခိုင်ဇာနည်းသိရင်တင်ပေးပါလား.. လက်တည့်စမ်းချင်လို့.. အရမ်းစားကောင်းမယ့်ပုံပဲ..
KZ
July 29, 2013 at 8:25 am
အင်းးးးးး
တင်ပေးမယ်။
ဆိတ်သားဖြစ်ဖြစ်၊ ဂျီသားဖြစ်ဖြစ်၊ ဆတ်သားဖြစ်ဖြစ် အဲ့လို လေး လုပ်စားရင် စားကောင်းတာချည်းပဲ။
😀
Ma Ma
July 28, 2013 at 8:51 pm
တောင်သမန်အင်းကို တစ်ခါတော့ ရောက်ဖူးတယ်။
သူ့နေရာနဲ့သူ ကျွမ်းကျင်မှ၊ နေရာသိမှ အစားကောင်းရနိုင်တာ။
ကိုယ်တိုင်သွားတုန်းကတော့ အဲဒီမှာ အစားအသောက်ကောင်းတယ်နာမည်ကြီးမှန်းသိပေမယ့်…
ဘယ်ဆိုင်ကောင်းမှန်းမသိ၊ ဘာစားရမှန်းမသိမို့ နာသွားတယ်။ 🙁
KZ
July 29, 2013 at 8:39 am
လက်ရာကတော့ တူတူလောက်ပါပဲ ချစ်မရယ်။
ကျနော်တို့ကတော့ ရင်းနှီးတဲ့ဆိုင်တို့
နေရာ ထိုင်ခင်းသန့်တဲ့ ဆိုင်တို့ ရွေးထိုင်မိတာပါပဲ။
🙂
ဦးကြောင်ကြီး
July 29, 2013 at 9:02 am
တောင်သမန်အင်းမှာ
ဟောင်သံပြင်းလို့
ကြောင်လှန်ဗျင်းတော့
အလို
ရောင်ပြန်တဝင်းဝင်း
မောင်ဖျံအင်းပါဂလား..
နောင်စံမယွင်းစေဖို့
အောင်ကံထွင်းလိုက်မယ်
ဒေါင်လန်သင်းဂျင်ရင်
ပေါင်နှံခြင်းကိုရှောင်…
မိုက်ကယ်ဂျော်နီအောင်ပု
July 29, 2013 at 11:02 am
တောင်သမန်အင်းဆိုတဲ့ပုံတွေမှာ
တံတားကြီးနဲ့တွဲပြီးပါတာ သစ်ခြောက်ပင်ကြီးလို့ပြောရင်လည်းရမလားသိဘူး
ကိုယ့်အမြင်ကိုယ်ပြောတာ
ဆိုတော့ကာ
အဲ့သည်သစ်ခြောက်ပင်ကြီးနားမှာ နောက်ထပ်မျိုးဆက်သစ် တစ်ပင်လောက်
ဆိုက်ထားဘို့မကောင်းဘူးလါး
ကိုယ့်ဟာကိုပြောတာနော်
KZ
July 29, 2013 at 11:37 am
ဒီ တစ်ခေါက် အနော် ပြန်ရင် စိုက်ခဲ့မယ်။
အဲဒါ ဘာပင်တုန်းပြောပြ။
ကိုပေါက်(မန္တလေး)
July 29, 2013 at 10:42 pm
တောင်သမန်အင်းကိုလဲ မျုးိဆက်သစ်ချန်
ဦးပိန်ကိုလဲ မျိုးဆက်သစ်ချန်
သစ်ပင်ကိုလဲ မျိုးဆက်သစ်ချန်
ဒါပေမယ့် မရတော့ဘူးဗျာ
ဘာလို့လဲဆိုတော့
အာဂ
July 30, 2013 at 4:39 pm
ဘီယာဆိုင်နဲ့ ပုံကို အကြိုက်ဆုံးပဲအေ..။ ဒါမှန်းသိရင် ဒေါ်ခိုင်ဇာဆီက ပုံတွေတောင်းသုံးပါတယ်အေ….။ အဟွန့် အခုတော့….
KZ
July 30, 2013 at 5:45 pm
နောက်ခါ ပြောပါဟ။
ကျုပ်မှာ ရှိတာဆိုလို့ ဒီ အစားအသောက်ပုံပဲရှိတာ။ 😀
kyaw swar kaung
July 31, 2013 at 1:06 am
မခိုင်
ဟိုနေ ့ကတည်းက တွေ ့ပြီး မေးမလို ့..မေ့ခဲ့လို ့..။
ဟိုဆိတ်သားထောင်းနီနီကြိီးတွေက ကြက်သွန်ဖြူရောထောင်းပြီး သံပုရာညှစ်တာဆိုတော့..
အသားစိမ်းကြီးတွေကို ထောင်းတာလား…
ရှင်းပြပါ
ပြောပြပါ
ထောင်းပြပါ
စားမပြပါနဲ ့…
KZ
August 1, 2013 at 1:54 pm
ဆိတ်သား/ဆတ်သား/အမဲသားခြောက် ကို ပြုတ်ပြီး နွှင်၊
ရေစစ်ပြီး ကြက်သွန်ဖြူ ဂျင်းနဲနဲ ငရုပ်စိမ်း နဲနဲ နဲ့
ရောထောင်းပြီး ဆီစိမ်းဆမ်းထားတာ။
ပြီးမှ ကြက်သွန်မိတ်တို့ ဆီချက် တို့ ဖြူးလိုက်တာ တဲ့။
ဦးကျောက်ကို မေးပြီး ဖြေလိုက်တာ။

ငိငိငိ။
တစ်ချို့က ပင်စိမ်းရွက်နဲနဲပါ ထည့်ထောင်းတယ် ဆိုလားပဲ။
ပြီးတော့ သံပုရာသီးညှစ်လိုက်ပြီး စားတော့ပေါ့ဗျာ။
😀
kyaw swar kaung
August 2, 2013 at 1:01 am
မခိုင်ဇာ
ရှင်းပြတာ ကျေးဇူးပါဘဲ..။သူများကို လုပ်ကျွေးဘို ့ သင်ထားတာပါ..
ကျနော်က ခြေ ၄ချောင်းမစားပါဘူး..။ မြီးရှည်ဘဲ ကြိုက်တာ..။
ဘာဘဲပြောပြော..ကျေးဇူးပါ..။
ဆိတ်သားထောင်းဆိုတာ တကယ်တော့ ဆိတ်သားကို ထောင်းထားတာကိုးးးးး…။
စားမပြပါနဲ ့ပြောတာတောင်…
နောက်ဆုံးမှာ ..စား တာလေးက ပါလာတယ်..။
ငယ်ကတည်းက အဘွားက သင်ထားတယ်.. များများစားတတ်သူနဲ ့ခင်အောင်ပေါင်းတဲ့..။
ကိုယ်စားချင်တာရှိရင် ပင်ပန်းခံပြီး ရှာစရာမလိုဘူးတဲ့..
ဆိုင်မှန်သမျှ ဘယ်နေရာမှာဆိုတာ.. သူတို ့အလွတ်ရတယ်တဲ့..
ဟုတ်လား..မခိုင်..။
ရွှေမိုးတိမ်
August 14, 2013 at 6:42 pm
ဟောဗျာ ပုံတွေကြည့်ပြီးဘိုက်ဆာလာဘီ ။ မန်မန်းတွားချားတော့မယ် 🙂