ချစ် ချစ် ချစ် (အခန်း – ၂ )

***************** အနှစ်လေးဆယ်ခန့်ကြာသော် **************




မန္တလေး

ဂေါဝန်ဆိပ်

“ဘော် —–ဘူးးးးးးးးးး ဘော် —”

အောင်တံခွန်အမည်ရှိ သင်္ဘောဆိပ်ကမ်းမှခွာရန် အချက်ပေးဥဩပေးသည်

နှင့် ဆိပ်ကမ်းပေါ်ရှိ ခရီးသည်များရော လိုက်ပါပို့ဆောင်နုတ်ဆက်သူများ

ရော ဈေးသည် အထမ်းသမားအစရှိသည်တို့ လူပ်လူပ်ရွရွ ဖြစ်ကုန်ကြသည်။

“မောင်ရေ ဒီတခေါက်နောက်ဆုံးတခေါက်ဆိုတာ မေ့ကိုကတိပေးကွာ”

“အင်းပါ မောင်ကတိပေးပါတယ်”

“မေမေကတော့စိတ်ဆိုးနေတယ်မောင် ခုလိုမောင်ခဏခဏခရီးထွက်နေတာ

ခု မင်္ဂလာပွဲက ၂ပါတ်လောက်ပဲလိုတဲ့ဟာကို ညည်းလူကိုကြည့်ထိန်းတဲ့”

“အင်းပါမေရယ် မောင်ဒီတခေါက်ကနောက်ဆုံးပဲစိတ်ချ နောက် ပြီးမောင့်

ဖေဖေရဲ့ ပွဲရုံမှာကြိုးစားလုပ်မယ် မေနဲ့မောင့်ရဲ့မိသားစုကို မောင့်လုပ်အား

နဲ့ဖြူဖြူစင်စင်ရှာကျွေးမယ် လူလွတ်ဘဝနဲ့ မောင်ဝါသနာပါတဲ့ ဟောဒီအလုပ်

ကိုမောင်အပြီးအပြတ်စွန့်ပါ့မယ်ကွယ် မောင်ကတိပေးပါတယ်”

“ဟွန့် မောင်ကတော့ပြောလိုက်ရင် ဒါမျိုးကြီးပဲ ဒီထက်စောစော မောင့်

ဖေဖေအလုပ်တွေကိုကူလုပ်ရင် ခုထိမေနဲ့ဝေးရမှာမဟုတ်ဘူး မောင့်ဝါသနာ

ကြောင့် မေမေက ခုထိ မေတို့မင်္ဂလာပွဲကိုတားထားတာ မေ အချွဲကောင်း

လွန်းလို့ ခက်ခက်ခဲခဲခွင့်ပြုချက်ရထားတာ ဒါပဲနော်မောင် ကတိတည်ပါစေ”

“ကဲ ကဲ အမိ ဟိုမှာသင်္ဘောက ကမ်းကခွါတော့မယ် ကုန်ဘောင်မသိမ်းခင်

သွားတော့မယ်”

“တက်တက်ကိုယ်တော်လေး တက်တော်မူပါ တော်ကြာကုန်းဘောင်သိမ်း

မှ လက်ပစ်ကူးနေရအုံးမယ်”

“မေ ရေ တာ့တာ”

“တာ့တာ မေ့ကိုပဲကြည့်မနေနဲ့ လမ်းကိုကြည့် ချော်ကျအုံးမှ မောင်ရေ”

” ဟဲ့ အမလေး ”

“ဟဲဟဲ စတာပါ တာ့တာ”

မခင်မေသည် သူ၏ သတို့သားလောင်းချစ်သူ လိုက်ပါသွားသော အောင်တံခွန်

အမည်ရှိသင်္ဘောအား ဝေ့လာသည့် မျက်ရည်ဝိုးတဝါးကြားမှ အကြိမ်

ကြိမ်လက်ပြနုတ်ဆက်ရင် ကျန်ရစ်ခဲ့ရလေသည်။

အောင်တံခွန်အမည်ရသင်္ဘောပေါ်တွင်ပါသွားသောမောင်ထွန်း အမည်ရ

လူရွယ်သည်လည်းကမ်းတွင် လက်ပြကျန်ရစ်သော သတို့သမီးလောင်း

ချစ်သူအား မျက်ရည်သုတ်ဟန်မြင်ရသောအခါ ရင်ထဲဝမ်းနည်းလာသလိုလို

ခံစားလျက် မိမိခရီးစဉ်အားဖျက်သိမ်းမည်ဟုပင် ခဏကြံမိလေသည်။

ယခင်အကြိမ်ကြိမ်ခရီးထွက်ရာ၌လိုက်ပါပို့ဆောင်ပေးသောချစ်သူမေသည်

ယခင်အခေါက်များနှင့်မတူမျက်ရည်ဘာကြောင့်ကျရသနည်း။မိမိလဲ ဘာကြောင့်

ခုလိုခရီးစဉ်ဖျက်သိမ်းရသည်ထိ ဖြစ်သွားရသနည်း။

မောင်ထွန်းသည် ပါလာသောကျောပိုးအိတ်ကို ခရီးသည်လွတ်ရာ ကုန်းပတ်

ပေါ်သို့ ပစ်ချလိုက်သည်။သူ၌အထုတ်အပိုးဟူ၍ မနေ့ ည ညဈေးတန်း

ကဝယ်ထားသော စစ်သားသုံးကျောပိုးအိတ်တလုံးသာပါသည်။ အပိုဟူ၍မပါ

မလိုအပ်။ သင်္ဘောသည် ရှိသမျှအားကိုအသုံးပြုလျက် ဧရာဝတီမြစ်ကို

ဆန်တတ်နေရာအရှိန်အတော်ပင်ရနေလေပြီ။ ထို့အတူ မောင်ထွန်းသည်

လည်းကမ်းပေါ်တွင်လက်ပြကျန်ခဲ့သော ချစ်သူမေ ၏ ပုံသဏ္ဍန် က်ုမြင်ယောင်

လျက် ယခင်က ခရီးထွက်တိုင်းဤမျှလောက်ထိမခံစားရသော်လည်း

ယခုတခေါက်ခံစားမူ့က တမျိုးဖြစ်နေလျက် ဒူးပေါ်မျက်နှာအုပ်ထိုင်လျက်

ပင့်သက်တချက်ရှိုက်မိလေသည်။

အောင်တံခွန်သည် တဖြည်းဖြည်းအရှိန်ရလျက် မောင်ထွန်းလဲ တိုး၍ရှိုက်လျက်

မင်းကွန်းဘက်သို့ပင်ရောက်ရှိလာခဲ့လေသည်။ မောင်ထွန်းလဲပထမဦးဆုံး

ဆိပ်ကမ်းသို့သင်္ဘောဆိုက်ကပ်ပါက ဆင်း၍ မန္တလေးသို့ ရရာကားကြုံ (သို့)

စက်လှေ ရရာဖြင့်ပြန်မည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။

” ထမင်းထုတ်တွေရမယ် ထမင်းထုတ် တထုတ်ကို တကျပ် တကျပ်နဲ့

အဝစားရမယ်နော်”

“နေကြာစေ့ ကွာစေ့ စီးကရက် ကွမ်းယာ ချိုချဉ် တွေရမယ်”

ဈေးသည်မျိုးစုံ ၏အသံများကိုကြားရတော့မောင်ထွန်းခေါင်းထောင်ကြည့်မိသည်။

ဝမ်းနည်းနေ၍လားမသိ ဗိုက်ကတကြုတ်ကြုတ်ဆာလာသည်။အနားရှိအဒေါ်ကြီး

တယောက်ပြောင်းဖူးဖတ်ဆေးလိပ်ကိုဖွာနေသည်။အကြိမ်ကြိမ် ခရီးသွားဖူးပုံ

ရသူတဦးဖြစ်မှန်းမောင်ထွန်းရိပ်စားမိသည်။ အခြေအနေအရပ်ရပ်ကို

ဤအဒေါ်ကြီးထံစုံစမ်းရမည်။

” ဒေါ်ဒေါ် ကဘယ်ထိလိုက်မှာလဲခဗျ”

“အော် ခရီးဆုံးထိဆိုပါတော့ငါ့တူရေ”

” ဒုန်းးးးးး ဝေါးးးးးးး”

“ဟော သောင်မိပြန်ပြီနဲ့တူတယ်”

“ဘယ်လိုသောင်မိတာလဲ ဒေါ်ဒေါ်”

“အော်ငါ့တူရယ် ခုချိန်က ဆောင်းပိုင်းရေကျချိန်မဟုတ်လား

ဒီတော့ သောင်ဖြစ်တော့မဲ့ ရေတိမ်ပိုင်းလမ်းကြောင်းကိုသင်္ဘော

ကဝင်မိတော့ သင်္ဘောရေစူးနဲ့ မမှီတော့ ရှင်းရှင်းပြောရရင်

ငါ့တူရယ် သင်္ဘောသောင်တင်တာပေါ့”

သင်္ဘောမှာဘယ်လူး ညာလူးလျက်စက်ကုန်ရုန်းနေသည်။

ရှေ့ဆက်တိုးမရ၍နောက်ပြန်ဆုတ်နေ၏။ မောင်လတ်အဖို့တော့

ထူးဆန်းနေ၏။ခရီးအကြိမ်ကြိမ်းထွက်ဖူးသော်လည်း ရေကြောင်းကား

ခုပထမဆုံးဖြစ်နေ၍ ထူးဆန်းနေ၏။ မြစ်လယ်ရှိသင်္ဘောမှာ

သဲသောင်မတွေ့ရပဲရေပေါ်တွင်သောင်တင်နေရသည်ကိုး။

သင်္ဘောဝန်ထမ်းများ မှတဦး ဆေးရောင်စုံသုတ်ထားသော

ဝါးလုံးရှည်ကို ကိုင်လျက်ရေစူးတိုင်လိုက် ပါစပ်မှတစုံတရာ

အော်လိုက် ရှေ့ဦးပိုင်းတိုင်းလိုက်နောက်ပိုင်းလာတိုင်းလိုက်

အော်လိုက်နှင့် နာရီဝက်ခန့်အကြာတွင်သင်္ဘောမှာ သောင်မှ

လွတ်ကင်းသွားရလေသည်။

“ဒေါ်ဒေါ် ထမင်းကသင်္ဘောပေါ်မှာရတယ်ဆို ဘယ်မှာ

စားရလဲသိလား”

” အော်တို့ကတော့ တထုပ်တကျပ်ပေးစားလိုက်တာပဲ

အေးလေလူလေးတို့ကတော့ဘယ်စားတတ်မလဲ။ ဟောဟို

မှာဆိုင်ရှိတယ် ။အဲဒီကလူနဲ့ မိတ်ဖွဲ့ထား ။ဒီပေါ်မှာကအချိန်နဲ့

ထမင်းရောင်းတာ သူ့အချိန်ကုန်ရင်ဘာမှမကျန်တော့ဘူး”

မောင်ထွန်းအဒေါ်ကြီးပြောသောသင်္ဘောအထာကို မှတ်ထား

လိုက်ရသည်။

” ဟုတ်ဒေါ်ဒေါ်ဒါဆိုကျနော်သွားစားလိုက်အုံးမယ်”

“ဟဲ့ ဟဲ့ အထုတ်ပိုးကြီးနဲ့ ငါကြည့်ထားပါ့မယ်အေး စိတ်ချလက်ချ

သွားစမ်းပါ”

” ဟုတ်ဒေါ်ဒေါ် ကျေးဇူးပါ”

——————————————————————

အပိုင်း ( ၃ ) ဆက်ရန် –

7 comments

    • မင်းခန့်ကျော်

      August 16, 2013 at 3:00 pm

      ဆင်ဆာခန်းတွေနဲနဲပါတော့

      ခင်ဗျားတို့ကိုအားနာလို့ ဖြုတ်ထားတယ်ဗျာ။

      အပိုင်း ( 5-6)လောက်ကြရင်ပါလာမှာမို့ ကြိုတင်

      တောင်းပန် ထားပါတယ်နော့်။

      ဒါပေမဲ့ အများ ဖတ်နိုင်အောင်ပြင်ဆင်နေပါတယ်။

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 2:12 pm

    ရှေးစကား ရှိတယ် ..
    ကိုယ်ကကြူး ကိုယ့်ဒူးတောင် မယုံရတဲ့ …
    အထုပ်ကြီး ထားခဲ့လို့ကတော့ ….

    ===============
    နှစ်ပိုင်းလုံး တစ်ခါတည်း ဖတ်သွားတယ်ဗျ။
    ပထမပိုင်းမှာ အတော် ဆွဲဆောင်အား ကောင်းတယ် …။
    အခု အပိုင်းမှာတော့ ဇာတ်ကောင်ကို နည်းနည်းပဲ ချပြသွားတာပဲ ရှိတယ်။
    အားပေးနေပါတယ်ဗျို့ …။ ဆက်ရေးတင်ပါဦးလို့ …။
    ===============

    • မင်းခန့်ကျော်

      August 16, 2013 at 2:53 pm

      ဆရာအံ

      ၁၉၈၅ ဝန်ကျင်ကကျေးလက် လူတန်းစား

      များရဲ့ စာရိတ္တ ကိုသတိရလို့

      အထုပ်ချပေးလိုက်တာပါ။

      ခုခေတ်ဆိုရင်တော့ ခါးကြားကဟာတောင်

      စိတ်မချရလောက်ဘူး :mrgreen:

  • အရီးခင်

    August 16, 2013 at 2:56 pm

    { မောင်လတ်အဖို့တော့ ထူးဆန်းနေ၏။}
    မောင်ထွန်း နော်။ မောင်လတ် ဟုတ်ဘူး။
    သတိထားပါ စာရေးဆရာ။
    ဒီရွာမှာ အမှားကောက်တွေ ၊ စာလုံးပေါင်းစစ် တွေ ရှိတယ်။
    နောက်တာပါ။
    စိတ်ဝင်စားစရာ ဇာတ်လမ်းအဖွဲ့လေးပါ။ 😛

    • မင်းခန့်ကျော်

      August 16, 2013 at 3:14 pm

      ဟုတ်တယ်အရီးရေ ။

      ဇာတ်ကောင်ရဲ့ နာမည်အပြည့်အစုံက

      မောင်ထွန်းလတ် ပါ။ နာမည်မိတ်ဆက်တာလိုသွားတယ်။

      ဒီတော့စာရိုက်ရင် ထွန်းတွေလတ်တွေ ရောကုန်တာဗျိုး :mrgreen:

      စာပြန်စစ်ဖို့ က ဖုန်းနဲ့ဆိုတော့ စိတ်မရှည်ဘူးဖြစ်သွားတယ်။

      စာရိုက်တုန်း အလုပ်တွေကဝင်လာနဲ့ ။( ဒါက ဆင်ချေ ဆင်လက်)

      ဘာပဲပြောပြော အရီး သေချာဖတ်ကြောင်း ဝန်ခံတာမို့ ကျေးဇူးပါပဲဗျာ။

      သူဂျီးက မနေ တတ် မထိုင်တတ်ပြင်ပေးရင်တော့ ဟီးးး

  • ရွှေမိုးတိမ်

    August 16, 2013 at 3:12 pm

    မြန်မြန်ဆက်တင်ပါဦးဗျို့ ….. 😀

Leave a Reply