Min Paing Myat ThuMay 30, 20182min10405
Call Me By Your Name – Andre’ Aciman ဆိုတဲ့ အင်္ဂလိပ်ဝတ္ထုကို ဘာသာပြန်ဆိုပါတယ်။   အပိုင်း (၁) နောက်တော့မှပဲ မလုပ်ရင်.. ဘယ်တော့လုပ်မှာလဲ (အင်္ဂလိပ်စကားမှာ အခုမှ မလုပ်ရင် ဘယ်တော့လုပ်မှာလဲ ဆိုတဲ့စကားရှိပါတယ်။ အထက်က စာကြောင်းမှာတော့ စာရေးဆရာဟာ သူ့ဇာတ်ကောင်ရဲ့စကား “နောက်တစ်ခါမှပေါ့´´ဆိုတာကိုအစွဲယူပြီး စကားလုံးကို ဆော့ကစားထားပါတယ်။) ———————————————————————————- ———————————————————————————- “နောက်တစ်ခါပေါ့..” သူသုံးလိုက်တဲ့ စကားလုံး၊ သူ့အသံနဲ့ လေသံဟာဖြင့်..။ “နောက်တစ်ခါပေါ့..”ဆိုတဲ့စကားကို လမ်းခွဲနှုတ်ဆက်တဲ့အနေနဲ့ လူတွေသုံးတာ ကျွန်တော်အရင်ကမကြားဖူးဘူး။ နားထဲမှာ မညှာမတာ၊ တုံးတိတိနဲ့ မစာမနာဖြစ်လွန်းတယ်။ နောက်ထပ် ပြန်ဆုံချင်လည်းဆုံ၊ မဆုံတော့ရင်လည်းကိစ္စမရှိဘူးဆိုတဲ့ လေသံတွေ မသိမသာပါနေတယ်။ သူနဲ့ပတ်သက်ရင် ကျွန်တော် ပထမဆုံးမှတ်မိတာကတော့ အဲဒီစကားပါပဲ။ အခုထိလည်း နားထဲကြားယောင်နေတုန်းပဲ။ […]


——————-အခန်း(၁) ———————– မြန်မာနိုင်ငံမြောက်ပိုင်း။ ဂျပန်များမြန်မာနိုင်ငံကိုအုပ်စိုးနေချိန်။ ၁၉၄၄ခုနှစ်။ဒီဇင်ဘာလ ၁၁ ရက်နေ့။ ညအချိန် ၁၁ နာရီဝန်ကျင်ခန့်။ ဗန်မော်မြစ်ဆိပ်ကမ်းမှ ၆ မိုင်ခန့်အကွာ။ လူတစုတစုံတရာအရေးကြီးသည့်အလားတောလမ်း အတိုင်းခပ်သုတ်သုတ်ခရီးနှင်နေကြသည်။အားလုံးပေါင်း အမျိူးသားကြီးမျသာဖြစ်လျက်အားလုံးပေါင်းလျှင် ၁၁ ဦး အတိအကျဖြစ်လေသည်။ဂျပန်စစ်ယူနီဖောင်းဝတ်ဆင်ထား သူ ရ ဦးဖြစ်ပြီး အရပ်သားဟုယူဆနိုင်သောလူ ၄ ဦး ဖြစ်သည်။ဤလူဦးဆောင်သူမှာဂျပန်စစ်ဗိုလ်ဟုယူဆနိုင်သော “ကူရှီးမား”အမည်ရှိ ဂျပန်ဟုဆိုနိုင်သော်လည်းအရပ်မပု သူတဦးပင်ဖြစ်လေသည်။ ညအချိန်ခါဖြစ်၍လမ်းခရီးကို မှုန်ပြပြကြယ်လေးများ ခပ်ကွေးကွေး လရောင်ကလေးမှအထူထောက်ပံ့ထားပေးနေသည်။သို့ ပေမဲ့ဤခရီးလမ်းကြောင်းကိုရှေ့ဆုံးမှသွားရန်တာဝန်ကျ စစ်သည် သုံးဦးကိုအတိအကျပြပြီးသားမို့အခက်အခဲမရှိလှ။ မနက်မိုးမသောက်မှီအရောက် သတ်မှတ်နေရာသို့အချိန်လု ၍ခရီးနှင်နေရသည်။ဤခရီးစဉ်အတွက်အဓိကကျသော ပစွည်းကိုသယ်ပိုးရန်အထမ်းသမားများကိုငွေကြေးအပို ပေးလျက်ဌားရမ်းထားသည်မဟုတ်ပါလော။အထမ်းသမား များကလည်းလိုသည်ထက်ပိုရသည်မို့ သူလိုချင်သည့် အတိုင်းသယ်ပိုးလျက်မနားတမ်းခရီးဆက်နိုင်ခဲ့သည်။ အထုပ်ကိုနောက်မှထမ်းပိုး၍ခပ်သွက်သွက်ခြေလှမ်းနေချိန် ပင်ကိုဘသိန်းမစဉ်းစားပဲမနေနိုင်။မိမိတို့ကိုအခပေးဌား ရမ်းသူများကားအခြားမဟုတ် ဤမြေပေါ်တွင်ထင်တိုင်းစိတ် ကြိုက်မင်းမူနေသောဂျပန်များဖြစ်နေ၍ပင်။ရွာလူကြီးထံမှ တဆင့်ဌားရမ်းခြင်းမို့မငြင်းနိုင်။သို့သော်တနေ့လျှင်နေ့တွက် သုံးရာဆိုသောငွေကြေးကအသက်ပင်ကြေကြေပင်ဖြစ်ချင် ချင်။အိမ်ထောင်မရှိလူလွတ်ချင်းငယ်ပေါင်းဖော်စိန်သောင်း ကိုပင်အဖော်ထပ်ဌားသဖြင့်အိုကေလိုက်သည့်ဖြစ်ခြင်း။ သို့သော်၎င်းတို့စခန်းအရောက်တွင်အံ့အားသင့်စရာများ ဆက်တိုက်မြင်ခဲ့တွေ့ခဲ့ရပြန်သည်။သာရေအိပ်စွပ်ထားသော […]


***************** အနှစ်လေးဆယ်ခန့်ကြာသော် ************** – – – – မန္တလေး ဂေါဝန်ဆိပ် “ဘော် —–ဘူးးးးးးးးးး ဘော် —” အောင်တံခွန်အမည်ရှိ သင်္ဘောဆိပ်ကမ်းမှခွာရန် အချက်ပေးဥဩပေးသည် နှင့် ဆိပ်ကမ်းပေါ်ရှိ ခရီးသည်များရော လိုက်ပါပို့ဆောင်နုတ်ဆက်သူများ ရော ဈေးသည် အထမ်းသမားအစရှိသည်တို့ လူပ်လူပ်ရွရွ ဖြစ်ကုန်ကြသည်။ “မောင်ရေ ဒီတခေါက်နောက်ဆုံးတခေါက်ဆိုတာ မေ့ကိုကတိပေးကွာ” “အင်းပါ မောင်ကတိပေးပါတယ်” “မေမေကတော့စိတ်ဆိုးနေတယ်မောင် ခုလိုမောင်ခဏခဏခရီးထွက်နေတာ ခု မင်္ဂလာပွဲက ၂ပါတ်လောက်ပဲလိုတဲ့ဟာကို ညည်းလူကိုကြည့်ထိန်းတဲ့” “အင်းပါမေရယ် မောင်ဒီတခေါက်ကနောက်ဆုံးပဲစိတ်ချ နောက် ပြီးမောင့် ဖေဖေရဲ့ ပွဲရုံမှာကြိုးစားလုပ်မယ် မေနဲ့မောင့်ရဲ့မိသားစုကို မောင့်လုပ်အား နဲ့ဖြူဖြူစင်စင်ရှာကျွေးမယ် လူလွတ်ဘဝနဲ့ မောင်ဝါသနာပါတဲ့ ဟောဒီအလုပ် ကိုမောင်အပြီးအပြတ်စွန့်ပါ့မယ်ကွယ် မောင်ကတိပေးပါတယ်” “ဟွန့် မောင်ကတော့ပြောလိုက်ရင် ဒါမျိုးကြီးပဲ ဒီထက်စောစော မောင့် […]


အချိန်ကာ ဂျပန်ခေတ်ဟုဆိုနိုင်သောခေတ် ၁၉၄၄ ကာ လဝန်ကျင်အချိန်ဖြစ်၏။ ဧရာဝတီမြစ်ကမ်းတနေရာ အတိ အကျဆိုရသော် ဗန်မော်မြို့ ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ လူသူကင်းဝေးလျက် ည လဆန်းစ အချိန်။ အလင်းရောင်ဝိုးတဝါး ကိုအားပြုလျက်လူ တစု သာရေအိတ် တလုံးကို သယ်လျက် မန္တလေးဘက်သို့ ခရီးနှင်နေလေသည်။ အနီးကပ်၍သေချာကြည့်ပါက ဂျပန်စစ်သားတစုဟုအလွယ် တကူသိရှိနိုင်မည်ဖြစ်သည်။ ဂျပန် တပ်စုကဘာကိုသယ်လာသနည်း။ မြန်မာပြည်ကိုထင်တိုင်းကျဲခွင့်ရနေသောဂျပန်တို့ နေ့ဘက်တွင် ပုန်းအောင်းလျက် ညဘက်ရောက်မှ ခရီးဆက်ခြင်းသည် ဘာ ကြောင့်လဲ ဆိုသည်ကို ကိုဘသိန်းစဉ်းစားမရ။ ထို့အတူ ရှေ့ မှ မိမိနှင့်အတူ သရေအိတ်ကို ထမ်းနေသော ကိုစိန်သောင်း လဲစဉ်းစားမိသလော? ။ ဤသရေအိတ်ကို လူမြင်မခံလိုခြင်း မှာထင်ရှား လှသည်။ ထို့ပြင်ဤတပ်ဖွဲ့ကို ဆက်သွယ်ခြင်း ညွန်ကြားခြင်းမျိုးလဲမတွေ့ရ။ […]