ပုဂံရောက် အတွေးတစ်စ

mgwaloneAugust 17, 20132min2774

DSCN6164

အမြင်မလှတဲ့ သံတခါး
အမြင်မလှတဲ့ သံတခါး
အမြင်မတော်တဲ့ မြင်ကွင်းတစ်ခု
အမြင်မတော်တဲ့ မြင်ကွင်းတစ်ခု

===============================

ကျွန်တာ် ပုဂံကို မကြာခဏ ရောက်ပါတယ်။ ရောက်တိုင်းလည်း ဘယ်တော့မှ မရိုးနိုင်ခဲ့ပါ။ ဒါကြောင့်လဲ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ လာကြတာ၊ မြန်မာပြည်အနှံ့က ခရီးသွားတွေလည်း လာကြတာ။ ကျယ်ပြောလှတဲ့ ပုဂံလွင်ပြင်ရဲ ့အလှကို အပြည့်အဝခံစားနိုင်ဖို့ ပုဂံဘုရားပုထိုးတွေပေါ်ကို တက်ပြီး ကြည့်ကြပါ တယ်။

ယခင်က နိုင်ငံတော် အဆင့် ဧည့်သည်တော်များကို ပုဂံမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဂူဘုရားပေါ်က ပုဂံနေဝင်ချိန်အလှကို ကြည့်တဲ့ အစီအစဉ်တွေ လုပ်ခဲ့ ကြတာပါ။ နောက်ပိုင်းမှာတော့ ပုံစံအမျိုးမျိုး အယူအဆ အမျိုး မျိုးနဲ့ ပြင်တယ်၊ ထိန်းသိမ်းတယ် စသဖြင့် လုပ်ခဲ့လိုက်ကြတာ ဘုရားပုထိုးတွေပေါ်ကို လာရောက်တဲ့ ဧည့်သည်တွေ တက်ခွင့် မရှိတော့ပါဘူး။ အစပိုင်းက တက်ခွင့်ရှိတဲ့ ဘုရားပုထိုး အရေအတွက်က များပေမဲ့ အခု နောက်ပိုင်းမှာတော့ တရားဝင်ခွင့်ပြုထားတာက ရွှေဆံတော်၊ ပြဿဒ်ကြီး၊ ကူနီ ညီအမ စတာလောက်ပဲ ရှိပါတော့တယ်။ သကြားဟစ်၊ သကြားပုန်း၊ ရွှေရင်မျှော်၊ ဘူးလည်သီးနဲ့ ဓမ္မာရာဇိက စေတီအနားက တစ်နေရာ လည်းတက်လို့ရတယ်လို့ ကြားသိရပါတယ်။

ဘုရားတွေပေါ်ကို ဘာလို့ တက်ကြတာလဲ။ အများစုကတော့ ပုဂံရဲ ့အလှကို ကြည့်ရှုခံစားကြဖို့ပါ။ နိုင်ငံခြား ခရီးသည်များက နေဝင်ချိန်လို ညနေခင်းနဲ့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နံနက်ခင်း နေရောင်ခြည်ရတဲ့အချိန်တွေ မှာတက်ကြတယ်။ လိုက်ပါပို့ဆောင်ကြတဲ့ ဧည့်လမ်းညွှန်များကလည်း အကောင်းဆုံးဖြစ်နဲ့ နေရတွေကို ပို့ကြ ပါတယ်။

ပြည်တွင်း ဘုရားဖူးများလည်း အခုအခါမှာ များလာသလို ရောက်ရင်လည်း တက်လို့ ရတဲ့ ဘုရားဆို အပေါ်ကို တက်ကြတာပါပဲ။ ဒီတော့ ဘာတွေဖြစ်ကုန်သလဲ။

ပြဿဒ်ကြီး၊ ရွှေဆံတော် စတဲ့ ဘုရားတွေမှာ ခရီးသွားရာသီအချိန်ဆိုရင် ဘုရားပေါ်မှာ ခြေချစရာ နေရာမရှိ လောက်အောင် လူများပါတယ်။ ခရီးသည်တွေရဲ ့ လုံးခြုံရေးနဲ့ ဒီရှေးဟောင်းဘုရားတွေရဲ ့ ကြံ့ခိုင်မှုကို ရင်လေး စရာပါပဲ။

စနစ်ကျနစွာ သတ်မှတ်တာ ထိန်းသိမ်းနိုင်တာ မရှိတော့ လူမသိ၊ လူမရှိတဲ့ နေရာတွေမှာ အချို ့သော ဘုရားဖူး ဧည့်သည်တွေနဲ့ မသိနားမလည်သော၊ သူတို့လုပ်ခြင်တာကို လုပ်တတ်ကြတဲ့ နိုင်ငံခြားသား ခရီးသည်အချိုု ့က မလုပ်သင့်တာတွေ လုပ်နေကြပါတော့တယ်။

ဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အချို့ဘုရားတွေမှာ တက်လို့ မရအောင်ဆိုပြီး သံတခါးတွေ တပ်တယ်။ ရှေးဟောင်း အမွေအနှစ်တွေရဲ ့ အလှပျက်သလို အစောင့်မရှိတော့လည်း လာတဲ့သူက သူတို့ လုပ်ခြင်တာ လုပ်သွားကြတာတွေ တွေ့ရပါတယ်။

 ကျွန်တော့်စိတ်ကူးကတော့ အချိန်ကာလ သတ်မှတ်ပြီး နေရာပြောင်း တက်ခွင့်ပေးသင့်တယ်လို့ မြင်မိပါတယ်။ ဒီအကြောင်းကို  Facebook ပေါ်မှာ တစ်ခါ ရေးဖူးပါတယ်။ ဆိုလိုတာက ဥပမာ အောက်တိုဘာ ကနေ ဒီဇင်ဘာ လအထိ ရွှေဆံတော်နဲ့ ရွေရင်မျှော်၊ ဇန်နဝါရီကနေ မတ်လအထိ ဘူးလည်သီးနဲ့ ပြဒ်ကြီး စသဖြင့်ပေါ့ဗျာ။ နောက်ပြီး ရှေးဟောင်းဘုရားတွေမှာ ဘယ်လိုမှ အမြင်မတင့်တယ်တဲ့ သံတခါးတွေ၊ သံဗန်းတွေ တတ်တာကို လည်း မလုပ်သင့်ဘူးလို့ ထင်မိပါတယ်။

 ===============================

4 comments

  • အလင်းဆက်

    August 17, 2013 at 9:45 pm

    အယ်..
    အခု မကြီးတော့ပါလား …

    နာ ညင်တုန်းကကြီးတယ်တွ….
    🙂

  • ရွှေမိုးတိမ်

    August 19, 2013 at 2:12 pm

    ဟုတ်ပါတယ် ။ ပြီးခဲ့တဲ့ လ က ပုဂံသွားတုန်း က အဲလိုမျိုးတွေ တွေ့ခဲ့တယ် ။ 🙁

  • kai

    August 19, 2013 at 2:51 pm

    ဧည်သည်တွေပြုတ်ကျမယ့်အန္တရာယ်ရှိရင်.. မတတ်စေသင့်ဖူးပေါ့..
    အဲဒီအစား.. ခိုင်ခန့်တဲ့.. အစားထိုးစင်တခုခုလုပ်ပေးသင့်တာပါ…။

    ပစ္စယံအဆင့်ဆင့်ကတော့.. အပေါ်ရောက်လေဈေးတင်လေဖြစ်သင့်ပါတယ်..
    ထိပ်ဆုံးတတက်ရိုက်ချင်သူ.. တနာရီဒေါ်လာ ၁၀ဝပေါ့…။
    အဲဒါမျိုး…

    “Money is King” :mrgreen:

Leave a Reply