Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖတ်/ရွေး ဆွေးနွေးခန်း

============================

အန်တီဘုမ်မာ ကတော့ ပြောပြောတတ်တယ်။ ဖတ်ရွေး ဆိုတာ “ဂျီးဒေါ် နွားကျောင်းတဲ့ အလုပ်” ပါတဲ့ …..။
ဂျီးဒေါ် နွားကို ကျောင်း ပေးရတယ် ဆိုတော့ နွားကျောင်းခ မရ။ အခန့်မသင့်ရင် အဆူအဆဲပါ ခံရနိုင်ကိန်း ရှိသေးတယ်။
ကိုယ့်ဂျီးဒေါ်ရဲ့ နွားဆိုတော့ အမျိုးတွေမို့ ဖရီး ကျောင်းပေးရတယ်။ ဂျီးဒေါ် ကောင်းစားရေးအတွက် ကိုယ်က အလကား လုပ်ပေးနေရတာ။ အခုလည်း မန်းဂဇက် က ဖတ်/ရွေး ဆိုတာလည်း ဒီလိုပါပဲ ….. တဲ့ …။ ဒါ …. တား ပေါဒါ မီဟုတ်ဝူးနော်။ သူ .. သူ .. တီတီဘုမ်မာ ပြောပြောနေတတ်တာကို ပျံပေါပျဒါ …. ဟီးးဟီးးး :mrgreen:

ဒီပို့စ်တင်တာက အခြားအကြောင်းအရာကြောင့် မဟုတ်ပါဘူး။
တစ်စုံတစ်ခု ရင်ထဲ ခုနေလို့ပါ။ (အလဲ့ … ကာရံတွေ နဘေတွေနဲ့ ကဗျာဆန်လှချည်လား) :mrgreen:
လက်ရှိ ဖတ်ရွေး အုတ်ကထဂျီး ဥကြီးမိုက် က ဟိုပို့စ်ထဲမှာ ဂလို ပြောသွားတယ် …။

“……………

ရွာသူရွာသားများခင်ဗျား…
ဒီလဖတ်ရွေးပို့ပေးသူ အားလုံးမှ ၄ ယောက်ပဲရှိပါတယ်..
ဒါကြောင့် အကြိုက်ဆုံးပို့စ်ခါတိုင်းထက်နဲသွားပါတယ်…
ကျွန်တော်ဖြစ်စေချင်တာကတော့ နောက်လတွေကစပြီး
“ဖတ်ရွေးအဖွဲ့” ဆိုတာကြီးကို တရားဝင်ရုပ်သိမ်းလိုက်ချင်တာပါပဲ
လစဉ်တက်လာသမျှပိုစ့်တွေထဲကမှ ရွာသူားအားလုံးထဲက
မည်သူမဆို ဖတ်ပြီးကြိုက်မိတဲ့ပို့စ်ရှိရင် တစ်ပုဒ်ကနေ သုံးပုဒ်အထိ
ကျနော့ ဂျီမေးကို လစဉ် လဆန်း ရရက်နေ့မတိုင်မီ ပို့ပေးစေလိုပါတယ်
အဲဒီလက်ခံရရှိသမျှ ရွာသူားတွေရဲ့ အကြိုက်ဆုံးပို့စ်တွေကိုစုစည်းပြီးဗုတ်ပို့စ်တင်ပေးသွားပါမယ်…
(ကဗျာပြခန်းနဲ့ဆုရွေးချယ်ကြသလိုပေါ့ဗျာ)
၆လတစ်ခါကျင်းပတဲ့ ဂဇက်ရွာသူားများတွေ့ဆုံပွဲ(ဂဇက်ကွန်ဖရဲင့်စ်)နဲ့မန်းဂဇက်ချစ်သူများစာပေဆုပေးရေး၊
ကိစ္စအတွက်တော့ ထုံးစံအတိုင်း ရွာ့ဆိုးတိုင်ပင်ကောင်းတိုင်ပင် လူကြီးများနဲ့
တက်ကြွသူရွာ့လူငယ်များ ဘော်လန်တီယာလုပ်ပြီး အောင်မြင်အောင်ကျင်းပသွားပါမယ်…
အလှူငွေကိစ္စကိုလည်း ကျင်းပချိန်နီးမှ ရွာထဲအလှူခံလှည့်ပါ့မယ်ဗျာ…
အများသဘောနဲ့စုပေါင်းဆောင်ရွက်တဲ့စံနစ်ပေါ့..
ရွာသူားများရဲ့သဘောထားတွေလည်းသိချင်ပါတယ်…ဆွေးနွေးကြပါအုံး
ခင်မင်လေးစားစွာဖြင့်..

……….”
အုတ်ကထဂျီး က ဒီလိုဒွေ ပြောသွားဘေမယ့် ကျန်ဒဲ့ အဖွဲ့ဝင်ဒွေက ဘာမှ ဝင်ပြောဘူးရယ် ….။
အဲ့ဂလောက်ထိ … အုတ်ကထဂျီးကို ဖိန့်ဖိန့်တုန်အောင် ကျောက်ရဘေဒဂိုး ….။ (ဂျစ်ကိုဂျီးဆီက ဒီပညာယူထားအုံးမှ) :mrgreen:
ဒီတော့ .. အုတ်ကထဂျီး ပြောသွားဒါဂို အတည်ပဲ ယူရတော့မှာလား၊ ဘာလား၊ ညာလား၊ ကွိစိလား၊ ကွစလား ဆိုတာ ဖြစ်နေလို့ပါ။

အိုက်ဒါ …. ဘိုလဲ … အရပ်ကတို့ …… ?????

ဒါလေးကို ဝိုင်းဝန်း ဆွေးနွေးပေးကြပါဦးလို့ … အခုပို့စ်တင်ပြီး မေတ္တာရပ်ပါတယ်ဗျား ….။

စကားမစပ် ဖတ်/ရွေး ဆိုတာကို နည်းနည်းလေး ထည့်ပြောပါ့မယ်။

အဟမ်းးး ဟမ်းးး

ဖတ်/ရွေး ဆိုတာ ဒီမန်းဂဇက်မှာ ပေါ့နော်။ တစ်လအတွင်း တက်လာသမျှ ပို့စ်တွေထဲက ပေါ့နော်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဘာတွေညာတွေထဲမှာ ပါပြီးသားတွေ မပါဘူးပေါ့နော်။ အခြားဆိုက်တွေမှာ တင်ပြီး ဆုရပြီးသားတွေ မပါဘူးပေါ့နော်။ ကိုယ်တိုင်ရေးတွေပေါ့နော်။ ဒီလိုဟာတွေထဲကမှပေါ့နော်။ မန်ဘာအများစု အကြိုက်ဆုံးပို့စ်ကိုပေါ့နော်။ ဒီပို့စ်ကို တစ်လတာအတွက် Post of the Month ပေးတယ်ပေါ့နော်။ ဒီဆုကို ၆ လတစ်ကြိမ် ပြုလုပ်တတ်တဲ့ မန်းဂဇက် မန်ဘာများ တွေ့ဆုံပွဲမှာပေါ့နော်။ ဆုပေးတယ်ပေါ့နော်။ အဲ့ဒါပေါ့နော်။ ဒါက တားသိဒလောက် ပေါဒါ။

ပို့စ်ရွေးဖို့အတွက် ယနေ့ပို့စ်ထဲမှာ ဗုတ်ထည့်ဖို့တော့ မပြောကြပါနဲ့။ ဒါက မလွယ်ဘူး။ အခုတောင် လူဝင်လူထွက် စမ်းသပ်တဲ့အနေနဲ့ ပို့စ်တွေ အသစ်ထပ်မထည့်ဘဲ ပစ်ထားလိုက်တာတောင် Update မဖြစ်ဘူးဆိုပြီး ဝင်ပြောတဲ့လူ မရှိဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ယနေ့ပို့စ်ထဲ ဗုတ်ထည့်လည်း နည်းမှာပဲ။ (ကျိုပေါထားဒါ … ဟီးးးဟီးးး) :mrgreen:

ကိုင်း .. ဟိုရောက်ဒီရောက်နဲ့ ကျုပ်တော့ ပြောချင်ဒါ ပြောလို့ ပြီးသွားပြီ ….။ ကျန်တဲ့လူတွေလည်း ကွန်မန့်ထဲမှာ ပြောချင်တာ ပြောခဲ့ဂျ … အဲ .. ဆွေးနွေးပေးဂဲ့ဂျဘာအုံးလို့ ….။

သာဒု …. သာဒု …. သာဒု …..။

============================

10 comments

  • အရီးခင်

    August 20, 2013 at 4:53 am

    ဖတ်ရွေး က နဲနဲ မောသွားလို့ ခဏ နား နေတာပါ အခြစ်ခံရဆုံးလူသား မောင်အံ။
    စိတ်အပူ နဲ့။
    အမောပြေရင် အသွင်ဆန်း တွေ နဲ့ ထပ်က ကြဦး မှာပါ။ 😉
    အုတ်ကသစ်ကြီးရယ်။
    အပြင်မှာ ခေါင်းပူလွန်း နေလို့ ခေါင်းရှောင် နေမိတာပါ။
    ပြန်လာပါမယ် ချင့်။ 😛

  • kyeemite

    August 20, 2013 at 9:05 am

    ညီလေးမဟာရာဇာ အံစာတုံးရေ…
    ကိုယ်ရေးဖို့ပြင်ထားပြီးသားပါ
    အလုပ်လေးနဲနဲရှုပ်နေလို့နောက်ကျသွားတာ..
    ဒီနေ့မနက်တင်မလို့လုပ်တော့မှ..ညီလေးပို့စ်ကတက်နေပြီ…
    စတ်ပူပြီးဝင်ကူပေးတာကျေးဇူးပါနော
    ကိုယ်လည်းရေးပီးသားဖြစ်နေလို့ ဖတ်ရွေးကိစ္စထပ်တင်လိုက်ပါတယ် 🙂

  • အလင်းဆက်

    August 20, 2013 at 9:18 am

    ကျွန်တော်ကတော့….
    ကူနိုင်တဲ ့ အပိုင်းဆို ကူ ဖို ့အဆင်သင့်ပါပဲဗျ ။
    🙂

  • ဦးကြောင်ကြီး

    August 20, 2013 at 9:25 am

    ရေးလည်း မရတဲ့အတူတူ ဆိတ်အဝင်ဇားဗူး…. ချီးထုပ်ကြီး ကိုယ့်ဟာကိုယ် ဆက်ရွက်ကြ…

  • kai

    August 20, 2013 at 9:56 am

    Share this: ဆိုတဲ့ထဲက.. ဖေ့စ်ဘုတ်လင်ခ့်လုပ်ပေးလိုက်တယ်..
    Like လုပ်ပေးလိုက်တယ်..
    ဖတ်ပြီးရွေးလိုက်တယ်ဆိုပါစို့… :mrgreen:

    • ကိုယ်တွေ့ဆိုရင် အဲဒါက
      (၁) အရမ်းမမြန်ဘူး.သဂျီး..စောင့်ရတယ်… ကော်နက်ရှင်မကောင်းရင် မလွယ်ဝူး..
      (၂) ကိုယ့် ဖဘ ဝေါမှာ တက်လာမှာလေ… လူတိုင်းက လုပ်ချင်ပါ့မလား… 🙂

  • Ma Ma

    August 20, 2013 at 10:25 am

    မဟာရာဇာကြီးတစ်ယောက်
    အများအကျိုးဆောင်ပြီး သာဒု သာဒု ခေါ်ရလွန်းလို့……..
    ဘုန်းကြီးဝတ်သွားမှာတောင် စိုးရိမ်မိတယ်။ :loll:

  • ခရီးသည်ကြီး

    August 20, 2013 at 12:16 pm

    အဲ့ ဖွဘွတ်​ ဆိုတဲ့ အ​ကောင်​့မရှိရင်​ သို့မဟုတ်​ အသိမခံနိုင်​ရင်​ သို့မဟုတ်​ ရွာသားဆိုတာ နသိ​စေချင်​ရင်​ …????

  • Mr. MarGa

    August 20, 2013 at 1:29 pm

    တရားဝင် ပြောပါမည်။
    ဖတ်ကာရယ် မကူနိုင်တာကြောင့်
    မဟာရာဇာနှင့် ပေါင်းကာ နည်းပညာ တာဝန်ခံ/လက်ထောက်တာဝန် ထမ်းဆောင်ရန် အသိပေးပါကြောင်း။
    တရားမဝင် ပြောထားရာက တရားဝင် ထပ်ပြောပါသည်ခင်ဗျ

  • ခင် ခ

    August 20, 2013 at 11:30 pm

    သူများတွေရွှေးတာကိုဘဲ လက်ခုပ်လိုက်တီးအားပေးမယ်ဗျာ။ ၆ လတစ်ကြိမ်တွေ့ဆုံပွဲလေးတော့ အမြဲဖြစ်စေချင်ပါတယ်။

Leave a Reply