ပြင်သင့်တာဘာလဲ?တောင်းသင့်တာဘာလဲ?
မင်္ဂလာပါ။
ဟုတ်ကဲ့ကျနော်ပေးထားတဲ့ခေါင်းစီး ကတော့ထုံစံအတိုင်း
ဘထဘပ စကားပေါ့ဗျာ။ကျနော်ကလဲဒီလောက်ပဲတတ်နိုင်တာ
ကိုး။ ဒီတော့ဒီနေ့ လွတ်တော်မှာပြင်သင့်တာဘာတွေလဲ?
ပြည်သူတွေအနေနဲ့ကလဲ တောင်းသင့်တာဘာလဲ?
ဒါကိုကျနော်အမြင်ပြောချင်တာပါ။
ဒီတော့ကျတော်လွတ်တော်မှာပြင်စေချင်တာ ဥပဒေတွေပါ။
ခေတ်မမှီတော့တဲ့ ၁၉၅ဝ ဝန်ကျင်ကပြဌန်းထားတဲ့ဥပဒေတွေပါ။
ဖြစ်နိုင်ရင် တရက်တည်းနဲ့အပြီးပြင်စေချင်တာပါ။ မဖြစ်နိုင်ပေမဲ့
အလောတကြီးနဲ့ အမြန်ကိုပြင်စေချင်တာပါ။ဒီခေတ်မမှီတဲ့ဥပဒေတွေ
ကြောင့်တိုင်ပြည်နစ်နာနေရတာတွေရပ်သွားစေချင်တာပါ။
နောက်ပြည်သူတွေဘာတောင်းသင့်သလဲ? ဆိုတာပါ။
ပြည်သူတွေတောင်းဆိုသင့်တာလဲ ဒီဥပဒေပြင်ဆင်ရေးတွေပါပဲ။
ပြည်သူအများစုအကျိုးရှိစေမဲ့ အလုပ်သမားဥပဒေ တို့ ရင်နှီးမြုပ်နှံရေး
ဥပဒေတို့ စသည်ဖြင့်မိမိတို့ပြည်သူအများခေတ်နဲ့အညီခံစားခွင့်ရှိဖို့တောင်း
သင့်ပါတယ်။
ဒါတွေကိုပြင်ဆင်ပြီးပြီဆိုရင် ပြည်သူတွေ ခေတ်နဲ့အညီ ဒီမိုကရေစီစနစ်ရဲ့
အသီးအပွင့်များကိုခံစားနိုင်မှာဖြစ်ပါကြောင်း ခေတ်မမှီ ဥပဒေများအား
အမြန်ဆုံးပြင်ဆင်စေနိုင်ဖို့ ရေးသားလိုက်ရပါတယ်။
(ဒေါ်စုတယောက်သမ္မတ ဖြစ်ဖို့တော့ ဥပဒေကိုမပြင်ခိုင်းသေးတာ
ခွင့်လွတ်ပေးကြပါ။ ဒါကကျတော်တို့အတွက်နံပါတ်နှစ်နေရာမှာ
ထည့်သွင်းပေးထားပါတယ်)
10 comments
Min Zarni
August 28, 2013 at 12:17 pm
စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီသို့ ပြန်လမ်းမရှိသောခရီး ကိုနှင်နေပါပြီဗျာ..
ခုဆို ရန်ကုန်တောင် စင်္ကပူရထက်သာလို့ ဗင်းနစ်စ် မြို့နဲ့ နင်လားငါလား ဆိုလား..
:harr:
မင်းခန့်ကျော်
August 28, 2013 at 12:29 pm
မော်တော်ကားမှသည် မော်တော်ဘုတ်ဆီသို့
kai
August 28, 2013 at 1:22 pm
ကျုပ်အတွေ့အမြင်အကြုံအရ.. လောင်းထပ်ပြီးပြောရရင်တော့…
အစိုးရဖက်က.. သာသနာရေးဦးစီးဌာနဆိုတာကြီးနဲ့.. မဟနဆိုတာကို ဖျက်သိမ်းသင့်တာ.. အရင်ဦးစားပေးလို့ထင်တယ်..
ပြည်သူတွေတောင်းသင့်တာက.. .. Civil Rights ဥပဒေတွေပြဌာန်းပေးဖို့ပါပဲ..
ယူအက်စ်မှာ မာတင်လူသာကင်းနဲ့.. ကနေဒီ ဘဝရင်းပြီး မတည်ခဲ့တဲ့.. Civil Rights ဥပဒေတွေကို.. အတည်ပြုပြဌာန်းတာ.. နှစ်၅ဝ ပြည့်ကျင်းပဖို့ပြင်နေချိန်မှာ.. မြန်မာပြည်က.. နိုင်ငံတော်ဘာသာပြဌာန်းမှုနှစ်၅၃နဲ့.. လူထုဘဝ.. တိုင်းရင်းသားဘဝတွေ.. အမှောင်ထဲဆွဲထည့်နေတယ် မြင်မိတယ်..
ဒါတွေရဲ့ .. အမြုတေအစဟာ.. သာသနာရေးဦးစီးဌာနဆိုတာကြီးနဲ့.. မဟနလို့.. မြင်မိပါတယ်..
ဒါတွေလွတ်ရင်.. မြန်မာပြည်.. ညာစွန်းကနေ.. အလယ်ရွေ့လာပြီး..အရာရာဟာ.. မဇ္စိုမပဋိပဒါလမ်းနဲ့.. အကောင်းဆုံးတွေလာမယ်ထင်ပါကြောင်း…။
မင်းခန့်ကျော်
August 28, 2013 at 3:48 pm
ပြင်းရတော့မယ်။ပြင်မယ်ဆိုရင်
ဘယ်ကစပြင်ရမလဲဆိုတာ အလုအယှက်
ပြောစရာရှိလာပြန်ရော။
ဒီတော့တိတိပပ ပြောရမယ်ဆိုရင် သန်းခေါင်
စာရင်း ဆိုတဲ့ စစ်မှန်တဲ့ ရလဒ်ပေါ် လာရင်
ပြောကောင်းမယ်ထင်ပါတယ်။အဲဒီစာရင်းကလူမူ့ရေး
ပညာရေး ကျမ်းမာရေး စီးပွားရေ အစရှိတဲ့ ကိန်းဂဏန်း
တွေ အစစ်အမှန်ပေါ်ထွက်လာဖို့လဲ ထင်မိကြောင်းပါ။
မင်းခန့်ကျော်
August 28, 2013 at 3:51 pm
အစ်အမှန်ပေါ်ထွက်လာဖို့လဲ “လိုအပ်” ကြောင်းလို့ ထင်မိပါကြောင်း နေရာမှာ
လိုအပ်ကျန်သွားလို့
kai
August 28, 2013 at 4:06 pm
သန်းခေါင်စာရင်းက.. နိုင်ငံတနိုင်ငံရဲ့..စီးပွားရေး.နိုင်ငံရေးအတွက် အသက်သွေးကြောလောက်အရေးကြီးပါတယ်..။
ယူအက်စ်မှာ.. သန်းခေါင်စာရင်းထဲ.. လူတယောက်စာရင်းတက်ရင်..တနှစ် ဒေါ်လာ၁သောင်းမက.. ငွေလည်ပါတ်မှုရှိစေတာပါ…။
သာမန်အားဖြင့် ဖယ်ဒရယ်က.. လူအရေအတွက်နဲ့.. ပြည်နယ်တွေကိုထောက်ပံ့ငွေခွဲတန်းချသမို့ဖြစ်ပါတယ်..။
ဒါပေမယ့်…
ပြီးခဲ့တဲ့.. ၂၀၁ဝ ယူအက်စ်သန်းခေါင်စာရင်းအရ.. မြန်မာအရေအတွက်စစ်တမ်းကောင်းတေ့ာ.. လူ၁သိန်း၂ရာပဲပြပါတယ်..
သာမန်ကျုပ်တွက်ထားတာ.. ၃သိန်းဝန်းကျင်မို့.. ၃ဆလောက် ကွာနေသပေါ့…
ဆိုတော့…
တချို့က.. စိနသားနွယ်မို့.. ချိုင်းနီးစ်ဖြည့်တယ်..
တချို့က.. ကရင်မို့.. ကရင်ပဲဖြည့်တယ်..။
တချို့က.. ကုလားမို့.. အင်ဒီယန်းဖြည့်တယ်..။
တချို့က.. အမေရိကားမှာမွေးသမို့.. အမေရိကန်ပဲဖြည့်တယ်..။
တချို့က..
တချို့က…
မြန်မာတွေမြန်မာစိတ်မပျောက်တာများ.. ယူအက်စ်ရောက်လည်းအတူတူ….
မြန်မာပြည်ထဲကျ.. ပြောစရာရှိသွားပါတယ်..
သန်းခေါင်စာရင်း.. အရကောက်.. မှန်ပါ့မလား…
အရီးခင်
August 28, 2013 at 1:35 pm
ပြင်သင့်တာ – ဆာဗာ
တောင်းသင့်တာ – ပွိုင့်
(သူကြီးမင်း ကို ဒုတ်နဲ့ ထိုးလိုက်သည်။ မျက်စောင်း ထိုး စေသတည်း။ ဟိဟိ)
😉
garfield
August 29, 2013 at 9:06 am
ပြင်ရမှာက အလှ
တောင်းရမှာက မုန့်ဖိုးးးးး
မင်းခန့်ကျော်
August 29, 2013 at 9:15 am
အဲဒီသန်းခေါင်စာရင်းကိုအရကောက်နိုင်ဖို့
မီဒီယာတွေကလည်းပြည်သူအများစုသိရှိနားလည်အောင်
ဖော်ပြပေးဖို့တာဝန်ရှိတယ်လို့ထင်ပါတယ်။
ဒီစာရင်းက ဘယ်အစိုးရတက်တက် ဒီစာရင်းနဲ့တိုင်ပြည်အတွက်
ဘယ်ဟာကိုအရင်ဦးစားပေးသင့်သလဲ လုပ်လို့ရမယ်။
နောက်မဟုတ်တာတွေအရင်လုပ်နေရင်လဲ ဒီစာရင်းကိုကိုးကားပြီး
အတိုက်အခံပြုလို့ပိုထိရောက်မယ်။
တိုင်ပြည်ကောင်းစားဖို့ လမ်းညွှန်ချက်ဖြစ်လာမယ်။
ဒါကြောင့်အရေးကြီးသမို့ တိုင်းသိပြည်သိ ပြည်သူတွေပါအောင်
ကောက်ယူရေး အဖွဲ့တွေလဲ သမာသမတ်ကျအောင် မီဒီယာအား
လိုမယ်လို့ ယုံကြည်ပါတယ်။
Shwe Ei
August 29, 2013 at 3:37 pm
သန်းခေါင်စာရင်းအကြောင်းပြောရင်..ဒေါသတွေအလိုလိုထွက်တယ်…
ဟို လ.၀.က စာရေးမကို
မပြောချင်တော့ပါဝူးးးးးး :byae: